ဘုရားသခင်သည်အမှူဆောင်အောင်မြင်ခြင်း၏တရားစီရင်သူဖြစ်သည် - လူ၏ အလုပ်ကိုတရားစီရင်သူသည် လူမဟုတ်ဘဲ ဘုရားသခင်သာလျှင်ဖြစ်ပြီး သူသည် တရားသောဆုလာဘ်ကို တစ်ဦးစီသို့တရားသဖြင့်ခွဲဝေပေးလိမ့်မည်။ မည်သည့်လူသားကိုမျှ မတူညီသောဘုရားသခင်၏အစေခံများစပ်ကြား တရားစီရင်ရန်တာဝန်ပေးအပ်ထားခြင်းမပြုပါ။ ဘုရားသခင်တစ်ဦးတည်းသာလျှင် ကောင်းသောအလုပ်ဟူသရွေ့အပေါ် တရားစီရင်သူနှင့်ဆုလာဘ်ချပေးသူဖြစ် ပါသည်။ Review and Herald, Dec. 11, 1900. [Ev 328.2] EvBur 421.2
ဝိညာဉ်တစ်လုံးတည်တံ့ခိုင်မြဲပါက အောင်မြင်သောအလုပ်တစ်ခုဖြစ်သည် - ညအချိန်၌ ကျွန်ုပ်သည် သင်နှင့်အတူစကားပြောဆိုကြသည်။ ကျွန်ုပ်၌သတင်း သည်။ သင့်ကိုကျွန်ုပ်ပြောသည်မှာ ဘုရားသခင်သည် ညီအစ်ကိုနှင့်ညီအစ်မ တစ်ခုရှိပြီး ၎င်းသတင်းကိုပြောပြပါသည်။ သင်စွန့်ပစ်ခံရပြီးစိတ်ဓာတ်ကျခဲ့ ကို ကျွန်ုပ်အားစကားပြောရန်စေခိုင်းပါသည်။ ကျွန်ုပ်ပြောခဲ့သည်မှာ သင်၏ အလုပ်ကိုဆုံးရှုံးလုပြီဟုသင်ထင်သော်လည်း အကယ်၍ ဝိညာဉ်တစ်လုံးသည် အမှန်တရားကိုဆုပ်ကိုင်ပြီး အဆုံးတိုင်အောင်တည်ကြည်ပါက သင်၏အလုပ် ကိုဆုံးရှုံးသည်ဟုပြော၍မရပါ။ အကယ်၍ မိခင်တစ်ဦးသည် သူမ၏သစ္စာ မရှိခြင်းမှ နာခံခြင်းသို့ပြောင်းလဲလာပါက သင်ဝမ်းသာရလိမ့်မည်။ ဘုရားသခင် ကိုသိရှိပြီး သူ့နောက်သို့လိုက်သောမိခင်သည် သူမ၏သားသမီးများကို သူမ၏ ခြေရာအတိုင်းလျှောက်လိုက်ရန် သူမသွန်သင်လိမ့်မည်။ ကတိတော်သည် ဖခင်များ၊ မိခင်များနှင့် သူတို့၏သားသမီးများအတွက်ဖြစ်သည်။--- EvBur 421.3
သင်၏ကြိုးစားမှုများ၌ ပေါ်လွင်နေသောအောင်မြင်မှုအရေအတွက် အပေါ် ဘုရားသခင်သည် သင့်ကိုစီရင်မည်မဟုတ်ပါ။ သင်၏ယုံကြည်ခြင်း ရှင်သန်ပြီးခိုင်မြဲခြင်းနှင့် အမြဲတိုးတက်ခြင်းရှိရန် သင့်အားပြောရမည်ဟု ကျွန်ုပ် စေခိုင်းခြင်းခံရပါသည်။ နားရှိပြီးမကြားရသူများနှင့် အသိဉာဏ်ရှိပြီးနားမလည် သူများနှင့် သင်ရင်ဆိုင်တွေ့ မြင်ရသောအခါ၊ သင်အကောင်းဆုံးလုပ်ဆောင် ပြီးသည့်နောက် အခြားနေရာသို့ထွက်ခွာသွားသောအခါ ပေါ်ထွက်လာမည့် အကျိုးကို ဘုရားရှင်လက်ထဲ၌သာ အပ်နှံထားခဲ့ရပါမည်။ သို့သော် သင်၏ ယုံကြည်ခြင်းမကျဆင်းပါစေနှင့်။ Letter 8, 1895. [Ev 329.1] EvBur 422.1
