Go to full page →

အလျော့ပေး၊ လိုက်လျောမှုများ GCBur 614

ပရိုတက်စတင့်များသည် ရောမအသင်းတော်ကို ၎င်း၏ ဖေါက်သည် များအလား အားပေးခဲ့ကြသည်။ ရောမအသင်းတော် ကိုယ်တိုင် အံ့အားသင့် လောက်အောင် ပရိုတက်စတင့်များက အလျော့ ပေးလိုက်လျောမှုများ ပြုလုပ်ခဲ့ ကြသည်။ GCBur 614.1

လူတို့သည် ရောမအသင်းတော်၏ ဇာတိရုပ်မှန်ကို မမြင်နိုင် လောက်အောင် မိမိတို့၏မျက်စိများကို ပိတ်ထားကြပါသည်။ ထိုကြောင့်ထိုသူများသည် လူထု၏လွတ်လပ်မှုနှင့် ဘာသာရေးလွတ် လပ်မှုတို့ကို ထိပါးနိုင်သည့် ထိုအန္တရာယ်ကောင်၏တိုးတက်မှုများ ကိုဝိုင်းဝန်းဟန့်တားဖို့ လိုအပ်ပါသည်။ GCBur 614.2

ရောမအယူဝါဒများသည် လှည့်ဖြားမှုများအပေါ်တွင် အခြေခံ ထား သော်ငြားလည်း ကြမ်းတမ်း၍ ကိုးရိုးကားယားရှိလှသည်တော့ မ ဟုတ်ချေ။ GCBur 615.1

ရောမအသင်းတော်၏ ဘာသာရေအခမ်းအနားများမှာ အ ထင်ကြီးသဘောကျ စရာကောင်းလှပါသ်ည။ ထူးကဲသောဟန်ပန်များ၊ ရိုသေဖွယ်သောဝတ်ပြုပွဲ များသည် လူအများ၏စိတ်နှလုံးကို တိမ်း ညွှတ်စေပြီး ဩတ္တပ္ပစိတ်၏ ဖွင့်ဆိုသံ များနှင့် ကြောင်းကျိုးဆင်ခြင်သံ များကို တိတ်သွားစေပါသည်။ အမြင်အာရုံ ကိုလည်း ဆွဲဆောင်နိုင် စွမ်းရှိပါသည်။ ခံ့ညားထည်ဝါသော ဘုရားရှိခိုး ကျောင်းများ၊ ဟန်ပန် ကောင်းလှသည့် လူတန်းကြီးများ၊ ရွှေယဇ်ခုံများ၊ လက်ရာမြောက်သော ဗိသုကာပညာရပ်များတို့သည် အလှအပကိုမြတ်နိုးသူများအား ဆွဲ ဆောင် နေပါသည်။ တေးဂီတဘက်တွင်လည်း ထိပ်တန်းဖြစ်ပါသည်။ အဆိုသည်များ၏ သာယာသောသံစဉ်များဖြင့် လိုက်ဖက်ညီသည့် အော်ဂင် တေးသွားများသည် ဘုရားရှိခိုးကျောင်းများတွင် ပျံ့လွင့်နေ ပြီးကြားရသူများအား ပျပ်ဝပ်ကိုးကွယ်လိုစိတ်များကို ဖြစ်ပေါ်လာစေ ပါသည်။ GCBur 615.2

ဤအပြင်ပန်းအဆောင်အယောင်များသည် အပြစ်တွင် အ နာကျနေသည့်ဝိညာဉ်များ၏တောင်းတချက်များကို ပြက်ရယ်ပြုနေ ပါသည်။ GCBur 615.3

ခရစ်တော်၏ ဘာသာအယူဝါဒမှာမူ ထိုကဲ့သို့သော ဆွဲဆောင် မှုမျိုး မလိုအပ်ပါချေ။ ကပ်တိုင်မှထွက်ပေါ်နေသည့် အလင်းတော် သည်မည်သည့် အပြင်ပန်းစီခြယ်မွမ်းမံမှုများကမှ နဂိုမူလတန်ခိုးကို တိုးပွားအောင် လုပ်မရသည့် အခြေအထိ စင်ကြယ်၍မြတ်နိုးစရာ အ ထူးကောင်းလှပါသည်။ GCBur 615.4

လူသားများအား အသက်တာအတွက် အရေးပါသည့်အရာ များကို မေ့လျော့သွားစေရန်နှင့် ဤမျက်မှောက်ဘဝတစ်ခုတည်း အတွက်သာ အသက်ရှင် နေထိုင်ကြရန် စာတန်လမ်းပြရာတွင် အနု ပညာဆိုင်ရာ မြင့်မားသောစိတ်ကူးစိတ်သန်းများနှင့် ပါးစပ်အရသာ အတွက် အနုစိတ်မွမ်းမံ ချက်ပြုတ်ခြင်းများကို မကြာခဏအသုံးပြုတတ် ပါသည်။ GCBur 616.1

