ကျွန်ုပ်တို့ ၏အထူးသတင်းစကား - သူ၏သံတမန်များသယ်ဆောင်ရန် ဘုရားသခင်၌အထူးသတင်းစကားရှိသည်။ သူတို့သည် လူတို့အားသတိပေး ရန် လူတို့ကိုခေါ်ပြီး ဘုရားသခင်၏ပညတ်ကို ရောမဘာသာမှယိုယွင်းစေ ခဲ့သည့်အချက်များတို့ကို ပြုပြင်ရန်ဖြစ်သည်။ ဥပုသ်နေ့ကိုမရေမရာပြုလုပ်ပြီး မလိုအပ်သည့်အရာအဖြစ် လူ့တန်ခိုးအာဏာဖြင့်ချမှတ်လိုက်သည်။ သန့်ရှင်း လိုက်သည်။ လူတို့သည် ဘုရားသခင်အားသတိရရန်နေ့ကိုဖျက်ဆီးလိုက်ပြီး သောဘုရားသခင်၏နေ့ကို သာမန်အလုပ်လုပ်သောနေ့အဖြစ်သို့ ပြောင်းလဲ မှားယွင်းသောအနားယူရန်နေ့တစ်နေ့ကို အစားထိုးလိုက်သည်။ Manuscript 35, 1900. [Ev 225.2] EvBur 277.2
ကမ္ဘာသို့ နောက်ဆုံးသတင်းစကား - ကမ္ဘာသို့နောက်ဆုံးသတိပေးစကား သည် လူတို့အားဘုရားသခင်သည် မိမိ၏တရားဥပဒေနှင့်ဆက်စပ်နေကြောင်း ၏အရေးကြီးခြင်းဖြစ်သည်။ အမှန်တရားကိုထင်ရှားစွာဟောပြောရန်မှာ ကြားနာရသောသူသည် ပညတ်တော်ကိုကျူးလွန်ပါက ဘုရားသခင်၏ပညတ် တော်ကိုလိုက်လျှောက်ခြင်း၏အရေးကြီးခြင်းကိုသိရန်ပျက်ကွက်သောကြောင့် သူ့အားခွင့်လွှတ်၍မရပါ။ [Ev 225.3] EvBur 278.1
ဘုရားရှင်သည် သတ္တမနေ့ကိုသန့်ရှင်းစေခဲ့ကြောင်း သမ္မာကျမ်းစာ တော်မြတ်မှ ကျမ်းအထောက်အထားများတို့ကိုစုစည်းပြီး ၎င်းအထောက်အထား များကို ပရိသတ်တို့ရှေ့တော်မှောက်၌ ဖတ်ပြပြောဆိုရန် ကျွန်ုပ်အားမိန့်ကြား ထားပါသည်။ “သခင်ကိုယ်တော်မြတ်ဤသို့မိန့်ကြားတော်မူပါသည်” ဟူသော ရှင်းလင်းပြတ်သားသောစကားတော်မှ ကျောခိုင်းဦးလှည့်ကာ၊ ဤအမှန်တရား ကိုနားမထောင်သောသူတို့အပေါ်သို့ သူတို့၏အကြောင်းရင်းခံရလဒ်ကြောင့် သေချာပေါက်ခံစားသွားရမည်ဖြစ်သည်။ ခေတ်အဆက်ဆက်တိုင်းတို့၌ ဘုရားသခင်အပေါ်သစ္စာရှိရန်၊ ဥပုသ်နေ့သည် စမ်းသပ်ခြင်းအရာတစ်ခုအဖြစ် တည်ရှိနေခဲ့ပါသည်။ ၎င်းဥပုသ်နေ့သည် ငါနှင့်ဣသရေလလူမျိုးသားစဉ် မြေးဆက်တို့အကြား ထာဝရလက္ခဏာသက်သေတစ်ခုဖြစ်သည်ဟု ထာဝရ အရှင်ဘုရားသခင်မိန့်တော်မူပါသည်။ Gospel Workers, pp. 148, 149. (1915) [Ev 226.1] EvBur 278.2
ကမ္ဘာလောကတစ်ခုလုံးအတွက်ဆုံးဖြတ်ချက်ဆိုင်ရာမေးခွန်း - ဘုရားသခင်၏ ဥပဒေဆိုင်ရာချည်နှောင်ထားသော ကြွေးကြော်မှုဆိုင်ရာအလင်းတရားသည် နေရာတိုင်းသို့တင်ဆက်ထားရမည်ဖြစ်သည်။ ဤအရာသည် ဆုံးဖြတ်ချက် ချရမည့်မေးခွန်းပင်ဖြစ်သည်။ ၎င်းအရာသည် ကမ္ဘာလောကကြီးကိုစမ်းသပ် ပြီး သက်သေထူသွားစေမည်။ Special Testimonies, Series A, No. 7, PP. 17, 18. (1874) [Ev 226.2] EvBur 278.3
အသစ်သောနယ်ပယ်များ၌တည်ဆောက်မှု - ညီအစ်ကိုတစ်ဦးနှင့်စိတ်ရှုပ် ဖွယ်ရာအခြေအနေကိစ္စနှင့်ပတ်သက်ပြီး အမေးအဖြေလုပ်ရန်၊ ပြတ်တောက် မှုကိုလုပ်ခဲ့ဖူးပါသည်။ ၎င်းမိတ်ဆွေအနေဖြင့် နယ်မြေသစ်များဆီသို့ဝင်ရောက် ထိုးဖောက်သောအခါ၊ မည်သို့တင်ဆက်ရန်နှင့် ဥပုသ်နေ့အကြောင်းအလျင် ဦးဆုံးတင်ဆက်သင့်မသင့်ကို သိလိုသောသူတစ်ဦးဖြစ်သည်။ Ev 226.3] EvBur 279.1
အကောင်းဆုံးနှင့်ပညာသားအပါဆုံးအကြံသည် လူတို့၏သြတ္တပ္ပ စိတ်ကိုနှိုးကြွစေမည့်အကြောင်းအရာများကို ဦးစွာပြောသင့်ကြောင်း သူ့ကို ကျွန်ုပ်ပြောပြပါသည်။ လက်တွေ့ ဘုရားဝတ်၌မွေ့လျော်ခြင်း၊ ဝတ်ပြုကိုးကွယ် ဘုရားတရားကြည်ညိုလေးစားခြင်းနှင့် လက်ရှိမိမိကိုယ်ကိုငြင်းပယ်ခြင်း၊ ယေရှု၏မိမိကိုယ်ကိုဆက်ကပ်ခြင်းအသက်တာသည် ကျွန်ုပ်တို့အတွက်ပုံပမာ ခြင်း၊ ကဲ့သို့ အစရှိသောသူတို့၏မိမိတို့အလိုကိုလိုက်တတ်သည့်အသက်တာနှင့် ဆန့်ကျင်ဘက်ဖြစ်သည်ကိုတွေ့မြင်ရပြီး မိမိတို့၏ခရစ်ယာန်မဆန်သော အသက်တာကို မကျေနပ်သည့်အထိဟောပြောရမည်။ Ev 226.4] EvBur 279.2
ထိုနောက် အနာဂတ်စကားများအကြောင်းကိုဟောပြောပါ။ ဘုရားသခင် ၏နှုတ်ကပတ်တော်ဖြူစင်ခြင်းနှင့် တာဝန်ရှိသောတောင်းဆိုခြင်းများကို သူတို့ အားပြပါ။ ဤပညတ်တော်၏စာသားကလေးတစ်လုံး၊ သို့မဟုတ် ခေါင်းစဉ် ကလေးတစ်ခုမျှ အရှိန်အဟုတ်မလျော့စေရဘဲ ၎င်း၏တာဝန်ရှိသောတောင်းဆို ခြင်းသည် ဝိညာဉ်တိုင်းတို့အပေါ် အဆုံးတိုင်အောင်တည်ရှိကြောင်းပြောပါ။ ဘုရားသခင်၏ပညတ်တော်ကို အချည်းနှီးသက်သက်ဖြစ်စေသောအခါ၊ ခရစ်ယာန်လောကသည် ရောမဘာသာပေါင်းစည်းပြီး လောကဆန်သောအခါ ဘုရားသခင်၏ပညတ်တော်ကိုမထိရောက်စေရန် ပြုလုပ်ခြင်းဖြစ်သည်။ ထိုအခါ ဘုရားသခင်၏ရွေးချယ်ထားသောသူတို့သည် ဘုရားသခင်၏ပညတ်တော်ကို ကာကွယ်ရန် ပေါ်လာလိမ့်မည်။ EvBur 279.3
ဤအရာသည် ပေါလုအသုံးပြုသောပါးနပ်ခြင်းဖြစ်သည်။ ဤအရာ သည် မြွေကဲ့သို့လိမ္မာပြီး ချိုးငှက်ကဲ့သို့အဆိပ်ကင်းခြင်းဖြစ်သည်။ ကျွန်ုပ် တို့၏ယုံကြည်ခြင်းနှင့်အကျွမ်းဝင်သောနေရာဒေသတစ်ခုသို့ ကျွန်ုပ်တို့ရောက်ရှိ သောအခါ ဤသတိထားရမည့်ကိစ္စကိုလိုက်လျှောက်ရန်မလိုပါ။ သို့သော် ကိစ္စတိုင်း၌ စိတ်နှလုံးသားနှင့်နီးကပ်စေရန် ကိုယ်တိုင်ကြိုးစားခြင်းအားဖြင့် အထူးကြိုးစားအားထုတ်ရန်ပြုလုပ်သင့်သည်။ အသင်းတော်များအဆင့်ကျဆင်း ခြင်းသို့ရောက်ရှိခြင်းကိုရှောင်ပါ။ သင်၏အလုပ်သည် ဖြိုဖျက်ခြင်းအလုပ် မဟုတ်ဘဲ တည်ဆောက်ခြင်းအလုပ်ဖြစ်ကြောင်းနှင့် ယေရှု၌ကဲ့သို့ အမှန် တရားကိုဟောပြောခြင်းဖြစ်ကြောင်း သူတစ်ပါးတို့မှမြင်တွေ့ စေပါ။ အရေး အလွန်ကြီးသော ဘုရားဝတ်၌မွေ့လျော်ခြင်းအပေါ် ပို၍စိတ်ဝင်စားမှုထားပါ။ Letter 2, 1885. [Ev 227.1] EvBur 279.4
နေရာသစ်များ၌ဥပုသ်နေ့ အကြောင်းကိုဖွင့်ဟပြောဆိုပါ - ဤသြစတြေးလျ တိုင်းပြည်ရှိလူတို့အတွက် အမှန်တရားသတင်းစကားသည် အသစ်ဖြစ်ပြီး စိတ်လှုပ်ရှားဖွယ်ဖြစ်သည်။ ကျမ်းစာအယူဝါဒဟောပြောခြင်းသည် အသစ် ဖော်ပြသောအရာတစ်ခုကဲ့သို့နှင့် သူတို့သည် အမှန်တကယ်စိတ်ကူးများ တိုးတက်လျက် ယုံကြည်ကိုးစားစရာအဖြစ်ကြည့်ကြသည်။ တနင်္ဂနွေမေးခွန်း ကိုတင်ပြခြင်း၊ သို့မဟုတ် အသင်းတော်နှင့်အစိုးရပေါင်းစည်းခြင်းအကြောင်း ပြောရာ၌ ဂရုတစိုက်နားထောင်ကြသည်။ ပြင်းထန်သောဆန့်ကျင်မှုများကို အဖြေပေးရန်ရှိခဲ့ပြီး ဟောပြောရန်လိုအပ်သည့် အမေရိကန်ပြည်ကဲ့သို့မဟုတ် ပါ။ [Ev 227.2] EvBur 280.1
ဤအကြောင်းအရာများကို သတိထားကာကွယ်ခြင်းပြုလျက် ဖွင့်ဟ ပြောဆိုရမည်။ ဤတိုင်းပြည်၌ ယခုကျွန်ုပ်တို့ကောင်းသောနေရာကိုမရရှိသေး ပါ။ ဖြောင့်မတ်ခြင်းတရားအားလုံး၏ရန်သူသည် လူတို့အားအလင်းပေးနိုင် ခြင်းနှင့်ပညာပေးခြင်းအလုပ်ပြုလုပ်ခြင်းကိုဟန့်တားရန် အစီအစဉ်အမျိုးမျိုးဖြင့် သူသည်တီထွင်မှုပြုခဲ့ပြီး ယခုတတ်နိုင်သမျှ ဆက်လက်တီထွင်လုပ်ဆောင်လျက် ရှိသည်။ သူ၏စွမ်းအားသည် တိုးပွားလာသည်။ ဖင့်နွှဲခြင်းသည် မာရ်နတ် အားဖြစ်ပေါ်လာမည့်အခြေအနေအပေါ် အခွင့်အရေးပေးနေပြီး၊ ဤနှောင့်နှေး နေခြင်းဖြင့် ဝိညာဉ်များစွာဆုံးရှုံးခဲ့ရသည်။ လုပ်ငန်းနှောင့်နှေးခြင်းကို ဘုရားသခင်မနှစ်သက်ပါ။ နှောင့်နှေးခြင်းတိုင်းသည် လုပ်ငန်းလုပ်ဆောင်ခြင်း အတွက် ပို၍ခက်ခဲမှုကိုဖြစ်စေသည်။ အကြောင်းမှာ၊ လုပ်ငန်းခွင်ကိုကြိုတင် ပိုင်ဆိုင်နိုင်ခြင်းနှင့် အမှုတော်လုပ်ငန်းကိုဆန့်ကျင်ဘက်ပြုနိုင်ခြင်းတို့အတွက် ပြင်ဆင်မှုပြုလုပ်နိုင်ရန် မာရ်နတ်အားအခွင့်ကောင်းကိုပေးခြင်းကြောင့်ဖြစ်သည်။ [Ev 227.3] EvBur 280.2