သေးငယ်သောအောင်မြင်မှုအတွက်စိတ်ဓာတ်မကျပါနှင့် - ဘုရားသခင်၏ ဂုဏ်တော်နှင့်ဘုန်းတော်အတွက် ဆောင်ရွက်သောလုပ်ငန်းတို့ကို ဘုရားသခင် ၏တံဆိပ်ခတ်ခြင်းကိုခံရလိမ့်မည်။ အမှုတော်ကိုအကောင်းဆုံးဆောင်ရွက် သောသူတို့၏အလုပ်ကို ခရစ်တော်သည်ထောက်ခံလိမ့်မည်။ ဤကဲ့သို့သူတို့ သည် အကောင်းဆုံးဆက်လက်လုပ်ဆောင်ခြင်းအားဖြင့် သူတို့၏အသိတရား တိုးပွားလာမည်ဖြစ်ပြီး သူတို့၏လုပ်ငန်းလက္ခဏာသည်လည်း တိုးတက်လာ လိမ့်မည်။ Letter 153, 1903. [Ev 329.2] EvBur 422.2
နှိုင်းယှဉ်ချက်အရ၊ အမှန်တရားလက်ခံသူဦးရေသည် ငြင်းပယ်သူတို့ ၏ဦးရေလောက်မရှိ၊ လွန်စွာနည်းနေသော်လည်း ဝိညာဉ်တစ်လုံးသည် ကမ္ဘာ တစ်ခုလုံး၏ တန်ဖိုးထက်သာ၍များသည်။ ကျွန်ုပ်တို့၏လုပ်ဆောင်မှုများတွင် အကျိုးကြီးမားစွာရရှိပုံမပေါ်သည့်တိုင် ကျွန်ုပ်တို့စိတ်ဓာတ်ကျစရာအကြောင်း မရှိပါ။ Letter 1, 1875. [Ev 329.3] EvBur 422.3
အောင်မြင်ခြင်းများစွာအတွက်ပေါင်းစည်းခိုင်ခံ့သောကြိုးစားမှု - တစ်ဦးစီ၊ အမြဲ၊ စည်းလုံးသောကြိုးစားဆောင်ရွက်ခြင်းသည် အောင်မြင်ခြင်းဆုလာဘ်ကိုရရှိပါ လိမ့်မည်။ ကျွန်ုပ်တို့၏ကမ္ဘာ၌ ကောင်းသောကြီးမားသည့်အလုပ်တစ်ခုကို လုပ်ဆောင်ရန်ဆန္ဒရှိသောသူသည် သေးငယ်သောအရာများကို ဘုရားသခင် ၏လမ်းစဉ်နှင့်အညီလုပ်ဆောင်လိုသော စိတ်ဆန္ဒရှိရလိမ့်မည်။ အမြင့်ဆုံး သောအရပ်သို့ကျော်ကြားလိုစိတ်ဖြင့် ကြီးမား၍အံ့သြဖွယ်ရာကောင်းသောအလုပ် ကို လုပ်သောသူသည် မည်သည့်အရာကိုမဆိုလုပ်ကိုင်ရာတွင် ဆုံးရှုံးခြင်းနှင့် ရင်ဆိုင်ရလိမ့်မည်။ [Ev 329.4] EvBur 422.4
