Go to full page →

အပိုင်း (၄)—အောင်မြင်မှု (သို့မဟုတ်) ရှုံးမှုကိုဖန်တီးပေးသော အကြောင်းအရာများ AH1Burm 87

အခန်း ၁၁—အဆောတလျင်အချိန်စောသောထိမ်းမြားခြင်းများ AH1Burm 89

ကလေးဘဝတွင်နှစ်သက်မြတ်နိုးခြင်း၏အန္တရာယ်များ - အရွယ်မရောက်သေးသောလူငယ်များ ထိမ်းမြားခြင်းကိုအားမပေးရ။ ထိမ်းမြား မင်္ဂလာကဲ့သို့ အရေးပါအရာရောက်၍ ကြီးမားသောအကျိုးသက်ရောက်မှု ရှိသည့်ကိစ္စမျိုးကို သင့်လျော်သောပြင်ဆင်မှုမရှိဘဲ၊ ၎င်းအပြင် လူငယ်တို့၏ ဉာဏဗလနှင့်ကာယဗလများ ကောင်းမွန်စွာထွားကြိုင်းမှုမရှိမီ ရေးကြီးသုတ်ပျာ မဆောင်ရွက်သင့်ပေ။ AH1Burm 89.1

ယောက်ျားကလေးများနှင့်မိန်းကလေးများတို့သည် နှစ်နှစ်ကာကာ မဖြစ်သေးသောချစ်ခြင်း၊ ရင့်ကျက်မှုမရှိသေးသောဆုံးဖြတ်ချက်၊ မြင့်မြတ် ခြင်းမရှိသေးသောစိတ်သဘောထားမျိုးတို့ဖြင့် ထိမ်းမြားမင်္ဂလာဆိုင်ရာကတိ သစ္စာဆိုကြသည်မှာ သူတို့၏ကလေးသဘာဝတပ်မက်ခြင်းတို့၏တိုက်တွန်း မှုကြောင့်သာလျှင်ဖြစ်သည်။ AH1Burm 89.2

ကလေးဘဝတွင် တစ်ဦးနှင့်တစ်ဦးနှစ်သက်မြတ်နိုးခြင်းသည် စိတ် ဒုက္ခရောက်သောအိမ်ထောင် (သို့မဟုတ်) အရှက်တကွဲအကျိုးနည်းဖြစ်ရသော လင်မယားပြတ်စဲမှုသို့ တွန်းပို့တတ်သည်။ မိဘများသဘောမတူဘဲ ငယ်ငယ် ရွယ်ရွယ်ဖြင့်အိမ်ထောင်ပြုခြင်းသည် ပျော်ရွှင်သာယာသောသီရိဂေဟာဖြစ်ခဲ သည်။ ငယ်ရွယ်ချိန်တွင် တစ်ဦးနှင့်တစ်ဦးနှစ်သက်မြတ်နိုးမှုကို အချိန်ရောက် သည်တိုင်အောင် ငံ့လင့်ထားသင့်ပါသည်။ သို့မှသာလျှင် အရွယ်ရောက်ရှိ ခြင်းနှင့်အတွေ့အကြုံကြွယ်ဝလာခြင်းတို့က ထိမ်းမြားမင်္ဂလာကို မင်္ဂလာ အပေါင်းနှင့်ပြည့်ဝစေလိမ့်မည်။ ယင်းကဲ့သို့ငံ့လင့်ထားခြင်းကို ငြင်းဆန်သော လူငယ်လူရွယ်တို့သည် သက်ဆိုးရှည်သောအိမ်ထောင်မျိုးကို တည်ထောင် မိကြမည့်အန္တရာယ်ရှိနေသည်။ AH1Burm 89.3