ရောမအသင်းတော်၏ ဝတ်ပြုကိုးကွယ်ခြင်းများတွင် ထင်ရှား ပေါ်လွင် နေသည့် ခမ်းနားထည်ဝါမှုများ၌ ညှို့ဓာတ်ရှိပြီး ဖမ်းစားနိုင် သည့် တန်ခိုးနှင့်ပြည့်စုံနေရာ လူအများသည် ထိုအရာများအားဖြင့် လှည့် ဖြားခြင်းခံကြရပါသည်။ ထိုသူတို့သည် ရောမအသင်းတော်ကို ကောင်း ကင်နိုင်ငံသွားရာ ဂိတ်တံခါးတစ်ခုကဲ့သို့ အမြင်ရှိလာကြပါသည်။ သမ္မာ တရားအုတ်မြစ်ပေါ်မှာ ခိုင်မာစွာအခြေချထားသူများနှင့် သန့်ရှင်း သောဝိညာဉ်တော်အားဖြင့် အသစ်မွေးဖွားခြင်းခံပြီးသူများသာလျှင် ၎င်းတို့၏ဩဇာလွှမ်းမိုးမှုကိ ကြံ့ကြံ့ခံ နိုင်ကြမည်ဖြစ်ပါသည်။ တန် ခိုးမပါသည့် ဘုရားတတ်၌မွေ့လျော်ခြင်းမျိုးသည် ထိုလူထုကြီး လို လားနေသည့်အရာဖြစ်နေပါသည်။ GCBur 616.2

ထိုအသင်းတော်၌ အပြစ်လွှတ်ပိုင်ခွင့်ရှိသည်ဟူသော ဖွင့်ဆို ချက်သည် ရောမအသင်းသားများအား အပြစ်ကျူးလွန်ရန် လွတ်လပ် ခွင့်ပေးလိုက်သလို အသိဝင်စေပါသည်။ အပြစ်ဝန်ချခြင်းအစီအစဉ် သည်လည်း ဒုစရိုက်မှုများကို ကျူးလွန်ရန် လိုင်စင်ထုတ်ပေးထားသလို ဖြစ်နေပါသည်။ GCBur 616.3

အပြစ်တွင် ကျဆုံးနေသောလူတစ်ဦးရှေ့တွင် ဒူးထောက် ကာနှလုံးထဲမှာရှိသည့် လျှို့ဝှက် ချက်အားလုံးကို ဖွင့်ဟဝန်ခံနေ သောသူသည် မိမိ၏အသက်ဝိညာဉ်ကို ယုတ်ညံ့နိမ့်ကျစေလျက် ရှိသည်။ မှားယွင်းမှုများနှင့်ပြည့်စုံကာ သေမျိုးဖြစ်သောဂိုဏ်းအုပ် တစ်ဦး၏ ရှေ့တွင် မိမိအသက်တာ၌ ကျူးလွန်ခဲ့သောအပြစ်များကို ဝန်ချတောင်းပန် ခြင်းသည် ၎င်း၏စာရိတ္တစံကိုနိမ့်ကျစေပြီး အကျိုး ဆက်အားဖြင့် မိမိကိုယ်ကို ညစ်ညူးစေလျက်ရှိသည်။ အပြစ်တွင် ကျ ဆုံးနေသည့် လူသားတစ်ဦးကဲ့သို့ ထာဝရဘုရားအပေါ် သူသုံးသပ် လာသည်အထိ ယုတ်လျော့နိမ့်ကျလာပါသည်။ GCBur 616.4

အဘယ်ကြောင့်ဆိုသော် သူအပြစ်ဝန်ချတောင်းပန်နေသည့် ဂိုဏ်းအုပ်သည ဘုရား၏ကိုယ်စား၊ ဘုရားနေရာတွင်ရပ်ထနေသော ကြောင့်ဖြစ်သည်။ လူသား အချင်းချင်းအကြားပြုလုပ်သည့် နိမ့်ကျသော ဤအပြစ်ဝန်ချတောင်းပန် ခြင်းသည် ဤကမ္ဘာကြီးအား ညစ်ညူးစေ လျက်ရှိသော ဒုစရိုက်မှုများ ကိုယ်အလိုကိုလိုက်လိုသူများအတွက် ထာဝရဘုရားရှေ့မှောက်တွင် အပြစ် ဝန်ချတောင်းပန်ရသည်ထက် သေမျိုးဖြစ်သောလူသားအချင်းချင်းရှေ့တွင် အပြစ် ဝန်ချတောင်း ပန်ရသည်ကို ပို၍နှစ်သက်စရာဖြစ်သည်။ GCBur 617.1

အပြစ်ကို ငြင်းပယ်ရခြင်းအမှုထက် အာပတ်ဖြေခြင်းအမှုကို လုပ်ဆောင်ရန် လူသားများ ပို၍သဘောကျကြသည်။ အသွေးအ သား၏တပ်မက်မှုများကို ကပ်တိုင် တင်သည်ထက် အဝတ်ကြမ်းကြီး ကိုဝတ်ကာ အရှက်ကွဲခံရသည်မှာ ၎င်းတို့အတွက် ပို၍လွယ်ကူနေ ပါသည်။ GCBur 617.2