ကောင်းသောအလုပ်တစ်ခု၌ပုံမှန်တိုးတက်ခြင်း၊ မကြာခဏသစ္စာရှိ သောအမှုတစ်ခုကို ထပ်မံ၍လုပ်ဆောင်နေခြင်းသည် ကြီးကျယ်သောအလုပ် တစ်ခုကိုလုပ်ကိုင်ပြီး မိမိတို့၏ကြိုးစားမှုများ၏လက္ခဏာနှင့်အောင်မြင်ခြင်း၏ ကောင်းသောသတင်းကိုကြားရခြင်းထက် ဘုရားသခင်၏ရှေ့မှောက်၌ သာ၍ တန်ဖိုးရှိသည်။ မိမိတို့၏ဘုရားပေးတာဝန်အပေါ် မှန်ကန်စွာနှင့်သစ္စာရှိစွာ ဖြင့် ဆောင်ရွက်သောသူတို့သည် ပုံမှန်အောင်မြင်ခြင်းမရှိသော်လည်း ရည်ရွယ် ချက်၌ခိုင်မြဲခြင်းရှိပြီး ဆိုးသွမ်းမှုကို မိမိတို့၏လမ်းခရီး၌ ကျော်ဖြတ်နိုင်သကဲ့သို့ ကာလမရွေး၊ မည်သည့်အချိန်အခါ၌မဆို ဘုရားသခင်အတွက်အဆင်သင့်ရှိ ကောင်းသောသတင်းများကိုလည်း ပေးစွမ်းနိုင်ပါသည်။ သူတို့သည် အချိန် သောသူများဖြစ်သည်။ Letter 122, 1902. [Ev 329.5]. EvBur 423.1
မှန်သောနည်းစနစ်များသည်ဝိညာဉ်ရိတ်သိမ်းခြင်းကိုဖြစ်စေသည် - ဘုရားသခင် အတွက် ကျွန်ုပ်တို့၏အလုပ်၌ မှန်သောနည်းစနစ်များကို အင်တိုက်အားတိုက် လိုက်လျှောက်ကျင့်သုံးသောအခါ၊ ဝိညာဉ်များတို့ကို ရိတ်သိမ်းနိုင်ပေလိမ့်မည်။ Review and Herald, April 28, 1904. [Ev 330.1] EvBur 423.2
ဓမ္မဆရာကိုအလွန်အမင်းစွဲလမ်းစေသောဆိုးသွမ်းမှု - ဓမ္မဆရာတစ်ဦးသြဘာ ပေးခြင်းနှင့်ချီးမွမ်းခံရခြင်း၏အကြောင်းမှာ သူသည် ဝိညာဉ်တော်တန်ခိုးသြဇာ အောက်၌ စကားပြောနေသောအထောက်အထားမရှိပါ။ များသောအားဖြင့် မှုကို မိမိတို့၏ကယ်တင်ရှင်အပေါ်၌ထားရှိရမည့်အစား မိမိတို့၏ဓမ္မဆရာ သတိပေးခြင်းမခံရပါက ပြောင်းလဲစပုဂ္ဂိုလ်များတို့သည် မိမိတို့၏ချစ်ခင်မြတ်နိုး အပေါ်၌ ပို၍ထားရှိကြပါလိမ့်မည်။ သူတို့၏ဓမ္မဆရာလုပ်ဆောင်မှုအားဖြင့် သူတို့အကျိုးများစွာရရှိသည်ဟု သူတို့ခံစားရကြပါသည်။ သူတို့၏ဆရာ သည် အမြင့်ဆုံးသောဆုကျေးဇူးနှင့်ကျေးဇူးများကိုပိုင်ဆိုင်ပြီး သူပြုသကဲ့သို့ မည်သူမျှမပြုနိုင်ပါဟူ၍ သူတို့သဘောရကြပါသည်။ ထိုကြောင့်သူတို့သည် ထိုသူနှင့်သူ၏လုပ်ဆောင်မှုများကို မသင့်လျော်သောအရေးကြီးသည့်နေရာ၌ ထားကြပြီး ခင်တွယ်နေကြသည်။ ဤကဲ့သို့သောယုံကြည်စိတ်ချခြင်းသည် မိမိတို့ဓမ္မဆရာကို