Go to full page →

‘‘ကြည့်ပါ၊ မင်္ဂလာဆောင်လုလင်သည်လာပြီ’’ HFB 456

သန့်ရှင်းရာဌာနတော်ကို ဆေးကြောရန် အသန့်ရှင်းဆုံးအခန်းထဲသို့ ယဇ်ပုရောဟိတ်မင်းအနေဖြင့် ခရစ်တော်ဝင်သွားခြင်း (ဒံ ၈:၁၄) သည် လည်းကောင်း၊ အသက်ကြီးသူထံသို့ ခရစ်တော် ရောက်လာခြင်း (ဒံ၊ ၇:၁၃) သည်လည်းကောင်း၊ မိမိ၏ဗိမာန်တော်ထဲသို့ ထိုသခင်လာခြင်း (မာလခိ ၃:၁) သည်လည်းကောင်း အကြောင်းအရာတစ်ခုတည်းကို ဖွင့်ဆိုနေခြင်းဖြစ်သည်။ ဤအကြောင်းအရာကိုပင် မင်္ဂလာဆောင်ပွဲသို့ မင်္ဂလာဆောင်လုလင် ရောက်ရှိလာခြင်းဖြင့် ရှင်မဿဲ ၂၅ တွင် ပုံဖေါ်တင်ပြထားပါသည်။ HFB 456.1

ဤပုံပမာထဲတွင် ‘‘မင်္ဂလာဆောင်လုလင်လာသောအခါ--အသင်ရှိသော သတို့သမီးတို့သည် လုလင်နှင့်အတူ ပွဲသို့ဝင်ကြ၏။’’ ထိုကြောင့် မင်္ဂလာဆောင်လုလင်ကြွလာခြင်းသည် ပွဲကျင်းပခြင်းထက် အလျင်ကျပါသည်။ ထိုမင်္ဂလာပွဲသည် နိုင်ငံတော်ကို ခရစ်တော်လက်ခံသည့်ပွဲအား ပုံဆောင်ပါသည်။ နိုင်ငံတော်ကိုပုံဆောင်သည့် သန့်ရှင်းသောမြို့တော်တည်းဟူသော ယေရုရှလင်မြို့သစ်ကို ‘‘သိုးသယ်၏ခင်ပွန်းတည်းဟူသော မင်္ဂလာဆောင် သတို့သမီး’’ ဟုလည်း ခေါ်ဝေါ်သည်။ ဗျာ၊ ၂:၁၉။ ကောင်းကင်တမန်တစ်ပါးက ရှင်ယောဟန်အား ‘‘လာခဲ့ပါ။ သိုးသငယ်၏ ခင်ပွန်းတည်းဟူသော မင်္ဂလာဆောင်သတို့သမီးကို ငါပြမည်ဟုပြောဆိုလျက် ကြီးမြင့်သောတောင်သို့ ဝိညာက်တော်အားဖြင့် ငါ့ကိုဆောင်သွား၍ သန့်ရှင်းသော ယေရုရှလင်မြို့သည် ဘုရားသခင်၏ဘုန်းတော်နှင့်ပြည့်စုံလျက် ဘုရားသခင့်အထံတော် ကောင်းကင်ဘုံမှဆင်းသက်သည်ကို---ပြလေ၏။’’ ဗျာ၊ ၂၁:၁၀။ HFB 456.2

သန့်ရှင်းသောမြို့တော်သည် မင်္ဂလာဆောင်သတို့သမီးကို ပုံဆောင်ထားပြီး မင်္ဂလာဆောင်လုလင်အားကြိုဆိုရန် ထွက်သွားကြသော အပျိုကညာများမှာ အသင်းတော်ကိုပုံဆောင်ပါသည်။ ဗျာဒိတ်ကျမ်းတွင် ဘုရားသခင်၏လူတို့ကို မင်္ဂလာညစာစားပွဲသို့တက်ရောက်လာသူများ ဖြစ်သည်ဟု ဖွင့်ဆိုထားရာ ၎င်းတို့သည် မင်္ဂလာဆောင်သတို့သမီး မဖြစ်နိုင် တော့ချေ။ ခရစ်တော်သည် ‘‘မိမိခင်ပွန်းအဖို့ တန်ဆာတင်သော မင်္ဂလာဆောင် သတို့သမီး’’ ဖြစ်သည့် ယေရုရှလင်မြို့သစ်တည်းဟူသော ‘‘နိုင်ငံနှင့်တကွ အာဏာစက်တန်ခိုး’’ ကိုရ၏။ ကိုယ်တော်ရှင်သည် နိုင်ငံတော်ကို ရရှိပြီးနောက် သိုးသငယ်၏ မင်္ဂလာဆောင်ညစာစားပွဲသို့ တက်ရောက်ကြမည့် ဘုရားသခင်၏ လူတို့အား ကယ်နုတ်ရန်အတွက် ဘုရင်တကာတို့၏ ဘုရင်တကာတို့၏ သခင်အနေဖြင့် ကြွလာတော်မူလိမ့်မည်။ HFB 457.1