ကျွန်ုပ်တို့၏မြို့ကြီးများတို့၌ အဆင့်အတန်းမြှင့်တင်ခြင်းကို ကျွန်ုပ် တို့လူများ၏နှေးကွေးစွာလှုပ်ရှားမှုများမှာ ဘုရားသခင်ပေးသောအလင်းတရား နှင့် ညီညွတ်ခြင်းမရှိပါ။ မြို့များထဲ၌ မှိတ်တုတ်မှိတ်တုတ်ဖြင့်သာလင်းနေသော အလင်းသည် မှားသောသိုးထိန်းများတို့အတွက် သိသာရုံသာရှိသောကြောင့် သူတို့အနေဖြင့် ဒဏ္ဍာရီပုံများနှင့်မှားယွင်းမှုများတို့ကို ပြောဆိုပြုလုပ်ကြပြီး၊ လူတို့၏စိတ်ကိုအမှန်တရားသတင်းစကားထံမှလွဲသွားစေရန် ပို၍လှုပ်ရှားနေ ကြသည်။ တချို့တို့သည် အနည်းငယ်မျှသာလှုပ်ရှားနေကြသည်။ သို့သော် အလုပ်လုပ်ဆောင်နိုင်ရန်အတွက် လူအင်အားနှင့်ငွေအားဖြင့်ပံ့ပိုးခြင်းမရှိပါ။ မာရ်နတ်သည် လိမ်လည်ခြင်းအံ့ဖွယ်များကိုလုပ်ဆောင်နေပြီး ဆက်လက်၍ လုပ်ဆောင်မည်ဖြစ်ရာ အမှန်တရားအလံကိုထောင်ရမည့်အချိန်၌ ပြင်းထန် သောလှည့်ဖြားခြင်းကို လက်ခံကြမည်ဖြစ်သည်။ ယခုအချိန်၌ အမှန်တရား ကိုသိရှိခဲ့သော ဘုရားသခင်၏လူတို့သည် မိမိတို့ရရှိခဲ့သောဘုရားသခင်၏ နှုတ်ကပတ်တော်အလင်းအတိုင်း သူတစ်ပါးတို့အားဝေငှရမည့်တာဝန်ကို ပျက်ကွက်ကြသောအကြောင်းရင်းကြောင့် မယုံကြည်သောသူများတို့သည် ကျွန်ုပ်တို့ကိုပြစ်တင်ခြင်းမရှိစေရန် ဥပုသ်နေ့နှင့်တနင်္ဂနွေနေ့အကြောင်းနှင့် ပတ်သက်သော ကျွန်ုပ်တို့၏ယုံကြည်ချက်အကြောင်းရင်းများကိုမကြားသိရမီ လိုအပ်သည့်အရာများကို ပို၍ကာကွယ်ထားရန်ပြုလုပ်ကြရမည်။ [Ev228.1] EvBur 281.1
ယခုလူတို့ကိုသည်းခံပြီး ကြင်နာစွာဖြင့်နည်းလမ်းပေးရန် လိုအပ်နေ သည့်အချိန်ဖြစ်ပြီး၊ တစ်သက်လုံးအတွက်ပညာရေးသည် ဆန့်ကျင်ဘက်ပြု ရန်မဟုတ်ပါ။ မည်သည့်ပုံစံနှင့်မဆို အမှန်တရားကိုဟောပြောရန် ကြီးမား သောပါးနပ်ခြင်းနှင့် သည်းခံသောကြိုးစားခြင်းလိုအပ်သည်။ Undated Manuscript 79. [Ev 228.2] EvBur 281.2
၎င်း၏ဟောပြောခြင်းကို ရွှေ့ဆိုင်းလိုက်သည် - လူတို့နှင့်တွေ့ ဆုံသောအခါ ဥပုသ်နေ့မေးခွန်းအပေါ်ငြင်းခုံခြင်းပြုရန် သင်၏တာဝန်ဖြစ်သည်ဟု သင်မထင် သင့်ပါ။ အကယ်၍၎င်းအကြောင်းနှင့်ပတ်သက်ပြီး သင့်အားလူတို့မေးလာ သောအခါ ကျွန်ုပ်ပြောရမည့်တာဝန်မဟုတ်ပါဟုသာ သူတို့ကိုပြန်၍ပြောလိုက် ပါ။ သို့သော် သူတို့အနေဖြင့် မိမိတို့၏ကိုယ်၊ စိတ်နှင့်ဆန္ဒကို ဘုရားထံသို့ အပ်နှံခဲ့ပါသော် ထိုအချိန်၌ ၎င်းလေးနက်၍ခိုင်မာသောအမှန်တံရားများအတွက် ချိန်ဆခြင်းပြုနိုင်ရန် သူတို့ပြင်ဆင်နေကြပြီးဖြစ်ပေလိမ့်မည်။ Letter 77,1895. [Ev 228.3] EvBur 282.1
လျော်သောနှောင့် နှေးခြင်းအတွက်သတိပြုခြင်း - သတိပြုခြင်းသည် လိုအပ်သည်။ သို့သော် တချို့သောအမှုဆောင်များတို့သည် သတိပြု၍ အလုပ်ကိုဖြည်းညင်းစွာလုပ်ဆောင်သည့်အခါ အကယ်၍လုပ်ငန်းသည်လျင်မြန် စွာလုပ်ဆောင်ရန်လိုအပ်သည်ဟု တွေ့မြင်ရသောသူတို့နှင့်အတူ ထိုသူတို့ ပါဝင်လုပ်ဆောင်နေပါက ဆုံးရှုံးခြင်းများစွာရှိနိုင်ပါလိမ့်မည်။ အခွင့်အရေး များကျော်လွန်သွားပြီး ဘုရားသခင်၏ပြင်ဆင်မှုတံခါးဖွင့်ထားပေးခြင်းကိုလည်း ခွဲခြားသိရှိနိုင်မည်မဟုတ်ပါ။ [Ev 228.4] EvBur 282.2
လူတို့သည် ယုံကြည်လာသောစိတ်ဖြစ်ပေါ်လာသည့်အခါ မိမိတို့၏ ယုံကြည်လာသည့်အမှန်တရားအတွက် ဆုံးဖြတ်ချက်ချနိုင်ရန် စောနိုင်သရွေ့ စောအောင်ပြုလုပ်နိုင်ခြင်းမရှိပါက မိမိတို့၏ယုံကြည်လာခြင်းတို့သည် မနှေ အမြန်ပျောက်ကွယ်သွားမည့်အန္တရာယ်သို့ ရောက်ရှိနိုင်ပါသည်။ [Ev 229.1] ကြိမ်ဖန်များစွာ လူတစ်စုတို့၏စိတ်သည် ဥပုသ်နေ့မေးခွန်းနှင့် ပတ်သက်ပြီး စိတ်ဝင်စားလာသည့်အခါ ဖြစ်ပေါ်လာမည့်အကျိုးအတွက် ကြောက်ရွံ့ကြကာ နှောင့်နှေးခြင်းကိုပြုကြသည်။ ထိုသို့ဖြစ်ခြင်းကြောင့် မကောင်းသောရလဒ်ကိုဖြစ်ပေါ်စေပါသည်။ Letter 31, 1892. [Ev 229.2] EvBur 282.3
တို တောင်းသောသာသနာ့ခရီးစဉ်တစ်ခုအတွင်း - ပရိသတ်အစုအရုံးတစ်ခု သင့်ရှေ့၌နှစ်ပတ်တည်းသာရှိနေသောအခါ အကယ်၍လမ်းပြင်ဆင်ပေးသည့် အနေဖြင့် အကြံရှိပါက အခြားအကြောင်းအရာအားလုံးဟောပြော၍ မပြီးမချင်း ဥပုသ်နေ့မေးခွန်းကိုဟောပြောရန် မဆိုင်းငံ့ပါနှင့်။ ဘုရားသခင်၏ပညတ်တော် နှင့် ယေရှု၏သက်သေခံချက်တို့ကိုဟောပြောခြင်းဖြင့် စံချိန်ကိုမြှင့်တင်ပါ။ ဤအရာကိုအရေးကြီးသောဆောင်ပုဒ်အဖြစ်ထားပါ။ ထိုနောက် သင်၏ပြင်းထန် သောငြင်းခုံမှုကြောင့် အရှိန်အဟုန်ပို၍ကြီးအောင်ထပ်မံ၍ပြုလုပ်ပါ။ ဗျာဒိတ် ကျမ်းအပေါ်ပို၍အာရုံစိုက်ပါ။ ဖတ်ပြီးရှင်းပြခြင်းအားဖြင့် ၎င်း၏သွန်သင်ချက် ကိုခိုင်မာစေပါ။ [Ev 229.3] EvBur 283.1
ကျွန်ုပ်တို့၏စစ်မှုသည်ပြင်းထန်သည်။ အလွန်ကြီးမားသောပြဿနာ များသည် ကျွန်ုပ်တို့၏ရှေ့၌ရှိသည်။ အမှန်ပင်ကျွန်ုပ်တို့အပေါ်သို့ရောက် လျက်ရှိသည်။ ကမ္ဘာသို့နောက်ဆုံးသတိပေးသတင်းစကားဟောပြောခြင်းမပြီးမီ ၏ ထိခိုက်ဒဏ်ရာရစေသောနှင့်ဖျက်ဆီးသောတံပိုးမမှုတ်ရန် ကောင်းကင်တမန် လေးပါးသည် လေ၏လေးဘက်လေးတန်ကိုကိုင်ထားရန်အတွက် ကျွန်ုပ်တို့ ဆုတောင်းချက်များကို ဘုရားရှင်ထံတော်သို့ရောက်ရှိစေပါ။ ထိုနောက် ကျွန်ုပ်တို့၏ဆုတောင်းချက်များနှင့်အညီ လုပ်ဆောင်ကြပါစို့။ ဤအချိန်အတွက် အမှန်တရား၏အရှိန်အဟုန်ကိုမလျော့စေပါနှင့်။ လက်ရှိအမှန်တရားသည် ကျွန်ုပ်တို့၏ဆောင်ရွက်ရမည့်တာဝန်ဖြစ်သည်။ တတိယကောင်းကင်တမန် သုံးပါး၏သတင်းစကားသည် မိမိတို့၏ခံယူချက်ကို ထာဝရအမှန်တရား၏ စင်မြင့်ပေါ်သို့ယူဆောင်မည့်သူများတို့အား အသင်းတော်မှခွဲခြားရမည့်အလုပ် လုပ်ဆောင်ကြရမည်။ Testimonies, vol. 6, p. 61 (1900) EvBur 283.2
ရှင်ခြင်းနှင့်သေခြင်းသတင်းစကား - လူတို့၏စိတ်ကိုမထိခိုက်စေသည့် မပြတ်သားသောဟန်အမူအရာဖြင့် တတိယကောင်းကင်တမန်သတင်းစကား ဟောပြောခြင်း၏အန္တရာယ်သည် ကျွန်ုပ်တို့၌ရှိသည်။ ကျွန်ုပ်တို့၏သတင်း စကားသည် ရှင်ခြင်းနှင့်သေခြင်းတမျှ အရေးကြီးသောသတင်းစကားဖြစ်သည်။ ၎င်းရှိသည့်အတိုင်းပေါ်လွင်အောင် ဘုရားသခင်၏ကြီးမားသောတန်ခိုးတော် ဖြင့် ဟောပြောကြရမည်။ ထိုနောက် ထိရောက်မှုကို ဘုရားသခင်ပြုလုပ်ပေး လိမ့်မည်။ တန်ခိုးအရှိန်အဟုန်အပြည့်အဝဖြင့် ကျွန်ုပ်တို့ဟောပြောကြရမည်။ Letter 209, 1899. [Ev 230.1] EvBur 283.3
သတင်းစကားကိုအသံမထွက်စေခြင်း - တတိယကောင်းကင်တမန်သတင်း စကားကြွေးကြော်ခြင်းကိုထိန်းချုပ်ထားရန် စာတန်မာရ်နတ်သည် နည်းလမ်း မျိုးစုံတီထွင်လျက်ရှိသည်။ သူ၏စီမံကိန်းများနှင့်နည်းစနစ်များကို ကျွန်ုပ်တို့ သတိပြုကြရမည်။ ယခုအချိန်၌ အမှန်တရား၏ဟောပြောသံကိုမလျော့သွား စေရန် သတင်းစကားဟောပြောခြင်းကိုအသံမမြည်စေရန် တိတ်တဆိတ်မနေ သင့်ပါ။ တတိယကောင်းကင်တမန်သတင်းစကားသည် အားကြီးခြင်းနှင့် စိတ်ချဖွယ်ရာဖြင့်ဟောပြောရမည်။ ဗျာဒိတ်အခန်းကြီး (၁၈) သည် တိုင်းထွာ ၍မရသောအသုံးအနှုန်းများဖြင့် အမှန်တရားဟောပြောခြင်း၏အရေးကြီးခြင်း ကို ရဲရင့်စွာနှင့်တန်ခိုးဖြင့်ဖော်ပြထားသည်။ တတိယကောင်းကင်တမန်သုံးပါး သတင်းစကားကို တိကျမှန်ကန်စွာကြွေးကြော်ဟောပြောခြင်းမပြုနိုင်ကြသည် ကို တွေ့ရှိရပါသည်။ သတင်းစကားကိုရှင်းလင်းပြတ်သားစွာဟောပြောသင့် သလောက်ဟောပြောခြင်းမပြုကြပါ။ Manuscript 16, 1900. [Ev 230.2] EvBur 284.1
