Go to full page →

ကဲလ်ဗင်းအား ဘုရားသခင်ရွေးချယ်တော်မူခြင်း GCBur 225

ပဲရစ်မြို့ရှိကျောင်းတစ်ကျောင်းတွင် စာရိတ္တကောင်းခြင်း၊ စာတော်ခြင်းနှင့် ဘုရားတရားရှိခြင်းတို့ကြောင့် ထင်ပေါ်သည့် အေး အေးဆေးဆေး တည်တည်ငြိမ်ငြိမ်ရှိသော လူငယ်တစ်ယောက်ရှိသည်။ သူ၏ ထူးကဲသောပါရမီနှင့် လုပ်ဆောင်မှုများသည် ထိုကောလိပ် အတွက် ဂုဏ်ယူစရာဖြစ်ခဲ့ပြီး တစ်နေ့နေ့တွင် ဂျွန်ကဲလ်ဗင်းသည် ထိုအသင်းတော်ကို အကာကွယ်နိုင်ဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်လာလိမ့် မည်ဟု စိတ်ချလက်ချ မျှော်လင့်ခဲ့ကြပါသည်။ GCBur 225.1

သို့ရာတွင် ဘုရားသခင့်ထံမှအလင်းတော်သည် ကဲလ်ဗင်း အားလွှမ်းခြုံထားသည့် စာပေသင်ကြားမှုဆိုင်ရာတံတိုင်းနှင့် အယူသီးမှု တံတိုင်းများကို ထွင်းဖေါက်လာခဲ့ပါသည်။ သူ၏ ဝမ်းကွဲညီအစ်ကို အော်လီဗီတန်သည် ပြုပြင်ပြောင်းလဲရေးသမားများနှင့် အဆက်အ သွယ်ရထားပြီးဖြစ်ရာ ထိုညီအစ်ကိုနှစ်ယောက်တို့သည် ခရစ်ယာန် လောကကြီးကို အနှောင့် အယှက်ပေးနေသည့် အရာများအကြောင်း ကိုဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ “ကမ္ဘာပေါ်မှာ ဘာသာကြီး (၂) ခု ပဲရှိတယ်။ တစ်ခုက လူကတီထွင် ထားတဲ့ ဘာသာအယူဝါဒဖြစ် တယ်။ ကောင်းတဲ့အကျင့်သီလတွေကျင့်ပြီး ကိုယ့်ကိုကိုယ်.................. ကယ်တင်တဲ့ ဘာသာအယူဝါဒပေါ့။ ကျန်တစ်ခုကတော့ သမ္မာကျမ်းစာ မှာ ဖေါ်ပြထားတဲ့ ဘာသာအယူဝါဒဖြစ်တယ်။ ဒီမှာတော့ ဘုရားသခင် ရဲ့ကျေးဇူးတော်အားဖြင့် အခမဲ့ပေးတော်မူမည့် ကယ်တင်ခြင်းကို လူ သားများ မျှော်ကြည့်ရန် သွန်သင်ထားတယ်” ဟု ပရိုတက်စတင့်အော် လီဗီတန်က ဆိုသည်။ GCBur 225.2

“ငါကတော့ ယုံကြည်ချက်အသစ်တွေကို လက်မခံပါဘူး။ ငါ့အသက်တာမှာ လုပ်ဆောင်ခဲ့တာတွေဟာ မှားတယ်လို့ မင်းထင်လို့ လား” ဟု ကဲလ်ဗင်းကမေးခဲ့သော်လည်း အခန်းထဲသို့ရောက်သောအခါ ဝမ်းကွဲညီအစ်ကို ပြောသည့် စကားများကို လေးလေးနက်နက် စဉ်း စားခဲ့ပါသည်။ သန့်ရှင်း၍ ဖြောင့်မတ်သောဘုရားသခင့် ရှေ့တော်မှာ ကြားဖျန်ဖြေသူမရှိသည့် မိမိအဖြစ်ကို သူမြင်တွေ့လာသည်။ ကောင်း သောအကျင့်နှင့် ဘုရားကျောင်းမှာကျင်းပပြုလုပ် သည့်အခမ်းအနား များသည် အပြစ်ဖြေလွှတ်ခွင့်ရရန် အာနိသင်မရှိပါချေ။ ရဟန်းမင်းရှေ့ တွင် အပြစ်ဝန်ချခြင်းနှင့် အနာခံကျင့်ကြံမှုများသည်လည်း လူသားများ အား ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်အောင် မစွမ်းဆောင်နိုင်ပါ ချေ။ GCBur 226.1