အသက်တစ်ဆယ့်သုံးနှစ်နှင့် တစ်ဆယ့်ကိုးနှစ်ကြားအရွယ် လူငယ် တစ်ဦးသည် သူနှင့်အသက်အရွယ်မတိမ်းမယိမ်းဖြစ်သောသူများ ရာသက်ပန် ပေါင်းသင်းနေထိုင်ရမည့် အိမ်ထောင်ဖက်ဖြစ်သင့်မဖြစ်သင့်ဆုံးဖြတ်ရန် အတွေ့အကြုံနည်းလွန်းလှသည်။ ဆုံးဖြတ်ချက်ရင့်ကျက်မှုရှိလာကြသောအခါ ကာယကံရှင်နှစ်ဦးတို့က တစ်ဦးကိုတစ်ဦး ပျော်ရွှင်သောဘဝ၌ရပ်တည်နိုင် သောအခြေအနေကို မဖန်တီးပေးနိုင်ကြသည်တိုင်အောင် တစ်ဦးပေါ်တစ်ဦး သစ္စာထား၍ ရိုးမြေကျပေါင်းသင်းရမည်ဆိုသော အသိဉာဏ်ကိုရရှိထားကြ သည်။ ထိုနောက် သူတို့၏အိမ်ထောင်ဖက်ကို အကောင်းဆုံးအခြေအနေသို့ ရောက်ရှိအောင် ကြိုးပမ်းမည့်အစား အပြန်အလှန်ပြစ်တင်စွပ်စွဲမှုများပြုကြ သည်။ သဘောထားချင်းကွာဟမှုမှာ ကျယ်သည်ထက်ကျယ်လာသောနောက် ပိုင်းတွင် တစ်ဦးနှင့်တစ်ဦးဂရုစိုက်မှုလျော့နည်း၍ လျစ်လျူရှုနေကြတော့သည်။ သူတို့အတွက် “အိမ်ထောင်” ဆိုသောဝေါဟာရသည် အနှစ်သာရကင်းမဲ့ လေပြီ။ တစ်ဦးနှင့်တစ်ဦး ရင့်သီးသောစကားလုံးများ၊ အမနာပပြောဆိုမှ များတို့ဖြင့် အခြေအနေသည် ပျက်စီးလုမတတ်ဆိုးရွားနေသည်။ AH1Burm 89.4

အချိန်အရွယ်မရောက်မီ ထိမ်းမြားမင်္ဂလာပြုခြင်းတို့သည် ယခုအခါ တွင် တွေ့မြင်နေရသောမကောင်းမှုဒုစရိုက်အမျိုးမျိုးတို့ကို ဖန်တီးပေးသည်။ အရွယ်မရောက်မီအိမ်ထောင်ပြုခြင်းအားဖြင့် ကာယကံရှင်လင်မယားနှစ်ဦး တို့၏ကာယဗလနှင့်ဥာဏဗလတို့ ပိုမိုကြံ့ခိုင်လာခြင်းမရှိပေ။ ဤကိစ္စနှင့် ပတ်သက်၍ အကျိုးသင့်အကြောင်းသင့်ဆင်ခြင်ကြသောသူတို့သည် မရှိ သလောက်နည်းပါးလှသည်။ မြောက်မြားစွာသောလူငယ်လူရွယ်တို့သည် စိတ်ဇောတိုက်တွန်းမှုအရပြုလုပ်ကြသည်။ သူတို့၏ကောင်းကျိုး (သို့မဟုတ်) ဆိုးကျိုးအတွက် ပြင်းထန်သောထိခိုက်မှုရှိ၍ ရာသက်ပန်ကောင်းချီးမင်္ဂလာ (သို့မဟုတ်) အမင်္ဂလာကိုဖြစ်စေနိုင်သော ဤကိစ္စကိုစိတ်ဇောတိုက်တွန်းမှု အရ ရေးကြီးသုတ်ပျာပြုလုပ်ကြသည်။ မြောက်မြားစွာသောသူတို့သည် ခရစ်ယာန်တို့၏ရှုထောင့်မှပေးသောအကြောင်းပြချက်မဟုတ်၊ သွန်သင်ဆုံးမ ချက်များကို နားထောင်ကြလိမ့်မည်မဟုတ်ပေ။ AH1Burm 90.1

အတွေ့အကြုံနည်းသောလူငယ်လူရွယ်တို့အား ထိမ်းမြားမင်္ဂလာကို ရေးကြီးသုတ်ပျာပြုလုပ်စေဖို့ စာတန်သည် အမြဲတမ်းမအားမလပ်ဖြစ်နေသည်။ ယခုအခါတွင်ကျင်းပပြုလုပ်နေသော ထိမ်းမြားမင်္ဂလာများကို ကျွန်ုပ်တို့အနေ ဖြင့် ဂုဏ်ယူမှုနည်းပါးလေလေ၊ ကောင်းလေလေဖြစ်သည်။ AH1Burm 90.2

