Go to full page →

အခန်း ၆၂။—ဆန်ကာနှင့် ချသော အချိန်။ CCB2 370

တမန်တော်သည် ညီအစ်ကို မောင်နှမတို့အား ဆုံးမသြဝါဒပေး၍၊ “ကြွင်းသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သခင်ဘုရားအားဖြင့် လည်းကောင်း၊ တန်ခိုးတော် အရှိန်အားဖြင့် လည်းကောင်း၊ ခိုင်ခံ့ခြင်း ရှိကြလော့။ ခဲယဉ်း ဆိုးယုတ်သော နေ့ရက် ကာလ၌ ဆီးတားနိုင်သဖြင့်၊ ကိစ္စ အလုံးစုံတို့ကို ပြီးစီး၍ ခံရပ်နိုင်မည် အကြောင်း၊ ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြလော့” ဟု ပြောဆို၏။ အို၊ ကျွန်ုပ်တို့ ရှေ့၌ မည်ကဲ့သို့သော နေ့ရက် ရောက်လာလိမ့်မည်နည်း။ ဘုရားသခင်၏ သားသမီးများဟု ခေါ်နေကြသော သူတို့အထဲတွင် မည်ကဲ့သို့ ဆန်ကာနှင့် ချလိမ့်မည်နည်း။ မတရားသော သူတို့တွင် တွေ့ရှိရလိမ့်မည်။ ကြီးသော အလင်းကို ရရှိ၍ ၎င်းအလင်းတွင် မလျှောက်သော သူတို့သည် မိမိတို့ ရှုတ်ချသော အလင်းအလျောက် မှောင်မိုက်ကို ရရှိကြလိမ့်မည်။ ပေါလု ပြောသော စကားများတွင် ပါရှိသော သင်ရန် စာကို ကျွန်ုပ်တို့သည် ဂရုစိုက်သင့်သည်။ “သူတစ်ပါးကို ဆုံးမပြီးမှ ကိုယ်တိုင် ရှုံးသော သူ မဖြစ်ရမည် အကြောင်း၊ ကိုယ်ကို ထိုး၍ နှိပ်စက်လေ့ရှိ၏။” ဖောက်ပြန်သော သူတို့အထဲတွင် မည်သူ ပါရှိနိုင်မည်ကို သိမြင်ခြင်းငှါ ရန်သူသည် ကြိုးစား၍ လုပ်ဆောင်နေ၏။ သို့ရာတွင် သခင်ဘုရားသည် မကြာမီ ကြွလာတော်မူမည်။ ၎င်းပြင် မကြာမီ အမှုတိုင်းကို ထာဝရ ကာလအတွက် ဆုံးဖြတ်တော်မူလိမ့်မည်။ ကရုဏာနှင့် ချပေးတော်မူသော အလင်းနှင့် အညီ လုပ်ဆောင်ကြသော သူတို့သည် သခင်ဘုရား ဘက်၌ ရေတွက်ခြင်း ခံရလိမ့်မည်။ 1TM 163; CCB2 370.1

သို့ရာတွင် အသင်းတော်ကို ဆေးကြောသော နေ့ရက် ကာလသည် အလျင်အမြန် ရောက်လာနေ၏။ ဘုရားသခင်၌ သန့်ရှင်း၍ မှန်ကန်သော လူ တစ်မျိုး ရှိလိမ့်မည်။ မကြာမီ ဆန်ကာနှင့် ချခြင်း အမှုကြီးတွင် ကျွန်ုပ်တို့သည် ဣသရေလ၏ ခွန်အားကို ချင့်ချိန်နိုင်ကြလိမ့်မည်။ သခင်ဘုရားသည် ဆန်ကောကို မိမိ လက်တွင် ယူဆောင်လာလျက် ကြမ်းကို သေချာစွာ ရှင်းလင်းမည့် အချိန်သည် ရောက်လာလုနီးကြောင်း နိမိတ်လက္ခဏာများက ဖော်ပြနေ၏။25T 80; CCB2 370.2