Go to full page →

ဒုတိယကောင်းကင်တမန်သတင်းစကား HFB 407

ဗျာဒိတ်ကျမ်း ၁၄ တွင် ပထမကောင်းကင်တမန်ကြွေးကြော် ပြီးသည်နောက် ဒုတိယကောင်တမန်က ‘‘ဗာဗုလုန်မြို့ကြီး ပြိုလဲပြီ။ မိမိမတရားသောမေထုတ်၏ အဆိပ်အတောက်တည်းဟူသော စပျစ်ရည်ကို လူမျိုးအပေါင်းတို့အား တိုက်လေပြီးသော ဗာဗုလုန်မြို့ကြီး ပြိုလဲပြီ’’ ဟု ဆက်တိုက်ကြွေးကြော်ခဲ့ပါသည်။ ဗျာ၊ ၁၄:၈။ ဗာဗုလုန်၏ အနက်ကား ရှုပ်ထွေးခြင်းဖြစ်၏။ သမ္မာကျမ်းစာတွင် ဗာဗုလုန်ဟူသော အသုံးအနှုန်းကို မှားယွင်းလမ်းလွှသောဘာသာအယူဝါဒများအတွက်လည်း သုံးသပါသည်။ ဗျာ၊ ၁၇ တွင် ဗာဗုလုန်ဆိုသည့်စကားရပ်သည် အမျိုးသမီး တစ်ဦးကို ကိုယ်စားပြုထားပါသည်။ သမ္မာကျမ်းစာတွင် အမျိုးသမီးကို အသင်းတော်၏ အထိမ်းအမှတ်တစ်ခုအဖြစ်လည်း အသုံးပြုပါသည်။ သီလနှင့် ပြည့်စုံသောမိန်းမသည် စင်ကြယ်သောအသင်းတော်ကို ပုံဆောင်၍ ဆိုးညစ်သောမိန်းမမှာ မှားယွင်းသောအသင်းတော်ကို ပုံဆောင်ထားပါသည်။ HFB 407.1

သမ္မာကျမ်းစာတွင် ခရစ်တော်နှင့်ကိုယ်တော်၏ အသင်းတော်အကြား ဆက်နွှယ်မှုကို မင်္ဂလာဆောင်ခြင်းနှင့်ပုံဆောင်ပါသည်။ ‘‘ငါသည် ကိုယ်အဖို့ သင့်ကိုအစဉ်အမြဲသိမ်းယူမည်။ ဖြောင့်မတ်ခြင်း---နှင့်အညီ ကိုယ်အဖို့သင့်ကို သိမ်းယူမည်။’’ ‘‘ငါသည် သင်တို့ကို သီလနှင့်ပြည့်စုံသောသတို့သမီးကညာ ကဲ့သို့ ခရစ်တော်အားဆက်ဆံသောငှာ သင်တို့ကို လင်တစ်ဦးနှင့် ထိမ်းမြား ဆောင်နှင်းပြီးဖြစ်သည်။’’ ဟောရှေ ၂:၁၉။ ၂ကော၊ ၁၁:၂။ HFB 408.1