Go to full page →

မုန်တိုင်းနီးကပ်လာခြင်း HFB 664

တိုက်လှန်ပွဲမုန်တိုင်းကြီး ချဉ်းကပ်လာသည်နှင့်အမျှ ကောင်းကင်တမန်သုံးပါး သတင်းစကားကို လက်ခံယုံကြည်သော်လည်း သမ္မာတရားကိုနားထောင်လိုက်လျှောက်ခြင်းအားဖြင့် သန့်ရှင်းခြင်းကို မခံယူရ သေးသည့် လူများစွာတို့သည် ယုံကြည်ခြင်းကိုစွန့်ကာ ဆန့်ကျင်ဖက်အဖွဲ့ များနှင့် ပူးပေါင်းသွားကြလိမ့်မည်။ တစ်ချိန်က သမ္မာတရားတွင် ပျော်ရွှင်အားရ ခဲ့သူများသည် လူအပေါင်းတို့ကို လမ်းမှားပြရန် ၎င်းတို့၏အစွမ်းသတ္တိများကို အသုံးပြုကြလိမ့်မည်။ သူတို့သည် ယခင်ညီအစ်ကိုများ၏ ခါးသီးသော ရန်သူ များဖြစ်လာကြပါသည်။ ထိုပုဂ္ဂိုလ်များသည် ဥပုသ်အမှန်ကိုစောင့်ထိန်းသူများ အား ပြစ်တင်စွပ်စွဲရန်နှင့် အုပ်ချုပ်သူများကိုဆွပေးရန် စာတန်အတွက် အထိရောက်ဆုံးသောကိုယ်စားလှယ်များဖြစ်ကြပါသည်။ HFB 664.1

ဘုရားသခင်၏ကျွန်များမှာ သတိပေးစကားများကိုပြောဆိုပြီး ဖြစ်သည်။ ဘုရားသခင်၏ဝိညာဉ်တော်သည် ၎င်းတို့အား အနိုင်အထက်ပြု ထားပြီးဖြစ်သည်။ သူတို့သည် မတည်မြဲသောအကျိုးစီးပွားများအကြောင်းကို မဆွေးနွေးမတိုင်ပင်ရုံသာမက မိမိတို့၏အသက်အိုးအိမ်ရာထူးရာခံများကို ဆက်လက်ထိန်းသိမ်းရန်ကိုပင် မကြိုးစားကြတော့ချေ။ မရင်ဆိုင်နိုင်မှန်း သူတို့သိသော်လည်း ဘုရားသခင်ကို သူတို့သစ္စာမဖေါက်ကြဘဲ မိမိတို့၏ အားကိုးရာမဲ့အခြေအနေကိုသိရှိကာ ခွန်အားရရန် ထာဝရဘုရားထံသို့ ပြေးဝင် ခိုလှုံကြပါသည်။ HFB 665.1

ခေတ်တစ်ခုတွင် အသက်ရှင်နေထိုင်သည့် ဘုရားသခင့် သားသမီး များအတွက် အထူးလိုအပ်သော သတင်းစကားများသည် ရာဇဝင်တစ်လျှောက် တွင် တစ်ချိန်နှင့်တစ်ချိန်မတူဘဲ ထင်ရှားစွာပေါ်ထွန်းလာခဲ့ပါသည်။ အသစ်သောသမ္မာတရားတိုင်းသည် ဆန့်ကျင်မှုများကိုရင်ဆိုင်ရပါသည်။ ခရစ်တော်၏သံတမန်များမှာမူ မိမိတို့လုပ်ဆောင်ရမည့်တာဝန်ကို ကျေပွန်အောင်လုပ်ဆောင်ရန်သာဖြစ်ပြီး ရလဒ်ကိုမူ ဘုရားသခင်၏ ကဏ္ဍတစ်ခုအဖြစ် မှတ်ယူကြရမည်။ HFB 665.2