Go to full page →

အခန်း ၃၁။—ခင်ပွန်း နှင့် ဇနီးတို့၏ ဆက်သွယ်ခြင်း။ CCB2 50

ထိမ်းမြားစုံဖက်ခြင်း အမှုကို ဘုရားသခင် စီမံထား၍ သန့်ရှင်းသော တရားအားဖြင့် ကာကွယ်ထားတော်မူ သော မင်္ဂလာကိစ္စ တစ်ခုကဲ့သို့ သဘောထားသော သူတို့သည် ဆင်ခြင်တုံတရား၏ အုပ်စိုးခြင်းကို ခံယူ လိုက်လျှောက်ကြလိမ့်မည်။ CCB2 50.1

သခင်ယေရှုက မည်သည့် လူမျိုးကိုမျှ အိမ်ထောင်ဖက် မပြုရဟု အတင်းအကြပ် ပညတ်ထားတော်မမူ။ သန့်ရှင်းသော အိမ်ထောင်ပြုခြင်း ကိစ္စကို ဖျက်ဆီးရန် ကိုယ်တော်သည် ကြွလာတော်မူသည် မဟုတ်ဘဲ၊ ၎င်းကို ချီးမြှောက်အားပေး၍ မူလ သန့်ရှင်းခြင်း အခြေအနေ၌ ပြန်၍ တည်ရှိနေစေရန် ကြွလာတော်မူ၏။ သန့်ရှင်း၍ ကိုယ်ကျိုးမရှာသော မေတ္တာ တည်ရှိနေသော အိမ်ထောင်မှု ကိစ္စကို ကိုယ်တော်သည် နှစ်သက်ခြင်းနှင့် ကြည့်ရှုတော်မူ၏။ CCB2 50.2