Go to full page →

အခန်း (၂၈)—အသက်တာမှတ်တမ်းများနှင့်ရင်ဆိုင်ခြင်း GCBur 515

“ထိုအခါ ငါကြည့်ရှုစဉ် ရာဇပလ္လင်များကို တည်ထားလျက် ရှိ၍အသက်ကြီးသောသူတစ်ဦးသည် ထိုင်တော်မူ၏။ အဝတ်တော် သည်မိုးပွင့်ကဲ့သို့ဖြူ၏။ ဆံပင်တော်သည် ဖြူသောသိုးမွေးနှင့် တူ၏။ ပလ္လင်တော်သည် မီးလျှံဖြစ်၏။ ပလ္လင်တော်အောက်၌ မီးစက်လှည်းဘီးရှိ၏။ GCBur 515.1

မျက်နှာတော်မှ မီးရောင်ခြည်ထွက်လေ၏။ အတိုင်းမသိ များစွာသော သူတို့သည် အမှုတော်ကိုဆောင်ရွက်၍ ကုဋေသင်္ချေ မကရှေ့တော်၌ ခစား၍ နေကြ၏။ တရားစီရင်ခြင်းငှာပြင်ဆင်၍ စာစောင်များကိုဖွင့်ထားကြ၏။” ဒံ၊ ၇:၉-၁၀။ GCBur 515.2

ဤလောကီသားအပေါင်းတို့၏ တရားသူကြီးဖြစ်သော ဘုရား သခင် ရှေ့တော်တွင် လူသားများ၏အသက်တာကို စစ်ဆေးသုံးသပ် မည့်နေ့ကြီးနှင့် စပ်လျဉ်းသည့် ရူပါရုံအကြောင်းကို ဤသို့တင်ပြပေးထား ပါသည်။ GCBur 515.3

ထို “အသက်ကြီးသောသူတစ်ဦး” မှာ ခမည်းတော်ဘုရား သခင်ဖြစ်သည်။ အရာခပ်သိမ်းတို့၏ အရင်းအမြစ်ဖြစ်တော်မူကာ ပညတ်အလုံးစုံတို့၏ မြစ်ဖျားခံရာဖြစ်တော်မူသည်။ ကိုယ်တော်ရှင်သည် ထိုတရားစီရင်ခြင်းတွင် ဦးဆောင်ကွပ်ကဲတော်မူသည်။ ကောင်းကင် တမန်များသည် အစေခံများ၊ သ်ကသေခံများအဖြစ် ထိုအစီအစဉ် တွင်တက်ရောက်ကြသည်။ GCBur 515.4

“ငါသည် အာရုံပြု၍ လူသားနှင့်တူသောသူတစ်ဦးသည် မိုး တိမ်ကို စီးလျက် အသက်ကြီးသောသူ၏အထံတော်သို့ရောက်လာ၏။ ထိုသူကို အထံတော်ပါးသို့သွင်းကြ၏။ အရပ်ရပ်တို့၌နေ၍ အသီးသီး အခြားခြားသောဘာသာစကားကိုပြောသော လူမျိုးတကာတို့ကို အုပ်စိုးစေခြင်းငှာ ထိုသူသည် နိုင်ငံနှင့်တကွ အာဏာစက်တန်ခိုးကို ရ၏။ အာဏာစက်တော်သည် ကမ္ဘာအဆက်ဆက်တည်၏။ နိုင်ငံ တော်သည် ပျက်စီးခြင်းသို့မရောက်နိုင်ရာ။” ဒံ၊ ၇:၁၃-၁၄။ GCBur 515.5

ဤတွင် ဖေါ်ပြထားသည် ခရစ်တော်ကြွလာခြင်းသည် ဤ ကမ္ဘာသို့ ဒုတိယကြွလာခြင်းမဟုတ်ဘဲ ကြားဖျန်ဖြေသူ၏အလုပ်ပြီး ဆုံးသောအချိန်တွင် ၎င်းအားပေးမည့်နိုင်ငံတော်ကိုလက်ခံရန် ခ မည်းတော်ဘုရားသခင်ထံတော်သို့ ကြွလာခြင်းဖြစ်သည်။ ဤကြွလာ ခြင်းသည် ရက်ပေါင်း ၂၃၀၀ အဆုံးသတ်သည့် ၁၈၄၄ ခုနှစ်တွင် ဖြစ်ပျက်ခဲ့ပါသည်။ GCBur 516.1

ကျွန်ုပ်တို့၏ယဇ်ပုရော ဟိတ်မင်းကြီးသည် လူသားများ ကိုယ်စား နောက်ဆုံးသောအမှုတော်ကို ဆောင်ရွက်ရန် အသန့်ရှင်း ဆုံးအခန်းထဲသို့ ဝင်သွားခဲ့ပါသည်။ GCBur 516.2

