Go to full page →

ပြဌာန်းထားသည့်စည်းကမ်းချက်များ HFB 587

‘‘ရေငတ်သောသူအား အသက်စမ်းရေကို အဖိုးမယူဘဲငါပေးမည်။’’ ဤကတိတော်သည် အသက်စမ်းရေကို ဆာငတ်ခင်မွတ်သူများအတွက်သာ ဖြစ်သည်။ ‘‘အောင်မြင်သောသူသည် ဤအရာတို့ကိုအမွေခံရလိမ့်မည်။ ငါသည် သူ၏ဘုရားဖြစ်မည်။ သူလည်းငါ၏သား (သမီး) ဖြစ်လိမ့်မည်။’’ ဗျာ၊ ၂၁:၆-၆။ စည်းကမ်းချက် များကိုပြဌာန်းထားပါသည်။ အရာအားလုံးကို အမွေခံနိုင်ရန် ကျွန်ုပ်တို့သည် အပြစ်တရားကိုအောင်နိုင်သူများဖြစ်ရပါမည်။ HFB 587.1

‘‘အဓမ္မမူကား--- ကောင်းသောအကျိုးကိုမခံရ။’’ ဒေသနာ ၈:၁၃။ အပြစ်သားများသည် ‘‘ဒေါသနေ့တည်းဟူသော ဘုရားသခင်၏တရားတော် ထင်ရှားသောနေ့၌ ကိုယ်ခံစရာဖို့ အမျက်ဒေါသ’’ ကိုဆည်းပူးနေကြသည်။ ‘‘ဘုရားသခင်သည် လူအသီးသီးတို့အား မိမိတို့အကျင့်အလျောက် အကျိုး အပြစ်ကိုဆပ်ပေးတော်မူလတ္တံ့။’’ ‘‘ဆိုးညစ်သောအမှုကိုပြုသောသူ ရှိသမျှ တို့သည် ကြီးစွာသောဆင်းရဲဒုက္ခဝေဒနာကိုခံရကြလတ္တံ့။’’ ရောမ ၂:၅-၆၊ ၉။ HFB 588.1

‘‘မတရားသောမေထုန်၌မှီဝဲသောသူ၊ ညစ်ညူးစွာပြုသောသူ၊ ရုပ်တုကို ကိုးကွယ်သောသူဖြစ်သော လောဘလွန်ကျူးသောသူတစ်စုံတစ်ယောက်မျှ ခရစ်တော်နှင့် ဘုရားသခင်၏နိုင်ငံ၌ အမွေမခံရကြ။’’ ‘‘အသက်ပင်နှင့် ဆိုင်သောမြို့တံခါးအတွင်းသို့ ဝင်အံ့သောငှာ ပညတ်တော်တို့ကိုကျင့်သော သူတို့သည် မင်္ဂလာရှိကြ၏။ ပြင်၌ကား ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူ့အသက်ကိုသတ်သောသူ၊ ရုပ်တြကို ကိုးကွယ်သောသူ၊ သစ္စာပျက်ခြင်းကိုနှစ်သက်၍ ပြုသောသူအပေါင်းတို့သည် ရှိကြ၏။’’ ဧဖက် ၅:၅။ ဗျာ၊ ၂၂:၁၄-၁၅။ HFB 588.2

ဘုရားသခင်သည် အပြစ်တရားကို မည်သို့လုပ်ဆောင်ဖြေရှင်း သွားမည်ကို လူသားတို့အား ဖွင့်ဆိုထားပြီးဖြစ်သည်။ ‘‘ထာဝရဘုရားသည်--- မတရားသောသူအပေါင်းတို့ကိုကား ဖျက်ဆီးတော်မူမည်။’’ ‘‘ပြစ်မှားသောသူ အပေါင်းတို့သည် ပျက်စီးခြင်းသို့ရောက်၍ မတရားသောသူတို့သည် အဆုံး၌ ပယ်ရှင်းခြင်းကိုခံရကြလိမ့်မည်။’’ ဆာလံ ၁၄၅:၂၀။ ၃၇:၃၈။ ထာဝရဘုရားသည် ပုန်ကန်ခြားနားမှုကို နှိမ်နင်းတော် မူမည်ဖြစ်သော်လည်း ကရုဏာတော်နှင့်ပြည့်စုံပြီး ကျေးဇူးပြုတတ်သောဘုရား ပီသစွာဖြင့် ဒဏ်ခတ်ခြင်းဆိုင်ရာ တရားစီရင်ခြင်းကို ပြုတော်မူမည်။ HFB 588.3

ထာဝရဘုရားသည် အတင်းအကျပ်ခိုင်းစေတော်မမူ။ ကျွန်တစ်ဦးကဲ့သို့ နားထောင်လိုက်လျှောက်နေခြင်းမျိုးကို အလိုတော်မရှိပါ။ မိမိသည် ချစ်ခင် ထိုက်သောပုဂ္ဂိုလ်တစ်ဦးဖြစ်သောကြောင့် မိမိလက်တော်ဖြင့် ဖန်ဆင်းထား သည့် သတ္တဝါများက မိမိအားချစ်သည်ကို ကိုယ်တော်လိုလားတော်မူ၏။ ကိုယ်တော်၏ဉာဏ်တော်၊ တရားမျှတခြင်းနှင့် ကျေးဇူးပြုခြင်းများကို သိသောစိတ်ဖြင့် သတ္တဝါများက နားထောင်လိုက်လျှောက်သည်ကို ထာဝရဘုရားလိုလားတော်မူသည်။ HFB 589.1

ဘုရားသခင်၏အုပ်ချုပ်ရေးစည်းမျဉ်းများသည် ‘‘သင်တို့၏ ရန်သူတို့ကိုချစ်ကြလော့’’ ဟူသော ခရစ်တော်၏ပညတ်ချက်နှင့် ကိုက်ညီပါသည်။ ကိုယ်တော်ရှင်သည် စကြဝဠာ၏ကောင်းကျိုးအတွက် သော်လည်းကောင်း၊ မိမိ၏တရားစီရင်ခြင်းကိုခံရမည့် သူများ၏ကောင်းကျိုး အတွက်သော်လည်းကောင်း၊ ဆိုးယုတ်သောသူများကို တရားစီရင်တော်မူ ပါသည်။ ထာဝရဘုရားသည် ၎င်းတို့အားမေတ္တာပြတော်မူခဲ့သည်။ ကရုဏာပြ ခဲ့သည်။ သို့သော် ၎င်းတို့သည် ကိုယ်တော်၏မေတ္တာကို အထင်အမြင် သေးခဲ့သည်။ ပညတ်တော်ကို နင်းခြေကာ ကရုဏာတော်ကို ငြင်းပယ်ခဲ့ ကြသည်။ ကိုယ်တော်ပေးတော်မူသည့် ဆုကျေးဇူးများကို အစဉ်တစိုက် လက်ခံရယူနေ သော်လည်း ကိုယ်တော်ကို ၎င်းတို့အသရေယုတ်လျော့စေခဲ့ကြသည်။ ၎င်းတို့၏ ဖောက်ပြန်မှုကို အချိန်ကြာမြင့်စွာသည်းခံခဲ့သော ကိုယ်တော်သည် ထိုပုန်ကန်သူ များအား နံဘေးတွင် သံကြိုးနှင့်ချည်ထားပြီး အလိုတော်ကိုဆောင်ရန် အတင်းအကျပ်ခိုင်းစေတော်မူရမည်လား။ HFB 589.2