Go to full page →

ဘုရားသခင်၏ တရားစီရင်ခြင်း။ CCB2 368

ကျွန်ုပ်တို့သည် အဆုံးကာလသို့ နီးကပ်လာကြပြီ။ အကျိုးအပြစ်ကို ဆပ်ပေးရန် ဘုရားသခင်၏ တရားစီရင်ခြင်း အမှုသည် မြေကြီးပေါ်၌ ရောက်လာပြီ ဖြစ်ကြောင်း ကျွန်ုပ်အား ဖော်ပြထားလေပြီ။ ထာဝရဘုရားသည် ကျွန်ုပ်တို့အား ဖြစ်ပျက်မည့် အကြောင်းအရာများကို သတိပေးတော်မူပြီ။ ဘုရားသခင်၏ နှုတ်ကပတ်တော်မှ အလင်းသည် ထွန်းတောက်လျက် ရှိ၏။ သို့ရာတွင် မြေကြီးကို မှောင်မိုက် ဖုံးလွှမ်းလျက် ရှိ၏။ ၎င်းပြင် ထူထပ်သော မှောင်မိုက်သည် လူတို့ကို ဖုံးလွှမ်းလျက် ရှိ၏။ “ငြိမ်ဝပ်ခြင်း ရှိ၏။ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏ဟု ဆိုစဉ်တွင်၊ သူတို့အပေါ်သို့ လျင်မြန်စွာသော ပျက်စီးခြင်း ရောက်၍ လွတ်ခြင်း အခွင့် မရှိရကြ။”65T 99; CCB2 368.1

ထာဝရဘုရားသည် တားမြစ်ထားမှုများကို မြေကြီးမှ ပယ်ရှားနေသဖြင့်၊ မကြာမီ သေခြင်း နှင့် ပျက်စီးခြင်း၊ ရာဇဝတ်မှု တိုးပွားခြင်း၊ ရက်စက်ခြင်း၊ ဆင်းရဲသားတို့ တစ်ဖက်၌ မိမိတို့ ကိုယ်ကို ချီးမြှောက်ကြသော သူဋ္ဌေးတို့အား မကောင်း ပြုမူခြင်း အမှုများသည် ဖြစ်ပေါ်လာလိမ့်မည်။ ဘုရားသခင်၏ ကာကွယ်ခြင်းကို မရရှိကြသော သူတို့သည် မည်သည့် နေရာ၊ မည်သည့် အခြေအနေ၌ မဆို လုံခြုံမှုကို ရရှိကြမည် မဟုတ်။ အနာရစေလျက် သေစေခြင်းငှါ အလွန် ပြင်းထန်သော စက်ကိရိယာများကို ပြုလုပ်ရန် လူများတို့သည် လေ့ကျင့်ထားပြီး၍ တီထွင်နိုင်သော သတ္တိကို အသုံးပြုနေကြပြီ။78T 50; CCB2 368.2

မြေကြီးပေါ်၌ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုသည် ရောက်လာပြီ။ စစ်တိုက်ခြင်း နှင့် စစ်တိုက်ခြင်း အကြောင်း ပြောဆိုစကားများ၊ မီး နှင့် ရေ လွှမ်းမိုးခြင်းအားဖြင့် ပျက်စီးခြင်း အမှု၊ အဆုံးကာလတိုင်အောင် တိုးပွားနေမည့် ဆင်းရဲခြင်း ကာလသည် ရောက်လုနီးပြီ။ CCB2 369.1

မကြာမီ သခင်ယေရှု ကြွလာတော်မူသည် တိုင်အောင် ပြင်းထန်သော ဒုက္ခဆင်းရဲခြင်း အမှုများသည် လူ အမျိုးမျိုးတို့ အထဲတွင် ပေါ်လာလိမ့်မည်။ အထက်က မပြုဘူးသကဲ့သို့ ကျွန်ုပ်တို့သည် ယခု အချင်းချင်း တိုး၍ ပူးပေါင်းလျက် မိမိ၏ ပလ္လင်ကို ကောင်းကင်တွင် ပြင်ဆင်၍ အရာ ခပ်သိမ်းကို အုပ်စိုးတော်မူသော အရှင်၏ အမှုကို ဆောင်ရွက်သင့်ကြသည်။ ဘုရားသခင်သည် မိမိ၏ လူများကို စွန့်ပစ်တော်မမူ။ ၎င်းပြင် ကျွန်ုပ်တို့သည် ဘုရားသခင်ကို မစွန့်ဘဲ နေကြခြင်း၌ ခွန်အားကို ရရှိကြသည်။ 83T 286. CCB2 369.2

* * * * *