ကျွန်ုပ်တို့၏ယုံကြည်ခြင်းအခြေခံအုတ်မြစ် - ကောင်းကင်သန့်ရှင်းရာတဲတော် ၏လုပ်ငန်းကို မှန်ကန်စွာနားလည်ခြင်းသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းအခြေခံ အုတ်မြစ်ဖြစ်၏။ Letter 208, 1906. [Ev 221.2) EvBur 272.1
ခရစ်တော်အစားထိုးပူဇော်ခံခြင်းအလုပ်၏ဗဟိုအချက်အချာ - သန့်ရှင်းသော တဲတော်အကြောင်းအရာနှင့် စစ်ဆေးမေးမြန်းသောတရားစီရင်ခြင်းအကြောင်း ကို ဘုရားသခင်၏သားသမီးများ ရှင်းလင်းစွာနားလည်သင့်ကြသည်။ သူတို့ ယဇ်ပုရောဟိတ်မင်းကြီး၏ရာထူးနှင့်အလုပ်ကို သူတို့အားလုံးမိမိတို့ကိုယ်တိုင် နားလည်ရန်လိုအပ်သည်။ သို့မဟုတ်လျှင် ဤအချိန်အတွက် သူတို့၌လိုအပ် နေသည့်ယုံကြည်ခြင်းကို ရယူနိုင်မည်မဟုတ်ပါ။ သို့မဟုတ် ဖြည့်စွက်ရန် သူတို့အတွက် ဘုရားသခင်ချမှတ်ထားသောအဆင့်အတန်းကို သူတို့ရယူနိုင် မည်မဟုတ်ပါ။ လူတိုင်း၌ကယ်တင်ရန်၊ သို့မဟုတ် ဆုံးရှုံးရန်ဝိညာဉ်တစ်လုံး ရှိသည်။ တစ်ဦးစီအတွက် ဘုရားသခင်၏တရားရုံး၌ ဆိုင်းငံ့ထားသောအမှ အခင်းတစ်ခုရှိသည်။ တစ်ဦးစီ၌မျက်နှာချင်းဆိုင်ရင်ဆိုင်ရမည့် တရားသူကြီး ရှိသည်။ နေ့ရက်များတို့၏အဆုံး၌ လူတိုင်းမိမိတို့၏ကံကြမ္မာအပေါ်ရပ်တည် ပြီး ဖွင့်ထားလျက်ရှိသောမှတ်တမ်းစာအုပ်များနှင့် တရားစီရင်ခြင်းခံရမည့်အချိန် အခါ၏အရေးကြီးသောမြင်ကွင်းကို မကြာခဏတစ်ဦးစီ၏စိတ်ထဲ၌ လေးနက် စွာတွေးတောဆင်ခြင်ရမည်မှာ မည်မျှအရေးကြီးပါသနည်း။ [Ev 221.3] EvBur 272.2
အလင်းတရားရရှိသူအားလုံးအပေါ် ဤကြီးမားသောအမှန်တရားနှင့် ပတ်သက်သည့်အကြောင်းအရာများတို့ကို သက်သေခံရမည့်တာဝန်ကို သူတို့ သည် လူသားများတို့၏ကိုယ်စား ခရစ်တော်၏ ဗဟိုအချက်အချာကျသော အားဘုရားသခင်အပ်နှံထားသည်။ ကောင်းကင်၌ရှိသော သန့်ရှင်းရာတဲတော် အလုပ်ဖြစ်သည်။ ၎င်းသည် မြေကြီးပေါ်၌နေထိုင်လျက်ရှိကြသော ပုဂ္ဂိုလ် တိုင်းနှင့်ပတ်သက်လျက်ရှိသည်။ ၎င်းသည် ကယ်တင်ခြင်းစီမံကိန်းကိုတွေ့မြင် ရန်ဖွင့်ပြပေးခြင်း၊ အချိန်ကာလ၏အဆုံးကိုယူဆောင်လာပေးခြင်းနှင့် ဖြောင့်မတ် ခြင်းနှင့်အပြစ်စပ်ကြား ပြိုင်ဆိုင်မှု၏အောင်မြင်ခြင်းကိုဖော်ပြပေးသည်။ ဤအရာ ကို ကျွန်ုပ်တို့အားလုံးအတွက် အလွန်ပင်အရေးကြီးသော သေချာစွာလေ့လာ သင့်သည့်အကြောင်းအရာများဖြစ်ပြီး မိမိတို့၌ရှိနေသောမျှော်လင့်ခြင်း၏ အကြောင်းအရင်းကို မိမိတို့အားမေးမြန်းလာသောပုဂ္ဂိုလ်တိုင်းတို့အား အဖြေ ပေးနိုင်ရပါလိမ့်မည်။ The Great Controversy, pp. 488, 489. (1888) [Ev 222.1] EvBur 273.1
အမှန်တရား၏ပြည့်စုံ သောစနစ်တစ်ခုသို့ သော့ချက် - သန့်ရှင်းရာတဲတော် အကြောင်းသည် ၁၈၄၄ ခုနှစ်၏စိတ်ပျက်စရာ နက်နဲခက်ခဲသောအကြောင်း အရာကိုဖွင့်ပြပေးသည့် အဓိကသော့ချက်ဖြစ်သည်။ ၎င်းသည် အမှန်တရား ၏ပြည့်စုံသောစနစ်ကိုဖွင့်ပြပေးခြင်း၊ ဆက်သွယ်ပေး၍ညီညွတ်မှုပေးခြင်း၊ ကြီးကျယ်သောကြွလာခြင်းလှုပ်ရှားမှုကို ဘုရားသခင်၏လက်တော်ဖြင့်ပို့ဆောင် နေသည်ကိုပြပေးခြင်းနှင့် ဤအလင်းတရားရရှိသည့် မိမိလူတို့၏တာဝန်ကို ဖော်ပြပေးခြင်းတို့ဖြစ်သည်။ The Great Controversy, p. 423, (1888) [Ev 222.2] EvBur 273.2
သန့်ရှင်းသောတဲတော်အပေါ်အာရုံစူးစိုက်ခြင်း - လူတစ်စုအနေဖြင့် ကျွန်ုပ် တို့သည် အနာဂတ်စကား၏စိတ်အားထက်သန်သော ကျောင်းသားများဖြစ် သင့်သည်။ ဒံယေလနှင့်ယောဟန်တို့၏ရူပါရုံမှဖော်ပြပေးသော သန့်ရှင်းရာ ဌာနအကြောင်းအရာနှင့်ပတ်သက်၍ ကောင်းမွန်စွာနားမလည်မချင်း ကျွန်ုပ် တို့အေးအေးဆေးဆေးမနေသင့်ပါ။ ဤအကြောင်းအရာသည် ကျွန်ုပ်တို့၏ လက်ရှိအခြေအနေနှင့်အလုပ်အပေါ် ကြီးမားသောအလင်းကိုပေးပြီး၊ ကျွန်ုပ် တို့၏လွန်ခဲ့သောဗဟုသုတ၌ ဘုရားသခင်ပို့ဆောင်ခဲ့ခြင်းတွင် မမှားနိုင်သော သက်သေအထောက်အထားကို ကျွန်ုပ်တို့အားပေးသည်။ ၎င်းသည် ၁၈၄၄ ခုနှစ်၌ ကျွန်ုပ်တို့၏စိတ်ပျက်စရာကိုရှင်းပြပေးပြီး သန့်ရှင်းရာဌာနဆေးကြော ခြင်းသည် ကျွန်ုပ်တို့ထင်သကဲ့သို့ မြေကြီးပေါ်မှာမဟုတ်ကြောင်းနှင့် ခရစ်တော် သည် ကောင်းကင်သန့်ရှင်းရာဌာန၏အသန့်ရှင်းဆုံးသောအခန်းထဲသို့ဝင်ပြီး “ရက်ပေါင်းနှစ်ထောင့်သုံးရာတိုင်တိုင်ဖြစ်လိမ့်မည်။ ထိုနောက် သန့်ရှင်းရာ ဌာနကိုတစ်ဖန်ဆေးကြောသုတ်သင်ကြလိမ့်မည်” ဟူသော ဒံယေလသို့ ကောင်းကင်တမန်ပေးသောစကားပြည့်စုံရန် ယဇ်ပုရောဟိတ်၏နိဂုံးချုပ်လုပ်ငန်း လုပ်ဆောင်ခြင်းကိုပြသည်။ [Ev 222.3] EvBur 274.1
ပထမ၊ ဒုတိယ၊ တတိယကောင်းကင်တမန်များတို့၏သတင်းစကာ သို့ရည်ညွှန်းသော ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် မှန်ကန်သည်။ ကျွန်ုပ်တို့ ကျော်လွန်လာခဲ့သော ကြီးမားသည့်ခရီးမှတ်တိုင်များတို့သည် ရွေ့လျားခြင်း မရှိပါ။ ငရဲ၏အဖွဲ့အစည်းများ ကြိုးစား၍ဖျက်ဆီးရာ၌ အောင်မြင်မည်ဟု သူတို့ထင်သော်လည်း ဖျက်ဆီး၍မရပါ။ ဤအမှန်တရားတိုင်ကြီးများတို့သည် ထာဝရတောင်ကုန်းများသဖွယ် ခိုင်မာစွာရပ်တည်လျက်ရှိပြီး လူတို့၏ကြိုးစား မှုအားလုံးကို မာရ်နတ်နှင့်သူ၏အဖွဲ့အစည်းပေါင်းစည်း၍ဖျက်ဆီးသော်လည်း ပြိုလဲခြင်းမရှိပါ။ မှန်ကန်ခြင်းရှိမရှိ၊ ကျွန်ုပ်တို့များစွာသင်ယူခြင်းနှင့် သမ္မာ ကျမ်းစာကိုအမြဲရှာဖွေခြင်းအားဖြင့် ဤအရာများအားလုံးကိုသိရှိနိုင်ပါသည်။ ယခုဘုရားသခင်၏လူတို့သည် မိမိယဇ်ပုရောဟိတ်မင်းကြီး၏နောက်ဆုံးသော တရားစီရင်ခြင်းအလုပ်၊ မိမိလူတို့အတွက် သူတောင်းပန်ပေးနေသည့်အလုပ် ကို ဆောင်ရွက်လျက်ရှိစဉ် ကောင်းကင်သန့်ရှင်းရာဌာနသို့ မိမိတို့၏အာရုံကို စူးစိုက်ထားပြီး သတိကြီးစွာဖြင့်အသက်ရှင်ကြရမည်။ Review and Herald, Nov. 27, 1883. [Ev 223.1] EvBur 274.2
လွယ်ကူသောဘာသာရေးအယူဝါဒတစ်ခု၌အဓိကကျသောအမှန်တရား - ထူထောင် ထားသောကျောင်းတိုင်း၌ အလွယ်ကူဆုံးဘာသာရေးအယူဝါဒ၏ခံယူချက်ကို သင်ကြားပေးသင့်သည်။ ဤခံယူချက်ထဲ၌ ခရစ်တော်၏အစားထိုးပူဇော်ခံခြင်း အကြောင်းသည် ခိုင်မာသောအမှန်တရားအချက်အချာဖြစ်သင့်သည်။ ရွေးနုတ် ခြင်း၏အံ့သြဖွယ်ရာဆောင်ပုဒ်ကို ကျောင်းသားများတို့အားဖော်ပြပေးသင့်သည်။ Manuscript 156, 1898. EvBur 275.1