လွန်စွာနှစ်သက်စွဲလမ်းခြင်းသို့ သူတို့ကိုပို့ဆောင်စေပြီး ဘုရားသခင်ထက်ထိုပုဂ္ဂိုလ်ကိုကြည့်ကာ ဤကဲ့သို့ဖြစ်ခြင်းကြောင့် ဘုရားသခင် ကိုမနှစ်သက်စေခြင်းကိုဖြစ်စေပါသည်။ သူတို့သည်လည်း ကျေးဇူးတော်အား ဖြင့် မကြီးထွားနိုင်ကြပါ။ အထူးသဖြင့် ထိုဓမ္မဆရာသည် လူငယ်တစ်ဦးဖြစ် ပြီး ဧဝံဂေလိလုပ်ငန်း၌ ရှေ့သို့တိုးတက်ရန်အလားအလာရှိသူဖြစ်ပါက သူ့အတွက်ကြီးမားသောဆုံးရှုံးနစ်နာမှုကြီးတစ်ခုကို ပြုလုပ်ခြင်းကဲ့သို့ဖြစ်ပါလိမ့် မည်။ [Ev 330.2] EvBur 423.3
ဝိညာဉ်တော်နှင့်ပြည့်ဝပြီး မိမိ၏သခင်ကိုချစ်သောဓမ္မအမှုဆောင်သည် ဘုရားသခင်၏စာရိတ္တနှင့် ခရစ်တော်၏စာရိတ္တကို အပြည့်ဝဆုံးနှင့်အရှင်းလင်း ဆုံးသောအမူအရာဖြင့် ထင်ရှားစေရန်လုပ်ဆောင်ပေလိမ့်မည်။ သူ၏တရား နာသူများတို့အား ဘုရားသခင်၏စာရိတ္တနှင့်ပတ်သက်၍ အသိဉာဏ်ကိုသူတို့ ၏ခံယူချက်များထဲ၌ရှိစေခြင်းအားဖြင့် ဘုရားသခင်၏ဘုန်းတော်ကို ဤကမ္ဘာ ပေါ်၌ လူတို့အသိအမှတ်ပြုနိုင်ရန် သူသည် ကြိုးစားအားထုတ်လုပ်ဆောင်ပေ လိမ့်မည်။ Gospel Workers, pp. 44, 45. (1892) [Ev 330.3] EvBur 424.1
ခရစ်တော်ထက်လူ ထံ သို့ ပြောင်းလဲခြင်း - လွန်ခဲ့သော (၄) နှစ်တွင် အသင်းလူကြီးတစ်ဦးသည် တစ်နေရာ၌တရားပွဲတစ်ခုကိုကျင်းပပြီး ကြားနာ ကြရန်လူများစွာလာရောက်ကြသည်။ အကယ်၍ မှန်သောစီမံကိန်းများပြုလုပ် ပါက အမှန်တရားသို့ဝိညာဉ်များစွာကို ခေါ်ဆောင်နိုင်ပါလိမ့်မည်။ ညီအစ်ကို တစ်ဦးသည် မှန်သောနည်းလမ်းဖြင့် အမှုတော်ကိုဆောင်ရွက်ခြင်းမပြုပါ။ သူ၏အဓိကရည်ရွယ်ချက်မှာ ဆွဲဆောင်မှုကောင်းသောတရားဟောခြင်းအားဖြင့် တရားနာပရိသတ်များစွာကို ဆွဲဆောင်လိုခြင်းဖြစ်သည်။ ခရစ်တော်၏ရှေ့ပြေး ယောဟန်၏တရားဟောခြင်းနှင့် များစွာကွာခြားနေပါသည်။ သူ၏ဟောပြော ခြင်းကြောင့် လူပေါင်းများစွာကတိခံဝန်ချက်လက်မှတ်ရေးထိုးကြပါသည်။ သို့သော် ဤပုဂ္ဂိုလ်ထွက်ခွာသွားသောအခါ၊ ဤကတိခံဝန်ချက်ပြုကြသော