Go to full page →

ခရစ်ယာန် ပညာသင်ကြားရေးတွင် သမ္မာကျမ်းစာအုပ်။ CCB2 207

သိမှတ်တတ်သော ဉာဏ်ပညာကို သွန်သင် လေ့ကျင့်ပေးခြင်း နည်းလမ်း အဖြစ်၊ သမ္မာကျမ်းစာအုပ်သည် အခြားသော စာအုပ် တစ်စုံတစ်ခု သို့မဟုတ် အခြားသော စာအုပ် အပေါင်းတို့ထက် သာ၍ အကျိုး ဖြစ်ထွန်းစေပါသည်။ ၎င်းတွင် ရှိသော အကြောင်းအရာကြီးများ၏ မြင့်မြတ် ကြီးကျယ်ခြင်း၊ ၎င်းတွင် ရှိသော စကားများ၏ ဂုဏ်ယူဖွယ် ရိုးသားခြင်း၊ ၎င်းတွင် ရှိသော ထင်မြင် ယူဆချက်တို့၏ တင့်တယ်ခြင်း အဖြစ်တို့သည် စိတ် အကြံအစည်များကို လျင်မြန် ဖြတ်လတ်၍ မြှင့်တင်ပေးသကဲ့သို့ အခြား အရာများက မပြုလုပ်နိုင်။ ဖော်ပြထားသော ကြီးကျယ်သော သမ္မာတရားများကို အမိရယူရန် ကြိုးပမ်းခြင်းဖြင့် ထိုသို့သော ဉာဏ်သတ္တိများကို ချပေးနိုင်သကဲ့သို့ အခြား စာပေ လေ့လာမှုသည် မပေးနိုင်ချေ။ ထိုသို့အားဖြင့် အနန္တဉာဏ်တော်ရှင်၏ အကြံအစည်တို့နှင့် ဆက်သွယ်ရသော စိတ်သည် တိုးပွားခိုင်ခံ့လာသည်မှာ မလွဲနိုင်ချေ။ CCB2 207.2

၎င်းပြင် ဝိညာဉ်သဘောကို ဖြစ်ပေါ် တိုးပွားလာစေခြင်း အမှုတွင် ကျမ်းစာ၏ တန်ခိုးသည် သာ၍ပင် ကြီးကျယ်၏။ ဘုရားသခင်နှင့် ဆက်ဆံ ပေါင်းသင်းဖို့ရန် ဖန်ဆင်းထားခြင်း ခံရသော လူသည် ထိုကဲ့သို့ ဆက်ဆံ ပေါင်းသင်ခြင်း၌သာ မိမိ၏ မှန်ကန်သော အသက်တာ နှင့် တိုးတက် ဖြစ်ပွားခြင်း အမှုကို တွေ့ရှိနိုင်သည်။ မိမိ၏ အမြတ်ဆုံး ဝမ်းမြောက်ခြင်း ချမ်းသာကို ဘုရားသခင်၌ တွေ့ဖို့ရန် ဖန်ဆင်းထားသဖြင့်၊ စိတ်နှလုံး၏ တောင့်တမှုကို ငြိမ်သက်စေသော အရာ၊ ဝိညာဉ်၏ ဆာငတ်မွတ်ခြင်းကို ပြေစေသော အရာကို အခြား မည်သည့် အရာ၌မျှ မတွေ့ရှိနိုင်။ ရိုးဖြောင့်၍ သင်ကြားနိုင်သော သဘော နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လေ့လာလျက် ၎င်း၏ သမ္မာတရားကို နားလည်ရန် ကြိုးစားသော သူသည် ၎င်းကျမ်းစာကို စီရင်တော်မူသော အရှင်နှင့် ဆက်သွယ်ရလိမ့်မည်။ ၎င်းပြင် မိမိ၏ သဘောအတိုင်း မဟုတ်လျှင်၊ သူ၏ တိုးတက်ကြီးပွားမှုသည် အကန့်အသတ် မရှိ ဖြစ်လာနိုင်၏။26Ed 124; 125, CCB2 208.1

သင်ခန်းစာနှင့် သက်ဆိုင်လျက် သာ၍ အရေးကြီးသော ကျမ်းချက်များကို အလုပ် တာဝန် သဘော မဟုတ်ဘဲ၊ အခွင့်အရေး တစ်ခု အနေနှင့် အလွတ် ကျက်ထားပါစေ။ ပထမ၌ မှတ်ဉာဏ်သည် ချို့ယွင်းသော်လည်း၊ လေ့ကျင့်ပေးခြင်းအားဖြင့် မှတ်ဉာဏ်သည် တိုး၍ ကောင်းလာလျက် များမကြာမီ သင်သည် သမ္မာတရား၏ စကားများကို ထိုသို့ ဆည်းပူးရန် နှစ်သက်လာလိမ့်မည်။ ၎င်းပြင် အကျင့်ပေးခြင်းဖြင့် ဝိညာဉ် တိုးတက် ကြီးပွားရေးအတွက် အလွန် အဖိုးထိုက်တန်သော အကူအညီ တစ်ခု ဖြစ်လာလိမ့်မည်။27CT 137, 138; CCB2 208.2