သာသနာပြုဆရာသည်မိမိ၏သင်ကြားခြင်းကိုပြီးစီးစေရမည် - အမှုဆောင်တစ်ဦး သည် မိမိလုပ်ဆောင်လိုစိတ်မရှိခြင်းကြောင့် မည်သည့်အခါမျှမပြီးမပြတ်သည့် သူလုပ်ဆောင်ခဲ့သောလုပ်ငန်းကို လာမည့်အမှုဆောင်အသစ်တစ်ဦးမှ ပြီးပြတ် အောင်ဆောင်ရွက်သွားလိမ့်မည်ဟုထင်ကာ ၎င်းလုပ်ငန်းကိုတစ်ပိုင်းတစ်စချန်လှပ် ထားခြင်းမပြုသင့်ပါ။ ဤပြဿမျိုးဖြစ်ပေါ်လာသောအခါ၊ အကယ်၍ ဒုတိယ ဓမ္မဆရာသည် ပထဗဓမ္မဆရာပြုသကဲ့သို့ပြုပြီး ဘုရားသခင်၏သားသမီးများ အပေါ် ဘုရားသခင်တောင်းဆိုချက်များတို့ကိုဟောပြောပါက တချို့သော အခင်းတို့သည် “ကျွန်ုပ်တို့အတွက်အမှန်တရားယူဆောင်လာပေးသောဓမ္မဆရာ သည် ဤအကြောင်းအရာများကို ကျွန်ုပ်တို့အားမပြောပြပါ” ဟုပြောဆိုလာ လိမ့်မည်။ နှုတ်ကပတ်တော်ကြောင့် သူတို့သည် အနှောင့်အယှက်ဖြစ်ကြ လိမ့်မည်။ တချို့တို့သည် ဆယ်ဖို့တစ်ဖို့ပေးခြင်းကိုငြင်းဆန်ကြမည်ဖြစ်ပြီး အသင်းတော်မှထွက်ခွာသွားကာ အမှန်တရားကိုယုံကြည်ပြီး ချစ်မြတ်နိုးသူများ တို့နှင့် မည်သည့်အခါမျှလျှောက်လှမ်းကြတော့မည်မဟုတ်ပါ။ အခြားကိစ္စ များတို့ကို သူတို့ရှေ့၌ဖော်ပြသောအခါ သူတို့၏အဖြေမှာ “ဤအကြောင်း အရာများကို ကျွန်ုပ်တို့မသင်ကြားရပါ” ဟုပြောကာ ရှေ့သို့တက်လှမ်းရန် သူတို့သည် ချီတုံချတုံဖြစ်ကြပေလိမ့်မည်။ ထိုကြောင့် ပထမဓမ္မဆရာအနေ ဖြင့် မိမိ၏အသင်းဝင်များကိုလိုအပ်သည့် ကျွန်ုပ်တို့၏ယုံကြည်ချက်ဟူသရွေ့ အသင်းသားဦးရေနည်းသည့်တိုင် မည်မျှပို၍ကောင်းလိမ့်မည်နည်း။ Gospel Workers, pp. 369, 370. (1915) [Ev 321.1] EvBur 411.1
ဖြေ၍မရသောအလုပ်တစ်ခု - ဓမ္မအမှုဆောင်များတို့သည် အမှန်တရား ၏သွန်သင်ချက်များတို့ကိုလက်ခံသောသူတို့အား ၎င်း၏သန့်ရှင်းခြင်းတန်ခိုး သြဇာမရမချင်းနှင့် စစ်မှန်သောပြောင်းလဲခြင်းမရှိသရွေ့ မိမိတို့၏အလုပ်ပြီးစီး သွားပြီဟုမခံယူသင့်ပါ။ ဘုရားသခင်၏နှုတ်ကပတ်တော်သည် သန်လျက် တကာတို့ထက်ထက်ပြီး စိတ်နှလုံးသားကိုထိုးဖောက်ကာ အသိတရားကိုနှိုးဆွ စေသည့်အတွက် တချို့သောသူများတို့သည် လုံလောက်ပြီဟုထင်ကြသော် လည်း အလုပ်အစပြုခြင်းသာလျှင်ဖြစ်ပါသည်။ ကောင်းသောခံစားချက်ကို