ဘုရားသခင်၏လူများဟုခေါ်သောသူတို့အထဲမှာပင်လျှင် ရေးကြီး သုတ်ပျာနိုင်သောထိမ်းမြားမင်္ဂလာများကြောင့် လင်မယားကွဲခြင်း၊ ပြတ်စဲ ခြင်းနှင့်ကြီးမားသောအရှုပ်အရှင်းကိစ္စတို့ကို အသင်းတော်၌တွေ့ ရှိနေရသည်။ ဣဇာက်ကျင့်သုံးသောလမ်းစဉ်နှင့် ခရစ်ယာန်ဟုခေါ်သောသူတို့အထဲမှာ လူငယ်များအပါအဝင် ကျွန်ုပ်တို့ခေတ်ရှိလူငယ်လူရွယ်တို့ကျင့်သုံးနေကြသော လမ်းစဉ်တို့သည် ဘယ်မျှလောက်ကွာခြားနေပါသနည်း။ လူငယ်များအနေ ဖြင့် တစ်ဦးနှင့်တစ်ဦးမေတ္တာမျှရေး (သို့မဟုတ်) ချစ်ရေးကြိုက်ရေးဆိုသည် မှာ ဘုရားသခင်သော်လည်းကောင်း၊ သက်ဆိုင်သောမိဘများသော်လည်း ကောင်း အုပ်စိုးမှုလုံးဝမရှိဘဲ မိမိတို့ကိုယ်တိုင်သာဆုံးဖြတ်လုပ်ကိုင်ရမည့် ကိုယ်ရေးကိုယ်တာလုပ်ငန်းဟူ၍ သဘောထားကြသည်။ လူငယ်လူရွယ်တို့ သည် ယောက်ျားအနေဖြင့်လည်းကောင်း၊ မိန်းမအနေဖြင့်လည်းကောင်း အချိန်အရွယ်မရောက်မီ စောစောပိုင်းကတည်းက မိဘတို့၏အကူအညီကို မရယူဘဲနှင့် ထိမ်းမြားမင်္ဂလာကိစ္စနှင့်ပတ်သက်၍ သူတို့စိတ်ကြိုက်စီစဉ် လုပ်ကိုင်ရန် အရည်အချင်းနှင့်ပြည့်စုံသည်ဟု ယူဆကြသည်။ သူတို့၏ ယူဆချက်သည် မှားယွင်းကြောင်းကို သူတို့အိမ်ထောင်သက်နှစ်ပေါင်းအနည်း ငယ်အတွင်းမှာပင် ပြသလာသည်။ သို့ရာတွင် ပူဆွေးဒုက္ခများကိုကာကွယ် ရန်အချိန်သည် အများအားဖြင့်နောက်ကျလွန်းနေပြီဖြစ်သည်။ အိမ်ထောင် ဖက်ကိုရေးကြီးသုတ်ပျာရွေးချယ်စေသော ဉာဏ်အမြော်အမြင်နည်းပါးမှုနှင့် ကိုယ်ကိုချုပ်တည်းမှုကင်းမဲ့ခြင်းတို့ကပင် အိမ်ထောင်ဖက်တွင်တွေ့ကြုံရင်ဆိုင်. ရသော မကောင်းမှုတို့ကို ပိုမိုဆိုးရွားသောအခြေအနေရောက်အောင် ဖန်တီး ပေးမှုကြောင့် လင်မယားဘဝသည် ့ကြီးမားသောအနှောင့်အယှက်ပြုသည့် ဝန်ထုပ်ကြီးဖြစ်လာလေသည်။ အများသောသူတို့သည် ဤနည်းအားဖြင့် ယခုဘဝ၏ပျော်ရွှင်သာယာမှုကိုလည်းကောင်း၊ တမလွန်ဘဝ၌မျှော်လင့် ချက်ကိုလည်းကောင်း ဖျက်ဆီးပစ်ကြသည်။ AH1Burm 91.1

