Go to full page →

ထိမ်းမြားခြင်း အမှုသည် တရားနှင့် ညီလျက် သန့်ရှင်း၏။ CCB2 50

စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက် နေခြင်း အမှု သက်သက်၌ အပြစ် မရှိ။ တရားနှင့် ညီသော အမှုကို သင့်တော်စွာ ပြုမူ၍ အပြစ် ဖြစ်စေရန် လွန်ကျူးစွာ မပြုလျှင်၊ နောဧ လက်ထက်၌ ထိမ်းမြားစုံဖက်ခြင်းသည် တရားနှင့် ညီ၏။ ၎င်းပြင် ယခုလည်း ထိမ်းမြားစုံဖက်ခြင်းသည် တရားနှင့် ညီ၏။ သို့ရာတွင် နောဧလက်ထက်၌ ဘုရားသခင်ကို မတိုင်ပင်၊ ဘုရားသခင်၏ လမ်းပြခြင်း၊ အကြံပေးခြင်းကို မခံမယူဘဲ လူများတို့သည် ထိမ်းမြားစုံဖက်ခဲ့ကြ၏။ CCB2 50.3

အသက်တာနှင့် ဆိုင်သော အကြောင်းအရာ အပေါင်းသည် ကြာရှည် မတည်ခြင်း အကြောင်းသည် ကျွန်ုပ်တို့ ပြုမူ ပြောဆိုသမျှတို့ကို ပြောင်းလဲ ပြင်ဆင်ပေးတတ်သော သတ္တိကို ဖြစ်စေ၏။ နောဧလက်ထက်၌ သင့်တော်စွာ အသုံးပြုလျှင် တရားနှင့် ညီသော အရာကို အလွန်အမင် အလွဲ နှစ်သက်ကြခြင်းကြောင့် ထိမ်းမြားစုံဖက်ခြင်းသည် ဘုရားသခင် ရှေ့တော်၌ အပြစ်သင့်၏။ လောက တွင် ဤ ခေတ်၌ ထိမ်းမြားစုံဖက်ခြင်း၊ ၎င်းစုံဖက်ခြင်းနှင့် သက်ဆိုင်သော အရာတို့၌သာ စိတ်စွဲလမ်းနေကြခြင်းဖြင့် မိမိတို့၏ ဝိညာဉ်များကို ဆုံးရှုံးနေသော သူများစွာ ရှိကြသည်။ CCB2 50.4

ထိမ်းမြားစုံဖက်ခြင်း အမှုသည် သန့်ရှင်း၏။ သို့ရာတွင် ဤ ယုတ်ညံ့သော ခေတ်၌ ၎င်းအမှုတွင် ဆိုးယုတ်ခြင်း အမျိုးမျိုးနှင့် ပြည့်ဝလျက် ရှိ၏။ ၎င်းကို မသင့်မတော်သော နည်းဖြင့် အသုံးပြုကြသဖြင့်၊ ရေလွှမ်းမမိုးမီ လက်ထက်က ထိမ်းမြားစုံဖက်ခြင်း အမှုသည် အပြစ်ဒုစရိုက် ဖြစ်ခဲ့သည် နည်းတူ၊ ယခု နောက်ဆုံးနေ့၏ နိမိတ်လက္ခဏာ တစ်ခု ဖြစ်သော အပြစ်ဒုစရိုက် ဖြစ်လာလေပြီ။ ထိမ်းမြားစုံဖက်ခြင်း၏ သန့်ရှင်းသော သဘော နှင့် ၎င်း၏ စည်းကမ်းများကို နားလည်လာသောအခါ၊ ၎င်းကို ယခုလည်း ကောင်းကင်က နှစ်သက်ထောက်ခံလိမ့်မည်။ ၎င်းပြင် နှစ်ဦး နှစ်ဖက်သည် ပျော်ရွှင်ခြင်း အကျိုးကို ခံစားရ၍ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေလိမ့်မည်။ CCB2 51.1