Go to full page →

မြော်လင့်ခြင်းသတင်းစကားအင်္ဂလန်သို့ရောက်ရှိခြင်း GCBur 387

မြော်လင့်ခြင်းသတင်းစကားကို အင်္ဂလန်တွင် ၁၈၂၆ ခုနှစ် ကတည်းက စတင်ဟောကြားနေပါပြီ။ ကြွလာမည့်အချိန်အတိအ ကျကိုအများအားဖြင့် မဟောကြားကြသော်လည်း ဘုန်းတော်နှင့် မ ကြာမီတွင် ကြွလာမည်ဆိုသည့် သတင်းစကားကိုမူ ကျယ်ကျယ်ပြန့် ပြန့်ဟောကြားခဲ့ကြပါသည်။ အင်္ဂလန် အသင်းတော်မှ တရားဟော ဆရာ (၇၀၀) လောက်သည် “နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိ သတင်းစကားကို ဟောကြားနေကြကြောင်း အင်္ဂလိပ် စာရေးဆရာ တစ်ဦးက ရေးသားဖေါ်ပြခဲ့ပါသည်။ GCBur 387.1

ခရစ်တော်ကြွလာမည့်အချိန်အဖြစ် ၁၈၄၄ ခုနှစ်ကိုပြညွှန် သောသတင်းစကားကို ဂရိတ်ဗြိတိန်တွင်လည်း ဟောကြားခဲ့ကြသည်။ အမေရိကန်မှာ ရိုက်နှိပ်သည့် မြော်လင့်ခြင်းဆိုင်ရာစာပေများကို ကျယ်ပြန့်စွာ ဖြန့်ချိခဲ့ကြပါသည်။ အမေရိကမှာနေထိုင်စဉ် မြော်လင့် ခြင်းယုံကြည်ခြင်းကို ရရှိခဲ့သူ ရောဘတ်ဝင်းတားသည် ၁၈၄၂ ခုနှစ် တွင်အမိနိုင်ငံသို့ပြန်လာကာ ကြွလာခြင်းသတင်းကို ဟောကြားခဲ့ သည်။ အင်္ဂလန်ပြည်၏ နေရာများစွာတွင် လုပ်ဆောင်နေသော ၎င်း၏အမှုတော်တွင် သူနှင့်အတူလူများစွာတို့ ပူးပေါင်းခဲ့ကြပါသည်။ GCBur 387.2

တောင်အမေရိကတိုက်မှ လခွန်ဇာဆိုသူ၊ စပိန်လူမျိုး ဂျီးဇူးအစ်တစ်ဦးသည် ခရစ်တော်ကြွလာမည့် သတင်းစကားကိုရရှိ ခဲ့ရာရောမ၏ ဆင်ဆာဖြတ်ခြင်းမှ ကင်းလွန်စေရန်အလို့ငှာ “ရာဘိ ဆင်ဇရာ” အမည်ဖြင့် ဓမ္မစာပေကို ပုံနှိပ်ဖြန့်ချိခဲ့သည်။ ၁၈၂၅ ခုနှစ်တွင်သူ၏စာအုပ်ကို အင်္ဂလိပ် ဘာသာသို့ပြန်ဆိုခဲ့ရာ ဘာသာရေး နိုးကြားမှုရှိစဖြစ်နေသော အင်္ဂလန်တွင် နက်နဲစွာစိတ်ဝင်စားလာကြ ပါသည်။ GCBur 387.3