ဆုံးမသွန်သင်ခြင်း ခံနေရစဉ် ကောင်းစွာ အကျင့် ရရှိပြီးသည်ဟု ထင်ရသော သားသမီးများ ရှိသော အိမ်ထောင်များစွာ ရှိကြသည်။ သို့ရာတွင် သူတို့အား အုပ်ချုပ်နေသော စည်းကမ်း စနစ်များသည် ပျက်ကွယ်သွားသော အခါ၊ သူတို့သည် မိမိတို့ ကိုယ်တိုင် ဆင်ခြင် စဉ်းစားခြင်း၊ ပြုမူလုပ်ကိုင်ခြင်း၊ ဝေဖန် ဆုံးဖြတ်ခြင်း မရှိနိုင်ဟု ထင်မြင်ရသည်။ CCB2 173.1
သူတို့၌ အကြံဉာဏ် တိုးပွား၍ မိမိ ကိုယ်ကို လေးစားသော စိတ်ရှိလျက် မိမိတို့၏ စွမ်းရည် သတ္တိကို ယုံကြည် အားထားမှု ရှိမည် အကြောင်၊ မိမိတို့၏ စွမ်းရည်သတ္တိ နှင့် စိတ်သဘော အခြေအနေအလျောက်၊ မိမိတို့ ကိုယ်တိုင် ဆင်ခြင် ပြုမူ လုပ်ကိုင်နိုင်စေခြင်းငှါ သင့်တော်စွာ သူတို့အား ညွှန်ကြား လမ်းပြပေးခြင်း မရှိဘဲ၊ ပြင်းထန် ကြပ်တည်းစွာ လူငယ်တို့အား သွန်သင် လေ့ကျင့်ပေးခြင်းဖြင့်၊ ဉာဏ်ခွန်အား၊ အကျင့်နှင့် ဆိုင်သော ခွန်အားတွင် အားနည်းသော လူစားမျိုးကို ဖြစ်ပေါ်လာစေလိမ့်မည်။ ၎င်းပြင် မိမိတို့ ကိုယ်တိုင် ပြုမူ လုပ်ကိုင်ရန် လောကထဲသို့ ရောက်သွားသောအခါ၊ သူတို့သည် ပညာ သင်ကြားပေးခြင်း မခံရဘဲ၊ တိရိစ္ဆာန်များကဲ့သို့ လေ့ကျင့်ပေးခြင်း ခံရကြောင်းကို ထင်ရှားစေလိမ့်မည်။ မိဘ နှင့် ဆရာများတို့၏ ပြင်းထန် ကြပ်တည်းသော သွန်သင် ဆုံးမခြင်းအားဖြင့် သူတို့၏ စိတ်အလိုဆန္ဒသည် ညွှန်ကြား လမ်းပြပေးခြင်း မခံရဘဲအဓမ္မ နှိပ်ကွပ်ခြင်း ခံရကြလေပြီ။ CCB2 173.2
မိမိတို့ ကြည့်ရှု ပြုစုထားရာ၌ ကလေးသူငယ်တို့၏ စိတ်သဘော နှင့် အလိုဆန္ဒကို လုံးလုံး အုပ်ချုပ် စိုးမိုး၍ ရကြသည်ဟု ကြွားဝါနေသော မိဘများ နှင့် ဆရာများတို့သည် အဓမ္မအားဖြင့် လည်းကောင်း၊ ကြောက်ရွံ့ သောကြောင့် လည်းကောင်း ထိုသို့ နှိပ်ကွပ်ခြင်း ခံရသော ကလေးသူငယ်တို့၏ နောင် အသက်တာကို လိုက်လံ ကြည့်ရှုနိုင်ကြလျှင် သူတို့သည် မိမိတို့၏ ကြွားဝါမှုကို ရပ်ထားရကြလိမ့်မည်။ ဤ စိုးမိုး ချုပ်ချယ်နိုင်သည်ဟု စိတ်ကျေနပ်လျက် ရှိသော ဆရာများတို့သည် များစွာ အောင်မြင်သော ဆရာများ မဟုတ်ကြချေ။ CCB2 173.3
