Go to full page →

လျှို့ဝှက်သောအကြံအစည်များ GCBur 518

လူတို့၏အပြစ်ဒုစရိုက်များအတွက်လည်း မှတ်တမ်းတစ်ခု ရှိသေးသည်။ “ဘုရားသခင်သည် ခပ်သိမ်းသောဝှက်ထားခြင်းမှစ၍ အလုံးစုံသောအမှု- ကောင်းမကောင်းရှိသမျှတို့ကို စစ်ကြော၍ တရား သဖြင့် စီရင်တော်မူလတ္တံ့။” “လူတို့သည် အကျိုးမဲ့သော စကားကို ပြောသမျှအတွက် တရားဆုံးဖြတ်သောနေ့၌ စစ်ကြောခြင်းကိုခံရ လတ္တံ့။ GCBur 518.1

သင့်စကားအားဖြင့် သင်သည် အပြစ်လွှတ်လိမ့်မည်။ (သို့မ ဟုတ်) သင့်စကားအားဖြင့် အပြစ် စီရင်ခြင်းကိုခံရလိမ့်မည်။ “မှောင် မိုက်၌ဝှက်ထားသောအရာတို့ကို ပွင့်လင်းစေ၍ စိတ်နှလုံးအကြံအ စည်များကို ထင်ရှားစေလတ္တံ့သော သခင်ဘုရား ကြွလာတော်မမူမီ တိုင်အောင် အဘယ်သူကိုမျှ အဆုံးအဖြတ် မစီရင်ကြနှင့်။ ကြွလာ တော်မူသောအခါ အသီးအသီးတို့သည် ဘုရားသခင် ချီးမွမ်းတော်မူခြင်း ကျေးဇူးကို ခံကြရလတ္တံ့။ ဒေသနာ ၁၂:၁၄။ မဿဲ ၁၂:၃၆-၃၇။ ၁ကော၊ ၄:၅။ GCBur 518.2

ကောင်းကင်ရှိစာစောင် (မှတ်တမ်း) များတွင် နာမည်တိုင်း၏ တစ်ဘက်တွင် မှားယွင်းသောစကားလုံးအသီးသီး၊ အတ္တများသောလုပ် ဆောင်မှုအသီးသီး၊ ကျေပွန်စွာ မထမ်းဆောင်ခဲ့သည့် တာဝန်ပျက်ကွက် မှု အသီးသီး၊ လျှို့ဝှက်သောအပြစ်ဒုစရိုက် အသီးသီးတို့ကို မှတ်တမ်း တင်ထားလိမ့်မည်။ လျစ်လျူရှုခဲ့သည် ဘုရားသခင်၏သတိပေး ဆုံးမ ခြင်းများ၊ ဖြုန်းခဲ့သောအချိန်များ၊ အကောင်းအဆိုးနှစ်ခုစလုံးအတွက် အသုံးပြုခဲ့သည့် ဩဇာအာဏာများအား မှတ်တမ်းတင်သည့် ကောင်း ကင်တမန်က နေ့ရက်အစဉ်အလိုက် မှတ်တမ်းတင်ထားပါလိမ့်မည်။ GCBur 518.3