ပြုလုပ်ပေးနိုင်ခဲ့သော်လည်း ၎င်းခံစားချက်များတို့သည် သတိဝီရိယဖြင့်နက်ရှိုင်း ခြင်းမရှိ၊ ဆုတောင်းလျက်ကြိုးစားလုပ်ဆောင်ခြင်းမရှိပါက မာရ်နတ်မှသူတို့ကို တန်ပြန်လုပ်ဆောင်မည်ဖြစ်သည်။ အမှုဆောင်များတို့သည် မိမိတို့၏ဆောင်ရွက် ခဲ့သောအလုပ်အပေါ် ရောင့်ရဲမှုရှိပြီး အနားမယူစေပါနှင့်။ အမှန်တရား၏ ထွန်သွားကိုပို၍နက်စေပြီး အမှန်တရားကိုလေ့လာရှာဖွေသောယုံကြည်လာသူ တို့ကို ကောင်းမွန်စွာမိမိတို့၏စဉ်းစားဆင်ခြင်မှုအတွက်လမ်းညွှန်နိုင်ကာ ယုံကြည်ခြင်း၌စိတ်ချစွာတည်မြဲစေမည်ဖြစ်သည်။ [Ev 321.2] EvBur 412.1
လုပ်ငန်းပြီးစီးခြင်းမရှိဘဲ မကြာခဏချန်ထားတတ်ကြသောကြောင့် ကိစ္စများစွာတို့၌ အကျိုးဖြစ်ထွန်းခြင်းမရှိပါ။ တစ်ခါတစ်ရံ လူတစ်စုမှအမှန် တရားကိုလက်ခံပြီးနောက် ဓမ္မဆရာသည် နေရာသစ်သို့ချက်ချင်းသွားရမည် ဟုထင်တတ်ကြပြီး တစ်ခါတစ်ရံစုံစမ်းစစ်ဆေးခြင်းမပြုဘဲ တာဝန်ရှိပုဂ္ဂိုလ်များ တို့မှ သွားခွင့်ပြုကြသည်။ ဤလုပ်ရပ်သည် မှားယွင်းသောလုပ်ရပ်ဖြစ်သည်။ သူအစပြုခဲ့သောအလုပ်ကို ပြီးစီးအောင်လုပ်သင့်သည်။ မပြီးမပြတ်သောအလုပ် ကိုချန်ထားခြင်းအားဖြင့်.. အကောင်းထက်အန္တရာယ်ပို၍ဖြစ်စေနိုင်သည်။ မည်သည့်နယ်မြေမျှ လူတစ်ယောက်အားဖြင့် မကောင်းမှုများကိုဖယ်ရှားကာ လျင်မြန်စွာပို၍တိုးတက်ရန်ကြိုးစားဆောင်ရွက်ခြင်းဖြင့် တိုးတက်အောင်မြင်မှု ရှိမည်မဟုတ်ပါ။ ဤလုပ်ဆောင်မှုနည်းအားဖြင့် ဝိညာဉ်များစွာတို့သည် မာရ်နတ်နှင့်အခြားအသင်းတော်မှ အမှန်တရားကိုငြင်းပယ်၍ဆန့်ကျင်ကြသည့် အသင်းဝင်တို့၏ပြင်းထန်စွာတိုက်ခိုက်ခြင်းကိုရင်ဆိုင်ရကာ အသင်းတော်နှင့် ဝေးကွာသွားပြီး မည်သည့်အခါမျှသူတို့နှင့်ပြန်လည်တွေ့ဆုံနိုင်ကြမည်မဟုတ် ပါ။ ဓမ္မအမှုဆောင်တစ်ဦးသည် အသင်းတော်ကိုကောင်းမွန်စွာထိန်းသိမ်းနိုင် စွမ်းမရှိပါက လုပ်ငန်းကိုတာဝန်မပေးအပ်ရန် ပို၍ကောင်းပါလိမ့်မည်။ [Ev 322.1] EvBur 412.2
