တရားပွဲအချိန်ကာလအတွက်စည်းမျဉ်းသတ်မှတ်ချက်မရှိ - ဘုရားသခင်၏ အမှုတော်၌ဆောင်ရွက်နေသောသူတို့၏အလုပ်ကို အကောင်းဆုံးတိကျစွာ ဖော်ပြရန်၊ သို့မဟုတ် သူ၏အလုပ်ကိုသတ်မှတ်ရန် မည်သည့်အသက်ရှင် သောလူသားမျှမပြောနိုင်ကြောင်း စိတ်ထဲ၌မှတ်သားထားပါ။ မည်သူမျှနေ့ရက် များ၊ အပတ်ပေါင်းများ မည်ရွေ့မည်မျှနေရာတစ်နေရာ၌နေထိုင်လုပ်ကိုင်သင့် ပြီး အခြားတစ်နေရာသို့ပြောင်းရွှေ့ရမည်ကို သတ်မှတ်၍မရပါ။ အခြေအနေ များသာ ဘုရားသခင်၏အမှုဆောင်၏အလုပ်များကို ထိန်းချုပ်ရမည်ဖြစ်ပြီး အကယ်၍သူသည် ဘုရားအားကိုးပါက သူ၏အလုပ်သည် ဘုရားသခင် စပျစ်ဥယျာဉ်၏နေရာတိုင်း၌ ရပ်ဝေးရပ်နီးနှစ်မျိုးစလုံး၌ လွှမ်းခြုံလျက်ရှိကြောင်း သူနားလည်လိမ့်မည်။ လုပ်ဆောင်သောသူသည် မိမိ၏အလုပ်အတိုင်းအတာ ကို အတိအကျသတ်မှတ်၍မရပါ။ သူ့အတွက်သတ်မှတ်ချက်၊ ကန့်သတ် ချက်များမရှိဘဲ သူ၏လုပ်ဆောင်မှုများကို လိုအပ်သည့်တောင်းဆိုချက်များ အပေါ် တိုးချဲ့လုပ်ဆောင်ရမည်ဖြစ်ပါသည်။ ဘုရားသခင်သည် သူနှင့်အတူ လုပ်ဆောင်သောသူဖြစ်သည်။ ဘုရားသခင်၏ဉာဏ်တော်နှင့်အကြံပြုချက်ကို လုပ်ဆောင်မှုဟူသမျှ၌ ရှာဖွေရယူသင့်ပြီး လူ၏အကြံပြုခြင်းအပေါ် မှီခိုခြင်း မပြုသင့်ပါ။ EvBur 418.3
သာသနာ့နယ်မြေများစွာတို့၌ လုပ်ငန်းကြီးမားစွာနှောင့်နှေးရခြင်းမှာ လုပ်ဆောင်သောသူတို့သည် သာသနာ့နယ်မြေ၌အလုပ်မလုပ်သောသူထံနှင့် တောင်းဆိုချက်ကိုမမြင်ရ၊ မခံစားရသောသူတို့ထံ အကြံတောင်းခံသည့်အခါ သူတို့သည် လုပ်ငန်းအခြေအနေကိုနားမလည်သကဲ့သို့ ရှေ့တန်း၌လုပ်ဆောင် နေရသူ၏အခြေအနေကိုလည်း နားမလည်သောကြောင့်ဖြစ်ပါသည်။ Letter 8, 1895 [Ev 327.1] EvBur 419.1
အခြေအနေများကိုသေချာစွာလေ့လာပါ - ဓမ္မဆရာတစ်ဦးသည် လုပ်ငန်း တစ်ခုကိုလုပ်ဆောင်ရန် တာဝန်ပေးအပ်ခြင်းခံရသောအခါ၊ ထိုနေရာ၌မည်မျှ ကြာမြင့်စွာလုပ်ကိုင်ရမည့်အကြောင်း မိမိ၏နယ်ဥက္ကဌကိုမေးမြန်းခြင်းမပြုရပါ။ သူ့အားတာဝန်ကိုအဓိကပေးခဲ့ပြီး သူ့အားကဲ့ရဲ့ပြစ်တင်ခြင်းကိုမပြုဘဲ ရက်ရော စွာဖြင့်ပညာနှင့်မမှားနိုင်သောဆုံးဖြတ်ချက်ကိုပေးမည်ဟု ကတိပြုခဲ့သောဘုရားရှင် ထံမှ အကြံဉာဏ်ကိုရယူရလိမ့်မည်။ သူသည် စပျစ်ဥယျာဉ်၌ပေးထားခြင်း ခံရသည့်တာဝန်တိုင်းကို သေချာစွာဆင်ခြင်သုံးသပ်ပြီး ဘုရားသခင်၏ကျေးဇူး