ဘု ရားသခင်၏လူတော်လူကောင်းအမှုတော်ဆောင်များပင် ရှုပ်ထွေးငြိတွယ်ကြသည် - လူငယ်လူရွယ်တို့သည် သမ္မာတရားကို လက်ခံရရှိပြီးနောက် ခေတ္တမျှသူတို့အတွက် အခြေအနေကောင်းနေလေ သည်။ သို့ရာတွင် စာတန်သည် ဥာဏ်အမြော်အမြင်နည်းသောခင်မင် စုံမက်မှုများနှင့် မသင့်လျော်သောထိမ်းမြားမင်္ဂလာများတည်းဟူသော ထောင်ချောက်များကို သူတို့ပတ်လည်တွင် ချထားပေးလေသည်။ ဤကဲ့သို့ သောထောင်ချောက်များချထားပေးခြင်းသည် သူတို့အားသန့်ရှင်းသော အခြေအနေသို့ မရောက်ရှိစေရန် ဖြားယောင်းသွေးဆောင်သွားရာတွင် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း သူတို့တွေ့ မြင်ထားပါသည်။ AH1Burm 92.1

ယခုခေတ်လူငယ်လူရွယ်တို့သည် သူတို့၏ကြီးမားလှသောအန္တရာယ် ကို မှန်ကန်စွာနားလည်ခြင်းမရှိကြောင်း ကျွန်ုပ်သည် ရူပါရုံတွင်တွေ့မြင် ရပါသည်။ ကိုယ်တော်ရှင်အမှုတော်၏ဌာနအမျိုးမျိုးတွင် အမှုတော်ဆောင် များအနေဖြင့် ဘုရားသခင်လက်ခံနိုင်တော်မူသော လူငယ်လူရွယ်အမြောက် အမြားရှိပါသည်။ သို့ရာတွင် သူတို့သည် ဘုရားသခင်နှင့်ဝေးကွာ၍ ကိုယ်တော်၏အမှုတော်၌ အင်အားမဲ့ဖြစ်သွားစေရန် စာတန်သည် ချင်းနင်း ဝင်ရောက်လာ၍ သူတို့အားသူ၏ထောင်ချောက်ထဲ၌ ဖမ်းထားလေသည်။ စာတန်သည်ထက်မြက်၍ ကြိုးစားပမ်းစားဆောင်ရွက်သောလုပ်သားတစ်ဦး ဖြစ်သည်။ သတိမရှိဘဲပေါ့ပေါ့တန်တန်နေထိုင်သောသူအား ဘယ်ကဲ့သို့ ထောင်ဖမ်းရန်သူသိရှိပြီး သူ့ပရိယာယ်စက်ကွင်းမှ လွတ်မြောက်နိုင်သောသူ တို့သည် မရှိသလောက်နည်းပါးသည်မှာကြောက်စရာပင်။ သူတို့သည် အန္တရာယ်ကိုမမြင်ဘဲ စာတန်၏ပရိယာယ်များကို ကာကွယ်ထားခြင်းလည်း မရှိပေ။ ဘုရားသခင်၏အထံတော်မှလည်းကောင်း၊ သတိပေးခြင်း၊ အပြစ် ဖော်ပြဆုံးမခြင်းနှင့်အကြံဉာဏ်ပေးခြင်း စသောအစီအစဉ်များကိုဆောင်ရွက် ရန် ကိုယ်တော်ရှင်စေလွှတ်လိုက်တော်မူသောသူတို့ထံမှလည်းကောင်း အသိဉာဏ်ဟောင်းခံဆည်းပူးခြင်းမပြုဘဲ ကာယကံရှင်နှစ်ဦးတို့အား တစ်ဦးကို တစ်ဦးမေတ္တာမျှကြရန် (သို့မဟုတ်) ချစ်ကြိုက်ကြရန် စာတန်သည်တိုက်တွန်း နှိုးဆော်ပေးလေသည်။ သူတို့သည် ကိုယ်တိုင်လုပ်ရပ်များဖြင့် စိတ်ကျေနပ် မှုရှိ၍ ဟန့်တားမှုကိုသည်းခံခြင်းမရှိကြ။ AH1Burm 92.2