သူများတို့သည် ခရစ်တော်ထံသို့ဆွဲဆောင်ခြင်းခံရသောသူများမဟုတ်ဘဲ လူထံသို့သာဆွဲဆောင်ခြင်းခံရသောသူများဖြစ်ကြောင်း သိရှိရပါသည်။ ကတိ ခံဝန်ချက်လက်မှတ်ရေးထိုးခဲ့သောသူများစွာတို့သည် ပြောင်းလဲသောသူများ အားလုံးမဟုတ်ကြပါ။ တရားဟောပြောသူမရှိတော့သည့်အခါ၊ သူတို့သည် မိမိတို့၏နာမည်ကို ပြန်လည်ရုပ်သိမ်းလိုက်ကြပါသည်။ Letter 79, 1893. Ev330.4] EvBur 424.2
အသင်းလူကြီးတစ်ဦး၏အသင်းတော် - သင်၏လုပ်ဆောင်မှုအောက်၌ ပြောင်းလဲလာသူများအတွက်လုပ်ဆောင်ကြရာတွင် အကယ်၍သူတို့အနေဖြင့် အသင်းလူကြီး၏အသင်းတော်၌ အသင်းဝင်ဖြစ်သည်ဟု အခေါ်ခံရခြင်းကို သင်ကြားရပါက သင်အလွန်ကျေနပ်အားရမည်ဖြစ်သည်။ သင်သည် သူတို့ ၏စိတ်ကိုကြိုးကိုင်ပြီး သူတို့အားသင်၏ရွေးချယ်ခြင်းအဖြစ် ခံစားစေခြင်းအား ဖြင့် သူ့တို့ကိုပို့ဆောင်နေခြင်းကို သင်နှစ်သက်ပါသည်။ သို့သော် ဘုရားသခင် တားမြစ်ပါသည်။ သင့်ထံသို့သူတို့၏စိတ်ကိုစွဲလမ်းစေခြင်းသည် သူတို့ဉာဏ် နှင့်လိုလားချက်ပြည့်ဝခြင်း၏အရင်းအမြစ်မှ အဆက်ပြတ်သွားရန် သင်ပို့ဆောင် နေခြင်းဖြစ်သည်။ သူတို့၏မှီခိုစရာသည် သင့်အပေါ်၌မဟုတ်ဘဲ ဘုရားသခင် အပေါ်၌လုံးလုံးဖြစ်စေရမည်။ သို့မှသာ သူတို့သည် ကျေးဇူးတော်အားဖြင့် ကြီးပွားနိုင်လိမ့်မည်။ သူတို့သည် အောင်မြင်ရန်အတွက်၊ အသုံးဝင်ရန်အတွက်၊ ဘုရားသခင်နှင့်အတူလုပ်ဆောင်သူများဖြစ်နိုင်ရန် တန်ခိုးတော်အတွက် ဘုရားသခင်အပေါ်အမှီပြုသောသူများဖြစ်ကြရမည်။ Letter 39, 1902. [Ev 331.1] EvBur 425.1
ခရစ်တော်၏ပိုင်ဆိုင်ခြင်း- ကျွန်ုပ်တို့၏ပိုင်ဆိုင်ခြင်းမဟုတ် - ကျွန်ုပ်တို့ ညီအစ်ကိုအသင်းလူကြီးကို အမြဲသတိရကြပါစို့။ လူသားကိုယ်စားလှယ်တို့ အနေဖြင့် အလုပ်ကိုမည်ရွေ့မည်မျှကြီးမားကောင်းမွန်စွာအောင်မြင်စေရန် ဆောင်ရွက်နိုင်သော်လည်း သူ့အားဖြင့် အမှန်တရားသို့ပြောင်းလဲလာသူတို့၏ ပိုင်ရှင်နေရာကိုယူ၍မရပါ။ မည်သူမျှ မိမိကိုယ်ကို မိမိအားပြောင်းလဲစေသည့် ဘုရားသခင်၏အသုံးပြုသော