Go to full page →

အခန်း (၈)—တိကျရှင်းလင်းသောအမှန်တရားကိုဟောကြားခြင်း EvBur 266

ဒုတိယကြွလာခြင်းအကြောင်းကိုကြွေးကြော်ခြင်း EvBur 266

ပြင်ဆင်ရန်လူတို့ ကို နှိုးကြွစေပါ - အနာဂတ်စကားပြည့်စုံသည့် ကမ္ဘာ့ သမိုင်း၏နောက်ဆုံးချိန်၌ ကျွန်ုပ်တို့နေထိုင်နေရကြသည်။ မကြာမီခရစ်တော် သည် တန်ခိုးနှင့်ကြီးမားသောဘုန်းတော်ဖြင့်ကြွလာလိမ့်မည်။ ကျွန်ုပ်တို့၌ အချိန်ဖြုန်းရန်မရှိပါ။ သတင်းစကားကိုစိတ်အားထက်သန်စွာသတိပေးစကား များအားဖြင့် ဟောပြောကြပါစို့။ Ev 217.1] EvBur 266.1

နေရာတိုင်း၌ရှိကြသောသူများ နောင်တရကြပြီး ရောက်ရှိလာမည့် အမျက်တော်မှကင်းလွတ်ကြရန် ကျွန်ုပ်တို့သွေးဆောင်ကြရမည်။ ကယ်တင် ခြင်းရရှိရန်၊ သို့မဟုတ် ပျက်စီးဆုံးရှုံးရန်ဝိညာဉ်များရှိနေသည်။ ဤကိစ္စကို အလေးမထားဘဲမနေသင့်ကြပါ။ စိတ်အားထက်သန်ပြီး တိကျသောဆုံးဖြတ် ချက်နှင့်ပြည့်ဝသည့်အမှုဆောင်များကို ဘုရားသခင်ခေါ်လျက်ရှိသည်။ လူတို့ကို အချိန်မရွေးပြောဆိုကြပါ။ အရာခပ်သိမ်းအဆုံးသို့ရောက်လုကြောင်း လူတိုင်း ကိုသင်၏နှုတ်၌အသက်ရှင်သောစကားများအားဖြင့်ပြောပါ။[Ev 217.2] EvBur 266.2

ကျွန်ုပ်တို့၏ဝိညာဉ်များကို ဘုရားသခင်၏မေတ္တာတော်ထဲ၌ထားရှိ ကြပါစို့။ သတိပေးချက်များကိုပေးရမည်။ အမှန်တရားကိုနှေးကွေးစွာမပြောဆို ရပါ။ ချက်ချင်းပြင်ဆင်မှုပြုရန် လူတို့ကိုနှိုးဆော်ရမည်။ အကြောင်းမှာ ရှေ့၌ဘာဖြစ်လိမ့်မည်ကို ကျွန်ုပ်တို့အနည်းငယ်သာသိနိုင်သောကြောင့်ဖြစ်သည်။ ကျွန်ုပ်၏ယုံကြည်ခြင်းခွန်အားသည် အမြဲရှိနေသကဲ့သို့ ဤကျန်ရှိသော နောက်ဆုံးအချိန်၌လည်းရှိလျက်နေသည်။ ယေရှုထံတော်သို့လာပြီး မိမိတို့၏ အပြစ်မှနောင်တရရန် အမှုဆောင်တိုင်းတို့မှ လူအားလုံးတို့အတွက် အချိန် မရွေးတံခါးဖွင့်ထားပေးကြပါစို့။ Letter 105, 1903. [Ev 217.3] EvBur 266.3