ပညတ်တော်အကြောင်းခရစ်တော်ဟောပြောသကဲ့သို့ - ဘုရားသခင်ပညတ် တော်၏စည်းမျဉ်းဥပဒေများကို ခရစ်တော်သည် တိုက်ရိုက်အရှိန်အဟုန်ဖြင့် ဟောပြောပြီး ကြားနာရသောသူတို့အတွက် ဤစည်းမျဉ်းများကိုလိုက်လျှောက် ကြရာ၌ ပျက်ကွက်ခြင်းရှိကြောင်းပြသခဲ့သည်။ သူ၏ပြောဆိုသောစကားများ သည် အလွန်တိကျပြီး၊ ကြားနာရသူများအတွက် ဟာကွက်၊ သို့မဟုတ် ဆင်ခြင်ဆင်လက်ပေးရန်အချက်များမရှိလောက်အောင် အချက်ကျသည်။ Review and Herald, Sept. 13, 1906. [Ev 230.3] EvBur 284.2
ပေါလု သည်မိမိ၏စည်းစနစ်ကို ဆီလျော်ခြင်းရှိစေသည် - ရှင်ပေါလုသည် တစ်ပါးအမျိုးသားထံသို့ မိမိတို့၏ကယ်တင်ခြင်းအတွက် ခရစ်တော်သည်သာ တစ်ခုတည်းသောမျှော်လင့်ရာဖြစ်ကြောင်း ဟောပြောပြီးနောက် ပညတ်တော် အကြောင်းကိုနောက်မှဟောပြောသွားသည်။ ခရစ်တော်ကို ကျွန်ုပ်တို့၏ဤ ကမ္ဘာကြီးအတွက် ဘုရားသခင်၏ဆုလာဘ်အဖြစ်ပေးခဲ့ခြင်းအကြောင်း၊ လူတို့ အတွက်ဘုရားသခင်ဖော်ပြခဲ့သော တန်ဖိုးကြီးမားသည့်ဆက်ကပ်ခြင်းဖြင့် ရွေးနုတ်ရှင်ကိုလူတို့အားသိစေရန် လွယ်ကူစွာပြောဆိုခြင်းဖြင့် လူတို့၏စိတ် ကိုနွေးထွေးစေပြီး ၎င်းမေတ္တာဖြင့်ပေးသောဆုကျေးဇူးသည် ယုဒလူမျိုးနှင့် တစ်ပါးအမျိုးသားအားလုံးကို ဘုရားရှင်ချစ်ကြောင်းဖော်ပြရာ၌ သူတို့အားလုံး ၏စိတ်ကို ဘုရားရှင်ထံအပ်နှံကြပြီး ကယ်တင်ခြင်းရရှိရန်အတွက်ဖြစ်သည်။ ဤသို့ဖြင့် သူတို့၏စိတ်နှလုံးကိုထိခိုက်စေပြီး မိမိတို့၏ကိုယ်ကို ဘုရားရှင် ထံသို့ပေးအပ်သောအခါ ရှင်ပေါလုသည်သူတို့အား ဘုရားသခင်၏ပညတ် တော်ကို မိမိတို့၌နာခံမှုရှိမရှိ စမ်းသပ်သောအားဖြင့်ပေးခဲ့ကြောင်းပြောဆိုပါ သည်။ ၎င်းသူ၏ဆောင်ရွက်ပုံသည် ဝိညာဉ်များကိုအောင်မြင်ရန် မိမိ၏ နည်းစနစ်များကိုသုံးသပ်ပြီး ဆီလျော်စွာဆောင်ရွက်သွားခြင်းဖြစ်သည်။ Special Testimonies, Series A, No. 6, p. 55. (1895) Ev 230.4 EvBur 285.1
အခြေခံစည်းမျဉ်းဥပဒေများကိုဦးစွာပြောခြင်း - ကျွန်ုပ်တို့သည် ခရစ်တော် ကိုယုံကြည်သောသူများဖြစ်ကြကြောင်း၊ ခရစ်တော်သည် ဘုရားဖြစ်ကြောင်းနှင့် သူ၏ကြိုတင်တည်ရှိနေခြင်းကို ကျွန်ုပ်တို့ယုံကြည်ကြောင်း သူတို့သိရှိရသည့် အခွင့်အရေးမရမချင်း သူတို့၏ရိုးရာဓလေ့ထုံးစံများကို ပြစ်တင်ဝေဖန်ခြင်း ကဲ့သို့ သင်၏သတင်းစကားလက္ခဏာများကို ပေါ်လွင်စွာမပြုလုပ်ပါနှင့်။ ကမ္ဘာ့ရွေးနုတ်ရှင်၏သက်သေခံခြင်းအပေါ်တည်နေကြပါစို့။ Testimonies, vol. 6, p. 58. (1900) Ev 231.1) EvBur 285.2
ကျွန်ုပ်တို့ ဧဝံဂေလိသတင်းစကားကိုဟောပြောသည် - ခရစ်ယာန်မဟုတ်သော သူတို့အနေဖြင့် ကျွန်ုပ်တို့သည် ဧဝံဂေလိသတင်းစကားနှင့် ပညတ်တော်ကိုပါ ဟောပြောကြောင်း သူတို့အားနားလည်စေပါ။ သူတို့သည် ဤအမှန်တရား များတို့ကိုကြားနာရခြင်းအားဖြင့် အမှန်တရားအတွက် အများသောသူတို့သည် မိမိတို့၏စိတ်ထဲ၌ ခံယူကြလိမ့်မည်။ Letter 1, 1889. [Ev 231.2] EvBur 285.3
အပြစ်ကိုတွေ့မြင်လိမ့်မည် — နှုတ်ကပတ်တော်ကိုဖော်ပြသော ပညတ် တော်နှင့်ဧဝံဂေလိတရားကို လူတို့အားဟောပြောရလိမ့်မည်။ အကြောင်းမှာ ပညတ်တော်နှင့်ဧဝံဂေလိတရားပေါင်းစည်းခြင်းအားဖြင့် လူတို့၏အပြစ်ကို ဖော်ပြပေးလိမ့်မည်။ ဘုရားသခင်၏ပညတ်တော်သည် အပြစ်ကိုစီရင်သော အခါ ဧဝံဂေလိတရားကိုညွှန်ပြပြီး ဘုရားသခင်၏တည်ရှိတော်မူခြင်းအပြည့်အစုံ ကို ယေရှုခရစ်၌ဖော်ပြပါသည်။ ဧဝံဂေလိတရား၏ဘုန်းတော်သည် ယုဒ ခေတ်အပေါ်အလင်းကိုရောင်ပြန်ဟပ်ကာ ယုဒလူမျိုး၏စီးပွားရေးပုံစံနှင့်အရိပ် တစ်ခုလုံးသို့- ကြီးကျယ်ခမ်းနားခြင်းကိုပေးသည်။ ထိုကြောင့် ပညတ်တော်နှင့် ဧဝံဂေလိတရားနှစ်ခုစလုံးသည် ပေါင်းစည်းလျက်ရှိသည်။ မည်သည့်ဟောပြော ခြင်း၌မဆို ၎င်းတို့ကိုခွဲခြားခြင်းမပြုရပါ။ Manuscript 21, 1891. [Ev 231.3] EvBur 286.1
အကြောင်းအရင်းအခြားတစ်ဘက်၌ ဤအရာနှစ်ခုကို အတူတူနီးပါး ထားကြသော်လည်း ယေဘုယျအားဖြင့် ဘာဘာရေးသမားများတို့သည် ပညတ် တော်နှင့်ဧဝံဂေလိတရားကို ခွဲခြားကြပါသည်။ ကျွန်ုပ်တို့သည် လူတို့ရှေ့၌ ခရစ်တော်၏ဖြောင့်မတ်ခြင်းနှင့် သူ၏ကြီးမားသောရွေးနုတ်ခြင်းစီမံကိန်း၏ ပြည့်ဝသောထူးခြားထင်ရှားခြင်းကို မဆုပ်ကိုင်ထားကြပါ။ ကျွန်ုပ်တို့သည် ခရစ်တော်နှင့်သူ၏အနှိုင်းမဲ့မေတ္တာကိုချန်ထားခဲ့ပြီး ကျွန်ုပ်တို့၏အယူအဆများ နှင့်တွေးတောဆင်ခြင်ချက်များကိုထည့်သွင်းကာ ငြင်းခုံခြင်းများကိုဟောပြော ကြသည်။ Manuscript 24, 1890. [Ev 231.4] EvBur 286.2
သူတို့ အတူတကွလက်တွဲကြသည် - အကယ်၍ကျွန်ုပ်တို့သည် တတိယ ကောင်းကင်တမန်သတင်းစကား၏တန်ခိုးနှင့်စိတ်ဓာတ်ရှိပါက ကျွန်ုပ်တို့သည် ပညတ်တော်နှင့်ဧဝံဂေလိတရားကို အတူတူဟောပြောကြလိမ့်မည်။ သူတို့သည် အတူတကွလက်တွဲကြသောကြောင့်ဖြစ်သည်။ Gospel Workers, p. 161. (1915) [Ev 232.1] EvBur 286.3
စာပေဖြင့်သတင်းစကားကိုအင်အားဖြည့်တင်းပေးပါ - ကျွန်ုပ်တို့နေထိုင်လျက် ရှိသောနေ့ရက်များသည် အမြဲနိုးခြင်းရှိရမည်ဖြစ်ပြီး ဥပုသ်နေ့နှင့်ပတ်သက် သည့်မေးခွန်းအကြောင်းကို ဘုရားသားသမီးများဟောပြောရမည့်အချိန်ဖြစ် သည်။ ကမ္ဘာပေါ်ရှိလူတို့အား ဤနောက်ဆုံးသောသတိပေးစကားကိုဟောပြော အရေးကြီးသောဥပုသ်နေ့ကိုသန့်ရှင်းသော မိမိ၏ပညတ်တော်နှင့်ဘုရားသခင် တွဲထားကြောင်း လူတို့ကိုမြင်စေကြရမည်။ ဤသတင်းစကားကို အပြစ်သား များကြားနာရသောအခါ ဥပုသ်နေ့ပညတ်ကိုလိုက်လျှောက်ရမည့် အရေးကြီး သည့်အချက်ကို ကောင်းမွန်စွာနားမလည်သူများမရှိကြရန် ရှင်းလင်းပြတ်သား စွာဟောပြောကြရမည်။ Ev 232.2] EvBur 287.1
ဤလွယ်ကူသော ဘုရားသခင်၏နှုတ်ကပတ်တော်အမှန်တရားကို လူအပေါင်းသိရှိနိုင်ရန် ကျွန်ုပ်တို့အားလုံး ဆောင်ရွက်ရမည့်အလုပ်ဖြစ်သည်။ လူတို့ဖတ်ရှုနိုင်ရန်အတွက် နှုတ်ကပတ်တော်၏ဖော်ပြချက်များကို ပုံနှိပ်ထုတ်ဝေ ကြရမည်။ ၎င်းတို့၌ရေးသားချက်ပါရှိသည့်အတိုင်း အကယ်၍ထွက်မြောက် ရာကျမ်းအခန်းကြီး (၁၉) နှင့် (၂ဝ)၊ ၎င်းပြင် အခန်းကြီး (၃၁)၊ အခန်းငယ် (၁၂-၁၈) အပါအဝင်များကိုပုံနှိပ်နိုင်ပါက အလွန်ကောင်းမည်ဖြစ်ပါသည်။ ဤအမှန်တရားများကို စာအုပ်ငယ်လေးသဖွယ်ပြုလုပ်ပြီး လူတို့အားဘုရားသခင် ၏နှုတ်ကပတ်တော်ကိုစကားပြောစေပါ။ ပညတ်တော်နှင့်ပတ်သက်သည့် ဟောပြောခြင်းကိုပြုလုပ်သောအခါ အချက်အလက်များမှန်ကန်မည်ဖြစ်သော် လည်း ၎င်းအကြောင်းအရာနှင့်ပတ်သက်သည့် စာစောင်ငယ်လေးပါရှိပါက ပို၍ထိရောက်ပါလိမ့်မည်။ ထိုနောက် တနင်္ဂနွေနေ့ပညတ်များအကြောင်းသိ လိုသူများနှင့် သင်တွေ့ဆုံသောအခါ ဤပုံနှိပ်ထားသောစာစောင်ငယ်လေးကို သူတို့လက်ထဲသို့ ပေးလိုက်ပါ။ ဤအကြောင်းသင်ဆွေးနွေးရန်မလိုပါ။ `ဘုရားသခင်မိန့်တော်မူသည်ကား” ဟူသော သတ္တမနေ့ကိုစောင့်ရမည့်အကြောင်း သင့်လက်တွင်း၌ရှိနေပြီဟု သူတို့ကိုပြောလိုက်ပါ။ Review and Herald, March 26, 1908. EvBur 287.2
ခြားနားသောအမှတ်အသားကိုပေါ်လွင်စေပါ - ကမ္ဘာနှင့်ပေါ်လွင်ထင်ရှားစွာ ခွဲခြား၍သိရှိနိုင်သော ဘုရားသခင်သားသမီးများတို့၏ဖြူစင်ခြင်း၊ မြင့်မြတ် ခြင်း၊ သန့်ရှင်းခြင်းစည်းမျဉ်းများကို ကမ္ဘာကြီးအားပြသကြရမည်။ သတ္တမ နေ့ဥပုသ်ကိုမစောင့်ရှောက်သောသူတို့နှင့် တဖြည်းဖြည်းအတိအကျခွဲခြား၍ မရနိုင်သည့် ဘုရားသခင်၏သားသမီးများဖြစ်ကြမည့်အစား သူတို့အနေဖြင့် ဥပုသ်နေ့ကိုကောင်းမွန်စွာစောင့်ထိန်းနေကြကြောင်း ကမ္ဘာမှမပျက်မကွက် သူတို့အား ခရစ်တော်ကိုမြော်လင့်သောသတ္တမနေ့ဥပုသ်အသင်းဝင်များဖြစ် ကြောင်း သိရှိစေရပါမည်။ Manuscript 162, 1903. [Ev 233.1] EvBur 288.1