သူတို့သည် မကြာခဏ မိမိတို့ ကိုယ်ကို များစွာ ဆုတ်ခွာနေကြပြီးလျှင်၊ စိမ်းကား၍ ထောက်ထား စာနာမှု ကင်းသော အပြုအမူမျိုး နှင့် မိမိတို့၏ အာဏာကို အသုံးပြုကြသဖြင့်၊ မိမိတို့၏ သားသမီး နှင့် တပည့်များ၏ စိတ်ကို မဆွဲဆောင်နိုင်ကြချေ။ သူတို့သည် မိမိတို့ ထံသို့ ကလေးသူငယ်များကို ရင်းနှီးစွာ စုရုံးစေလျက်၊ သူတို့ကို ချစ်ခင်ကြောင်း ဖော်ပြ၍ သူတို့၏ ကြိုးစား ဆောင်ရွက်မှု အပေါင်း နှင့် အားကစားမှု၌ပင် စိတ်ဝင်စားကြောင်းကို ထင်ရှားစေပြီး တစ်ခါတစ်ရံ ကလေးသူငယ်တို့ အထဲတွင် ကလေး တစ်ယောက်ကဲ့သို့ပင် သဘောထားလျှင်၊ သူတို့သည် ကလေးများကို ပျော်ရွှင်စေသဖြင့်၊ သူတို့၏ ချစ်ခြင်း မေတ္တာကို ရရှိလျက် သူတို့၏ ယုံကြည် အားကိုးမှုကို ခံရလိမ့်မည်။ ၎င်းပြင် ကလေး သူငယ်တို့သည် မကြာမြင့်မှီ မိဘ နှင့် ဆရာသမားတို့၏ သြဇာ အာဏာကို ရိုသေ ကိုင်းရှိုင်း၍ နှစ်သက် သဘောကျလာကြလိမ့်မည်။ CCB2 174.1
အခြား တစ်ဖက်က ကြည့်လျှင်၊ လူငယ်တို့အား မိဘ နှင့် ဆရာများတို့၏ ဝေဖန် ဆုံးဖြတ်ချက်ကို အားမကိုးဘဲ၊ မိမိတို့ သဘောအတိုင်း ကြံစည် ပြုလုပ်ဖို့ရန် ပစ်မထားရ။ သားသမီးတို့သည် ဗဟုသုတ ရှိသော သူတို့၏ ဝေဖန် ဆုံးဖြတ်ချက်တို့ကို လေးစား၍ မိဘ နှင့် ဆရာများ၏ လမ်းညွှန်ခြင်းကို ခံယူရန် လေ့လာရကြမည်။ သူတို့၏ စိတ်သဘောသည် မိဘ နှင့် ဆရာသမားတို့၏ စိတ်သဘောနှင့် ဆက်သွယ်လာမည် အကြောင်း သူတို့သည် သင်ကြား လေ့လာရကြမည်။ ၎င်းပြင် သူတို့၏ အကြံဉာဏ်ပေးချက်များကို ဂရုစိုက် သတိပြုဖို့ သင့်တော်ကြောင်းကို သိမြင်နိုင်မည် အကြောင်း သူတို့သည် သွန်သင် လမ်းပြခြင်းကို ခံယူရကြမည်။ ထိုနောက် မိဘများ နှင့် ဆရာသမားတို့၏ လမ်းပြ သွန်သင်ခြင်းမှ လွတ်မြောက်သွားကြသော အခါ၊ သူတို့၏ အကျင့်စာရိတ္တများသည် လေထဲ၌ လှုပ်ရှားသော ကျူပင် နှင့် တူကြလိမ့်မည် မဟုတ်။113T 132-135; CCB2 174.2