သစ္စာရှိမှုအတွက် မဟာစမ်းသပ်ချက်ဖြစ်သော သတ္တမနေ့ဥပုသ်သည် အထူးအငြင်းပွားစရာအမှန်တရားဖြစ်နေပါသည်။ မှားယွင်းသောဥပုသ်ကို စောင့်ရှောက်ခြင်းသည် ဘုရားသခင်ကိုဆန့်ကျင်သောတန်ခိုးအာဏာတစ်ခုကို မဟာမိတ်ပြုရန် ကတိကဝတ်ပြုခြင်းတစ်ခုဖြစ်သကဲ့သို့ စစ်မှန်သောဥပုသ် နေ့ကိုစောင့်ရှောက်ခြင်းသည် ဖန်ဆင်းရှင်အပေါ်သစ္စာရှိကြောင်း အထောက်အထားတစ်ခု ဖြစ်ပါသည်။ အဖွဲ့တစ်ဖွဲ့သည် သားရဲ၏တံဆိပ်ကို လက်ခံနေစဉ်တွင် ကျန်တစ်ဖွဲ့မှာ ဘုရားသခင်၏တံဆိပ်ကိုလက်ခံနေပါသည်။ HFB 661.1
အယူဝါဒဆိုင်ရာ သည်းမခံမှုများဖြစ်လာကာ ဘုရားသခင်၏ ပညတ်တော်ကိုစောင့်ရှောက်သူများအား အသင်းတော်နှင့် အစိုးရပူးပေါင်း လျက် နှိပ်ကွပ်လိမ့်မည်ဖြစ်ကြောင်း ကြိုတင်ဟောကိန်းထုတ်ခြင်းများကို အခြေအမြစ်မရှိသော ယုံတမ်းစကားများသာဖြစ်သည်ဟု ကြွေးကြော်ခဲ့ ကြသည်။ သို့သော် တနင်္ဂနွေဥပုသ်စောင့်ခြင်းကို ကျယ်ကျယ်ပြန့်ပြန့် လှုံ့ဆော် လာသောအချိန်တွင် တစ်ချိန်က သံသယဖြစ်ခဲ့သော ထိုအဖြစ်အပျက်သည် ဖြစ်ပျက်ဖို့နီးကပ်လာပြီဖြစ်ကြောင်း မြင်တွေ့ရရုံသာမက ထိုသတင်းစကားသည် ယခင်ကတစ်ခါမျှ မဖြစ်ခဲ့ဖူးသော အကျိုးသက်ရောက်မှု မျိုးကိုဖြစ်ပေါ်စေပါလိမ့်မည်။ HFB 661.2
ဤလောကနှင့် အသင်းတော်တွင်ကျူးလွန်နေသောအပြစ်များကို ဆုံးမရန် ဘုရားသခင်သည် ကိုယ်တော်၏ကျွန်များကို လူသားမျိုးဆက် တိုင်းတွင် စေလွှတ်တော်မူခဲ့သည်။ ကျူးလွန်လျက် ရှိသောအပြစ်များကို ဆန့်ကျင်တိုက်လှန်မှုတွင် ဘာသာရေးပြုပြင် ပြောင်းလဲရေး သမားများသည် အားသွန်ခွန်စိုက်ကြိုးစားခဲ့ကြသည်။ မိမိတို့၏ စင်ကြယ်သောခရစ်ယာန်အသက်တာပုံစံအားဖြင့် လူတို့ကို သမ္မာကျမ်းစာဆီသို့ ပြန်လည်ခေါ်ဆောင်နိုင်လိမ့်မည်ဟုလည်း သူတို့မျှော်လင့်ခဲ့ကြသည်။ သူတို့ထံသို့ သန့်ရှင်းသောဝိညာဉ်တော် ကျရောက်လာသောအခါ အကျိုးဆက် များကို ဂရုမထားတော့ဘဲ သမ္မာကျမ်းစာမှ ရိုးစင်းသောယုံကြည်ချက်များကို အထိန်အချုပ်မဲ့ဟောကြားကြပါတော့သည်။ HFB 661.3
ထာဝရဘုရားသည် အမှုတော်အတွက် ဆက်ကပ်ထားသည့် နှိမ့်ချသော လူတန်းစားများကိုအသုံးပြုကာ သတင်းစကားများကိုထိုကဲ့သို့ ကြွေးကြော်တော်မူလိမ့်မည်။ အမှုဆောင်များအား စာသင်ကျောင်း၌သင်သော စားများအားဖြင့်မဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အရည်အသွေး ပြည့်ဝစေတော်မူလိမ့်မည်။ လူတို့သည် ဘုရားသခင်မိန့်မြွက်သောနှုတ်ကပတ် တော်များကိုဖွင့်ဆိုလျက် ဖြူစင်သောဇွဲလုံ့လဖြင့် ရှေ့သို့ချီကာ ဟောကြားကြ ပါလိမ့်မည်။ ဗာဗုလုန်၏အပြစ်များကိုဖေါ်ပြကြလိမ့်မည်။ ထိုသတင်းစကားများကို တစ်ခါမျှမကြားဖူးသည့် လူပေါင်းများစွာတို့သည် လှုပ်ရှားလာကြလိမ့်မည်။ ဗာဗုလုန်ဆိုသည်မှာ မိမိ၏အပြစ်ကြောင့် လည်းကောင်း၊ သမ္မာတရားကိုငြင်းပယ်ခြင်းကြောင့်လည်းကောင်း ကျဆုံး နေသောအသင်းတော်ဖြစ်သည်။ လူတို့သည် ၎င်းတို့၏ဆရာများထံသွားကာ ‘‘ဤအရာတွေဟာ တကယ်ပဲဖြစ်နေသလား’’ ဟုမေးမြန်းကြရာ ၎င်းဆရာ များသည် ယုံတမ်းစကားများကိုပြောကာ အသင်းသားများ၏ နိုးထနေသော ဩတ္တပ္ပစိတ်ကို ငြိမ်သက်သွားစေကြပါသည်။ သို့ရာတွင် အများစုက ‘‘ထာဝရဘုရားမိန့်တော်မူသည့်အရာများ’’ ကို တောင်းဆိုလာကြ သောအခါ ရေပန်းစားနေသောထိုအသင်းတော်၏ လုပ်ဆောင်မှုများသည် သမ္မာတရားကိုကြွေးကြော်သူများအား နှိပ်စက်ညှဉ်းပန်းရန် ဒုစရိုက်ကို ချစ်သူများအား နှိုးဆွပေးကြပါသည်။ HFB 662.1
အသင်းတော်လူကြီးများသည် အလင်းတရားကိုဟန့်တားရန် သော်လည်းကောင်း၊ အရေးကြီးသည့် ထိုကဲ့သို့သောမေးခွန်းများကိုမမေးဖို့ နှိပ်ကွပ်ရန်သော်လည်းကောင်း အစွမ်းကုန်ကြိုးစားကြလိမ့်မည်။ အသင်းတော် သည် အစိုးရထံ၌ အကူအညီတောင်းကာ အကြမ်းဖက်နှိပ်ကွပ်ခဲ့ရာ ဤလုပ်ဆောင်မှုတွင် ကာသိုလစ်နှင့် ပရိုတက်စတင့်တို့သည် ပူးပေါင်းခဲ့ ကြသည်။ တနင်္ဂနွေဥပုသ်ကိုစောင့်ရန် ပို၍ဖိအားပေးလာသည်နှင့်အမျှ ပညတ်တော်ကိုစောင့်ရှောက်သူများအား ဒဏ်ငွေဆောင်စေခြင်း၊ အကျဉ်းချခြင်းများဖြင့် ခြိမ်းခြောက်လာပါသည်။ တချို့မှာ ၎င်းတို့၏ ယုံကြည်ခြင်းကိုစွန့်လွှတ်ရန် ကြီးမားသောရာထူးများနှင့် ဆုလက်ဆောင် များဖြင့် သွေးဆောင်ခြင်းခံရသည်။ သို့ရာတွင် ‘‘ကျွန်ုပ်တို့၏အမှားကို သမ္မာကျမ်းစာတွင် ထောက်ပြပါ’’ ဟူသောတုံ့ပြန်ချက်ကိုသာ ၎င်းတို့ပေးခဲ့ ကြသည်။ ဤနည်းအားဖြင့် တရားရုံးများတွင် သမ္မာတရားအကြောင်း သိရှိခွင့် ရသွားကာ လူတချို့တို့သည် ပညတ်တော်ကိုစောင့်ထိန်းရန် ရပ်တည်လာကြ ပါသည်။ ထိုသို့မှမဟုတ်လျှင် လူပေါင်းများစွာတို့သည် သမ္မာတရား အကြောင်းကို လုံးဝသိရှိကြမည်မဟုတ်ချေ။ HFB 663.1
ဘုရားသခင်၏စကားတော်ကို နားထောင်လိုက်လျှောက်ခြင်းအား ပုန်ကန်ခြားနားမှုတစ်ခုအဖြစ် သတ်မှတ်ကြပါမည်။ မိဘများက ယုံကြည်သူ သားသမီးများအပေါ် ရက်စက်ကြလိမ့်မည်။ ထိုသားသမီးများကို အမွေဖြတ်ကာ အိမ်မှမောင်းထုတ်ကြလိမ့်မည်။ ‘‘ဘုရားဝတ်၌မွေ့လျော်၍နေခြင်းငှာ အလိုရှိသောသူအပေါင်းတို့သည် ညှဉ်းဆဲ ခြင်းကိုခံကြရလိမ့်မည်’’ ဟု နှုတ်ကပတ်တော်တွင် အနာဂတ်ပြုထားသည့် အတိုင်း သမ္မာတရားကိုလက်ကိုင်ထားကာ တနင်္ဂနွေဥပုသ်ကိုလက်ခံရန် ငြင်းပယ်သူတချို့သည် ထောင်ချခြင်းကိုခံရလိမ့်မည်။ တချို့မှာ နယ်နှင်ဒဏ် ထိလိမ့်မည်။ တချို့မှာ ကျွန်များသဖွယ်ဆက်ဆံခြင်း ခံရလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့ထံမှ ဆုတ်ခွာသွားသည်နှင့်အမျှ ထူးဆန်းသောအရာများဖြစ်ပျက်လာလိမ့်မည်။ ဘုရားသခင်ကို ကြောက်ချစ်သည့်စိတ်ကို ဖယ်ရှားလိုက်သည်နှင့်အမျှ စိတ်နှလုံးများသည် ရက်စက်ကြမ်းကြုတ်လာလိမ့်မည။ HFB 663.2