Go to full page →

သူတို့၏သခင်ကိုစောင့်မျှော်ခြင်း HFB 457

‘‘ကြည့်ပါ။ မင်္ဂလာဆောင်လုလင်လာပြီ’’ ဟူသော ကြွေးကြော် သံကြောင့် လူအများက ခရစ်တော်ချက်ချင်းကြွလာမည်ဟု မြော်လင့်ခဲ့ကြသည်။ သတ်မှတ်ထားသော အချိန်သို့ရောက်သောအခါ မင်္ဂလာဆောင်လုလင်သည် ဤကမ္ဘာသို့ကြွလာတော်မမူဘဲ ကောင်းကင်ဘုံ ရှိရာဘုရားသခင်ထံသို့ နိုင်ငံတော်ကိုလက်ခံရန် ကြွချီသွားခဲ့ပါသည်။ ‘‘အသင့်ရှိသောသတို့သမီးများသည် မင်္ဂလာဆောင်လုလင်နှင့်အတူ ပွဲသို့ဝင်ကြ၏’’ ဟူသောစကားရပ်တွင် ကြွလာခြင်းအတွက် အဆင်သင့်ရှိသူ များသည် ဤလောကတွင်ရှိနေကြဆဲဖြစ်သဖြင့် ထိုနေရာ၌ ယခုအချိန်တွင် ကိုယ်တိုင်ကိုယ်ကျမရှိနိုင်ကြသေးချေ။ ‘‘မင်္ဂလာဆောင်ပွဲမှပြန်လာ၍ တံခါးကို ခေါက်သောအခါ ချက်ချင်းဖွင့်ခြင်းငှာ သခင်လာမည်ကို’’ ၎င်းတို့ မြော်လင့် နေကြရန်သာဖြစ်သည်။ လုကာ ၁၂:၃၆။ သို့ရာတွင် ထိုသူများသည် ကိုယ်တော် လုပ်ဆောင်နေသောအရာများကို နားလည်သဘောပေါက်ကာ ကိုယ်တော် နောက်သို့ ယုံကြည်ခြင်းအားဖြင့် လိုက်လျှောက်ကြရန်ဖြစ်သည်။ ဤအရာကို မင်္ဂလာဆောင်ပွဲသို့ ၎င်းတို့ဝင်ခြင်းနှင့် ပုံဖေါ်တင်ပြထားခြင်းဖြစ်သည်။ HFB 457.2

ဤပုံပမာတွင် မီးခွက်ထဲ၌ ဆီရှိသောသူများသည် ထိုပွဲသို့ ဝင်ခဲ့ကြ ရသည်။ ကြွလာခြင်းကိုမြော်လင့်ခြင်းအတွက် ခါးသီးသောစိတ်ပျက်စရာ များနှင့် ကြုံတွေ့ခဲ့ရသူများသည် ပို၍ထင်ရှားသောအလင်းကိုရရန် သမ္မာကျမ်းစာကိုလေ့လာရင်း သည်းခံလျက် စောင့်မျှော်ခဲ့ကြရာ ကောင်းကင်ဘုံမှ သန့်ရှင်းရာဌာနတော်အကြောင်းနှင့် ကယ်တင်ရှင်၏ အမှုတော်အပြောင်းအလဲအကြောင်း အမှန်တရားများကို တွေ့ရှိခဲ့ကြသည်။ ထိုကြောင့် သူတို့သည် အထက် သန့်ရှင်းရာဌာနတော်ရှိ ကိုယ်တော်၏ အမှုတော်တွင် ကိုယ်တော်၏နောက်သို့ ယုံကြည်ခြင်းအားဖြင့် လိုက်လျောက် ခဲ့ကြ၏။ ဤအမှန်တရားကိုလက်ခံသူအပေါင်းတို့သည် ထိုပွဲသို့ဝင်ကြရ ပါသည်။ HFB 458.1