Go to full page →

အန္တရာယ်များသောအမှားများ HFB 570

နံဝိညာဉ်အယူဝါဒ (ဝါ) လိပ်ပြာခေါ်ခြင်းဆိုင်ရာ အံ့ဖွယ်လိမ်ညာ မှုသည် စာတန်၏အောင်မြင်သောလိမ်လည်မှုများတွင် တစ်ခုအပါအဝင် ဖြစ်သည်။ လူသားများသည် သမ္မာတရားကို ငြင်းပယ်လိုက်သည်နှင့်တစ်ချိန် တည်းမှာပင် လိမ်လည်ဖြားယောင်းခြင်း၏ သားကောင်များဘဝသို့ ရောက်ရှိ သွားကြပါသည်။ HFB 570.1

အခြားအမှားတစ်ခုမှာ ခရစ်တော်သည် ဤလောကသို့ကြွမလာမီ မတည်ရှိဟုဖွင့်ဆိုကာ ခရစ်တော်၏ ဘုရားဇာတိတော်ကို ငြင်းပယ်သည့်ဩဝါဒပင်ဖြစ်သည်။ ဤကမ္ဘာကြီးမတည်ရှိမီကတည်းက ခရစ်တော်သည် ခမည်းတော်ဘုရားသခင်နှင့်အတူ ရှိတော်မူလျက်ရှိသည် ဟူသော ကယ်တင်ရှင်ကိုယ်တော်တိုင်ဖွင့်ဆိုချက်မှာ ဤအယူအဆနှင့် လုံးဝ ခြားနားနေပါသည်။ သမ္မာကျမ်းစာသည် ဘုရားသခင်ထံမှလာသည့် ဗျာဒိတ်တော်ဖြစ်သည်ဆိုသည့် ယုံကြည်ချက်ကို ဤအယူအဆက ထိခိုက် အားနည်းစေပါသည်။ ခရစ်တော်၏ဘုရားသခင်ဇာတိနှင့်ပတ်သက်သော သမ္မာကျမ်းစာမှ သက်သေခံချက်များကို ငြင်းဆန်နေသူများနှင့်ငြင်းခုံနေလျှင် အချည်းနှီးသာဖြစ်လိမ့်မည်။ မည်သည့်ဖွင့်ဆိုချက်ကမှ သူတို့အား သဘော ပေါက်စေလိမ့်မည်မဟုတ်ချေ။ ဤအမှားမျိုးကို မစွဲကိုင်သူများသည်သာလျှင် ခရစ်တော်အကြောင်းကိုလည်းကောင်း၊ လူသားများကယ်တင်မည့် ဘုရား၏ စီမံကိန်းကိုလည်းကောင်း ကောင်းမွန်စွာနားလည်ကြပါလိမ့်မည်။ HFB 570.2

အခြားမှားယွင်းသောယုံကြည်ချက်တစ်ခုမှာ စာတန်ဟူသော ပုဂ္ဂိုလ်မှာ တကယ်မရှိကြောင်း လူတို့၏မကောင်းသောအတွေးနှင့် မကောင်းသောဆန္ဒ များကို ပုံဖော်ရန်သက်သက်သာ သမ္မာကျမ်းစာတွင် စာတန်ဟူသောအမည် နာမကို အသုံးပြုထားသည်ဟူသော ယုံကြည်ချက်ဖြစ်သည်။ HFB 571.1

လူသေသောအခါ ထိုလူသေထံသို့ ခရစ်တော်ကြွလာခြင်းသည် ခရစ်တော်၏ ဒုတိယအကြိမ်ကြွလာခြင်းပင်ဖြစ်သည်ဟူသော သွန်သင်ချက်သည် ကောင်းကင်တွင်မိုးတိမ်ကိုစီးကာ ကိုယ်တော်ရှင် ကိုယ်တော်တိုင်ကြွလာခြင်းမှ အာရုံပြောင်းသွားရန် အသုံးပြုသည့် လှည့်ကွက်တစ်ခုသာဖြစ်သည်။ ‘‘ဤအရပ်၌ ခရစ်တော်ရှိသည်’’ ဟု စာတန်ပြောခဲ့ဖူးရာ ထိုလှည့်ဖြားမှုကို ယုံကြည်မိသူများသည် ပျက်စီးဆုံးရှုံးခဲ့ ရပါသည်။ (မဿဲ ၂၄:၂၃-၂၆ ကိုကြည့်ပါ)။ HFB 571.2

ဆုတောင်းသံကို နားညောင်းသည်ဆိုသည့်အချက်မှာ အမှန်တကယ် မဖြစ်နိုင်သောအရာဖြစ်ကြောင်း သိပ္ပံ၌ညာရှင်များက တစ်ဖန်ဖွင့်ဆိုပြန်သည်။ ဤအရာသည် အမှန်တကယ်တည်ရှိမနေသည့် ထူးဆန်းသောနိမိတ်လက္ခဏာ ပြခြင်းဟုခေါ်သည့် သဘာဝတရားကို လွန်ဆန်မှုတစ်ခုသာ ဖြစ်လိမ့်မည်။ ပုံသေဖြစ်နေသော သဘာဝတရားများက စကြဝဠာကြီးကို အုပ်စိုးထားသည် ဖြစ်၍ ဘုရားကိုယ်တော်တိုင်ပင် ထိုသဘာဝတရားများနှင့် မဆန့်ကျင်နိုင်ပါဟု သူတို့ကဖွင့်ဆိုကြပါသည်။ ဤနည်းအားဖြင့် ဘုရားသခင်၏ပညတ်တော်က ဘုရား၏လွတ်လပ်မှုကို ဖယ်ရှားနိုင်သယောင်ယောင်၊ ဘုရားသခင်သည် မိမိပညတ်တော်၏ အနှောင်အဖွဲ့အောက်တွင် ရောက်ရှိနေသည့်ပုံစံမျိုးဖြင့် သူတို့သရုပ်ဖော်ကြပါသည်။ HFB 572.1

ဤသွန်းသင်ချက်မျိုးသည် သမ္မာကျမ်းစာ၏ သက်သေခံချက်များနှင့် လုံးဝဆန့်ကျင်နေပါသည်။ HFB 572.2

ခရစ်တော်နှင့်တကွ တမန်တော်များသည် ထူးဆန်းသောနိမိတ် လက္ခဏာများကိုပြခဲ့ကြသည်မဟုတ်ပါလား။ ထိုကယ်တင်ရှင်သည် လူတို့ အလယ်တွင် သက်ရှိထင်ရှားရှိစဉ်ကကဲ့သို့ပင် ယခုတွင်လည်း ယုံကြည်ခြင်းနှင့် ပြည့်စုံသောဆုတောင်းချက်များကို နားညောင်းရန် ဆန္ဒပြင်းပြနေပါသည်။ ဖြစ်ရိုးဖြစ်စဉ်သဘာဝသည် သဘာဝလွန်ဖြစ်ရပ်များနှင့် ပူးပေါင်းလုပ်ဆောင် နေပါသည်။ ကျွန်ုပ်တို့မတောင်းဆိုလျှင် ဘုရားသခင်ပေးမည်မဟုတ်သော အရာများကို ယုံကြည်ခြင်းနှင့် ဆုတောင်းသူများအား ပေးသနားရန်မှာ ဘုရားသခင့်စီမံကိန်း၏ ကဏ္ဍတစ်ခုဖြစ်ပါသည်။ HFB 572.3