အပြစ်ရှိသူကိုဖော်ပြရန်ခေါ်ခြင်း — ကျွန်ုပ်တို့နေထိုင်သောအချိန်၌ သတင်း စကားသယ်ဆောင်ရန်အတွက် ဘုရားသခင်သည် မိမိ၏လူတို့ကိုခေါ်လျက် ရှိသည်။ တနင်္ဂနွေဥပဒေကိုထင်ရှားစွာတန်ခိုးပေးပြီး အချိန်နှင့်ပညတ်ကို ပြောင်းလဲရန်စဉ်းစားသောသူနှင့် မှန်သောဖန်ဆင်းခြင်း၏ဥပုသ်နေ့ကို ဘုရားသခင်၏သန့်ရှင်းသောနေ့အဖြစ်စောင့်ထိန်းခြင်းအားဖြင့် ဘုရားသခင်ကို ဂုဏ်ပြု၍ မားမားမတ်မတ်ရပ်တည်လျက်ရှိသော ဘုရားသခင်၏သားသမီး များတို့အား ဖိနှိပ်သောသူကိုဖော်ပြရန် သူတို့ကိုခေါ်တော်မူသည်။ Testimonies to Ministers, p. 118. (1903) [Ev 233.2] EvBur 288.2
ခြားနားသောလူတစ်စုနှင့်ခိုင်မာသောသတင်းစကားတစ်ခု - ဘုရားသခင်သည် မိမိလူတို့အား ခိုင်မာသောသတင်းစကားတစ်ခုဖြစ်သည့် တတိယကောင်းကင် တမန်၏သတင်းစကားကို ကမ္ဘာသို့သယ်ဆောင်ရန်ပေးခြင်းဖြင့် ကျေနပ်လျက် ရှိသည်။ ဘုရားသခင်၏လက္ခဏာကိုယူဆောင်လျက် သူ၏ဥပုသ်နေ့၊ ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းသည့် အသက်ရှင်တော်မူသောဘုရားသခင် ၏အောက်မေ့ဖွယ်ရာ သန့်ရှင်းသောသတ္တမနေ့ကို သန့်ရှင်းစွာစောင့်ရှောက် ပြီး သားရဲ၊ သို့မဟုတ် သူ၏ရုပ်တုကိုကိုးကွယ်ရန်ငြင်းဆန်သော ထင်ရှား သည့်ကမ္ဘာနှင့်ခြားနားသောလူတစ်စုကို ယောဟန်ကြည့်နေသည်။ သူတို့နှင့် ပတ်သက်ပြီး တမန်တော်ယောဟန်ရေးထားသည်မှာ၊ “ဘုရားသခင်၏ပညတ် တော်နှင့် ယေရှု၏ယုံကြည်ခြင်းကိုစောင့်ရှောက်သောသူများသည်မှာရှိသည်” ဟုဖြစ်ပါသည်။ Letter 98, 1900. [Ev 233.3] EvBur 288.3
သားရဲ၏တံဆိပ် - ပထမနေ့ စောင့်ထိန်းရန်ဥပဒေကိုချမှတ်ခြင်းနှင့် မှန်သောဥပုသ်၏တာဝန်နှင့်ပတ်သက်ပြီး ကမ္ဘာမှအသိတရားရရှိလာသောအခါ ဘုရားသခင်၏ပညတ်တော်ကိုချိုးဖောက်ပြီး ရောမအာဏာထက်မမြင့်သော ပညတ်တစ်ခုကိုနာခံသောသူတိုင်းတို့သည် ဘုရားသခင်ထက် ရဟန်းမင်းကို ဂုဏ်ပြုလိမ့်မည်။ သူသည် ရောမနှင့်ရောမ၏တန်ခိုးမှ ဤချမှတ်ထားသော ဥပုသ်ကို အရိုအသေပေးခြင်းဖြစ်သည်။ ထိုအခါသူသည် သားရဲနှင့်သူ၏ ရုပ်တုကိုကိုးကွယ်ခြင်းဖြစ်သည်။ လူတို့အနေဖြင့် ဘုရားသခင်ကြေညာထား ခဲ့သော မိမိ၏တန်ခိုးအာဏာဖြင့်တည်ထောင်ထားသည့်အရာကိုငြင်းပယ်ပြီး ၎င်းအစား မိမိ၏ကြီးမြတ်ခြင်းအာဏာအမှတ်အသားအဖြစ် ရောမမှရွေးချယ် ထားသောအရာကိုဂုဏ်ပြုခြင်းသည် သားရဲ၏တံဆိပ်ကိုခံယူခြင်းပင်ဖြစ်သည်။ ထိုနောက် လူတို့ရှေ့၌ ဘုရားသခင်၏ပညတ်တော်ကိုစောင့်ထိန်းခြင်းနှင့် လူ၏ပညတ်ကိုစောင့်ထိန်းခြင်းနှစ်ခုစပ်ကြား ပြတ်သားစွာအမိန့်ချမှတ်ပြီး လူတို့အားရွေးချယ်ရန်အချိန်ရောက်လာသောအခါ လူတို့သည် ဆက်လက်၍ ကျူးလွန်နေခဲ့ပါက သူတို့သည် သားရဲ၏တံဆိပ်ကိုခံယူခြင်းပင်ဖြစ်သည်။ The Great Controversy, p. 449. (1888) Ev 233.4 EvBur 289.1
အနာဂတ်၌သားရဲ၏တံဆိပ်ကိုလက်ခံခြင်း - ဥပုသ်နေ့ပြောင်းလဲခြင်းသည် ရောမအသင်းတော်တန်ခိုးအာဏာ၏လက္ခဏာ၊ သို့မဟုတ် အမှတ်အသား ပင်ဖြစ်သည်။ ပညတ်တော်လေးပါးတစ်ပါး၏တောင်းဆိုချက်ကို နားလည် သောသူသည် မှန်သောဥပုသ်နေ့အစား မှားသောဥပုသ်နေ့ကိုစောင့်ရှောက်နေ ခြင်းသည် ထိုတန်ခိုးကိုအရိုအသေပေးခြင်းဖြစ်သည်။ သားရဲတံဆိပ်သည် စိတ်ဓာတ်ရှိသူ၊ လှုပ်ဆောင်မှုမညီညွတ်ခြင်းများ၊ စိတ်ဓာတ်စည်းလုံးမှုမရှိ ခြင်းများ၊ အလုပ်အတွက်လုံခြုံမှုမရှိခြင်းနှင့် ကောင်းမွန်စွာအမှုတော်ကြီးထွား မှုမရှိခြင်းတို့ကို မရှိစေပါနှင့်။ ဖြည်းညင်းစွာအမှားကိုသွတ်သွင်းပြီး ဝိညာဉ် များကို အမှန်တရားထံမှဆွဲဆောင်သွားမည့် မှားယွင်းသောဆရာများ၊ ဆိုးသွမ်း သောအမှုဆောင်များရှိပေလိမ့်မည်။ ဤဆုတောင်းခြင်းပြည့်စုံရန် လိုလားသူ များတို့သည် ဤဖြစ်တတ်သောကွဲပြားခြင်းကိုအားမပေးရန်၊ စည်းလုံးခြင်း စိတ်ဓာတ်နှင့် ညီအစ်ကိုများအထဲ၌မေတ္တာရှိစေရန် ကြိုးစား၍ထိန်းသိမ်းကြ ရမည်။ Review and Herald, May 29, 1888. [Ev 212.3] ပါရာ EvBur 289.2
ပုံပြင်ကလေးများ၊ ကောက်ရိုးမျှတန်ဖိုးမရှိ - ကျွန်ုပ်တို့သည် အမှန်တရား ကိုရရှိခဲ့ပြီး နားလည်သောသူများထံနှင့် တစ်ကြိမ်ပြီးတစ်ကြိမ်၎င်းတို့ကိုကြား ခဲ့ရပြီး၊ မူရင်းအကြောင်းအရာများကို ပြန်လည်၍ပြောနိုင်လိမ့်မည်ဟု ထင်မြင် ရသောသူတို့ထံသို့ အကြောင်းကြားစရာမလိုပါ။ သူသည် ကောက်ရိုးတစ်ချောင်း မျှပင်တန်ဖိုးမရှိသော ဒဏ္ဍာရီပုံပြင်ကလေးများကို ယူဆောင်လာခြင်းပင်ဖြစ် သည်။ လူတို့၏စိတ်ကို ဘုရားသခင်ပေးတော်မူသော စစ်မှန်သည့်စုံစမ်းခြင်း များမှလမ်းကြောင်းလွှဲလိုက်ရန် ထိုအရာများကိုမာရ်နတ်အစပြုဖန်တီးခဲ့သော အခါ ဤအရာများကိုဘုရားပေးသောစုံစမ်းခြင်းများကဲ့သို့ သူယူဆောင်လာ သည်။ General Conference Bulletin, April 16, 1901. Ev 213.1] EvBur 290.1
သစ်လွင်၍ထူးဆန်းသောလူသား၏စမ်းသပ်ခြင်းများ - မည်သူမျှအတင်းအကျပ် နှုတ်ကပတ်တော်ကိုနားလည်ရန်ခက်ခဲသောဆောက်တည်ခြင်းအားဖြင့် အမှန် တရားကိုမဖျက်ဆီးသင့်ပါ။ ဤသို့ဖြင့် တချို့သောသူတို့သည် ဘုရားသခင် ၏အမှန်တရားကို လိမ်လည်ခြင်းသို့ပြောင်းလဲလိုက်မည့်အန္တရာယ်ရှိသည်။ သူတို့၏နှလုံးသားကို ဘုရားဝိညာဉ်တို့ထိရန် လိုအပ်နေသူများရှိကြသည်။ သို့မှသာ ယခုအချိန်အတွက်အမှန်တရားသည် သူတို့၏ဝန်ထုပ်ဖြစ်ပေလိမ့် မည်။ သူတို့သည် လူသားတို့၏စမ်းသပ်ခြင်းနှင့် သစ်လွင်၍ထူးဆန်းသော အရာများကို ရှာဖွေကြမည်မဟုတ်ပါ။ ယခုအချိန်အတွက်စမ်းသပ်ခြင်းသည် ပညတ်တော်လေးပါးတစ်ပါးမှ ဥပုသ်နေ့ဖြစ်ပြီး၊ ဤကြီးမားသောအောက်မေ့ ဖွယ်နှင့်ပတ်သက်သည့်အရာအားလုံးတို့ကို လူတို့ရှေ့၌ထားရှိကြရမည်။ Undated Manuscript 111. [Ev 213.2] EvBur 290.2
လူသားထင်မြင်ယူဆချက်များမှကင်းလွတ်ခြင်း - ဘုရားသခင်၏အလုပ်သည် ကြီးသောအလုပ်ဖြစ်သည်။ လောက၏အလွန်သေးငယ်သောစည်းမျဉ်းဥပဒေ မှကင်းလွတ်သည့် ကျမ်းစာ၏စည်းမျဉ်းဥပဒေများကို စောင့်ရှောက်ထိန်းသိမ်း ရန် ပညာရှိသောသူများလိုအပ်နေသည်။ အမှုဆောင်အားလုံးတို့သည် စမ်းသပ် ခြင်းခံရပါသည်။ အုတ်မြစ်သို့ သစ်သား၊ မြက်ခြောက်၊ ကောက်ရိုးပြတ် ယူလာသောသူအကြောင်းကို ရှင်ပေါလုပြောသည်။ ဤအရာသည် အမှန်တရား မဟုတ်သောအရာကို အမှန်တရားကဲ့သို့ယူဆောင်လာသောသူကိုပုံဆောင်ပြီး မိမိတို့၏ထင်မြင်ယူဆချက်နှင့်လီဆယ်မှုများပင် ၎င်းအထဲ၌ပါရှိပါသည်။ အကယ်၍ ဤဝိညာဉ်များကယ်တင်ခြင်းရရှိပါက မီးအားဖြင့်ကဲ့သို့ပင်ဖြစ်လိမ့် မည်။ အကြောင်းမှာ သူတို့သည် ဘုရားသခင်၏အလိုတော်နှင့်အညီ အလုပ် လုပ်နေသည်ဟု သတိတရားရှိစွာဖြင့်ထင်နေသောကြောင့်ဖြစ်သည်။ သူတို့ သည် မီးစများကဲ့သို့သာ လွယ်ကူစွာလောင်ကျွမ်းခြင်းခံရပါလိမ့်မည်။ [Ev 213.3] EvBur 291.1
ဖြူစင်ခြင်း၊ ချီးမြှောက်ခြင်းနှင့်မြင့်မြတ်ခြင်းရှိရမည့်အလုပ်သည် မှားယွင်းခြင်းများတို့နှင့်ရောနှောရန် လူတို့ပြုလုပ်ကြသည်။ ထိုသို့ဖြင့် အမှန် မရှိဘဲ မည်သူမျှရပ်တည်၍မရပါ။ မှားယွင်းမှုများနှင့်ရောထွေးလျက်ရှိသော တရားသည် ပျက်စီးခဲ့ရသည်။ တစ်ကိုယ်ကောင်းစိတ်အားဖြင့် စွန်းထင်းခြင်း ဘုရားသခင်၏အမှုတော်သည် ကမ္ဘာကြီး၏ရှေ့မှောက်၌ ရှင်းလင်းပြတ်သား စွာရပ်တည်သင့်သည့်နေရာတွင် လက်တွေ့လုပ်ငန်းလုပ်ဆောင်ခြင်း၌ ဆန့်ကျင် သည့်စည်းမျဉ်းဥပဒေများ၏မကောင်းမှုများကိုဖြစ်စေသည်။ Letter 3, 1901. [Ev 214.1] EvBur 291.2
