Go to full page →

မူးယစ်စေသော ဝိုင်အရက်။ CCB2 276

ကျမ်းစာက ဘယ်နေရာ၌မျှ မူးယစ်စေတတ်သော ဝိုင်အရက်ကို သုံးဆောင်စေဖို့ ခွင့်ပြုမထားချေ၊ ကာနမြို့ မင်္ဂလာဆောင်ပွဲ၌ သခင်ခရစ်တော်က ရေမှ ဖန်တီးပေးတော်မူသော စပျစ်ရည်သည် စပျစ်သီးမှ ညှစ်ယူထားသော စပျစ်ရည် အစစ် ဖြစ်သည်။ ဤ အရာသည် စပျစ်သီးပြွတ်၌ တွေ့ရသော စပျစ်ရည်သစ် ဖြစ်၏၊၊ ၎င်းအကြောင်းနှင့် ပတ်သက်၍ ကျမ်းစာက “မဖျက်နှင့်၊ မင်္ဂလာ ရှိ၏” ဟု ဆိုထား၏။ ဟေရှာ၊ ၆၅: ၈။ CCB2 276.1

စပျစ်ရည်သည် လှည့်စားတတ်၏။ သေရည်သေရက်သည် ရုန်းရင်းခတ်ခြင်း အမှုကို ဖြစ်စေတတ်၏။ ထိုသို့သောအားဖြင့် မှားယွင်းသော သူသည် ပညာ မရှိ။ CCB2 276.2

အဘယ်သူသည် ဝမ်းနည်းခြင်း ရှိသနည်း။ အဘယ်သူသည် ညည်းတွားခြင်း ရှိသနည်း။ အဘယ်သူသည် ရန်တွေ့ခြင်း ရှိသနည်း။ အဘယ်သူသည် မြည်တမ်းခြင်း ရှိသနည်း။ အဘယ်သူသည် အကျိုးအကြောင်း မရှိ၊ ထိခိုက်နာကျင်ခြင်း ရှိသနည်း၊ ထိခိုက်၍ နာခြင်းရှိသနည်း၊ အဘယ်သူသည် မျက်စိနီခြင်းရှိသနည်း ဟူမူကား၊ စပျစ်ရည်ကို ကြာမြင့်စွာ သောက်လျက် နေသော သူ၊ ဆေးနှင့် ရောသော စပျစ်ရည်ကို ရှာတတ်သော သူတို့သည် ထိုသို့သော လက္ခဏာ ရှိကြ၏။ ဖလား၌ နီလျက်၊ အရောင်တောက်လျက် အချိုအမြိန် ဝင်လျက် ရှိသောသ စပျစ်ရည်ကို မကြည့်မရှုနှင့်။ နောက်ဆုံး၌ မြွေကဲ့သို့ ကိုက်တတ်၏။ သု၊ ၂၀: ၁။ ၂၃: ၂၉-၃၂။ CCB2 276.3

သေရည်သေရက် သောက်စားသော သူ၏ ယုတ်ညံ့သော အဖြစ် နှင့် ကျွန်ခံရခြင်း အကြောင်းကို သာ၍ သေချာ ထင်ရှား သရုပ်ပေါ်အောင် လူ၏ ကလောင်ဖြင့် ဘယ်အခါကမျှ မရေးသားခဲ့ဘူးချေ။ ကျွန်စေစားခြင်း ခံရ၍ ယုတ်ညံ့သော အခြေသို့ ရောက်လျက် မိမိ၏ ဒုက္ခဆင်းရဲခြင်း အဖြစ်ကို သိမြင်လာသောအခါ၌ပင်၊ သူသည် ထောင်ချောက်မှ လွတ်မြောက်လာရန် မိမိ၌ ခွန်အား သတ္တိ မရှိတော့ချေ။ သူသည် တဖန် ရှာလိမ့်ဦးမည်။ သု၊ ၂၃: ၃၅။ CCB2 276.4

မူးယစ်ခြင်း အမှုသည် ပြင်းသော အရက်များကဲ့သို့ပင် ဝိုင်အရက်၊ ဗျစ်ရည် နှင့် သစ်တော်သီး ဖျော်ရည် (ဆိုင်ဒါ) များအားဖြင့် အကယ်ပင် ဖြစ်ပေါ်လာတတ်ပေသည်။ ဤ အရာတို့ကို သုံးဆောင်ခြင်းဖြင့် သာ၍ ပြင်းသော အရက်တို့ကို သောက်လိုသော ဆန္ဒကို နှိုးဆော်ပေး၏။ ၎င်းပြင် ထိုသို့အားဖြင့် အရက်စွဲသော အကျင့်သည် ပေါ်လာ၏။ သင့်တော်ရုံ သောက်ခြင်းသည် အရက်သမားဘဝကို ဖန်တီးပေးရန် ပြင်ဆင်ပေးသော ကျောင်းကဲ့သို့ဖြစ်၏။ ဤကဲ့သို့ ပေါ့သော လှုံ့ဆော်ဆေး တည်းဟူသော အရက်ချိုတို့၏ လုပ်ငန်းသည် အလွန် မကောင်းမှုကို ဖြစ်စေတတ်သဖြင့်၊ အရက်သောက်သူသည် မိမိ၏ ဘေးကို မမျှော်လင့်မီ အရက်သမား ဘဝသို့ အကြီးအကျယ် ရောက်ရှိသွား၏။ CCB2 277.1

အရက်သမားတို့၌ မူးယစ်စေတတ်သော အရာတို့သည် မည်ကဲ့သို့သော ဆိုးကျိုးကို ဖြစ်စေတတ်ကြောင်း ပြရန် ဆွေးနွေး ငြင်းခုံနေစရာ မလိုချေ။ မျက်ခမ်း စပ်လျက် ယစ်မူးလျက် ပျက်စီးနေသော လူသတ္တဝါတို့သည် နေရာတိုင်း၌ ရှိ၏။ ထိုဝိညာဉ်များအတွက် သခင်ခရစ်တော်သည် အသေခံလျက် ကောင်းကင်တမန်တို့သည် ငိုကြွေးမြည်တမ်းလျက် ရှိကြသည်။ ၎င်းတို့ကား ကြွားဝါ ပြောဆိုနေကြသော ကျွန်ုပ်တို့၏ ယဉ်ကျေးမှုကြီးတွင် အစွန်းအကွက် တစ်ခု ဖြစ်ပေသည်၊ ၎င်းတို့ကား အရပ်ရပ်တိုင်းတို့၏ ရှက်ဖွယ်၊ ကျိန်ခြင်း နှင့် ဘေးအန္တရာယ်များ ဖြစ်ကြပေသည်။ 7MH 330-333; CCB2 277.2