Go to full page →

သမ္မာကျမ်းစာတွင်ရှိသောတန်ခိုးတော် GCBur 385

ဒေါက်တာဝုလ်ဖ်သည် လူရိုင်းတိုင်းပြည်များသို့ အကာအ ကွယ်မဲ့ ခရီးသွားခဲ့ရာ ဒုက္ခဆင်းရဲခြင်းများနှင့် မရေမတွက်နိုင်သော အန္တရာယ်များကို ရင်ဆိုင်ခံစားခဲ့ရပါသည်။ သူသည် ထမင်းငတ်ခဲ့ ရသည်။ GCBur 385.1

ကျွန်အဖြစ် အရောင်းစားခံခဲ့ဖူးသည်။ (၃) ကြိမ်တိုင်တိုင် သေ ဒဏ်အပေးခံရဖူးသည်။ ဓါးပြ အတိုက်ခံခဲ့ဖူးသည်။ တစ်ခါတစ်ရံ တွင်ရေငတ်သဖြင့် သေတော့မလောက် ခံစားခဲ့ဖူးသည်။ သူသည် အ ရိုက်ခံရရုံသာမက အေးစက်နေသောမြေကြီး ပေါ်တွင် မိုင်ပေါင်းများ စွာဖိနပ်မပါဘဲ နှင်းတောထဲတွင် ခြေလျင်အလျှောက် ခိုင်းသည်ကို လည်း ခံခဲ့ဖူးသည်။ GCBur 385.2

လူရိုင်းတွေကြားထဲမှာ လက်နက်မပါဘဲသွားခြင်းမှာ အန္တရာယ် များကြောင်း သူ့အားသတိပေးသောအခါ သူက “ကျွန်တော့်မှာ လက်နက်တွေ ပါပါတယ်။ ဆုတောင်းခြင်းလက်နက်၊ ခရစ်တော်အ တွက် စိတ်အားထက်သန်ခြင်း လက်နက်၊ ကိုယ်တော်မစမည်ကို စိတ် ချသော လက်နက်တွေပေါ့။ GCBur 385.3

ဘုရားကိုချစ်၊ အိမ်နီးချင်းကိုချစ်တယ်ဆိုတဲ့ လက်နက်ကို လည်းနှလုံးသားမှာတပ်ဆင်ထားပါတယ်။ သမ္မာကျမ်းစာလက်နက် ကလည်း လက်ထဲမှာ ပါပါတယ်။ ကျွန်တော့်တန်ခိုးဟာ ကျမ်းစာမှာ ရှိတယ်။ ကျမ်းစာကပဲ ကျွန်တော့်ကို ထောက်မလိမ့်မယ်လို့ ကျွန်တော် ခံစားမိတယ်” ဟု ပြောခဲ့သည်။ GCBur 385.4

သူသည် ကမ္ဘာ့နေရာများစွာသို့ သတင်းစကားရောက်သွား သည့်တိုင်အောင် ဇွဲရှိရှိဖြင် ကြိုးစားလုပ်ဆောင်ခဲ့သည်။ ဂျူးလူမျိုး၊ တူရကီလူမျိုး၊ ပါစီလူမျိုး၊ ဟင်ဒူများနှင့် အခြားလူမျိုးအသီးသီး ကြားတွင် ဘာသာစကားအမျိုးမျိုးဖြင့် နှုတ်ကပတ်တော်ကို ဟော ကြားကာ မေရှိယကြွလာမည့် သတင်းစကားကို ရှေ့ပြေးဟောကြား ခဲ့ပါသည်။ GCBur 385.5

သီးသီးခြားခြားနေထိုင်သည့်လူတစ်စုက ခရစ်တော်ကြွလာ ခြင်းသတင်းစကားကို လက်ခံကိုင်စွဲထားသည်ကို ဘိုခါးရားတွင် သူ တွေ့ခဲ့ရပါသည်။ GCBur 386.1

ခရစ်တော်ဒုတိယအကြိမ်ကြွလာကာ ဘုန်းတန်ခိုးကြီးစွာဖြင့် စိုးစံမည့်သတင်းကို သတိပေးထားသည့် ဆီးရာ (Seera) ခေါ်စာအုပ် တစ်အုပ် ကို ယေမင်နိုင်ငံမှ အာရပ်များပိုင်ဆိုင်ထားကြောင်း၊ ကြီးကျယ် သည့်ဖြစ်ရပ် တစ်ခု ၁၈၄၀ ခုနှစ်တွင် ဖြစ်ပျက်ဖို့ ထိုအာရပ်များက မြော်လင့်ထားကြောင်း ဝုလ်ဖ်ပြောဆိုခဲ့ပါသည်။ ဣသရေလ၊ ဒန်နှင့် ရေခပ်အမျိုးအနွယ်မှ သက်ဆင်းလာသည့် သားသမီးများသည် မိုးတိမ် ကိုစီး၍ အလျင်အမြန် ကြွလာသည့် ခရစ်တော်ကို မြော်လင့်နေကြ ကြောင်းကို သူတွေ့ခဲ့၏။ GCBur 386.2

တာတာရီတိုင်းပြည်တွင်လည်း ထိုကဲ့သို့သောယုံကြည်ခြင်း မျိုးရှိနေကြောင်း၊ အခြားသာသနာပြုတစ်ဦးက တွေ့ရှိခဲ့ပါသည်။ တာတာယဇ်ပုရောဟိတ်တစ်ပါးက ထိုသာသနာပြုကို ခရစ်တော် ဒုတိယအကြိမ်ကြွလာမည့်အချိန်ကိုမေးရာ ထိုသာသနာပြုက ထို အရာနှင့် ပတ်သက်၍ သူဘာမှမသိကြောင်း ပြောဆိုခဲ့ပါသည်။ ကြားရသောအဖြေကြောင့် ထိုယဇ်ပုရောဟိတ်ကြီးသည် အလွန်အံ့ အားသင့်သွားကာ ၁၈၄၄ ခုနှစ် လောက်တွင် ခရစ်တော်ကြွလာမည် ဟုဖေါ်ပြထားသော အနာဂတ္တိကျမ်းကို ဖေါ်ပြပြီး ၎င်း၏ကိုယ်ပိုင် ယုံကြည်ခြင်းကို ဖွင့်ဟခဲ့ပါသည်။ GCBur 386.3