နှုတ်ကပတ်တော်ကိုဟောပြောပါ - အမှန်တရားကိုသွန်သင်သောလူငယ် များတို့အား ကျွန်ုပ်၌ပြောစရာစကားများရှိသည်။ နှုတ်ကပတ်တော်ကိုဟော ပြောပါ။ သင်၌တီထွင်လိုသောစိတ်ရှိလိမ့်မည်။ အသစ်သောစိတ်ကူးများရရှိ သော ယုဒဆရာများကဲ့သို့ သင်သည် တတ်ကျွမ်းသူတစ်ဦးဖြစ်ကောင်းဖြစ် ပေလိမ့်မည်။ သို့သော် သူတို့ကိုခရစ်တော်ပြောခဲ့သည်မှာ၊ “လူတို့စီရင်သော ပညတ်တို့ကိုသွန်သင်၍ နည်းဥပဒေသပေးလျက်ပင် ငါ့ကိုအချည်းနှီး ကိုးကွယ်ကြ၏” မဿဲ ၁၅း၉။ သူတို့သည် လူတို့အားရှေးဓလေ့ထုံးစံများ၊ ထင်မြင်ယူဆချက်များနှင့် အမျိုးမျိုးသောပုံပြင်များဖြင့်ဟောပြောကြသည်။ သူတို့နှစ်သက်သောပုံစံနှင့်အခမ်းအနားများမှ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုစောင့်ရှောက်သောသူများဖြစ်ကြသည်၊ သို့မဟုတ် လူတို့ ၏ရှေးဓလေ့ထုံးစံများကို လိုက်လျှောက်နေသောသူများဖြစ်ကြသည်ဟူသော ကွဲပြားခြင်းကို လူတို့အတွက်သိရှိရန်မလွယ်ကူလှပါ။ [Ev 214.2] EvBur 292.1
လူတို့၏စိတ်ကိုရှုပ်ထွေးစေနိုင်သည့်အခါ မာရ်နတ်သည် လွန်စွာ အားရနှစ်သက်သည်။ ဓမ္မအမှုဆောင်များတို့သည် မိမိတို့၏ကိုယ်တိုင်ထင်မြင် ယူဆချက်များကို မဟောပြောပါစေနှင့်။ လေးနက်သောခံယူချက်ဖြင့် စိတ်အား ထက်သန်စွာ နှုတ်ကပတ်တော်ကိုသူတို့အားရှာဖွေစေပြီး၊ အကယ်၍သူတို့ သင်ကြားသောအယူဝါဒထဲ၌ ဘုရားသခင်၏နှုတ်ကပတ်တော်မှပါရှိသည့်အရာ များမဟုတ်ပါက သူတို့သည် ဗျာဒိတ်နောက်ဆုံးကျမ်း၌ပုံဆောင်ခြင်းခံရသော သူများကဲ့သို့ ဖြစ်ပေလိမ့်မည်။ [Ev 214.3] EvBur 292.2
စိတ်ကူးခြင်းဖြင့်ခံယူသော အယူဝါဒများ၏နောက်သို့လိုက်ပါရန် သွေးဆောင်ခြင်းခံရသောသူတို့သည် ကောင်းကင်အမှန်တရား၏မိုင်းတွင်းထဲ သို့ နက်နက်တူး၍၊ လက်ခံရရှိသောသူထံသို့ပေးနိုင်ရန် ကြွယ်ဝချမ်းသာခြင်း တည်းဟူသော ထာဝရအသက်ကိုရရှိထားရမည်။ တန်ဖိုးရှိသောဘဏ္ဍာကို ဘုရားသခင်၏နှုတ်ကပတ်တော်အား စိတ်အားထက်သန်စွာဖြင့် လေ့လာသူ များတို့သာ ကောင်းကင်တမန်များတို့၏လမ်းပြကူညီရှာဖွေပေးခြင်းအားဖြင့် ရရှိကြပါလိမ့်မည်။ Undated Manuscript 111. EvBur 292.3
လူတို့ သည်လူသားချည်မျှင်ဖြင့်ရက်လုပ်သောအခါ - လူတို့သည် စတင်၍ လူသားများတို့၏ချည်မျှင်ဖြင့် ပင့်ကူအိမ်ကဲ့သို့ဖြစ်လာရန် ရက်လုပ်သောအခါ၊ ဘုရားသခင်ဆိုင်းငံ့နေပါသည်။ သူ၏ဆိုင်းငံ့နေခြင်းကို လူတို့အနေဖြင့် မိမိ တို့၏ကိုယ်ပိုင်အတွေးအခေါ်ဖြင့် တီထွင်မှုများကိုဘေးဖယ်ထားပြီး ဘုရားသခင် ၏လမ်းနှင့်အလိုတော်ကို လက်ခံသည့်အထိဖြစ်ပါသည်။ Letter 181, 1901. [Ev 215.1] EvBur 293.1
အဏုမြူ ကမ္ဘာတစ်ခုပြုလုပ်ခြင်း - အို၊ ကိုယ်ကျိုးစွန့်လျက် မိမိကိုယ်ကို ဆက်ကပ်ပြီး မြင့်မြတ်သောအလုပ်ကို လူဘယ်နှစ်ယောက်လုပ်ကြမည်နည်း။ အသက်တာ၏သေးငယ်သောအရာများကို မည်သူစိတ်ဝင်စားသနည်း။ သူတို့ သည် မျက်စိကွယ်ကြပြီး အဝေးသို့မမြင်နိုင်ပါ။ သူတို့သည် ကမ္ဘာ၏အဏုမြူ တစ်လုံးနှင့် အဏုမြူ၏ကမ္ဘာတစ်လုံးကိုပြုလုပ်သည်။ သူတို့သည် တိမ်သော ချောင်းကလေးများကဲ့သို့ဖြစ်လာကြခြင်းသည် အခြားသူများထံသို့ အသက် စမ်းရေကိုဝေမပေးခြင်းကြောင့်ဖြစ်သည်။ Manuscript 173. 1898. [Ev 215.2] EvBur 293.2
လူတစ်ဦး၏အတွေးအခေါ်အားဖြင့်သတင်းစကားအားနည်းစေသည် - အသင်းတော် ထဲ၌ တန်ဖိုးရှိသောစွမ်းရည်ရှိသည်။ သို့သော်ပြောင်းလဲခြင်းမရှိသမျှ ဤပုဂ္ဂိုလ် များကိုဘုရားသခင်အသုံးမပြုပါ။ အသင်းတော်ကိုအကူအညီပေးရန် လူတချို့ တို့၌ လုပ်ဆောင်နိုင်သည့်စွမ်းအားရှိသည်။ သို့သော် ထိုသူတို့သည် မိမိ တို့၏စိတ်နှလုံးများကို မှန်သောအနေအထား၌ ဦးစွာထားရှိရမည်။ တချို့ သောသူတို့သည် မှားသောစမ်းသပ်ခြင်းများကိုယူဆောင်လာကြပြီး မိမိတို့၏ ကိုယ်ပိုင်အတွေးအခေါ်နှင့်ထင်မြင်ချက်များကို မှတ်ကျောက်တင်ကြသည်။ ၎င်းပြင်အနည်းငယ်သာအရေးကြီးသည့်အရာများတို့ကို ခရစ်ယာန်မိတ်သဟာယ ဖွဲ့ခြင်း၏စမ်းသပ်မှုများထဲသို့ ပုံကြီးချဲ့ ယူဆောင်လာကာ အခြားသောသူများ အပေါ် လေးလံသောဝန်ထုပ်များဖြင့် တုပ်နှောင်ထားကြပါသည်။ ဤသို့ဖြင့် အသင်းတော်ကိုကြီးစွာအနာတရဖြစ်စေသော ဝေဖန်ခြင်းစိတ်ထား၊ အပြစ်ရှာ ခြင်းနှင့် ကြီးမားသောခိုက်ရန်ဖြစ်ပွားခြင်းများဝင်ရောက်လာပါသည်။ ထိုနောက် မယုံကြည်သူများတို့အတွက် ခံစားရသည့်အရာမှာ၊ သတ္တမနေ့ဥပုသ်ကိုစောင့် သော မြော်လင့်ခြင်းအသင်းဝင်တို့သည် တစ်ယူသန်၊ တစ်ဖက်စွန်းများဖြစ်ကြပြီး သူတို့၏ထူးခြားသောယုံကြည်ခြင်းသည် သူတို့အားကြင်နာခြင်းကင်းမဲ့သူများ၊ ယဉ်ကျေးသိမ်မွေ့ခြင်းမရှိသူများနှင့် ခရစ်ယာန်မဆန်သောအကျင့်စာရိတ္တရှိ သူများ ဧကန်အမှန်ဖြစ်ကြောင်း ထင်ရှားလျက်နေခြင်းဖြစ်သည်။ ဤသို့ဖြင့် အနည်းငယ်သောတစ်ဖက်စွန်းသမား၏အလုပ်သည် အမှန်တရား၏သြဇာဖြင့် လူတို့ထံသွားရောက်ပြီး ခရစ်တော်ထံသို့ခေါ်ဆောင်လာရန် အတားအဆီးဖြစ် စေပါသည်။ [Ev 215.3] EvBur 293.3
တချို့သောသူတို့သည် အဝတ်အစားနှင့်ပတ်သက်သောကိစ္စကို ပထမ အရေးကြီးသောနေရာ၌ထားကြပြီး အခြားသူများဝတ်ဆင်သောအရာများကို ပြစ်တင်ဝေဖန်ကြသည်။ ထိုနောက် သူတို့၏အမြင်နှင့်အတိအကျမကိုက်ညီ ပါက အပြစ်တင်ရန်အဆင်သင့်ရှိနေကြသည်။ တချို့သောသူများတို့အနေဖြင့် ရုပ်ပုံကားချပ်များကိုအပြစ်တင်ပြီး ဒုတိယပညတ်တော်မှတားမြစ်ထားသော အရာဟုပြောဆိုကြကာ ၎င်းတို့နှင့်ပတ်သက်သည့်အရာအားလုံးကို ဖျက်ဆီး သင့်သည်ဟု တွန်းအားပေးကြသည်။ [Ev 215.4] EvBur 294.1
ဤအတွေးအခေါ်တစ်ခုတည်းရှိပုဂ္ဂိုလ်များတို့သည် အခြားအရာများ ကိုလုံးဝမတွေ့ မမြင်ဘဲ တစ်ခုတည်းကိုသာလျှင် စိတ်ထဲ၌စွဲလမ်းလျက်ရှိသည်။ ရင်ဆိုင်ခဲ့ရသည်။ ရုပ်ပုံကားချပ်များကိုဝေဖန်ပြောဆိုသည့်သတင်းစကားကို လွန်ခဲ့သောနှစ်ပေါင်းများစွာ၌ ဤစိတ်ဓာတ်နှင့်လုပ်ဆောင်မှုမျိုးကို ကျွန်ုပ်တို့ ဟောပြောကြပြီး၊ ရုပ်ပုံကားချပ်နှင့်ဓာတ်ပုံအစရှိသည်တို့ကိုဖျက်ဆီးရန် တိုက်တွန်းခဲ့ကြသည်။ ဤထက်မက ရုပ်ပုံ၊ သို့မဟုတ် ဓာတ်ပုံပါရှိသည့် နာရီများကိုအသုံးပြုခြင်းသည် မှားယွင်းကြောင်း၊ မသင့်လျော်ကြောင်းကိုပင် ပြောကြသည်။ [Ev 216.1] EvBur 294.2
လူအချို့တို့သည် မိမိတို့လက်တွင်းရှိ ပိုင်ဆိုင်သောရုပ်ပုံကားချပ် အားလုံးကို မီးရှို့ဖျက်ဆီးကြပြီး၊ ၎င်းအရာနှင့်တူသော မိမိတို့၏မိတ်ဆွေများ တို့၌ရှိသည့် ရုပ်ပုံကားချပ်၊ ဓာတ်ပုံများတို့ကိုပါ ဖျက်ဆီးကြသည်။ ဤအယူသီး သောလှုပ်ရှားမှုများအပေါ် ကျွန်ုပ်တို့သနားညှာတာမှုမရှိသောအခါ၊ မိမိတို့၏ ရုပ်ပုံကားချပ်များကို မီးရှို့ဖျက်ဆီးသူအား ၎င်းတို့အတွက် အစားထိုးကုန်ကျ စရိတ်ကိုမခံရန်အကြံပြုသည်။ အကယ်၍သူတို့သည် သိလျက်နှင့်လုပ်ဆောင် ကြပါက ဖြစ်ပျက်သမျှအရာအားလုံးတို့အပေါ် သူတို့အနေဖြင့်ကျေနပ်သင့် ကြပါသည်။ သို့သော် သူတို့ပြုသကဲ့သို့ သူတစ်ပါးတို့အားပြုလုပ်ရန်လိုအပ် ကြောင်း အားမပေးသင့်ပါ။ သူတို့၌ရှိသောခံယူချက်မျိုးကို သူတို့၏ ညီအစ်ကိုမောင်နှမများတို့၌ရှိစေရန် သူတို့အနေဖြင့်ကြိုးစား၍မပြုလုပ်သင့်ပါ။ Historical Sketches, pp. 211, 212. (1886) [Ev 216.2] EvBur 295.1