အမှန်တရားလက်ခံရရှိသောသူသည် ကောင်းမွန်စွာပြောင်းလဲခြင်း မရှိပါက၊ အသက်တာနှင့်အကျင့်စာရိတ္တအားဖြင့် လုံးလုံးလျားလျားပြောင်းလဲ ခြင်းမရှိပါက ဝိညာဉ်သည် ထာဝရတည်မြဲသောကျောက်ဆောင်နှင့် ခိုင်ခံ့စွာ တွယ်ကပ်ထားခြင်းမရှိပါက စုံစမ်းခြင်း၏စမ်းသပ်မှုကို ခံနိုင်မည်မဟုတ်ပါ။ မည်။ အမှန်တရားတန်ခိုး၏ဆွဲဆောင်မှုသည် ပျောက်ကွယ်သွားပါမည်။ ဓမ္မဆရာထွက်ခွာသွားသည်နှင့် သစ်လွင်ခြင်းသည် ဟောင်းနွမ်းသွားပါလိမ့် သူတို့သည် ယခင်ကကဲ့သို့ ပို၍သန့်ရှင်းသောဩဇာကို ရယူနိုင်မည်မဟုတ် ပါ။ [Ev 322.2] EvBur 413.1
ဘုရားသခင်၏အလုပ်ကို ကပြက်ကချော်၊ နမော်နမဲ့အမူအရာဖြင့် မပြုလုပ်ရပါ။ ဓမ္မအမှုဆောင်တစ်ဦး သာသနာ့နယ်မြေတစ်ခု၌ ဝင်ရောက် လုပ်ကိုင်သောအခါ၊ ကောင်းမွန်သေချာစွာလုပ်ဆောင်ရလိမ့်မည်။ သူသည် မိမိ၏ကြိုးစားလုပ်ဆောင်ခြင်းနှင့် ကောင်းကင်၏ကောင်းချီးမင်္ဂလာသည် ပြောင်းလဲသူများအပေါ်သို့သက်ရောက်ကာ သူတို့၏တာဝန်ကို မှန်ကန်စွာ နားလည်ပြီး ပေးအပ်သောအလုပ်ကိုလုပ်နိုင်သည့်အထိ သူမဆောင်ရွက်ပေး နိုင်သမျှ သူ၏အောင်မြင်မှုအပေါ် ကျေနပ်ခြင်းမရှိသင့်ပါ။ အကယ်၍ သူသည် မိမိလက်အောင်ရှိအသင်းဝင်များတို့ကို မှန်ကန်စွာသင်ကြားပို့ချပြီး အခြား သာသနာ့နယ်မြေသို့ပြောင်းရွှေ့သွားပါက လုပ်ငန်းသည် ဖရိုဖရဲဖြစ်မည် မဟုတ်ပါ။ လုံခြုံခိုင်ခံ့စွာဖြင့် ပေါင်းစည်းထားခြင်းရှိပေလိမ့်မည်။ Gospel Workers, pp. 367-369. (1915) [Ev 322.3] EvBur 413.2
သေချာစွာလုပ်ရမည့်အလုပ်တစ်ခု - တရားပွဲစည်းဝေးများကို ကျွန်ုပ်တို့ ၏မြို့များ၌ အပေါ်ယံကြောသာပြုလုပ်ပြီး ကျေနပ်နေသူတို့အတွက် အန္တရာယ် ရှိသည်။ ဓမ္မဆရာများနှင့်ကျွန်ုပ်တို့၏နယ်ဥက္ကဌများနိုးကြားကြပြီး အရေးကြီး သည့်အလုပ်ကို သေချာစွာပြုလုပ်စေပါ။ အချိန်ကုန်လုနီးပြီဖြစ်ကြောင်းနှင့် အင်တိုက်အားတိုက် နှစ်ဆသောအင်အားဇွဲလုံ့လဖြင့် မိမိတို့၏စိတ်ထဲ၌ ခံစားနေရသကဲ့သို့လုပ်ဆောင်ခြင်း၊ စီမံခြင်းကိုပြုလုပ်ဆောင်ရွက်စေပါ။ Review and Herald, Jan 11, 1912. [Ev 323.1] EvBur 414.1
