သတ်မှတ်ထားသောအချိန်ဖြစ်သော ရက်ပေါင်း ၂၃၀၀ အဆုံး ၁၈၄၄ ခုနှစ်တွင် စုံစမ်းစစ်ဆေးခြင်းဆိုင်ရာ တရားစီရင်ခြင်းနှင့် အပြစ်ဖယ်ရှားခြင်းအလုပ်များကို အစပျိုးခဲ့ပါသည်။ နောင်တရကာ စွန့်ပစ်ခြင်း မပြုသေးသည့်အပြစ်များကိုမူ စာစောင်များမှ ဖယ်ရှားခြင်းပြုတော်မူလိမ့်မည် မဟုတ်ချေ။ ကျူးလွန်သောအပြစ်များကို လူသားအချင်းချင်းမသိအောင် ဖုံးကွယ်ကောင်းဖုံးကွယ်နိုင်မည်ဖြစ်သော်လည်း ဘုရားသခင်ရှေ့တော်တွင် ထင်းလင်းပေါ်လျက်ရှိရာ ကောင်းကင်တမန်များသည် အပြစ်တစ်ခုစီကို မှတ်တမ်းတင်ခဲ့ပါသည်။ ဘုရားသခင်ကို အပေါ်ယံရုပ်သွင်ဖြင့် လှည့်ဖြားလို့ မရပါ။ ကိုယ်တော်သည် အမှားတစ်ခုကိုမျှ ကျူးလွန်ခြင်းရှိတော်မမူပါ။ လူသားများမှာ စိတ်ထားမကောင်းသူများ၏လှည့်စားမှုကို ခံတတ်ကြရ သော်လည်း ဘုရားသခင်မှာမူ လူ၏အတွင်းသဘောကိုနားလည်တော်မူ၏။ HFB 525.3
ကြီးမြတ်သောပြန်လည်သုံးသပ်ချက်ပါတကား။ ကမ္ဘာပေါ်ရှိ အစွမ်း အထက်ဆုံးအောင်နိုင်သူတစ်ဦးပင်လျှင် မိမိ၏တစ်နေ့တာမှတ်တမ်းကို ပြန်လည်သတိရနိုင်ဖို့ခက်သည်။ ကျွန်ုပ်တို့၏အပြုအမူ၊ အပြောအဆို၊ အကျင့်အကြံများသည် ကျွန်ုပ်တို့အား ဖြောင့်မတ်ခြင်းသို့ ရောက်ရန်အတွက် လည်းကောင်း၊ တရားရှုံးရန်အတွက်လည်းကောင်း သက်သေခံကြလိမ့်မည်။ HFB 526.1
ကျွန်ုပ်တို့၌ရှိသည့် ဘုရားသခင်ပေးအစွမ်းသတ္တိများအတွက်လည်း တရားစီရင်ခြင်းခံကြရလိမ့်မည်။ အချိန်၊ ဘောလ်ပင် (အစွမ်း)၊ အသံ၊ ငွေနှင့် ဩဇာတန်ခိုးများကို ကျွန်ုပ်တို့မည်သို့အသုံးပြုခဲ့ကြသနည်း။ ဆင်းရဲသားများ၊ ဒုက္ခသည်များ၊ မိဘမဲ့များ၊ မုဆိုးမများကို ကျွန်ုပ်တို့မည်သို့ဆက်ဆံ ခဲ့ကြသနည်း။ မိမိတို့အားပေးထားသည့် သမ္မာတရားအလင်းများကို မည်သို့ ထွန်းလင်းခဲ့ကြသနည်း။ အကျင့်အားဖြင့် ထင်ရှားစေခဲ့သည့်မေတ္တာသာလျှင် စစ်မှန်၏။ ဘုရားသခင်၏မျက်မှောက်တော်တွင် မေတ္တာဖြင့်လုပ်ဆောင်သော အရာများ သာလျှင်တန်ဖိုးရှိပါသည်။ HFB 526.2