ပြောဆိုနိုင်သောပညာကို ပေးပါလိမ့်မည်။ သတ္တမနေ့သည် ဘုရားသခင်၏ ဥပုသ်နေ့အမှန်တရားဖြစ်ကြောင်းကို ယုံကြည်လာသောသူတို့သည် သူတို့၏ ကိုယ်တိုင်ခံစားချက်များနှင့်ညှိနှိုင်းပြီး မိမိတို့၏ဆုံးဖြတ်ချက်ချရမည့်ဆက်ကပ် ခြင်းသည် ကြီးမားလွန်းသည်ဟု မာရ်နတ်၏ပို့ဆောင်ရာသို့မပါသွားစေဘဲ ဘုရားသခင်သည် သူတို့၏ယုံကြည်ခြင်းခွန်အားကိုအားပေးရန် ကျွန်ုပ်တို့ ဆုတောင်းပါသည်။ EvBur 296.1
သူတို့သည် ယာယီအရာများတို့၌ ဆုံးရှုံးခြင်းကိုခံရကြပြီး မစမည့် သူများလိုအပ်ပါလိမ့်မည်။ လူအများမေးခွန်းထုတ်ကြသည်မှာ၊ “ကျွန်ုပ်တို့ရဲ့ မိသားစုကို ဘယ်လိုထောက်ပံ့ကြမလဲ” ဟုဖြစ်ပါသည်။ ကျွန်ုပ်တို့သည် သတ္တမနေ့ကိုသန့်ရှင်းစွာစောင့်ထိန်းပြီး ဥပုသ်နေ့၌အလုပ်မလုပ်ကြသည်နှင့် တစ်ပြိုင်တည်း ကျွန်ုပ်တို့၏လုပ်ငန်းတာဝန်ဆုံးရှုံးသွားပါလိမ့်မည်။ ကျွန်ုပ် တို့၏မိသားစုကို အငတ်ထားရမည်လား၊ ကျွန်ုပ်တို့ဘာပြောရမည်နည်း။ နွမ်းပါးခြင်းနှင့်လိုအပ်ခြင်းသည် နေရာတိုင်း၌တွေ့ရသည်။ ရိုးသားသူများ ဘာလုပ်ရမည်ကိုမသိကြပါ။ သူတို့မစွန့်စားဝံ့ကြပါ။ သတ္တမနေ့သည် ဘုရားသခင်၏ဥပုသ်နေ့ဖြစ်ကြောင်း သူတို့အပြည့်အဝယုံကြည်ကြသည်။ ဘုရားသခင်သည် သတ္တမနေ့ကိုကောင်းချီးပေးပြီး ထိုနေ့ရက်ကိုဖန်ဆင်းခြင်း ၏အထိမ်းအမှတ်အဖြစ် လူတို့အတွက်စောင့်ထိန်းရန်ခွဲခြားထားပြီး သတ္တမ နေ့၌သူနားကြောင်း သူတို့သိကြပါသည်။ Ev 239.1] EvBur 296.2
သူတို့၏ဝိညာဉ်ရှေ့၌ တောင်ကြီးသဖွယ် အခက်အခဲများရှိနေကြောင်း ကျွန်ုပ်တို့မြင်ရသောအခါ သူတို့ကိုယ်တိုင်နှင့်သားသမီးများအတွက်လိုအပ်မည့် အလားအလာသည် သူတို့၏ရှေ့၌ထင်ရှားနေသောကြောင့် ကျွန်ုပ်တို့၏စိတ်ကို နာကျင်စေပါသည်။ အများသောသူအထဲမှ တစ်ယောက်သောသူပြောသည် မှာ၊ “ကျွန်ုပ်သတ္တမနေ့ကိုစောင့်ထိန်းလိုပါတယ်၊ ဒါပေမယ့် ဥပုသ်နေ့ကိုစောင့်ဖို့ ကျွန်ုပ်ဆုံးဖြတ်ကြောင်း ကျွန်ုပ်၏အလုပ်ရှင်ကိုပြောတာနဲ့တစ်ပြိုင်ထဲ ကျွန်ုပ် အလုပ်ပြုတ်သွားလိမ့်မယ်” ဟုဖြစ်ပါသည်။ လူပေါင်းရာချီပြီးလစ်လပ်သွား မည့်အလုပ်ကိုစောင့်နေကြပါသည်။ ကျွန်ုပ်လွန်စွာပူပန်လျက်ရှိပါသည်။ ထိုကြောင့် ကျွန်ုပ်တို့ပြုလုပ်နိုင်သည့်အရာသည် ထိုသူတို့အတွက် ယုံကြည် ခြင်းရှိရန်အားပေးခြင်းနှင့် သူတို့အတွက်ဆုတောင်းပေးခြင်းဖြစ်ပါသည်။ တစ်ခါတစ်ရံ ကျွန်ုပ်လက်ထဲ၌ဒေါ်လာသန်းချီပြီးရှိရန် ကျွန်ုပ်တောင့်တလျက် ရှိသည်။ ဤအလုပ်၌ကျွန်ုပ်အကူအညီပေးနိုင်ရန်ဖြစ်သည်။ [Ev 239.2] EvBur 296.3
များစွာသောသူတို့သည် မာရ်နတ်၏ဘက်တော်သားများတို့နှင့် ပေါင်းစည်းခြင်း၊ သဟဇာတဖြစ်ခြင်း၏အကျိုးအဖြစ် ဘုရားသခင်၏သန့်ရှင်း သောပညတ်တော်၏ဆုံးဖြတ်ချက်ချသည့် ကျူးလွန်သူများဖြစ်သွားကြပါသည်။ လှည့်ဖြားခြင်းမခံရစေရန် ဘုရားသခင်သည် သူတို့ကိုအလင်းပေးထားသော် လည်း သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဖတ်ရှုရန်ငြင်းဆိုကြ သည်။ သူတို့သည် အမှားကိုလက်ခံကြပြီး ဘုရားသခင်ပြောဆိုသောစကား ထက် မာရ်နတ်၏လိမ်လည်ခြင်းကို လက်ခံကြသည်။ ဤအမှား၏ဟောပြော ချက်များသည် အမှန်တရားကိုတွေ့ ပြီး လိုက်နာရန်လွန်စွာခက်ခဲမှုကိုဖြစ်စေ ပါသည်။ ဥပုသ်နေ့စောင့်ထိန်းသူများရှေ့၌ ငတ်မွတ်ခြင်းအပြင် လူသားတို့ ၏အမြင်၌ မည်သည့်အရာကိုမျှမတွေ့ရပါ။ Manuscript 19, 1894. EvBur 297.1
ငတ်ပြတ်ရမည့် အကျိုးများမည်သည့်အခါမျှမရှိ - မှန်သောဥပုသ်နေ့ကို စောင့်ထိန်းခြင်းအားဖြင့် ငတ်ပြတ်ရမည့်အကျိုးကို မည်သည့်အခါမျှကြောက် ရန်မလိုပါ။ (ဟေရှာယ ၅၈း၁၁၊၁၂။ သုတ္တံကျမ်း ၇း၂။ ဟေရှာယ ၅၈း၁၄။) သည့် ဆင်ခြင်ဆင်လက်များအတွက် လုံလောက်သောအဖြေဖြစ်သည်။ ဤကတိတော်များတို့သည် ဥပုသ်နေ့ကိုစောင့်ရှောက်ရန်ငြင်းပယ်သူများပေး ဘုရားသခင်၏ပညတ်တော်ကို စတင်စောင့်ရှောက်သောအခါ မိသားစုများကို ပံ့ပိုးရန် ခက်ခဲပုံပေါ်မည်ဖြစ်သော်လည်း၊ သံသယစိတ်ရှိသောသူတိုင်းအတွက် ဘုရားသခင်၏ပညတ်တော်ကိုလိုက်လျှောက်သောသူများအား ဘုရားသခင် စောင့်ရှောက်လိမ့်မည်ဟု သူကတိပြုထားခဲ့ကြောင်းကိုနားလည်စေပါ။ Manuscript 116, 1902. [Ev 240.1] EvBur 297.2
ရဲရင့် ခြင်းစိတ်ရှိသူများလို အပ် - ဘုရားသခင်၏ပညတ်တော်ကို စောင့်ရှောက်ရန် ရဲရင့်ခြင်းစိတ်လိုအပ်သည်။ အမှန်တရားဆန့်ကျင်သူတစ်ဦး ပြောခဲ့သည်မှာ၊ သတ္တမနေ့ဥပုသ်ကိုမစောင့်နိုင်ဘဲ အသင်းတော်မှကျောခိုင်း သွားသောသူတို့သည် ပျော့ညံ့သောစိတ်ရှိသူများ၊ ဦးနှောက်မမှန်သောသူများ နှင့် အသိတရားမရှိသောသူများတို့သာဖြစ်သည်ဟုဖြစ်ပါသည်။ သို့သော် အမှန်တရားကိုခင်တွယ်သော ဓမ္မအမှုဆောင်တစ်ဦးဖြေကြားခဲ့သည်မှာ “အကယ်၍ စိတ်ဓာတ်ပျော့ညံ့သောသူများဟုသင်ထင်ပါက ကြိုးစားကြည့်ပါ” ဟုဖြစ်ပါသည်။ လူအများမှမနှစ်သက်သော ရေပန်းမစားသည့်အဖွဲ့အစည်း နှင့်ပေါင်းစည်းနိုင်ရန်အတွက် ရဲရင့်ခြင်းစိတ်ဓာတ်၊ ခိုင်ခံ့သောစိတ်ဓာတ်၊ တိကျသောဆုံးဖြတ်ချက်၊ ဇွဲလုံ့လရှိရန်နှင့် များစွာဆုတောင်းရန်လိုသည်။ ဗိမာန်တော်သို့ဒုက္ခရောက်သောသနားဖွယ်ဒုက္ခသည်များ ခရစ်တော်ထံလာနိုင် သကဲ့သို့ ကျွန်ုပ်တို့လာနိုင်ကြခြင်းအတွက် ကျေးဇူးတင်ရပါလိမ့်မည်။ [Ev 240.2] EvBur 298.1
သင်သည် ဘုရားသခင်၏ပညတ်တော်ကို ချိုးဖောက်လိုစိတ်မရှိခြင်း ကြောင့် ရေပန်းစားခြင်းမရှိသည့်လူအများမှ မနှစ်သက်သောအမှန်တရားသို့ ဝင်လာသောအခါ ရင်ဆိုင်ရမည့်မည်သည့်အရာကိုမဆို သင်ရင်ဆိုင်သွားရ မည်ဖြစ်သည်။ သင့်တစ်ယောက်တည်းရုန်းကန်သွားရန် ဘုရားရှင်သင့်ကို စွန့်ပစ်ထားမည်လား၊ မည်သည့်အခါမျှသင့်ကိုစွန့်ပစ်၍မထားပါ။ သို့သော် စုံစမ်းခြင်းမှကင်းဝေးလိမ့်မည်၊ ကိုယ်ကျိုးစွန့်ရန်မလို၊ ဆက်ကပ်မှုပြုရန်မရှိဟု ခရစ်တော်သည် သူ၏တပည့်တော်များကိုမပြောခဲ့ပါ။ သူတို့၏သခင်သည် ဝမ်းနည်းပူဆွေးခြင်းများနှင့်ကြုံတွေ့ ရသောပုဂ္ဂိုလ်ဖြစ်သည်။ “အကြောင်းမူကား၊ ငါတို့သခင်ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း ဆင်းရဲတော်မူခြင်းအား ဖြင့် သင်တို့သည် စည်းစိမ်ရှိစေခြင်းငှာ သင်တို့အတွက်ကြောင့် ဆင်းရဲခြင်း ကိုခံတော်မူသောကျေးဇူးတော်ကို သင်တို့သိကြ၏။” သင်၏ဆင်းရဲနွမ်းပါး ခြင်းအထဲမှ ဘုရားသခင်ကို သင်၏အဘဟုခေါ်နိုင်ခြင်းအတွက် ဘုရားသခင်ကို ကျွန်ုပ်တို့ကျေးဇူးတင်သည်။ EvBur 298.2
ဤကမ္ဘာပေါ်သို့ ဆင်းရဲနွမ်းပါးခြင်းရောက်လာပြီး၊ နိုင်ငံအတွင်း တစ်ခါမျှမကြုံတွေ့ခဲ့ရသောဒုက္ခကာလရောက်လာလိမ့်မည်။ စစ်ပွဲများ၊ စစ်သတင်း များကြားရပြီး လူတို့၏စိတ်နှလုံးပူပန်ပြီး မျက်နှာညှိုးငယ်ကြလိမ့်မည်။ ကြီးမားသောဘေးအန္တရာယ်ကို သင်ရင်ဆိုင်ရလိမ့်မည်။ တစ်ခါတစ်ရံ ငတ်မွတ် ခြင်းဘေးနှင့်သင်တွေ့ကြုံရလိမ့်မည်။ သို့သော် သင့်အားဒုက္ခအထဲ၌ဘုရားသခင် စွန့်ပစ်၍မထားပါ။ သူသည် သင်၏ယုံကြည်ခြင်းကိုစမ်းသပ်လိမ့်မည်။ မိမိ တို့၏ကိုယ်ကိုသာ ပျော်ရွှင်မှုပေးရန် ကျွန်ုပ်တို့အသက်မရှင်ရပါ။ ကမ္ဘာသို့ ခရစ်တော်ကိုဖော်ပြရန်၊ သူ့အတွက်ကိုယ်စားပြုရန်နှင့် သူ၏တန်ခိုးကို လူသား တို့အားဖော်ပြရန် ကျွန်ုပ်တို့သည် ဤကမ္ဘာပေါ်သို့ရောက်ရှိလာကြခြင်းဖြစ် သည်။ Manuscript 37, 1894. [Ev 240.4] EvBur 299.1