ဘုရားသခင်ပြင်ဆင်ပေးသောလမ်းပွင့်နေချိန်၌ အမြဲအဆင်သင့် လိုက်လျှောက်ဆောင်ရွက်သင့်သောအခါ၌ ပို၍ကြီးသောစီမံကိန်းများကိုမပြုလုပ် သင့်ပါ။ လုပ်ငန်းချဲ့ထွင်ရန်အတွက် ဆောင်ရွက်ခြင်းကိုပြုမည့်အစား ဆောင်ရွက် နိုင်သည့်အစပြုခဲ့သောဘုရားရှင်မှလမ်းဖွင့်ပေးခဲ့သည့်အလုပ်များကိုသာ သေချာ စွာထိန်းသိမ်းကာ တိုးတက်စေရန်လုပ်ဆောင်ပါ။ ပို၍ကြီးသောစီမံကိန်းများ နှင့် ကျယ်ဝန်းသောသာသနာ့နယ်မြေများ၌လုပ်ဆောင်ရန် အမှုဆောင်များ အတွက် လမ်းပွင့်လာသောအခါ၊ အမှန်တရားသို့ ဝိညာဉ်များတို့ကိုခေါ်ဆောင် လာရမည့်အမှုဆောင်များအနေဖြင့် ပို၍ကြီးသောအတွေးအခေါ်နှင့်အမြော်အမြင် ရှိရပါလိမ့်မည်။ Letter 34, 1886. [Ev 323.2] EvBur 414.2
ကောင်းမွန်စွာစည်းရုံးထားသောအလုပ်တစ်ခုကိုချန်ထားပါ - အသင်းတော် များကိုထူထောင်ပြီး နေရာသစ်သို့ဝင်ရောက်ထိုးဖောက်သောအခါ၊ ၎င်းထူထောင် ခဲ့သောအသင်းတော်များတို့သည် အင်အားကျဆင်းသွားပါသည်။ ယခုငွေကြေး အကုန်ခံပြီး ဤအသင်းတော်များကိုထူထောင်ခဲ့ကာ ဂရုမစိုက်ခြင်းကြောင့် ပြိုပျက်သွားကြရပါသည်။ ယခုအခါ ဤကဲ့သို့ဖြစ်ပျက်လျက်ရှိနေပါသည်။ [Ev 323.3] EvBur 414.3
ကျွန်ုပ်တို့ပတ်လည်၌ ဆောင်ရွက်ရန်တာဝန်များရှိလျက်နှင့် ဝေးလံ သောနေရာများ၌ရှိသောအလုပ်ကို လှမ်း၍လုပ်လိုသောဆန္ဒမရှိသင့်ပါ။ ဘုရားသခင်သည် သင်ကြံစည်သောလုပ်ငန်းများစွာနှင့် လုပ်ဆောင်သောသူတို့ နှင့်အစပြုခဲ့သည့်လုပ်ငန်းကို ချန်ထားခြင်း၊ ဂရုမစိုက်ခြင်းဖြင့် ပျက်စီးရခြင်း ကိုအလိုမရှိပါ။ ဤကဲ့သို့ဖြစ်လာမည့်အစား အကယ်၍၎င်းလုပ်ငန်းများကို မည်သည့်အခါမျှအစမပြုခဲ့ပါက ပို၍ကောင်းမည်ဖြစ်ပါသည်။ EvBur 415.1
သင်သည် အရာများကိုပွင့်လင်းစွာကြည့်ပြီး စိတ်ကူးဖြင့်ရုတ်တရက် ထလုပ်ခြင်း၊ သို့မဟုတ် ခံစားချက်ဖြင့်ထလုပ်ခြင်းမပြုရန် ကျွန်ုပ်မျှော်လင့် ပါသည်။ ကျွန်ုပ်တို့၏ဓမ္မဆရာများသည် မိမိတို့၏လုပ်ငန်းကို ပို၍ကောင်းမွန် စွာလုပ်ဆောင်နိုင်ရန် ပညာနှင့်သင်တန်းများကို ရယူကြရပါမည်။ သူ၏ လုပ်ငန်းကိုစနစ်တကျစီစဉ်ထားခဲ့ပြီး ဖရိုဖရဲချန်ထားခြင်းမပြုသင့်ပါ။ သူတို့ ဖန်တီးခဲ့သောအရာများကို အထူးစိတ်ဝင်စားစွာဖြင့်ဂရုပြုသင့်ပြီး ၎င်းအသင်း တော်မှထွက်ခွာသွားသောနောက် အထူးသောစိတ်ဝင်စားမှုကို မည်သည့်အခါ မျှမပျောက်ပျက်စေရပါ။ ဤကဲ့သို့အဖြစ်အပျက်မျိုးပြုခဲ့ကြပါသည်။ Letter 1, 1879. [Ev 324.1] EvBur 415.2