နိုင်ငံတိုင်း၌ဟောပြောပါ - ယခုအချိန်အတွက် အထူးအလုပ်ကိုမေ့ပျောက် နေသည့်အန္တရာယ်၌ရှိနေကြသော ညီအစ်ကိုမောင်နှမများတို့အား ပြောရမည့် သတိပေးစကားကိုရှာဖွေရန် ကျွန်ုပ်ညွှန်ကြားခြင်းခံရပါသည်။ “ကြည့်ရှုလော့၊ မိုးတိမ်နှင့်တကွကြွလာတော်မူသည်ဖြစ်၍ ရှိသမျှသောသူတို့သည် ကိုယ်တော် ကိုရှုမြင်ရကြလိမ့်မည်” ဟူသော ဗျာဒိတ်ဆရာကြွေးကြော်သည့်စကားဖြင့် ကျွန်ုပ်တို့သည် ခရစ်တော်ဒုတိယအကြိမ်ကြွလာမည့်သတင်းစကားကို နိုင်ငံ တိုင်း၌ဟောပြောရမည်။ Testimonies, vol. 8, p. 116. (1904) [Ev 217.4 ခရစ်တော်မကြာမီကြွလာတော့မည့်သတင်းစကားကို ကမ္ဘာအနှံ့သို့ ကြွေးကြော်ရမည့်အချိန်ရောက်ရှိလာပြီ။ Testimonies, vol. 9, p. 24. (1909) [Ev 218.1] EvBur 267.1

“ဘုရားရှင်ကြွလာသည်” ဟူသောသတင်း - သခင်ဘုရားကြွလာနေပြီ။ သင်တို့၏ခေါင်းများကိုမော်ကြည့်၍ ရွှင်လန်းခြင်းရှိကြလော့။ အို၊ ဤဝမ်းမြောက် ဖွယ်သတင်းကိုကြားရသောသူများနှင့် ယေရှုကိုချစ်သည်ကိုပြောဆိုသောသူများ တို့သည် မမြွက်ဆိုနိုင်သောဝမ်းမြောက်ခြင်းနှင့် ဘုန်းတော်ဖြင့်ပြည့်ဝလိမ့်မည် ဟု ထင်ကြပါလိမ့်မည်။ ဤအရာသည်ကောင်းပြီး ဝမ်းမြောက်ဖွယ်သတင်း ကို လူတိုင်းထံသို့ရောက်ရှိသင့်ခြင်း၊ ကျွန်ုပ်တို့၏အိမ်များ၌ ထပ်မံ၍ပြောဆို သင့်ခြင်း၊ လမ်းပေါ်၌တွေ့ဆုံရသူများတို့ကိုပြောကြားခြင်းပြုကြရန်သင့်သည်။ ဤထက်သာ၍ဝမ်းမြောက်ဖွယ်ကောင်းသောသတင်းကို သူတစ်ပါးနှင့်ဆက်သွယ် ရန် အခြားသတင်းရှိသေးပါသလား။ [Ev 218.2]. EvBur 267.2

စစ်မှန်သောကင်းစောင့်၏အသံသည် နေရာတိုင်း၌ကြားရစေရန် ယခု လိုအပ်နေပါသည်။ နံနက်အချိန်ရောက်ရှိလာပြီး၊ ညအချိန်လည်းရောက်လာ တော့မည်။” သခင့်အတွက်ပြင်ဆင်ရမည့်နေ့ကြီး၌ ကျွန်ုပ်တို့ရှိနေကြသည့် အတွက် တံပိုးခရာသံကို မှန်သောအသံဖြင့်ပေးရလိမ့်မည်။ Letter 55, 1886. [Ev 218.3] EvBur 267.3

ပျောက်ဆုံးရန်အချိန်မရှိ - တစ်ပြည်လုံးသို့ အချက်ပေးသံကိုပြုပါ။ ဘုရားသခင်၏နေ့ကြီးနီးနေကြောင်းနှင့် လျင်မြန်စွာရောက်ရှိလာတော့မည့် အကြောင်းကို လူတို့အားပြောကြားပါ။ သတိပေးမခံရသူများ တစ်ယောက် မျှမကျန်ရှိစေပါနှင့်။ မတော်တဆကျွန်ုပ်တို့သည် အမှားပြုနေသောသနားဖွယ် ရာဝိညာဉ်များတို့၏နေရာ၌ရှိနေပေလိမ့်မည်။ သူတစ်ပါးထက်ပို၍ ကျွန်ုပ်တို့ ၌ရရှိသောအလင်းတရားအတိုင်း သူတို့ထံသို့၎င်းသတင်းစကားကိုဝေငှရန် ကျွန်ုပ်တို့ကြွေးတင်လျက်ရှိကြသည်။ [Ev 218.4] EvBur 268.1

