Go to full page →

နှုတ်ထွက်စကားများ၏သမိုင်းမှတ်တိုင်များ HFB 573

အသင်းတော်များတွင်ကျင့်သုံးနေသည့် မှားယွင်းသောဩဝါဒ များသည် နှုတ်တော်ထွက်စကားများက စိုက်ထူခဲ့သည့် သမိုင်းမှတ်တိုင်များကို ဖယ်ရှားပစ်နေပါသည်။ လူနည်းစုကသာ သမ္မာတရားအား ငြင်းပယ်ခြင်းကို ရပ်တန့်ကြသော်လည်း လူများစုမှာမူ ဘုရားတရားမဲ့သူများဖြစ်လာသည့် အခြေအထိ သမ္မာတရားများကို တစ်ခုပြီးတစ်ခုဘေးဖယ်လျက်ရှိပါသည်။ ရေပန်းစားသည့်ခရစ်ယာန်ဘာသာရေးယုံကြည်မှုများ၏ အမှားအယွင်းများ ကြောင့် လူများစွာတို့သည် ဘာသာအယူဝါဒအပေါ် အယုံအကြည် ကင်းမဲ့သည့် ဘဝသို့ရောက်သွားခဲ့ကြရပါသည်။ လူတစ်ဦးတစ်ယောက်၏ တရားမျှတခြင်း၊ သနားကြင်နာခြင်းနှင့် စေတနာထားခြင်းဆိုင်ရာ ခံစားချက်ကို ထိခိုက်နာကြည်းစေသည့် ဩဝါဒများကိုလက်ခံရန်မှာ ၎င်းတို့အတွက် မဖြစ်နိုင်ပါချေ။ ဤအရာများကို သမ္မာကျမ်းစာ၏ သွန်သင်ချက်များအဖြစ် ပုံဖေါ်လာသောကြောင့် ၎င်းတို့သည် ထိုအရာများကို နှုတ်တော်ထွက်စကား အဖြစ်လက်ခံရန် ငြင်းဆိုခဲ့ကြပါသည်။ HFB 573.1

နှုတ်တော်ထွက်စကားများသည် အပြစ်ကိုဖော်ပြဆုံးမရုံသာမက အပြစ်ကိုစီရင်နေသောကြောင့် လူအများက ကိုးစားလိုစိတ်ကင်းမဲ့စွာဖြင့် ထိုနှုတ်တော်ထွက်စကားများကို ရှုကြည့်ကြသည်။ နားထောင်လိုက်လျှောက်ရန် ဆန္ဒမရှိကြသူများကလည်း သမ္မာကျမ်းစာ၏ ဩဇာညောင်းမှုကို မှောက်လှန် နေကြသည်။ အရေအတွက် မနည်းလှစွာသောလူတို့သည် တာဝန်ပျက်ကွက်မှု ကို စီရင်ချက်ချနိုင်ရန် အလို့ငှာ ဘုရားမသိတရားမသိသူများဖြစ်လာကြပါသည်။ အခြားသော သူများမှာမူ ကိုယ်အလိုကိုငြင်းပယ်ကာ လုပ်ဆောင်ရမည့်အရာများကို သက်သက်သာသာဖြင့်လုပ်ဆောင်ရင်း သမ္မာကျမ်းစာကိုဝေဖန်သုံးသပ်မှု လုပ်ဆောင်ခြင်းအားဖြင့် ပညာရှိများအဖြစ် နာမည်ကောင်းယူနေကြသည်။ HFB 573.2

လူအများကမူ မယုံကြည်ခြင်း၊ ဘာသာတရားကို အယုံအကြည် ကင်းမဲ့ခြင်း၊ ဘုရားမဲ့တရားမဲ့ဖြစ်ခြင်းများဘက်တွင် ရပ်တည်ရသည်ကို ကောင်းသောအကျင့်သီလတစ်ခုဖြစ်သည်ဟု လက်ခံနေကြပါသည်။ သို့ရာတွင် ပွင့်လင်းသောထိုဟန်အမူအရာတစ်ခုအောက်တွင် ဖုံးကွယ်ထားသည့်အရာ များမှာ ကိုယ့်ကိုကိုယ်ယုံကြည်ခြင်းနှင့် မာနစိတ်များပင်ဖြစ်သည်။ သူတစ်ပါး အတွက် ပဟေဠိဆန်ဆန်အဖြေရှာရမည့်ကျမ်းချက်များကို ရှာဖွေရသည်ကို လူအများနှစ်ထောင်းအားရရှိကြပါသည်။ တချို့မှာမူ ဝါသနာအရ အမှားဘက်မှနေကာငြင်းခုံတတ်ပါသည်။ ၎င်းတို့သည် မယုံကြည်ခြင်းကိုဖွင့်ဟပြီး သည့်နောက် မိမိ၏ရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းရမည်ဟု သူတို့ခံယူ ကြပါသည်။ ဤနည်းအားဖြင့် သူတို့သည် ဘုရားကိုမချစ်သောပုဂ္ဂိုလ်များနှင့် ပူးပေါင်းမိသွားပါသည်။ HFB 574.1