ဝိညာဉ်စိတ်ဝင်စားမှုကိုဦးစားပေးခြင်း - နှစ်ပေါင်းများစွာမှ ဤအချက် အပေါ်အလင်းရရှိခဲ့ပါသည်။ စိတ်ဝင်စားခြင်းရှိခဲ့သည့်နေရာများကို ဆက်လက် စောင့်ရှောက်ရန်လိုအပ်ခြင်းအကြောင်းဖော်ပြပြီး အမှန်တရားကိုမှီခိုခြင်း၌ ဆုံးဖြတ်ချက်ပြုကာ နှစ်ခြင်းမင်္ဂလာအတွက် ပြောင်းလဲခြင်းဗဟုသုတကိုရရှိ ပြီး တချို့အသင်းတော်နှင့်ပေါင်းစည်းခြင်း၊ သို့မဟုတ် မိမိတို့အတွက် အသင်းတော်တစ်ခုထူထောင်ခြင်းပြုလုပ်နိုင်သည့်တိုင် ၎င်းနေရာကိုမချန်ထား ရပါ။ Ev324.2]. EvBur 415.3
အမှန်တရားဟောပြောခြင်းအားဖြင့် စိတ်ဝင်စားမှုကိုဖန်တီးစေသော ဓမ္မဆရာတစ်ဦးကိုခေါ်ရန် မည်သည့်အခြေအနေမျိုးမှ လုံလောက်သောအရေး ကြီးခြင်းမရှိပါ။ ဖျားနာခြင်းနှင့်သေခြင်းပင်လျှင် ကြီးမားသောခရစ်တော်ပူဇော် ခံခြင်းအားဖြင့် ကယ်တင်ခြင်းရရှိသည့်ဝိညာဉ်များလောက် အရေးမကြီးချေ။ အမှန်တရား၏အရေးကြီးခြင်းနှင့် ခရစ်တော်အသေခံခဲ့သောဝိညာဉ်၏တန်ဖိုး ကို ခံစားရသူတို့သည် လူသားများတို့ကိုစိတ်ဝင်စားမှုမရှိဘဲ စွန့်ပစ်၍မထား ပါ။ “လူသေသည် မိမိလူသေကိုသင်္ဂြိုဟ်ပါလေစေ” ဟု သူတို့ပြောပါလိမ့် ဟု မည်။ အိမ်ထောင်ကိုစိတ်ဝင်စားခြင်းများ၊ မြေနှင့်အိမ်များတို့သည် လုပ်ငန်း ခွင်ထက်အရေးကြီးသောအရာများမဖြစ်သင့်ပါ။ [Ev 324.3] EvBur 415.4
အကယ်၍ဓမ္မအမှုဆောင်များတို့သည် ဤမတည်မြဲသောခေတ္တအရာ များကို သူတို့အား မိမိတို့၏အလုပ်မှအာရုံပြောင်းသွားစေရန်ခွင့်ပြုပါက သူတို့ အတွက်တစ်ခုတည်းသောပြုရမည့်အရာမှာ ထိုမတည်မြဲသောအရာအားလုံးကို စွန့်လွှတ်ရန် မြေကြီးများ၊ သို့မဟုတ် ယာယီစိတ်ဝင်စားခြင်းများ၊ မိမိတို့၏ သြဇာကို ဤနောက်ဆုံးနေ့ရက်များ၌ရှိနေသည့် အရေးကြီးသောအလုပ်မှ သူတို့ကိုတားဆီးစေမည့်အရာများကို ပိုင်ဆိုင်ခြင်းမရှိစေရန်ဖြစ်သည်။ ဝိညာဉ် တစ်လုံးသည် ကမ္ဘာတစ်ခုလုံးထက်ပို၍တန်ဖိုးရှိသည်။ ဝိညာဉ်များကိုကယ်တင် သည့် သန့်ရှင်းသောအလုပ်ကိုလုပ်ဆောင်ကြမည့် သူတို့၌သေးငယ်သော အားဖြင့် ဘုရားသခင်ထံမှရရှိရန် သူတို့ခံယူရမည့်အထက်အရပ်မှခေါ်တော် ယာယီပိုင်ဆိုင်မှုများတို့အားဖြင့် မိမိတို့၏စိတ်နှင့်နှလုံးကို အာရုံစိုက်စေခြင်း မူခြင်းကို မည်ကဲ့သို့တားဆီးစေနိုင်မည်နည်း။ Testimonies, vol. 2, PP: 540, 541. (1870) [Ev 324.4] EvBur 416.1
