Go to full page →

ကပ်တိုင်ပေါ်ကဘာကင်း GCBur 223

ဘာကင်းသည် ကပ်တိုင်ပေါ်သို့ရောက်နေစဉ်မှာပင် လူထု ကြီးအား စကားအနည်းငယ်ပြောရန် ကြိုးစားခဲ့သေးသော်လည်း … ရဟန်းပျိုများ၏အော်ဟစ်သံနှင့် စစ်သားများ၏သေနတ်မောင်း တင်သံများကြောင့် သူ့အသံကို မည်သူမှမကြားရချေ။ ဤနည်းအားဖြင့် ယဉ်ကျေးမှုရှိသော ပဲရစ်၏အမြင့်ဆုံးသော ဘာသာရေးအာဏာပိုင် များက သေခါနီးဆဲဆဲပုဂ္ဂိုလ်တစ်ဦးဖွင့်ဟသော နှုတ်ကပတ်တော် များကို ကပ်တိုင်ပေါ်တွင် ကွယ်ပျောက်စေသော နိမ့်ကျသည့်နည်း စနစ်တစ်ခုကို ၁၅၂၉ ခုနှစ်တွင် အများပြည်သူ ၁၇၉၃ ဦးအား အစပျိုး ကျင့်သုံးခဲ့ပါသည်။ ဤနည်းဖြင့် အသတ်ခံခဲ့ရသော ဘာကင်း၏ ကျန်ကြွင်းသောရုပ်ကလာပ်ကို မီးရှို့ပစ်ခဲ့ကြပါသည်။ GCBur 223.3

ပြုပြင်ပြောင်းလဲရေးယုံကြည်ချက်များကို သွန်သင်သောဆ ရာများသည် အခြားနေရာအသီးသီးသို့ ထွက်ခွာသွားခဲ့ကြပါသည်။ လက်ဖီးဘားက ဂျာမနီသို့ထွက်ခွာသွားပြီး ဖားရယ်က ပြင်သစ်ပြည် အရှေ့ ခြမ်းရှိ ဇာတိမြေသို့ပြန်သွားခဲ့ပါသည်။ GCBur 224.1

ငယ်စဉ်တောင်ကျေးကတည်းက နေထိုင်ခဲ့သောအိမ်ကလေး တွင် အမှန်တရားကိုဟောခဲ့ရာ တရားနာသူများ ရှိခဲ့သော်လည်း မကြာ မီမှာပင် ထိုမြို့မှ ၎င်းအားနှင်ထုတ်လိုက်ကြပါသည်။ GCBur 224.2

သူသည် ပုဂ္ဂလိကနေအိမ်များတွင် တရားတော်ကိုသွန်သင် လျက် ရွာစဉ်လျှောက် ခဲ့ပါသည်။ ကလေးဘဝတုန်းက ကစားခဲ့သော ကျောက်တောင်များ၊ သစ်တောအုပ်များတွင်နားနေလျက် မြက်ခင်း ပြင်ကြီးများ၌ တစ်ဦးတည်း အချိန်ဖြုန်းခဲ့ရသည်။ GCBur 224.3

တမန်တော်များခေတ်အချိန်ကကဲ့သို့ပင် နှိပ်စက်ညှဉ်းပန်း ခြင်းများသည် “ဧဝံဂေလိတရားကို မမြစ်တားသည်သာမက ပြုစုရာ ဖြစ်ခဲ့သည်”။ ဖိ၊ ၁:၁၂။ ပဲရစ်နှင့် မဲအောက်ဇ်မှ နှင်ထုတ်လိုက်သော အခါ…………………………………………………………………… အရပ်ရပ်သို့ကွဲပြားသွားသောထိုသူတို့သည် လှည့်လည်၍ နှုတ်ကပါတ် တော် တည်းဟူသော ဧဝံဂေလိတရားကိုဟောကြ၏။ (တမန်တော်၊ ၈:၄)။ ဤနည်းအားဖြင့် ပြင်သစ်ပြည်ရှိ ဝေးလံသောနေရာဒေသများ သို့အလင်းတော်ရောက်ရှိ သွားခဲ့ပါသည်။ GCBur 224.4