တော်အားဖြင့် မည်သည့်အရာကိုလုပ်ရမည်၊ မလုပ်ရမည်ကို ခွဲခြားရပါမည်။ အခြေအနေဖြစ်ပေါ်လာသောအခါတိုင်း၌ အကယ်၍သူသည် သေချာစွာလေ့လာ ပြီး နှိမ့်ချခြင်းနှင့်ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ဉာဏ်တော်ကိုရှာဖွေ ရယူပါက သူသည် ပညာရှိတစ်ဦးနှင့် အောင်မြင်သောအမှုဆောင်တစ်ဦးဖြစ် လာလိမ့်မည်။ Letter 8, 1895. [Ev 327.2] EvBur 419.2
ပြီးစီးသောအလုပ်တစ်ခု - နေရာတစ်ခု၌ရှိသောအလုပ်တစ်ခုကို စိတ်ဝင်စား မှုရှိနေသရွေ့ ဆက်လက်လုပ်ဆောင်ရလိမ့်မည်။ သင့်လျော်သည့်တချို့နေရာ ကို စည်းဝေးများထိုင်သောအခါ၌ ပြင်ဆင်မှုပြုရပါမည်။ မြို့ တစ်မြို့၌ရှိသော အလုပ်ကို တစ်ခဏချင်းအတွင်းမပြုလုပ်ရပါ။ စိတ်ပါဝင်စားစွာကြိုးစား၍ ဤမြို့၌လုပ်ဆောင်ရန် ကျွန်ုပ်နှစ်ပေါင်းများစွာတောင်းဆိုခဲ့ပါသည်။ ယခု ဆောင်ရွက်လျက်ရှိပါသည်။ မှန်သောစည်းမျဉ်းများအတိုင်း ကျွန်ုပ်တို့ တည့်တည့်မတ်မတ်ရှေ့သို့ချီတက်ကြပါစို့။ Letter 380, 1906. [Ev 327.3] EvBur 420.1
ကောရိန်သုမြို့၌ပေါလု၏ပို၍ကြာညောင်းသောသာသနာ့ခရီး - ဣသရေလ ဘုရားသခင်သည် အသီးအတွက်ဆာငတ်လျက်ရှိသည်။ သူတို့လက်ရှိ ဆောင်ရွက်နေသည်ထက် ပို၍တိုးချဲ့ဆောင်ရွက်ရန် သူ၏အမှုဆောင်များကို သူခေါ်နေသည်။ တမန်တော်ပေါလုသည် တစ်နေရာမှတစ်နေရာသို ့ အမှန် တရားကိုလိုက်လံဟောပြောသည်။ ကောရိန်သုမြို့၌ တစ်နှစ်ခွဲလုပ်ဆောင်ခဲ့ပြီး ယုဒလူများနှင့်တစ်ပါးအမျိုးသားအပါအဝင် ရှင်သန်သောအသင်းတော်တစ်ခု ကို ထူထောင်နိုင်ခဲ့ခြင်းအားဖြင့် သူ၏လုပ်ငန်းကောင်းမြတ်သည့်စာရိတ္တကို သက်သေထူခဲ့ပါသည်။ ပြောင်းလဲလာသောတစ်ပါးအမျိုးသားများတို့သည် ပြောင်းလဲလာသောယုဒလူများတို့ထက်ပို၍များပြီး အများသောသူတို့သည် မှောင်မိုက်မှဧဝံဂေလိတရားတော်၏အလင်းသို့ စစ်မှန်သောပြောင်းလဲလာသူ များဖြစ်ကြသည်။ Leter 96, 1902. [Ev 327,4] EvBur 420.2
ပို၍ကြာသောမြို့ပေါ်တရားပွဲများ - မြို့ကြီးများ၌တရားပွဲများကျင်းပခြင်း တွင် တစ်ဝက်ဆုံးရှုံးရခြင်းမှာ တရားပွဲကိုစောစောစီးစီးရုပ်သိမ်းလိုက်ပြီး နေရာ သစ်သို့ထွက်ခွာသွားခြင်းဖြစ်သည်။ တရားပွဲတစ်ခုကိုလျင်မြန်စွာရုပ်သိမ်းလိုက် ခြင်းသည် အများအားဖြင့် ကြီးမားသောဆုံးရှုံးမှုကိုဖြစ်စေသည်။ Letter 48, 1886. [Ev 328.1] EvBur 421.1