မပြီးစီးသောအလုပ်ကိုချန်ထားခြင်း၌ဆုံးရှုံးမှုအတွက်နမူနာပြခြင်း - ခြားနား ကြိုးစားအားထုတ်အသုံးပြုပြီး မည်သူမျှတာဝန်ယူကြည့်ရှုစရာမလိုအောင် သောနေရာများ၌ ကျွန်ုပ်တို့၏စွမ်းအားနှင့်ခွန်အားဗလကို အဆုံးတိုင်အောင် ပျက်စီးခြင်းမရှိဘဲချန်ထားကာ အခြားနေရာသစ်များသို ့ ထွက်ခွာအမှုထမ်းရန် မည်သည့်ရဲရင့်ခြင်းကျွန်ုပ်တို့၌ရှိသနည်း။ မည်သည့်ရဲရင့်ခြင်း ကျွန်ုပ်တို့၌ရှိ နိုင်မည်နည်း။ [Ev 325.1] EvBur 416.2
ယခုကျွန်ုပ်၏ဗဟုသုတတစ်ခုကိုဖော်ပြပါမည်။ ကျွန်ုပ်သည် ဥရောပ မှပြန်လာပြီး အမေရိကန်မြေပေါ်သို့နင်းချပြီးနောက် ကျွန်ုပ်အိမ်သို့မသွားဘဲ တဲခိုခန်းသို့သွားပြီး ညစာသုံးဆောင်ပါသည်။ ထိုနောက်ကျွန်ုပ်သည် လုပ်ငန်း ခွင်သို့ထွက်သွားပါသည်။ လုပ်ငန်းကိုထိန်းသိမ်းစောင့်ရှောက်ရန် အမှုဆောင် တစ်ဦးထားရှိဖို့အတွက်စီစဉ်ပေးရမည့် အခြားနေရာအားလုံးထက် နေရာတစ်ခု ၌လိုအပ်နေကြောင်း ကျွန်ုပ်တွေ့ ရပါသည်။ ထိုနေရာ၌ လေးနက်စွာယုံကြည် ကြသောချမ်းသာသူများရှိကြသည်။ အံ့သြဖွယ်ရာစိတ်ဝင်စားမှု ထိုနေရာ၌ ရှိနေသည်။ လူတို့သည် စည်းဝေးသို့တက်ရောက်လာကြပြီး မျက်ရည်ဖြင့် သတင်းစကားများကို ထိုင်နားထောင်ကြသည်။ သူတို့သည် အလွန်စိတ်ဝင်စား ကြသည်။ သို့သော် စိတ်ဝင်စားမှုနောက်သို့ ဆက်လက်၍လုပ်ဆောင်ရန် မည်မျှမရှိပါ။ အရာခပ်သိမ်းမူလအခြေအနေသို့ပြန်လည်၍ရောက်ရှိသွားရန် ခွင့်ပြုသကဲ့သို့ဖြစ်သည်။ ဤကဲ့သို့ဖြစ်ခြင်းကို ဘုရားသခင်မနှစ်သက်ပါ။ ကျွန်ုပ်တို့သည် ဆောင်ရွက်စရာများစွာရှိသည်ကိုဆောင်ရွက်နေကြပြီး စီမံကိန်း များစွာတို့ကိုဆွဲကာ ထိထိမိမိလုပ်ဆောင်နိုင်ရန် လက်လှမ်းမမီဘဲရှိနေကြပါ သည်။ ထိုသို့ဖြစ်နေခဲ့လျှင် ဖြစ်သင့်သည့်အရာ၊ ဖြစ်နိုင်သည့်အရာများကို ဖြစ်လာအောင်စီစဉ်ဆောင်ရွက်နိုင်ကြမည်မဟုတ်ပါ။ Manuscript, 19b, 1890. [Ev 325.2] EvBur 417.1