အသက်တစ်ဆယ့်သုံးနှစ်နှင့်တစ်ဆယ့်ကိုးနှစ်ကြား လူငယ် လူရွယ်တစ်ဦးအားအကြံဥာဏ်ပေးချက် - ငယ်ရွယ်သောမိန်းကလေး များကို ချစ်ကြိုက်ခြင်းနှင့်ပတ်သက်၍ သင်၏လူငယ်ဆန်လှသော အယူအဆ သဘောတရားများက သင့်ကိုသူတစ်ပါးတို့ကအထင်ကြီးအောင် မပြုပြင်ပေးပေ။ ဤအရွယ်မရောက်သေးသောအချိန်ကာလဆိုင်ရာ ချစ်ရေးကြိုက်ရေးကိစ္စတွင် သင်၏ကိုယ်ကိုစိတ်ဝင်စားခွင့်ပြုခြင်းအားဖြင့် သင်သည်စာသင်ပျက်သည်။ သင့်အနေဖြင့် မသန့်ရှင်းသောရင်းနှီးမှုများကို လိုက်စားလာမည်။ သင်လုပ် နည်းလုပ်ဟန်တို့နှင့် အခြားသောသူတို့၏လုပ်နည်းလုပ်ဟန်တို့သည် ယုတ်ညံ့ ပျက်စီးလာမည်။ သင့်ကိစ္စတွင် ကျွန်ုပ်အနေဖြင့် ဤအတိုင်းနားလည်သည်။ သင့်စိတ်ကြိုက်ကိုပြုနေသမျှကာလပတ်လုံး သင့်ကိုလမ်းပြပို့ဆောင်၍ ဟန့်တား 8 ရန် ကြိုးပမ်းသောသူတို့ကို သင်သည် ကြံ့ကြံ့ခိုင်တွန်းလှန်လိမ့်မည်။ အဘယ် ကြောင့်ဆိုသော် သင်၏စိတ်နှလုံးသည် သမ္မာတရား၊ ဖြောင့်မတ်ခြင်းတရား တို့နှင့် ညီညွတ်မှုမရှိသောကြောင့်ဖြစ်သည်။ AH1Burm 93.1

အသက်အရွယ်ကွာခြားမှု - သက်ဆိုင်ရာပုဂ္ဂိုလ်နှစ်ဦးတို့သည် လောကီဆိုင်ရာပစ္စည်းဥစ္စာကြွယ်ဝမှုမရှိဘဲ ဖြစ်ကောင်းဖြစ်မည်။ သို့ရာတွင် သူတို့အနေဖြင့် ကျန်းမာမှုသုခချမ်းသာကို ပိုမိုကြွယ်ဝစွာရရှိသင့်ကြသည်။ အများအားဖြင့် လင်မယားဖြစ်မည့်ပုဂ္ဂိုလ်နှစ်ဦးတို့၏အသက်မှာ များစွာ ကွာခြားမှုမရှိသင့်ပေ။ ဤစည်းကမ်းကိုလျစ်လျူရှုလျှင် အသက်ပိုငယ်လွန်းသော သူ၏ကျန်းမာမှုသည် များစွာထိခိုက်စရာအကြောင်းရှိသည်။ အများအားဖြင့် မွေးဖွားလာသောသားသမီးတို့မှာ ကာယဗလနှင့်ဥာဏဗလချို့ယွင်းမှုရှိတတ် သည်။ သားသမီးတို့၏ငယ်ရွယ်သောဘဝအသက်တာက လိုအပ်နေသော ကြည့်ရှုစောင့်ထိန်းမှုနှင့်ပေါင်းဖော်မှုများကို အိုမင်းမစွမ်းရှိနေသောမိဘများ ထံမှမရရှိနိုင်ပေ။ တစ်နည်းကား၊ ကလေးများအနေဖြင့် မိဘတို့၏ချစ်ခြင်း နှင့်လမ်းပြမှုကို အလိုအပ်ဆုံးသောအချိန်တွင် ဖခင်ဖြစ်စေ၊ မိခင်ဖြစ်စေ သေဆုံးသွားလိမ့်မည်။ AH1Burm 93.2