သန့်ရှင်းရာဌာနအမှန်တရား၏လွန်စွာအရေးကြီးခြင်း - သန့်ရှင်းရာဌာနကို ခရစ်တော်နေသည့်အချိန်၌ ကမ္ဘာပေါ်ရှိဝတ်ပြုကိုးကွယ်ကြသောသူတို့သည် မိမိတို့၏အသက်တာကိုဆန်းစစ်ကြပြီး သူတို့၏စာရိတ္တကို ဖြောင့်မတ်ခြင်း၏ စံချိန်နှင့်နှိုင်းယှဉ်သင့်ကြသည်။ Review and Herald, April 8, 1890. [Ev 224.1] EvBur 275.2
သန့်ရှင်းသောဝိညာဉ်ထောက်ခံချက်ပါရှိသော သန့်ရှင်းရာဌာနအယူဝါဒကို ဟောကြား ခြင်း — ရာစုတစ်ဝက်ထက်ပိုပြီး လက်ရှိအမှန်တရား၏ခြားနားချက်များအပေါ် မေးခွန်းထုတ်ပြီး ဆန့်ကျင်ခဲ့ကြသည်။ အမှန်တရားမဟုတ်သည့် အသစ်သော ယူဆချက်များတို့သည် အမှန်တရားကဲ့သို့တိုးတက်နေပြီး ၎င်းတို့၏အမှားကို ဘုရားသခင်၏ဝိညာဉ်တော်မှဖော်ပြသည်။ ကြီးမားသောတိုင်ကြီးကဲ့သို့ ကျွန်ုပ် တို့၏ယုံကြည်ခြင်းသည် လူတို့ဟောပြောခဲ့ကြပြီး ၎င်းတို့ကိုသန့်ရှင်းသော ဝိညာဉ်တော်မှ သက်သေခံခဲ့သည်။ ထိုနောက် အထူးသဖြင့် ဤအရာ သည်လည်း ရှင်းရာဌာန၏အမှန်တရားများအပေါ်ထုတ်သည်နည်းတူ မေးခွန်းထုတ်ခြင်းခံရပါသည်။ ကြိမ်ဖန်များစွာ သန့်ရှင်းသောဝိညာဉ်တော်သည် ထိရောက်သေချာစွာ ဤအယူဝါဒဟောပြောခြင်းကိုထောက်ခံခဲ့သည်။ သို့သော် ယခုအချိန်သည် လွန်ခဲ့သောအချိန်၌နည်းတူ တချို့သောသူတို့သည် အသစ် သောယူဆချက်များတို့ကိုဖွဲ့စည်းရန် ပို့ဆောင်ခြင်းခံရပြီး ဘုရားသခင်၏ ဝိညာဉ်တော်ထောက်ခံချက်ပေးသောအမှန်တရားကို ငြင်းပယ်ကြလိမ့်မည်။ Munuscript 125, 1907. [Ev 224.2] EvBur 275.3
သန့်ရှင်းသောတဲတော်နှင့်ပတ်သက်သည့်မှားယွင်းသောအယူအဆများ - လာမည့် အနာဂတ်ကာလတွင် လိမ်လည်လှည့်ဖြားခြင်းအမျိုးမျိုးပေါ်လာမည်ဖြစ်သော ကြောင့် ကျွန်ုပ်တို့မတ်တတ်ထနိုင်ရန် ခြေအတွက်ခိုင်ခံ့သောမြေလိုသည်။ အဆောက်အဦအတွက် ခိုင်မာသောတိုင်လိုသည်။ ဘုရားရှင်အုတ်မြစ်ချထား သောအပ်ကလေးတစ်ချောင်းကိုမျှ မရွေ့ စေရပါ။ ရန်သူသည် မှားသောယူဆ ချက်များ၊ အထူးသဖြင့် သန့်ရှင်းရာဌာနမရှိဟူသောအယူဝါဒကို ယူဆောင် လာလိမ့်မည်။ ဤအချက်သည် ကျွန်ုပ်တို့အား ယုံကြည်ခြင်းမှလမ်းလွဲစေ နိုင်သည့်အချက်ဖြစ်သည်။ လွန်ခဲ့သောအနှစ် (၅၀) မှ ဘုရားရှင်ပေးထား သောဤအချက်သည် အမှန်တရားထဲ၌မပါရှိပါက ကျွန်ုပ်တို့၏ဝိညာဉ်ရေး လုံခြုံမှုကို အဘယ်မှာတွေ့ရှိနိုင်ပါမည်နည်း။ Review and Herald, May 25, 1905. [Ev 224.3] EvBur 276.1