ကျွန်ုပ်တို့၌ဖြုန်းတီးရန်အချိန်မရှိပါ။ မှောင်မိုက်တန်ခိုးများတို့သည် ခွန်အားကြီးစွာဖြင့် အလုပ်လုပ်လျက်ရှိနေပြီး မာရ်နတ်သည် လျှို့ဝှက်သော ခြေလှမ်းဖြင့် ရှေ့သို့ချီလျက် အိပ်ပျော်နေသောသူများတို့ကို ဝံပုလွေသည် မိမိ၏အစာကိုယူ၍စားသကဲ့သို့ လုပ်ဆောင်လျက်ရှိသည်။ ယခုသတိပေး ချက်များ ကျွန်ုပ်တို့၌ပေးရန်ရှိသည်။ ယခုကျွန်ုပ်တို့၌ဆောင်ရွက်ရန်အလုပ်ရှိ သည်။ သို့သော် မကြာမီကျွန်ုပ်တို့ထင်သည်ထက် အမှုတော်ကိုဆောင်ရွက် ရန် ပို၍ခက်ခဲမှုရှိပေလိမ့်မည်။ EvBur 268.2

ကျွန်ုပ်တို့ပထမဆုံးယုံကြည်သောအချိန်ထက်သာ၍ သခင်ဘုရားကြွ လာမည့်အချိန်သည် နီးကပ်လျက်ရှိသည်။ အငြင်းပွားမှုကြီးသည် အဆုံးသို့ ရောက်လုနီးပြီ။ ပင်လယ်နှင့်ကုန်းတို့မှဖြစ်ပေါ်နေသော ကြီးမားလှသည့်ဘေး ဒုက္ခ၏သတင်းတိုင်းတို့သည် အဆုံးသို့ရောက်လုနီးကြောင်း သက်သေခံလျက် ရှိသည်။ စစ်ပွဲများနှင့်စစ်သတင်းများလည်း ပြောပြလျက်ရှိသည်။ ဤကြီးမား သောဖြစ်ရပ်များ ကျွန်ုပ်တို့၌ရှိပြီး၊ ကြုံတွေ့ နေရခြင်းကြောင့် ခရစ်ယာန်တစ်ဦး ၏သွေးခုန်နှုန်းသည် ပို၍လျင်မြန်လာခြင်းမရှိဘဲဖြစ်နိုင်ပါမည်လား။ [Ev 219.1] EvBur 268.3

သခင်ဘုရားကြွလာတော့မည်။ ဤကမ္ဘာကြီး၏အပြစ်ကိုစီရင်ရန် ကြွလာမည့် ဘုရားသခင်၏ခြေလှမ်းမြည်သံကို ကျွန်ုပ်တို့ကြားနေရပြီ။ ကျွန်ုပ် တို့သည် ဤနေ့ရက်ကြီးအတွက် လူတို့အားအဆင်သင့်ရှိကြရန် လုပ်ဆောင် ရမည့်တာဝန်ကိုဆောင်ရွက်ခြင်းအားဖြင့် ဘုရားသခင်၏လမ်းခရီးကိုပြင်ဆင် ကြရမည်။ Review and Herald, Nov. 12, 1914. Ev 219.2] EvBur 268.4

