Go to full page →

အပြစ်များကိုဖယ်ရှင်းခြင်း HFB 524

စုံစမ်းစစ်ဆေးရာတရားစီရင်ခြင်းအမှုနှင့် အပြစ်များကို ဖယ်ရှင်းပေးခြင်း အမှုတို့ကို ခရစ်တော်ဒုတိယကြွမလာမီတွင် အပြီး လုပ်ဆောင်ရပါမည်။ လောကတဲတော်တွင် အမှုတော်ဆောင်သည့် ယဇ်ပုရောဟိတ်မင်းကြီးသည် အသန့်ရှင်းဆုံးဌာနတော်မှထွက်လာကာ လူထုကြီးအား ကောင်းချီးပေးခဲ့သည့်နည်းတူ ခရစ်တော်သည် မိမိ၏ ကြားဖျန်ဖြေရေးအမှုတော်ပြီးဆုံးသောအချိန်တွင် ‘‘မျှော်လင့်လျက်နေသော သူတို့ကို ကယ်တင်ခြင်းအလို့ငှာ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတ္တံ့။’’ ဟေဗြဲ ၉:၂၈။ HFB 524.3

ထိုယဇ်ပုရောဟိတ်မင်းသည် ဗိမာန်တော်၌ပေကျံလျက်ရှိသော အပြစ်များကို ဖယ်ရှားသည့်အမှုတွင် စကိပ်ဂုတ်ဟုခေါ်သည့် ဆိတ်အပေါ်တွင် ထိုအပြစ်များကိုတင်ခဲ့သည့်နည်းတူ ခရစ်တော်သည်လူအပေါင်းတို့၏ အပြစ်များကို စာတန်အပေါ်တွင် တင်တော်မူလိမ့်မည်။ ‘‘လူမနေသောအရပ်သို့ ဆောင်သွားသော ထိုဆိတ်ကို တော၌လွှတ်’’ သကဲ့သို့ ဘုရားသခင်၏ သားသမီးများအား အပြစ်ကျုးလွန်အောင် မိမိသွေးဆောင်ခဲ့သဖြင့် ကျူးလွန်ခဲ့သည့် အပြစ်အားလုံးကိုဆောင်သွားသည့် စာတန်သည် လူသူကင်းမဲ့သောကမ္ဘာကြီးထဲတွင် နှစ်ပေါင်းတစ်ထောင်အထီးကျန်နေရကာ လူယုတ်မာများကို လောင်ကျွမ်းစေမည့် မီးလောင်ဒဏ်ကိုလည်း အဆုံးတွင် ခံစားရလိမ့်မည်။ HFB 525.1

ဤကဲ့သို့အပြစ်ကို အပြစ်မှလွန်ကာ ဖျက်ဆီးပြီးသောအခါ ကယ်တင်ခြင်းစီမံကိန်းသည် ပြီးမြောက်ပြည့်စုံခြင်းသို့ ရောက်လိမ့်မည်။ HFB 525.2