ထင်ပေါ်ကျော်ကြားသောအမှန်တရားအပေါ်ငြင်းခုံခြင်း - မာရ်နတ်ကိုယ်စားလှယ် များ၏လှည့်ဖြားခြင်းတန်ခိုးများကို ပြည့်ပြည့်ဝဝဖော်ထုတ်ရန် အချိန်နီးလာ ပြီ။ တစ်ဖက်၌ကောင်းကင်နှင့်မြေကြီးအားလုံး၏တန်ခိုးကို အပ်နှင်းခံရသော ခရစ်တော်ရှိသည်။ အခြားတစ်ဖက်၌ အမြဲသွေးဆောင်ခြင်းပြုရန် မိမိတန်ခိုး ကိုဖော်ပြခြင်း၊ သည်းထန်စွာလှည့်ဖြားခြင်း၊ စဉ်းလဲသောနတ်ဝိဇ္ဇာအတတ်ကို အသုံးပြုခြင်းများတို့ဖြင့် ဘုရားရှင်ကိုဘေးဖယ်ပြီး လူတို့၏စိတ်ကိုပိုင်ဆိုင်ရန် မာရ်နတ်ရှိနေပါသည်။ [Ev 224.4] EvBur 276.2
မာရ်နတ်သည် သန့်ရှင်းရာဌာနနှင့်ပတ်သက်သည့် ဘုရားသခင်၏ အံ့သြဖွယ်ကောင်းသောဖော်ပြခြင်းများနှင့် ကျွန်ုပ်တို့၏ကယ်တင်ခြင်းအတွက် ခရစ်တော်၏လုပ်ငန်းကိုရှုတ်ချရန် မိမိ၏စိတ်ကူးနှင့်ထင်မြင်ချက်များကို လူ့ဇာတိစိတ်နှင့်ကိုက်ညီသောအရာများဖြင့် အမြဲကြိုးစား၍ထည့်သွင်းကာ ဆောင်ရွက်လျက်ရှိသည်။ သူသည် ၎င်း၏ကြီးကြပ်သောတန်ခိုးကို ယုံကြည် သူများတို့၏စိတ်ထဲမှဖယ်ရှားပစ်ကာ အပြစ်ဖြေလွှတ်ခြင်း၏အမှန်တရားများ ကို အချည်းနှီးသက်သက်ဖြစ်စေရန် မိမိတီထွင်သည့်ထူးဆန်းသောယူဆချက် များဖြင့်အစားထိုးခြင်းနှင့် ကျွန်ုပ်တို့အနေဖြင့် သန့်ရှင်းသည်ဟုစွဲကိုင်ထားသော ဦးစွာရရှိခဲ့သည့်တတိယကောင်းကင်တမန်သတင်းစကားအယူဝါဒအပေါ် ကျွန်ုပ် တို့၏ယုံကြည်စိတ်ချမှုကိုဖျက်ဆီးလိုက်သည်။ ထိုသူအားဖြင့် သူသည် ကျွန်ုပ် တို့အား ခြားနားသောသူများကိုဖြစ်စေပြီး၊ ကျွန်ုပ်တို့၏အလုပ်အတွက် ကောင်းသောစာရိတ္တနှင့်တန်ခိုးကိုပေးခဲ့သည့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို လုယူလိုက်သည်။ Special Testimonies, Series B, No. 7, p. 17. EvBur 277.1