သတင်းစကား၌အသက်ရှင်သောတန်ခိုးပါရမည် - အသက်ရှင်သောတန်ခိုး သည် ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်းသတင်းစကားနှင့်အတူပါရှိရမည်။ ခရစ်တော်တစ်ဖန်ပြန်လည်ကြွလာခြင်း၏မင်္ဂလာရှိသောမျှော်လင့်ခြင်းသို့ ဝိညာဉ် များစွာပြောင်းလဲခြင်းကို ကျွန်ုပ်တို့မတွေ့ မြင်ရမချင်း ကျွန်ုပ်တို့သည် မနား မနေလုပ်ဆောင်ကြရမည်။ တမန်တော်များတို့၏နေ့ရက်အချိန်၌ သူတို့ သယ်ဆောင်သောသတင်းစကားသည် အမှန်တကယ်စိတ်လှုပ်ရှားမှုကိုဖြစ်စေ ပြီး၊ ရုပ်တုများထံမှ အသက်ရှင်သောဘုရားထံတော်သို့ ဘုရားရှင်အားဝတ်ပြု ရန် ဝိညာဉ်များကိုပြောင်းလဲစေပါသည်။ ယနေ့လုပ်ငန်းကိုလည်း ၎င်းအတိုင်း လုပ်ဆောင်ကြရန်၊ အမှန်တရားကို အမှန်တရားကဲ့သို့ဟောပြောရန်၊ ခရစ်တော် ကြွလာခြင်းနီးကပ်လာသည်နှင့်အလျောက် ကျွန်ုပ်တို့သည် ဤသတင်းစကား ကို ပို၍စိတ်အားထက်သန်စွာကြိုးစားဟောပြောကြရမည်။ ဤအချိန်အတွက် သတင်းစကားသည် မှန်ကန်၊ တိကျ၊ လွယ်ကူပြီး အထူးအရေးကြီးသော သတင်းစကားဖြစ်သည်။ ၎င်းကိုအမှန်တကယ်ယုံကြည်သည့် ပုဂ္ဂိုလ်များကဲ့သို့ လုပ်ဆောင်ကြရမည်။ စောင့်ခြင်း၊ မျှော်နေခြင်း၊ လုပ်ဆောင်ခြင်း၊ ဆုတောင်း ခြင်း၊ ကမ္ဘာကိုသတိပေးခြင်း ဤအရာများသည် ကျွန်ုပ်တို့၏အလုပ်ဖြစ်သည်။ [Ev 219.3] EvBur 269.1

ကောင်းကင်တစ်ခုလုံးလှုပ်ရှားလျက်ရှိပြီး ဘုရားသခင်၏အမျက်တော် နေ့ကြီးအတွက် ဇိအုန်လွတ်မြောက်ခြင်းနေ့အတွက်ပြင်ဆင်ခြင်း၌ ပါဝင်နေ ကြသည်။ နှေးကွေးချိန်ကုန်ဆုံးလုနီးပြီ။ သာ၍ကောင်းသောတိုင်းပြည်ကို ကြာမြင့်စွာတောင့်တနေကြသော ဘုရားဖူးများနှင့်ဧည့်သည်တော်များတို့သည် အိမ်တော်သို့ရောက်လုနီးပြီ။ ကျွန်ုပ်ကျယ်လောင်စွာငိုကြွေးချင်လောက်အောင် ခံစားနေရပါသည်။ အိမ်တော်သားဖြစ်ရတော့မည်။ ခရစ်တော်တစ်ဖန်လာပြီး ရွေးနုတ်ခြင်းခံရမည့်သူများကို မိမိရှိရာအရပ်သို့ခေါ်ဆောင်သွားမည့်အချိန်သည် လျင်မြန်စွာရောက်လုနီးပြီ။ Review and Herald, Nov, 13, 1913. EvBur 269.2

ဟောပြောခြင်းအားလုံး၌ခရစ်တော်ကြလာခြင်း၏အလင်းပါရှိသည် - အနာဂတ် စကား၏အမှန်တရားများတို့သည် အတူတကွပေါင်းစည်းထားလျက်ရှိပြီး ၎င်းတို့ကိုကျွန်ုပ်တို့လေ့လာသည့်အခါ၊ လက်တွေ့ ခရစ်ယာန်အမှန်တရား၏ လှပသောစုစည်းထားသည့်အခိုင်တစ်ခုသဖွယ် ပေါင်းစည်းလျက်ရှိသည်။ ဟောပြောသောအရာအားလုံးတို့၌ ကျွန်ုပ်တို့သည်ရှင်းလင်းစွာဖြင့် ဘုရားသခင် ၏သားတော်ကြွလာခြင်းအတွက် ကျွန်ုပ်တို့စောင့်နေခြင်း၊ လုပ်ဆောင်နေခြင်း နှင့်ဆုတောင်းနေခြင်းတို့ကို ဖော်ပြနေပါသည်။ သူ၏ကြွလာခြင်းသည် ကျွန်ုပ် တို့၏မျှော်လင့်ခြင်းဖြစ်သည်။ ဤမျှော်လင့်ခြင်းသည် ကျွန်ုပ်တို့၏အပြော အဆိုနှင့်အလုပ်အကိုင်တို့ဖြင့်သော်လည်းကောင်း၊ ကျွန်ုပ်တို့၏ပေါင်းသင်းခြင်း နှင့်လူမှုဆက်ဆံရေးအားလုံးတို့နှင့်သော်လည်းကောင်း ပေါင်းစည်းနေရမည် ဖြစ်သည်။ Letter 150, 1902. [Ev 220.1] EvBur 270.1