ဘုရားသခင်၏နှုတ်ကပတ်တော်အပေါ်မှီခိုရမည့်အချိန် - တောထဲ၌စားနပ် ရိက္ခာနှင့်ပတ်သက်သောအရာအားလုံးကုန်သွားသောအခါ ဘုရားသခင်သည် ကောင်းကင်မန္နမုန့်ကိုချပေးပြီး အမြဲလုံလောက်စွာပြင်ဆင်ပေးခဲ့ပါသည်။ ဤပြင်ဆင်မှုသည် သူတို့ဘုရားကိုကိုးစား၍ သူ၏လမ်းခရီးအတိုင်းအသက်ရှင် ပါက သူတို့ကိုမစွန့်ပစ်မည့်အကြောင်း သူတို့အားသွန်သင်ပေးခြင်းဖြစ်သည်။ ယခုကယ်တင်ရှင်သည် ဣသရေလလူမျိုးတို့အားသင်ကြားခဲ့သည့်သင်ခန်းစာ ကို လက်တွေ့ ပြနေပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် ဟေဗြဲ လူအုပ်ကြီးကို အခက်အခဲကြုံတွေ့ ရစဉ်ကူညီပေးခဲ့ပြီး ၎င်းနှုတ်ကပတ်တော် အားဖြင့် ယေရှုကိုလည်းကူညီမှုပေးခဲ့ပါသည်။ ဒုက္ခမှသက်သာခြင်းရရှိရန် ဘုရားသခင်၏အချိန်ကို သူစောင့်နေပါသည်။ တောထဲ၌ရှိစဉ် ဘုရားသခင် ၏စကားကိုနားထောင်ပြီး မာရ်နတ်မှပေးသောအကြံအားဖြင့် အစာကိုသူမရ ယူခဲ့ပါ။ စကြဝဠာသက်သေခံခြင်း၏ရှေ့မှောက်၌ ဘုရားသခင်၏အလိုတော် မှရှောင်ဖယ်သွားရမည့်အရေးထက် ကျရောက်လေသမျှသော ကြီးမားသည့် ဘေးဒုက္ခကို သူခံယူပါသည်။ [Ev 241.1] EvBur 299.2
“လူသည် မုန့်အားဖြင့်သာအသက်မွေးရမည်မဟုတ်၊ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည်။” မကြာခဏ ခရစ်တော်နောက် လိုက်တစ်ဦးသည် လောကီစီးပွားရေးလုပ်ငန်းကိုသာဆောင်ရွက်ပြီး ဘုရား အမှုတော်ကိုမဆောင်ရွက်နိုင်သောအခြေအနေသို ့ သူရောက်ရှိနိုင်ပါသည်။ ဘုရားသခင်၏စကားကို သူနားထောင်ခြင်းအားဖြင့် မတော်သူအလုပ်ပြုတ် ခြင်းခံရမည်ဖြစ်ပါလိမ့်မည်။ မာရ်နတ်သည် သူ၏ရိုးသားသောယုံကြည်ခံယူ ချက်များကိုစွန့်လွှတ်ရန် သွေးဆောင်ပေလိမ့်မည်။ သို့သော် ဤလောက၌ ကျွန်ုပ်တို့၏တစ်ခုတည်းသောမှီခိုနိုင်သောအရာသည် ဘုရားသခင်၏နှုတ်ကပတ် တော်ပင်ဖြစ်သည်။ “ဘုရားသခင်၏နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော် ကို ရှေးဦးစွာရှာကြလော့။ နောက်မှထိုအရာများကိုထပ်၍ပေးတော်မူလတ္တံ့။ ဤအသက်တာဘဝ၌ပင် ကျွန်ုပ်တို့၏ကောင်းကင်ဘုံ၌ရှိတော်မူသောအဖ၏ အလိုတော်မှ ထွက်ခွာသွားခြင်းသည် ကျွန်ုပ်တို့၏ကောင်းရန်အတွက်မဟုတ် ပါ။ ဘုရားသခင်နှုတ်ကပတ်တော်၏တန်ခိုးကိုသင်ကြားသောအခါ အစာရရှိ ရန်အတွက်၊ သို့မဟုတ် ကျွန်ုပ်တို့၏အသက်ကိုကယ်ရန်အတွက် မာရ်နတ် ၏အကြံပြုချက်များကို လိုက်လျှောက်ရမည်မဟုတ်ပါ။ ကျွန်ုပ်တို့မေးရမည့် မေးခွန်းများမှာ၊ “ဘုရားသခင်၏အမိန့်တော်မည်ကဲ့သို့ရှိသနည်း။ သူ၏ကတိ တော်မည်ကဲ့သို့နည်း” ဟုပင်ဖြစ်ရပါမည်။ ဤအရာကိုသိခြင်းအားဖြင့် ဘုရားသခင်၏စကားတော်ကို ကျွန်ုပ်တို့နားထောင်ပြီး သူ၏ကတိတော်ကို ကျွန်ုပ်တို့ကိုးစားကြလိမ့်မည်။ The Desire of Ages, p. 121. (1898) [Ev 241.2] EvBur 300.1
ဆုံးဖြတ်ခြင်း၏ချိုင့်ဝှမ်းထဲ၌ရှိနေသူတစ်ဦးအားတောင်းပန်ခြင်း - ရန်သူသည် သင့်အားပို၍သင့်လျော်သည့်အချိန်ကိုစောင့်ရန် ပြောဆိုနေပါသည်။ သူသည် သင့်အားဥပုသ်မစောင့်ခြင်းအားဖြင့်ခံစားရမည့်အကျိုးနှင့် ဥပုသ်စောင့်ခြင်း အားဖြင့်ကြုံတွေ့ ရမည့်ဆုံးရှုံးခြင်းအကြောင်းကိုပြောပြရန် သူ့လက်ထဲ၌အကြံ အစည်များရှိခဲ့သည်။ အဘယ်ကြောင့်ဘုရားသခင်၏ပညတ်တော်ကို လိုက်လျှောက်ရန် သင်ဆုံးဖြတ်ချက်မချသင့်ကြောင်း ဤအမျိုးမျိုးသော ဆင်ခြင်ပေးခြင်းများတို့ကို သူပြင်ဆင်ထားလျက်ရှိသည်။ သူသည် လိမ်လည် လှည့်ဖြားသူတစ်ဦးဖြစ်သည်။ သူသည် ဘုရားသခင်၏စာရိတ္တကို မှားယွင်း စွာဖော်ပြပြီး၊ သူ၏သွေးဆောင်ခြင်းကို သင်လက်ခံခဲ့သည်။ သင်၏စိတ်ကူး ဉာဏ်အားလုံးတို့၌ သင်၏ကောင်းကင်ဘုံ၌ရှိတော်မူသောအဘအား မယုံကြည် မကိုးစားခြင်းကို ဖော်ပြလျက်ရှိသည်။ [Ev 242.1] EvBur 300.2
သင်၏စီးပွားရေးလုပ်ငန်း၌ အမှန်အောင်မြင်ခြင်းရှိကြောင်း သင်သိ ရသောအခါမှသာ ပညတ်တော်လေးပါးတစ်ပါး၏ဥပုသ်နေ့ကို လိုက်လျှောက် မည်ဟုသင်တွေးခဲ့သည်။ သို့သော် ဘုရားသခင်၏သားသမီးတိုင်းတို့သည် လုံးလုံးနားထောင်ခြင်းကိုသူတောင်းဆိုသည်။ ဘုရားသခင်၏တောင်းဆိုချက် များသည် သင့်အပေါ်၌ရှိပြီး သင်၏သတ်မှတ်ချိန်ကာလများကို ဘုရားသခင် နှင့်သင်ပြုခဲ့သည်။ သင်သည် ဥပုသ်နေ့ကိုစောင့်ရှောက်ရန် အခြေအနေကို ကြည့်နေရင်း အချိန်တိုင်းမှာပင် သင့်အတွက်ပို၍ခက်ခဲမှုရှိစေရန် စာတန် မာရ်နတ်သည် ဆောင်ရွက်လျက်ရှိသည်။ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင် ၏ဝိညာဉ်တော်လှုပ်ရှားမှုကို သင်ခံစားနေရခြင်းသည် တစ်နေ့တခြားပို၍ လျော့နည်းသွားသည်။ ဘုရားသခင်သည်ကျွန်ုပ်အား သင်နှင့်သင်၏မိသားစု အတွက် ကြာမြင့်စွာသင်တို့လျစ်လျူရှုထားသောတာဝန်ကို ပြန်လည်၍ ထမ်းဆောင်ရန်၊ သူသည် အလင်း၌ရှိသကဲ့သို့ သင်တို့သည်လည်း အလင်း ၌လျှောက်လှမ်းစေရန် သတင်းတစ်ခုကို သင်တို့အားပြောရန်ပေးခဲ့ပါသည်။ “သင်၏ဘုရားသခင်ထာဝရဘုရားကို သင်သည် စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့။” ဤကဲ့သို့ပြုလုပ်ပါက သင်အသက်ရှင်ရလိမ့်မည်ဟု ခရစ်တော်သည် ဥပဒေပညာရှင်တစ်ဦးကိုပြော လိုက်ပါသည်။ ဤဘုရားသခင်၏အသံတော်သည် သင်နှင့်သင်၏သားသမီး များအတွက်ဖြစ်သည်။ ဘုရားသခင်၏တရားတော်ကို နားထောင်သောသူ အားလုံးတို့အတွက် ကောင်းမြတ်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် အကျိုးကျေးဇူး များကိုခံစားကြရမည်ဖြစ်ပြီး သင်နားထောင်သောသူအား သင်ရိုသေသမှုပြု ခြင်းကိုဖော်ပြလိမ့်မည်။ [Ev 242.2] EvBur 301.1
သင်၏စိတ်သည် ဘုရားသခင်၏ပညတ်တော်ကိုလိုက်လျှောက်ရန် ဘုရားသခင်၏အလိုတော်နှင့်တူညီသောအခါ၊ ဘုရားသခင်သည် သင်နှင့် သင်၏ယာယီလိုအပ်ချက်များကို ဂရုစိုက်လိမ့်မည်မဟုတ်ဟု သင်ထင်နေပါ သလား။ သင်သည် သွေးဆောင်ခြင်းခံရလုပြီဖြစ်သော်လည်း သင်နားမထောင် ပါ။ သင့်ရှေ့၌လမ်းရှင်းလင်းသည့်အထိ သင်စောင့်ကြည့်နေရလိမ့်မည်ဟု သင်ထင်နေသည်။ ဘုရားသခင်သည် လူတို့အတွက်လုပ်ဆောင်ရမည့်အရာ များကို မိမိတို့တစ်ဦးစီ၏တာဝန်အပေါ် ပေးအပ်ထားပါသည်။ ဘုရားသခင် တောင်းဆိုသောအရာသည် သင်၏ဦးစားပေးစဉ်းစားရမည့်အရာဖြစ်သည်။ ဘုရားသခင်၏စကားကိုနားထောင်ခြင်းသည် သင်၏ပထမဦးဆုံးတာဝန်ဖြစ် သည်။ ရင်ဆိုင်လာရမည့်အကျိုးအပြစ်အားလုံးကို သူ၏လက်ထဲ၌သင်ချထား ရမည်။ သင်ဖင့်နွှဲနေရခြင်းသည် တစ်ချိန်က သင်၏ယုံကြည်ခြင်းပြင်းထန် ခဲ့ခြင်းကို ယခုသင်မသိသောကြောင့်နှင့် နားထောင်ရန်သင့်ဆန္ဒမရှိခြင်းကြောင့် ဖြစ်သည်။ အရှိန်ပြင်းထန်သောယုံကြည်ခြင်းကို တစ်ဖန်ပြန်လည်ရရှိရန် သင်မျှော်လင့်စရာမလိုပါ။ ခံစားချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘုရားသခင်၏စကားကိုနားထောင်ပြီး အမှန်တရားဘက်၌သင်ရပ်တည်ရမည်။ ယခုသင်လုပ်ရမည့်အလုပ်သည် စည်းမျဉ်းဥပဒေဘောင်မှ တိကျစွာလုပ်ဆောင် ရမည်ဖြစ်ပြီး၊ သင်၏အကျိုးမမျှော်ကိုးသောဆုံးဖြတ်ချက်များကို ပြုလုပ်ရမည်။ Letter 72, 1893. [Ev 243.1] EvBur 302.1
အလင်း၏ရောင်ခြည်တိုင်းသို့ နေထိုင်ပါ - သင်ရရှိသောအလင်း၏ရောင်ခြည် တိုင်းသို့ အသက်ရှင်ပါ။ သင်၏ထာဝရအခွင့်အရေးသည် ဤနေရာ၌ပါဝင် နေသောကြောင့် “အလင်း၏ရောင်ခြည်တိုင်းကိုမြတ်နိုးပါ” ဟု ကျွန်ုပ်ပြော ရခြင်းဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သင်၏စိတ်ကိုနှိုးဆော် ပြီး သူ၏တရားတော်မှကျောခိုင်းမသွားစေရန်အတွက် ဒူးထောက်လျက် ခရစ်တော်ထံဆုတောင်းပါ။ Manuscript 10, 1894. [Ev 243.2] EvBur 302.2
