Go to full page →

ခေတ်ကာလ၏ ကျန်းမာရေး ပြုပြင်ပြောင်းလဲမှု။ CCB2 228

ကျွန်ုပ်တို့၏ အမှုတော်ဆောင် လုပ်ငန်းတွင် ခြိုးခြံ ချုပ်တည်းခြင်းနှင့် စပ်ဆိုင်၍ ပြုပြင်ပြောင်းလဲခြင်း အမှုကို သာ၍ အရေးယူ ဂရုစိုက်သင့်သည်။ ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန် ခေါ်ဖိတ်သော တာဝန်တိုင်းသည် နောင်တရခြင်း၊ ယုံကြည်ခြင်း၊ နားထောင်ခြင်းတို့နှင့် သက်ဆိုင်၏။ ဝိညာဉ်အား အသစ်သော အသက်တာ၊ သာ၍ မြင့်မြတ်သော အသက်သို့ ရောက်ရှိလာရန် မြှင့်တင်ပေးခြင်းကို ဆိုလိုပေသည်။ ထိုသို့အားဖြင့် မှန်သော ပြုပြင် ပြောင်းလဲခြင်း အမှုတိုင်းသည် တတိယ ကောင်းကင်တမန်၏ သတင်းစကားနှင့် ဆိုင်သော အမှုတော်တွင် သူ့ နေရာနှင့် သူ ဖြစ်ပေသည်။ အထူးသဖြင့် ခြိုးခြံ ချုပ်တည်းခြင်းနှင့် ဆိုင်သော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းကို ကျွန်ုပ်တို့သည် ဂရုစိုက်၍ ထောက်မ အားပေးရကြမည်။ ကျွန်ုပ်တို့၏ နှစ်လည် ရွက်ထည်တဲ စည်းဝေးကြီးများတွင် ကျွန်ုပ် တို့သည် ဤ လုပ်ငန်းကို ဂရုစိုက်လျက်၊ ၎င်းကို စိတ်အားထက်သန်ဖွယ် လက်တွေ့ လုပ်ငန်း တစ်ခု ဖြစ်လာစေရမည်။ ကျွန်ုပ်တို့သည် လူများအား မှန်သော ခြိုးခြံ ချုပ်တည်းခြင်း၏ အခြေခံ တရားများကို ဖော်ပြပြီးလျှင် ခြိုးခြံ ချုပ်တည်းခြင်းအတွက် ဂတိ ဝန်ခံချက် ကပ်ပြားများပေါ်တွင် လက်မှတ်ရေးထိုးစေရန် ခေါ်ဖိတ် နှိုးဆော်ရကြမည်။ ဆိုးသော အကျင့်၏ ကျွန် ဖြစ်နေသော သူတို့ကို အထူး ဂရုစိုက် ပြုစုရကြမည်။ ကျွန်ုပ်တို့သည် သူတို့ကို သခင်ခရစ်တော်၏ လက်ဝါးကပ်တိုင်သို့ ပို့ဆောင်ပေးရကြမည်။ CCB2 228.2

ကျွန်ုပ်တို့သည် နောက်ဆုံး ကာလ အချိန်သို့ နီးကပ်လာကြသဖြင့်၊ ကျန်းမာရေးနှင့် ဆိုင်၍ ပြုပြင်ပြောင်းလဲမှု နှင့် ခရစ်ယာန်တို့၏ ခြိုးခြံ ချုပ်တည်းခြင်း အမှုတို့တွင် သာ၍ မြင့်မြတ်လာသော ပြဿနာများကို ဆွေးနွေးလျက် သာ၍ သေချာ တိကျသော နည်းများကို ဖော်ပြရကြမည်။ ကျွန်ုပ်တို့သည် စကားပြောကာမျှနှင့်သာ မဟုတ်ဘဲ မိမိတို့ ကိုယ်တိုင် လေ့ကျင့် ပြုမူလျက် လက်တွေ့ပြခြင်းအားဖြင့်၊ လူများတို့အား ဆက်လက်၍ အမြဲ သွန်သင် ပြသပေးရန် ကြိုးစားရကြမည်။ အကျင့်သီလနှင့် ကိုယ်တိုင် သက်သေပြလျက် လေ့ကျင့်ခြင်းကို ရောနှောထားခြင်းသည် ထိရောက်စွာ အကျိုး ဖြစ်ထွန်းစေသည်။ 86T 110, 112. CCB2 229.1

* * * * *