သမိုင်းသို့သော့ - ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်း၏မျှော်လင့် ခြင်းအကြောင်းကို နားလည်ခြင်းသည် နောက်လိုက်လာမည့်သမိုင်းအားလုံး ကိုဖော်ပြရန်နှင့် ရှေ့လာမည့်သင်ခန်းစာအားလုံးတို့ကိုရှင်းပြရန်သော့ချောင်း ဖြစ်သည်။ Letter 218, 1906. [Ev 220.2] EvBur 270.2

ဒုတိယကြွလာခြင်းအကြောင်းဟောပြောခြင်း၏ထိရောက်မှု - `လူသားဒုတိယ အကြိမ်ကြွလာခြင်းသည် လူတို့ရှေ့၌ထားရှိရမည့် အံ့သြဖွယ်ရာဆောင်ပုဒ် ဖြစ်သည်။ ကျွန်ုပ်တို့၏ဟောပြောခြင်းထဲ၌ ချန်မထားသင့်သောအကြောင်း အရာတစ်ခုဖြစ်သည်။ ထာဝရစစ်မှန်သောအရာများကို စိတ်မျက်စိရှေ့၌ထား ရမည်ဖြစ်သည်။ သို့မှသာ လောက၏ဆွဲဆောင်မှုများတို့သည် အကျိုးမရှိ အနတ္တသက်သက်အဖြစ် ပေါ်လွင်လာမည်ဖြစ်သည်။ လောက၏အချည်းနှီး သောအရာများ၊ ချီးမွမ်းဖွယ်ရာများ၊ ကြွယ်ဝခြင်းများ၊ ဂုဏ်အသရေများ သို့မဟုတ် ၎င်း၏ပျော်ရွှင်မှုများတို့နှင့် ကျွန်ုပ်တို့မည်ကဲ့သို့လုပ်ဆောင်ရ မည်နည်း။ [Ev 220.3] EvBur 270.3

ကျွန်ုပ်တို့သည် မင်္ဂလာရှိသောမျှော်လင့်ခြင်းနှင့် ကျွန်ုပ်တို့၏သခင် ကယ်တင်ရှင်ယေရှုခရစ်တော်ဘုန်းတန်ခိုးနှင့်ကြွလာခြင်းအတွက် စောင့်နေသော၊ မျှော်လင့်သော၊ ဆုတောင်းလျက်ရှိနေကြသော ဘုရားဖူးများနှင့်ဧည့်သည်များ ဖြစ်ကြပါသည်။ ဤအရာကိုယုံပြီး.. ကျွန်ုပ်တို့၏လက်တွေ့ အသက်တာ၌ ယူဆောင်လာပါက မည်မျှစွမ်းအားကောင်းသောလှုပ်ရှားခြင်းသည် ဤယုံကြည် ခြင်းနှင့်မျှော်လင့်ခြင်းမှ တိုက်တွန်းအားပေးမည်၊ မည်မျှတစ်ဦးနှင့်တစ်ဦးအမှန် တကယ်ချစ်ကြမည်၊ မည်မျှဂရုပြု၍ ဘုရားရှင်၏ဘုန်းတော်အတွက် အသက် ရှင်ကြလိမ့်မည်နည်း။ ၎င်းပြင် ဆုလာဘ်၏ပြန်လည်၍ပေးဆပ်မည့်အကျိုး အတွက် ကျွန်ုပ်တို့၏လေးစားခြင်း၌ မည်သည့်ပြတ်သားသောနယ်နိမိတ် အကန့်အသတ်၏အထောက်အထားကို ကျွန်ုပ်တို့နှင့်လောကစပ်ကြား၌ ပြသ နိုင်မည်နည်း။ Manuscript 39, 1893. [Ev 220.4] EvBur 271.1

