Go to full page →

ထင်ရှားသိသာနိုင်သည့်တူညီမှုများ GCBur 617

ခရစ်တော်ပထမအကြိမ်ကြွလာစဉ်က ဂျူးလူမျိုးများသည် ဘုရား၏ ပညတ်တော်ကို မသိမသာနင်းချေနေစဉ်မှာပင် ပညတ်တော် အတိုင်း အသက်ရှင်နေထိုင်ခြင်းကို ဝန်တစ်ခုကဲ့သို့ဖြစ်စေသော အ သေးစိတ် အချက်အလက်များကို ပြဌာန်းကာ ထိုပညတ်တော်များကို စိတ်အားကြီးစွာ စောင့်ရှောက်သယောင် ဟန်လုပ်ခဲ့ကြသည်။ ထိုဂျူး လူမျိုးများက ပညတ်တော်ကို ရိုသေသယောင် ဖွင့်ဟခဲ့ကြသည်နည်းတူ ဤရောမများကလည်း ကပ်တိုင်တော်ကို ရိုသေသယောင် ဖွင့်ဆိုနေ ကြပါသည်။ GCBur 617.3

ထိုသူများသည် ကပ်တိုင်များကို ဘုရားကျောင်းများ၊ တရား ဟော ပလ္လင်များနှင့် ၎င်းတို့၏ဝတ်ရုံများတွင် တည်ဆောက်ချုပ်လုပ် ကာ ကပ်တိုင်ကို အပြင်ပန်းအားဖြင့် ရိုသေဟန်ပြနေကြပါသည်။ သို့ရာတွင် ခရစ်တော်၏သွန်သင်ချက်များကိုမူ ၎င်းတို့၏ ရိုးရာဓ လေ့များနှင့် ဝတ်ပြုခြင်း ဆိုင်ရာအသေးစိတ်ညွှန်ကြားမှုများအောက် တွင် မြှုပ်နှံထားကြပါသည်။ တာဝန် ကျေပွန်သောယုံကြည်သူများ သည်ဘုရား၏အမျက်တော်ရှမည်ကို စိုးကြောက် နေရစဉ်မှာပင် အသင်းတော်အကြီးအကဲများစွာတို့သည် အပျော်အပါး လိုက်စားကာ ဇိမ်ခံသည့်အသက်တာတွင် ပျော်မွေ့နေကြပါသည်။ GCBur 618.1

ဘုရားသခင်၏ဇာတိတော်ကို တလွဲဖော်ပြခြင်း၊ အပြစ်၏ သဘာဝနှင့် မဟာတိုက်လှန်ပွဲတွင် အမှန်တကယ်ရုန်းကန်ဖြစ်ပျက်နေသောအရာများကို တလွဲဖော်ပြခြင်းများသည် စာတန်မနားမနေ ကြိုးစားလုပ်ဆောင်နေသော အရာဖြစ်သည်။ သူပြုသောတစ်ပတ်ရိုက် ခြင်းများသည် လူသားများအား အပြစ်လုပ်နိုင်ခွင့်လိုင်စင်ထုတ်ပေး နေခြင်းဖြစ်သည်။ ဘုရားသခင်အား ချစ်စရာကောင်းသည့်ပုဂ္ဂိုလ် အနေနှင့်မမြင်ဘဲ ကြောက်လန့်မုန်းတီးစရာ ကောင်းသည့် ပုဂ္ဂိုလ်တစ် ပါးဖြစ်သည်ဟု လူသားများအမြင်ရောက်သွားစေရန် ဘုရားအပေါ် မှားယွင်းသောသဘောထားများရှိအောင်လည်း သူလုပ်ဆောင် နေပါသည်။ GCBur 618.2

ဘုရားသခင်၏စာရိတ္တတော်ကို လွဲမှားစွာရှုမြင်စေခြင်းအား ဖြင့်ဘုရားထံမှ အမအစများရရန် လူများကိုယဇ်ပူဇော်ခြင်းအရာ သည်အရေးပါနေပါကလားဟု ခရစ်ယာန်မဟုတ်သူများအား ယုံ ကြည်သွားစေပါသည်။ ခြားနားသောရုပ်တု ကိုးကွယ်မှုများအောက်တွင် ကြောက်လန့်စရာရက်စက်မှုများသည် ယနေ့ထက်တိုင် ဆက် လက်ဖြစ်ပွားနေပါသည်။ GCBur 619.1