Go to full page →

အရက်သည် လူကို ကျွန် ဖြစ်စေခြင်း။ CCB2 277

သေရည်သေရက်ကို မက်မောလာသောအခါ၊ လူသည် ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့် လညီ ဖန်ဆင်းထားခြင်း ခံရသော မိမိ ကိုယ်ကို တိရိစ္ဆာန်၏ အခြေအနေထက် ယုတ်ညံ့သော အဖြစ်သို့ ရောက်စေသော အရာကို မိမိ၏ နှုတ်တွင် အလိုအလျောက် ထည့်လာလေ၏။ ဆင်ခြင်ဉာဏ်သည် ထုံထိုင်းသွားလျက် တိရိစ္ဆာန်၏ ရမ္မက်မျိုးသည် ထကြွလာပြီးနောက်၊ အလွန် အကျင့်ယုတ်စေသော ရာဇဝတ်မှုမျိုးသည် ဖြစ်ပေါ်လာ၏။83T 561; CCB2 277.3

မိမိတို့ သောက်သော အရက်၏ တန်ခိုးကြောင့်၊ အရူးကဲ့သို့ ဖြစ်စေသော သေရည်သေရက်ကို မမြည်းစမ်းခဲ့ဘူးလျှင် ကြောက်ရွံ့ခြင်း နှင့် ရွံ့ဆုတ်ကြမည့် အရာများကို ပြုလုပ်လာတတ်ကြသည်။ သူတို့သည် အဆိပ်ရည်၏ တန်ခိုးကြောင့်၊ စာတန်၏ စိုးမိုးခြင်းကို ခံနေရကြ၏၊ သူသည် သူတို့ကို အုပ်ချုပ်နေ၍ သူတို့သည်လည်း သူ နှင့်အတူ ပေါင်းဖက် ပြုမူလာကြ၏။ 9Te 24; CCB2 278.1

စာတန်သည် လူတို့အား မိမိတို့၏ ဝိညာဉ်ကို အရက်အတွက် ရောင်းချစေရန် သွေးဆောင်သောအခါ၊ ထိုသို့ ပြုလုပ်တတ်၏။ သူသည် ကိုယ်ခန္ဓာ၊ စိတ် နှင့် ဝိညာဉ်တို့ကို ပိုင်ဆိုင်လာသဖြင့် အပြုအမူတို့မှာ လူ၏ အပြုအမူများ မဟုတ်ဘဲ စာတန်၏ အပြုအမူများသာ ဖြစ်လာ၏။ အသက်ရှင်နေသမျှ ကာလပတ်လုံး မိမိ ချစ်ခင်မြတ်နိုးပါမည်ဟု ဂတိထားခဲ့သော ဇနီးကို ရိုက်ပုတ်ရန် အရက်သမားသည် မိမိ၏ လက်ကို မြှောက်ထားသောအခါ၊ စာတန်၏ ရက်စက်မှုသည် ထင်ရှားလာ၏။ အရက်သမား၏ အပြုအမူတို့ကား စာတန်၏ ကြမ်းကြုတ်မှုကို ဖော်ပြခြင်းပင် ဖြစ်၏။ 10MH 114, CCB2 278.2

အရက်ကို သုံးဆောင်သော သူသည် မိမိ ကိုယ်ကို စာတန်၏ ကျွန် ဖြစ်စေ၏။ မီးရထားများပေါ်၌၊ သင်္ဘောများပေါ်၌ လည်းကောင်း မိမိတို့ တာဝန်ကို ထမ်းဆောင်ရသော သူများ၊ အလွန် စွဲလမ်းသော ပျော်မြူးခြင်းအတွက် စုရုံးလာကြသော လူများကို တင်ဆောင်လာရသော လှေ၊ သင်္ဘော နှင့် ကားများကို ကြည့်ကြပ် မောင်းနှင်ရသော သူတို့အား လွဲမှားသော အစားအသောက်ကို လိုက်စားပြီး ထိုသို့အားဖြင့် ဘုရားသခင် နှင့် ဘုရားသခင်၏ ပညတ်တရားများကို မေ့လျော့စေရန် စာတန်သည် သွေးဆောင်၏။ CCB2 278.3

သူတို့ ပတ်ဝန်းကျင်၌ မည်ကဲ့သို့ ဖြစ်ပျက်နေသည်ကို သူတို့သည် မသိမမြင်ကြချေ။ အချက်ပြသော အရာများာကို မှန်ကန်စွာ မပြုလုပ်ကြသဖြင့်၊ ကားများသည် တစ်စင်း နှင့် တစ်စင်း တိုက်ခိုက်မိကြ၏။ ထိုအခါ ကြောက်မက်ဖွယ်ကောင်းသော အရာများ ဖြစ်လျက် ခြေလက်အင်္ဂါများ ကျိုးပဲ့ခြင်း သေဆုံးခြင်း အမှုများ ဖြစ်လာရ၏။ ဤကဲ့သို့သော အခြေအနေမျိုးများသည် သာ၍ သာ၍ ထင်ရှားလာကြလေပြီ။ CCB2 278.4

အရက်သမား၏ ပျက်စီးစေတတ်သော ဗီဇများသည် မိမိ၏ သားမြေးတို့တွင် ဆက်ခံ ရရှိလာတတ်သဖြင့်၊ သူတို့မှ တစ်ဆင့် လာလတ္တံ့သော သားစဉ် မြေးဆက်တိုင်အောင် ဆက်ခံသွားရတတ်ကြသည်။11Te 34, 38; CCB2 279.1