လူတို့ရှေ့၌၎င်းကို ထားရှိပါ - ခရစ်တော်ကြွလာခြင်းအမှန်တရားကို လူတိုင်း၏စိတ်နှလုံးရှေ့ ၌ ထားရှိသင့်သည်။ Letter 131, 1900. EvBur 271.2

အချိန်သတ်မှတ်ချက်ဖော်ပြခြင်းများအတွက်သတိပြုခြင်း - အချိန်နှင့်ရာသီ များကို ဘုရားသခင်သည် မိမိ၏ကိုယ်ပိုင်တန်ခိုးဖြင့်ချမှတ်ထားသည်။ အဘယ် ကြောင့်ဤအသိတရားကို ကျွန်ုပ်တို့အားဘုရားရှင်မပေးသနည်း။ အကြောင်း မှာ သူပေးခဲ့သော်၊ ကျွန်ုပ်တို့မှန်ကန်စွာအသုံးပြုတတ်မည်မဟုတ်သောကြောင့် ဖြစ်သည်။ ရောက်ရှိလာမည့်နေ့ကြီး၌ရပ်တည်နိုင်ရန် လူတို့အားပြင်ဆင်မှုပြု သည့် ဘုရားသခင်၏အလုပ်ကို နှောင့်နှေးစေမည့်အရာများတို့၏အခြေအနေ ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်မဖော်ပြထားသောအချိန်နာရီများနှင့် တစ်ခုသည် ကျွန်ုပ်တို့၏လူတို့အထဲ၌ ဤအသိတရားရှိသူမှ ပြုလုပ်လိမ့်မည် ပတ်သက်၍ မှန်းဆချက်များကို အာရုံစူးစိုက်တွက်ချက်ခြင်းပြုရန်မလိုပါ။ ယေရှုသည် မိမိ၏တပည့်တော်များတို့အား အချိန်အတိအကျမပေးထားဘဲ “စောင့်မျှော်” ရန်သာပြောခဲ့သည်။ သူ၏တပည့်များတို့သည် မိမိတို့ခေါင်းဆောင် ၏အမိန့်ကို နားထောင်ရမည့်အခြေအနေ၌သာ အဆင်သင့်ရှိနေရမည်ဖြစ်သည်။ ကြွလာချိန်အနီးသို့ သူတို့ရောက်ရှိလာကြသည့်အတွက် သူတို့သည်မျှော်လျက်၊ စောင့်လျက်၊ ဆုတောင်းလျက်၊ လုပ်ဆောင်လျက်ရှိနေကြရမည်။ သို့သော် မည်သူမျှလာမည့်အချိန်ကို ဟောကိန်းထုတ်၍မရပါ။ အချိန်နှင့်နာရီကို မည်သူ မျှမသိသောကြောင့်ဖြစ်သည်။ လာမည့် (၁) နှစ်၊ (၂) နှစ်၊ သို့မဟုတ် (၅) နှစ်အတွင်း မကြာမီသူလာလိမ့်မည်ဟု သင်မပြောနိုင်သကဲ့သို့ လာမည့် (၁ဝ) နှစ်၊ သို့မဟုတ် အနှစ် (၂ဝ) အချိန်မှသာ နှောင့်နှေးပြီးလာလိမ့်မည် ဟုလည်း သင်ပြော၍မရပါ။ သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းခြင်း အတွက်၊ သို့မဟုတ် ခရစ်တော်ကြွလာခြင်းအတွက် အချိန်နာရီအတိအကျ ကို ကျွန်ုပ်တို့တစ်ဦးတစ်ယောက်မျှမသိနိုင်ပါ။ Review and Herald, March 22, 1892. [Ev 221.1] EvBur 271.3