ပုံဆောင်ကျင်းပသောအခမ်းအနားများတွင် ဗိမာန်တော်သို့ အပြစ်ပြောင်းရွှေ့ခြင်းခံရသူများ၌သာ အပြစ်ဖြေရာနေ့တွင်ပါဝင်ရန် ကဏ္ဍတစ်ခုရှိသည်။ ထိုနည်းတူစွာပင် နောက်ဆုံးသောအပြစ်ဖြေရာ နေ့ကြီးနှင့် စုံစမ်းစစ်ဆေးခြင်းဆိုင်ရာ တရားစီရင်ခြင်းတွင် ဘုရား သခင့်သားသမီးများ၏ ကိစ္စများကိုသာ စဉ်းစားစီရင်မည်ဖြစ်သည်။ ဆိုးညစ်သောသူများကို တရားစီရင်ရန်မှာ နောက်ပိုင်းတွင် သီးခြား လုပ်ဆောင်ရမည့် အလုပ်တစ်ခု ဖြစ်သည်။ “ဘုရားသခင့်၏အိမ်တော် သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင် ရသောအချိန်ရှိပြီ။” ၁ပေ၊ ၄:၁၇။ GCBur 516.3

ကောင်းကင်တွင်ရှိသော မှတ်တမ်းစာအုပ်များသည် တရား စီရင်ချက်များချမှတ်ရာတွင်အသုံးပြုရန်ဖြစ်သည်။ အသက်စာစောင်တွင် ဘုရားသခင့်၏အမှုတော်၌ ပါဝင်ခဲ့သူများ၏အမည်များကို မှတ်တမ်း တင်ထားသည်။ GCBur 516.4

ထိုကြောင့် ခရစ်တော်က တပည့်တော်များအား “သင်တို့၏ နာမည်များသည် ကောင်းကင်စာရင်း၌ ဝင်သည်ကို ဝမ်းမြောက်ခြင်း ရှိကြလော့ဟု မိန့်တော်မူ၏။” လုကာ ၁၀:၂၀။ ရှင်ပေါလုကလည်း “အ သက်စာရင်းဝင်သော” လုပ်ဖော်ကိုင်ဖက်များ၏အကြောင်းကို ဖွင့် ဟခဲ့သည်။ ဖိ၊ ၄:၃။ GCBur 517.1

ဒံယေလကမူ “စာစောင်၌ စာရင်းဝင်သမျှသော သင်၏ အမျိုးသားချင်းတို့သည် ကယ်လွှတ်ခြင်းသို့ရောက်ကြလိမ့်မည်” ဟု မှတ် တမ်းတင်ခဲ့ပါသည်။ ဒံ၊ ၁၂:၁။ “သိုးသငယ်၏အသက်စာစောင်တွင် စာရင်းဝင်သောသူတို့သာလျှင်” ဘုရားသခင်၏မြို့တော်ထဲသို့ ဝင်ကြ ရလိမ့် မည်ဟု ရှင်ယောဟန်က ဗျာ၊ ၂၁:၂၇ တွင်ရေးသားထားပါ သည်။ GCBur 517.2

“အောက်မေ့စရာမှတ်တမ်း” တွင် “ထာဝရဘုရားကို ကြောက် ရွံ့နေ၍ နာမတော်ကိုအောက်မေ့သောသူတို့” ၏ကောင်းမှုကုသိုလ် များကို မှတ်တမ်း တင်ထားပါသည်။ တွန်းလှန်အောင်မြင်ခဲ့သော စုံစမ်း နှောင့်ယှက်ခြင်းများ၊ ကျော်လွှားအောင်ပွဲဆင်ခဲ့သော မကောင်းမှုအ သီးသီးထုတ်ဖေါ်ပြောဆိုခဲ့သည့် မေတ္တာစကားလုံးများ၊ အနစ်နာခံ လုပ်ဆောင်မှုပေါင်း ခရစ်တော်အတွက် ခံစားခဲ့ရသော ဝမ်းနည်း စရာအားလုံးကို ထိုစာအုပ်တွင်မှတ်တမ်းတင် ထားသည်။ GCBur 517.3

“အကျွန်ုပ်သည် အရပ်ရပ်လည်ရသောအခြင်းအရာတို့ကို ကိုယ်တော်မှတ်၍ အကျွန်ုပ်မျက်ရည်တို့ကို ဆူးတော်ထဲမှာထည့် တော်မူပါ။ စာရင်းတော်၌ရှိပါသည်မဟုတ်လော။” မာလခိ ၃:၁၆။ ဆာလံ ၅၆:၈။ GCBur 517.4