ယေရှုထက်ရာထူးဆုံးရှုံးခံသင့်သည် - အကယ်၍သင်သည် သမ္မာကျမ်းစာ အမှန်တရားအတွက်ရပ်တည်ပါက သင်၏ရာထူးဆုံးရှုံးလိမ့်မည်ဟုမထင်ပါ နှင့်။ ယေရှုကိုဆုံးရှုံးခံခြင်းထက် သင်၏ရာထူးကို သင်ဆုံးရှုံးခံသင့်သည်။ သင်သည် ဘုရားသခင်အတွက် မိမိကိုယ်ကိုငြင်းပယ်ပြီးဆက်ကပ်ပါဝင်ခြင်း သည် ဤဘဝအသက်တာ၏ချမ်းသာကြွယ်ဝခြင်းကို သင်ကိုယ်တိုင်အတွက် စုဆောင်းရန် မိမိသဘောအတိုင်းရှာဖွေခြင်းထက် သာ၍ကောင်းသည်။ ဤအရာ တစ်ခုကိုမျှ သင်္ချိုင်းဂူသို့သင်ယူသွား၍မရပါ။ မည်သည့်အရာမျှမပါဘဲ သင်္ချိုင်းဂူ မှသင်ထလာရလိမ့်မည်။ သို့သော် အကယ်၍ယေရှုကိုသင်ရရှိပါက အရာ အားလုံးကိုသင်ရရှိပါလိမ့်မည်။ ဘုရားသခင်၏စစ်ဆေးရာနေ့၌ သင်ရပ်တည် နိုင်ရန် ယေရှုကိုသင်ရရှိရန်လိုအပ်ခြင်းသည် သင့်အတွက်မလုံလောက်ဘဲဖြစ် နေပါသလား။ Manuscript 20, 1894. [Ev 243.3] EvBur 303.1
ဆုံးဖြတ်ချက်စံချိန်တစ်ခု - လူတို့သည် မိမိတို့နှစ်သက်သော ရန်လို သည့်တိုက်ခိုက်မှုကို ပြုလုပ်ကြမည်ဖြစ်သော်လည်း ဘုရားသခင်၏ပညတ်တော် သည် ပြောင်းလဲပျက်စီးခြင်းမရှိပါ။ ဘုရားသခင်၏ပညတ်တော်ကိုစောင့်ရှောက် လျက်အသက်ရှင်ရန်နှင့် သူ၏တရားတော်ကို ကျွန်ုပ်တို့မျက်စိ၏မျက်ဆန်သဖွယ် ထားရှိရန် ဆုံးဖြတ်ခဲ့ကြပါသည်။ လူတို့သည် ဘုရားသခင်၏တရားတော် ကိုအပြစ်ရှာပြီး သူ၏ပညတ်တော်ကိုခြေဖြင့်နင်းလျက် လူတို့၏ခြေအောက် ၌ထားရှိရန်ဆောင်ရွက်ပါစေ။ သူတို့လုပ်ဆောင်နိုင်ပြီး အသက်ရှင်နိုင်ပါမည် လား။ ၎င်းသည်မဖြစ်နိုင်ပါ။ ဘုရားသခင်၌ သူ၏စာရိတ္တအတိုင်းအတာရှိ သည်။ သူ့စကားနားထောင်သောသူများကို အသက်ရှင်ခွင့်ပေးပြီး မိမိတို့ မျက်စိ၏မျက်ဆန်သဖွယ် သူ၏တရားတော်ကိုစောင့်ရှောက်သောသူတို့အား လုံခြုံစွာသူစောင့်ထိန်းလိမ့်မည်။ Manuscript 5, 1891. [Ev 244.1] EvBur 303.2
အသစ်သောဥပုသ်စောင့်ထိန်းသူများသို့ ရာထူးများပေးခြင်း - အမှန်တရားကို မြတ်နိုးသောသူများအထဲမှ လူငယ်တစ်ယောက်သည် လွန်ခဲ့သည့်ဆောင်းကာလ ၌ ဥပုသ်စောင့်ထိန်းနိုင်ရန် မိမိပညာသင်ကြားနေသောကျောင်းမှ နုတ်ထွက် ခဲ့ပါသည်။ ဘဝအသက်တာအတွက် မည်သည့်အလုပ်ကိုလုပ်ရန်မျှော်လင့်ထား သနည်းဟု သူအမေးခံရပါသည်။ “ဘုရားသခင်ကျွန်ုပ်ကိုခွန်အားပေးထားပါ သည်။ ဥပုသ်နေ့ချိုးမည့်အစား မည်သည့်အလုပ်ကိုမဆိုကျွန်ုပ်လုပ်မည်” ဟု ပြန်၍အဖြေပေးပါသည်။ တချို့သောသူတို့သည် သူ့အားပုံနှိပ်တိုက်၌တာဝန် ပေးရန်သဘောတူကြသော်လည်း တစ်ယောက်သောသူက မဟုတ်ပါ၊ မည်ကဲ့သို့ ဖြစ်စေကာမူ ဘုရားစကားကိုသာနားထောင်မည်ဟုပြောသော ဤလူငယ်ကို ဤရုံးလုပ်ငန်း၌ ကျွန်ုပ်တို့အလိုရှိသည်ဟုပြောပါသည်။ သို့သော် အကယ်၍ ဤတာဝန်ကိုစည်းကမ်းတကျမဆောင်ရွက်တတ်ပါက ဤလူငယ်ကိုကျွန်ုပ်တို့ အလိုမရှိသောသူဖြစ်ပါလိမ့်မည်။” [Ev 244.2] EvBur 304.1
အသင်းလူကြီးတစ်ဦးကျွန်ုပ်ထံသို့လာပြီး ကျွန်ုပ်ကိုမေးခဲ့သည်။ အကယ်၍သူသည် ဤလူငယ်အား အားပေးသင့်ပြီး၊ ရုံး၌တာဝန်ပေးပါက ဖြစ်နိုင်မဖြစ်နိုင်စဉ်းစားရန်ဖြစ်ပါသည်။ ကျွန်ုပ်ပြန်ပြောသည်မှာ၊ “ကောင်းကင်ဘုံ ရှင်ဘုရားသခင်သည် သူ့ရှေ့၌ဘုန်းတော်၏ထာဝရတန်ဖိုးရှိသောအရာသည် အောင်မြင်သူအတွက်စောင့်နေကြောင်းဖော်ပြခဲ့ပြီး အကယ်၍သူသည် မောရှေ နှင့်တူပါက၊ သူသည် ဆုလာဘ်၏အကျိုးကိုလေးစားခဲ့သူဖြစ်သောကြောင့် ဤတာဝန်ကို အမှန်တရားဘက်မှရပ်တည်ပြီး သေချာစွာဆောင်ရွက်သွားမည် ဖြစ်ပါသည်။ သို့သော် အန္တရာယ်ကိုဖြစ်စေပြီး မကောင်းသောသူရှေ့၌ သင်၏တာဝန်သည် သူ့အားယုံကြည်ခြင်းအားဖြင့် လုပ်ငန်းကိုဆောင်ရွက် လာဘ်ပေးလာဘ်ယူခြင်း၊ သို့မဟုတ် ဆွဲဆောင်ခြင်းများကိုမပြုရပါ။ သို့သော် ရန် သူ့အားမချန်ထားသင့်ပါ။ သူ့အားမာရ်နတ်သွေးဆောင်မည်ဖြစ် သွားရမည့်အကြောင်း အကူအညီပေးရမည်။ သူတစ်ဦးတည်းရုန်းကန်ဆောင်ရွက် သောကြောင့် အကူအညီဟူသရွေ့ကို သင်တတ်နိုင်သမျှသူ့အားပေးသွား ရလိမ့်မည်။ Manuscript 26, 1886. [Ev 244.3] EvBur 304.2
ဥပုသ်ချိုးဖောက်သူများနှင့်စီးပွားရေးချုပ်နှောင်မှု - ဘုရားသခင်၏သန့်ရှင်း သောနားရက်ကိုစောင့်ထိန်းရန် ယုံကြည်သောသူများအထဲ၌ ဥပုသ်နေ့နှင့်ဆိုင် သည့်ပြုပြင်ပြောင်းလဲခြင်းများကို ပြုလုပ်ရန်လိုအပ်သည်။ တချို့သောသူတို့ သည် မိမိတို့၏စီးပွားရေးလုပ်ငန်းများကို ဥပုသ်နေ့၌စီမံကိန်းများချထားကြ သည့်အတွက် သူတို့သည် အမှန်တကယ်ပင် မိမိတို့၏စီးပွားရေးလုပ်ငန်းကို ဥပုသ်နေ့၌လုပ်နေသကဲ့သို့ ဘုရားသခင်မြင်ပါသည်။ [Ev 245.1] EvBur 305.1
သတ္တမနေ့သည်ဥပုသ်နေ့ဖြစ်ကြောင်း သမ္မာကျမ်းစာအထောက်အထား များဖြင့် ကောင်းမွန်စွာနားလည်သောသူတချို့တို့သည် ဘုရားသခင်၏သန့်ရှင်း သောနေ့ကို မရိုသေသောသူတို့နှင့်အတူ စီးပွားရေးလုပ်ငန်းကို လက်တွဲ လုပ်ကိုင်ကြပါသည်။ ဥပုသ်စောင့်ထိန်းသူတစ်ယောက်သည် မိမိ၏စီးပွားရေး လုပ်ငန်းကို ဥပုသ်နေ့၌လုပ်ဆောင်ရန် မည်သူ့ကိုမျှငှားရမ်းပြီး သူ၏ပိုက်ဆံ ဖြင့်အခပေးခြင်းမပြုရပါ။ အကယ်၍ အမြတ်အစွန်းရရှိရန်အတွက် မယုံကြည် သူနှင့်တွဲဖက်လုပ်ကိုင်သော သူ၏စီးပွားရေးလုပ်ငန်း၌ ဥပုသ်နေ့တွင်သူ၏ လုပ်သားတို့အား လုပ်ဆောင်ခွင့်ပြုပါက မယုံကြည်သောသူ၏တွဲဖက်မိတ်ဆွေ ကဲ့သို့ သူသည်အပြစ်ရှိမည်ဖြစ်ပါသည်။ ထိုကြောင့် အရှုံးမည်မျှရှိစေကာမူ ထိုမယုံကြည်သူစီးပွားဖက်နှင့် လမ်းခွဲသွားရန်သာဖြစ်သည်။ သူတို့သည် ဘုရားသခင်၏စကားကိုနားထောင်နိုင်စွမ်းမရှိဟု လူတို့ထင်ကြလိမ့်မည်။ သို့သော် သူတို့သည် ဘုရားသခင်၏စကားကိုနားမထောင်ဘဲမနေနိုင်သော သူများဖြစ်နေကြပါသည်။ ဥပုသ်နေ့ကိုစောင့်ထိန်းရန် သတိမမူသောသူတို့ သည် ကြီးမားသောဆုံးရှုံးခြင်းကိုရင်ဆိုင်ရကြလိမ့်မည်။ Review and Herald, March 18, 1884. [Ev 245.2] EvBur 305.2
ဥပုသ်စောင့်ထိန်းသူများအတွက်အလုပ်အမျိုးအစားတစ်ခု - အကောင်းဆုံး လူတန်းစားတစ်စုအတွက် အလုပ်တစ်မျိုးကို ဤနေရာ၌ကျွန်ုပ်တို့တွေ့ရှိရသည်။ အများသောသူတို့အတွက် ဥပုသ်နေ့ကိုစောင့်ထိန်းနိုင်ရန် အခက်အခဲရှိမည် မဟုတ်ပေ။ တချို့သောနေရာ၌ ကြက်မွေးမြူခြင်းအလုပ်ကိုလုပ်ကြသည်။ မြို့ပြင်ရှိလူနေအိမ်တိုင်းလိုလိုပင် . ကြက်ခြံများဖြင့်ဆက်နေလျက်ရှိသည်။ အိမ်များတို့သည် အမိုးပျောက်တိုက်ကတုံးများဖြင့် ဆောက်လုပ်ထားခြင်း မဟုတ်ပါ။ အိမ်တစ်ဆောင်နှင့်တစ်ဆောင်ကွာဝေးနေကြပြီး တချို့အိမ်တို့သည် အများအားဖြင့် မြေဧကများစွာဖြင့်ဝန်းရံလျက်ရှိသည်။ ကြက်မွေးမြူရေးလုပ်ငန်း အမျိုးမျိုးကိုလုပ်ဆောင်ကြပြီး ဈေးထဲ၌ရောင်းချရန် တစ်နေရာမှတစ်နေရာသို့ ဆက်သွယ်မှုပြုလုပ်ထားကြပါသည်။ မြို့သို့လှေအားဖြင့်သယ်ယူသွားပါသည်။ [Ev 245.3] EvBur 305.3
အခြေအနေနားလည်ရန် သင့်အတွက်ဤကဲ့သို့ကျွန်ုပ်ရေးရခြင်းဖြစ် သည်။ ကြက်မွေးမြူခြင်းဖြင့် မိသားစုများစွာတို့သည် အသက်မွေးဝမ်းကျောင်း အလုပ်ကိုတွေ့ရှိရပြီး သူတို့၏လုပ်ငန်းနှင့်အနှောင့်အယှက်ဖြစ်စေသော ဥပုသ် နေ့ပြဿနာကိုလည်း မကြုံတွေ့ ရတော့ပါ။ အလုပ်လက်မဲ့အတွက် စိုးရိမ်ရန် မလိုဘဲ ဥပုသ်နေ့ကိုစောင့်ရှောက်နိုင်ကြပါသည်။ Letter 113, 1902.[Ev 246.1] EvBur 306.1