Go to full page →

အပြစ်၏အဖိုးအခ HFB 592

‘‘အပြစ်တရား၏အဖိုးအခကား သေခြင်းပေတည်း။ ဘုရားသခင် ပေးတော်မူသောဆုကျေးဇူးတော်ကား ငါတို့သခင်ယေရှုခရစ်အားဖြင့် ထာဝရ အသက်ပေတည်း။’’ အသက်ရှင်ခြင်းသည် ဖြောင့်မတ်သူများအတွက် အမွေဥစ္စာဖြစ်သလို သေခြင်းသည်လည်း ဆိုးယုတ်သူများ၏ အငန်းအတာ ဖြစ်ပါသည်။ ‘‘ဒုတိယသေခြင်း’’ သည် ထာဝရအသက်နှင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဖြစ်ပါသည်။ ရောမ ၆:၂၃။ ဗျာ၊ ၂၀:၁၄။ HFB 592.1

အာဒံကျူးလွန်သည့်အပြစ်ကြောင့် လူသားထုတစ်ရပ်လုံးသည် အပြစ်သားများဖြစ်လာကြပါသည်။ ထိုကြောင့် လူသားအားလုံးသည် သေခြင်းကိုရှောင်လွှဲခြင်းငှာ မစွမ်းနိုင်တော့ချေ။ သို့ရာတွင် ကယ်တင်ခြင်း စီမံကိန်းအရ ‘‘ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှထမြောက်ကြလိမ့်မည်။’’ ‘‘လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ရောက်သည်နည်းတူ လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်ရကြလတ္တံ့။’’ ဤအဖွဲ့ (၂) ဖွဲ့အကြားတွင် ထူးခြားသည့် အချက်တစ်ခုရှိနေပါသေးသည်။ ‘‘သင်္ချိုင်းများမှာရှိသောသူ အပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလ ရောက်လတ္တံ့။ ကောင်းသောအကျင့်ကို ကျင့်သောသူတို့သည် အသက်ရှင်ရာ ထမြောက်ခြင်းသို့လည်းကောင်း၊ ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူတို့သည် အပြစ်စီရင်ရာထမြောက်ခြင်းလည်းကောင်း ထွက်ရကြလတ္တံ့။’’ တမန်၊ ၂၄:၁၅။ ၁ကော၊ ၁၅:၂၂။ ယောဟန် ၅:၂၈-၂၉။ HFB 592.2