အခြားသူများအတွက် ခက်ခဲသောသာသနာ့နယ်မြေတစ်ခုကို ဖန်တီးခြင်း - စိတ်ဝင်စားမှုကို လူတို့အထဲ၌ဖန်တီးပြီး မပြီးမပြတ်သည့်လုပ်ငန်းကိုစွန့်ထား သော ကောင်းမွန်စွာဘုရားတရားကြည်ညိုလေးစားခြင်းမရှိသည့် ဓမ္မဆရာများ တို့သည် မိမိတို့မှပြီးစီးအောင်လုပ်ဆောင်ရန် ပျက်ကွက်ခဲ့သည့်အလုပ်ကို အခြား သူများမှဆက်လက်၍ပြီးစီးအောင် ဝင်ရောက်လုပ်ကိုင်ရန်တာဝန်ယူရခြင်းသည် လွန်စွာခက်ခဲသောအလုပ်တစ်ခုဖြစ်ပါသည်။ ဤကဲ့သို့သောဓမ္မဆရာများကို စစ်ဆေးရလိမ့်မည်။ အကယ်၍ သူတို့၏အလုပ်ကို သစ္စာရှိစွာဖြင့်မဆောင်ရွက် ပါက သူတို့ကိုဆက်လက်စစ်ဆေးကာ ၎င်းအတိုင်းသာလျှင်မှန်ကန်နေပါက သူတို့အား အဖျက်သမားများ၊ သစ္စာမရှိသောကင်းစောင့်များအဖြစ်သတ်မှတ်ကာ ဖယ်ရှားပစ်လိုက်ရပါမည်။ Testimonies, vol. 4, p. 317. (1879) [Ev 325.3] EvBur 417.2
မတော်တဆအလုပ်၏အကျိုး - သင်၏အလုပ်ကို ကောင်းမွန်စွာစနစ်တကျ ပေါင်းစည်းထားပါ။ သူတစ်ပါးဆက်လက်လုပ်ဆောင်ရန် အခက်အခဲတစ်ခု ကိုမျှမချန်ထားပါနှင့်။ ခရစ်တော်ကိုစိတ်ဓာတ်မကျစေပါနှင့်။ အောင်မြင်ရလိမ့် မည်ဟု သန္နိဌာန်ချထားပါ။ ခရစ်တော်၏ခွန်အားအားဖြင့် သင်၏သာသနာ လုပ်ငန်းကို အပြည့်အဝ သင်သက်သေထူနိုင်လိမ့်မည်။ [Ev 325.4] EvBur 418.1
အမှတ်တမဲ့ထ၍လုပ်ရသောအလုပ်ကဲ့သို့ အမှန်တရားတိုးတက်ရန် မှုလိုအပ်သည်။ ခရစ်တော်နှင့်တူသောပုဂ္ဂိုလ်တို့၏အားပေးမှုမရှိခြင်းကြောင့် အတွက် စိတ်ဓာတ်ကျစရာကောင်းသောအရာမရှိပါ။ သစ္စာရှိသောလုပ်ဆောင် အသင်းတော်များတို့သည် သေလုမြောပါးဖြစ်နေပြီး လူတို့သည် ဘုရားသခင် ကျေးဇူးတော်၏သစ္စာရှိသောဘဏ္ဍာစိုးများမဟုတ်သည့်အတွက် အသင်းတော် များတို့သည် မှန်ကန်စွာရှင်သန်မှုမရှိခြင်းကို ဘုရားသခင်နှစ်သက်တော်မူခြင်း မရှိပါ။ ဘုရားသခင်၏ကျေးဇူးတော်ကို မရရှိကြသည့်အတွက် ၎င်းကိုသူတို့ ဝေငှ၍မရပါ။ သူတို့အထဲ၌အလုပ်လုပ်ရမည့်သူများအနေဖြင့် အသင်းဝင်များ တို့ကိုတာဝန်ယူရာ၌ ပျက်ကွက်ခြင်း၊ ဝိညာဉ်များတို့ကိုကြည့်ရှုရာ၌ ပြန်လည် ၍စာရင်းရှင်းရမည်ကိုမသိခြင်း၊ သစ္စာမရှိခြင်းတို့ကြောင့် အသင်းတော်များတို့ သည်အားနည်းပြီး မမာမကျန်းဖြစ်နေကြရပါသည်။ Manuscript 8a, 1888 [Ev 326.1] EvBur 418.2