ဓမ္မဆရာလက်အောက်၌အုပ်ချုပ်မှုခံရန် မိမိကိုယ် ကိုအပ်နှံခြင်းမပြုရပါ။ ကျွန်ုပ်တို့၏သာသနာလုပ်ငန်း၌ ကျွန်ုပ်တို့သည် ဝိညာဉ် များကို ခရစ်တော်ထံသို့တိုက်ရိုက်ပို့ဆောင်ကြရမည်။ သူတို့သည် ခရစ်တော် ၏ပိုင်ဆိုင်သောသူများဖြစ်ကြပြီး ခရစ်တော်တစ်ဦးတည်း၏အောက်၌သာ အုပ်ချုပ်မှုခံလိုသောသူများဖြစ်ရကြမည်။ လူတိုင်းမိမိတို့၏ကိုယ်တိုင်ကို မိမိ ပိုင်ဆိုင်ပြီး ဤပိုင်ဆိုင်ခြင်းကို မည်သည့်အခြားပုဂ္ဂိုလ်မျှတောင်းဆို၍မရပါ။ Letter 193, 1903. [Ev 331.2] EvBur 426.1
အောင်မြင်ခြင်းအတွက်ဘုရားဘုန်းတော်ထင်ရှားစေရန် - သမ္မာကျမ်းစာမှသတိ ပေးစကားနှင့် အမှန်တရားဟောပြောခဲ့ပြီးနောက်၊ ဝိညာဉ်များစွာယုံကြည်လာ လိမ့်မည်။ ထိုအခါ သတိကြီးစွာထားရန်လိုအပ်ပါသည်။ လူသားကိုယ်စား လှယ်သည် သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်ကိုမလုပ်နိုင်ပါ။ ကျွန်ုပ်တို့ အားဖြင့်သာလျှင် လမ်းကြောင်းအဖြစ်ဘုရားသခင်အလုပ်လုပ်သွားပါသည်။ အကယ်၍ အမှုဆောင်၏ကြိုးစားခြင်းအားဖြင့် အောင်မြင်မှုအတိုင်းအတာ တစ်ခုရရှိပါက မကြာခဏကိုယ်၌လုံလောက်သောခွန်အားရှိသည့်စိတ်ဓာတ် ဝင်လာတတ်သည်။ သို့သော် ကိုယ့်ကိုကိုယ်အမွှမ်းတင်ခြင်းမပြုရပါ။ အတ္တ စိတ်ကိုချီးမွမ်းရန်မသင့်ပါ။ အလုပ်သည် ဘုရားသခင်၏အလုပ်ဖြစ်ပြီး သူ၏ မွန်မြတ်သောနာမတော်သာလျှင် ချီးမွမ်းခြင်းအားလုံးကိုခံထိုက်ပါသည်။ အတ္တ စိတ်ကို ခရစ်တော်၌သာပုန်းအောင်း၍နေစေပါ။ Review and Herald, Oc 14, 1902. [Ev 331.3] EvBur 426.2
ကိုယ်ရည်သွေးခြင်းဖြင့် အောင်မြင်မှုမှေးမှိန်သွားခြင်း - မိမိကိုယ်ကိုချီးမွမ်း သောသူတိုင်းတို့သည် သူ၏အကောင်းဆုံးသောကြိုးစားခဲ့သမျှတို့ကို ပျောက်ကွယ် သွားစေခြင်းသာလျှင်ဖြစ်စေပါသည်။ Testimonies, vol. 4, p. 607, (1881) [Ev 332.1] EvBur 427.1
အောင် မြင် မှုအပြည့်အဝကို တွဲ ဖက် အမှု ဆောင်များသို့ အကျိုးခံ စားစေခြင်း - လူတိုင်းမိမိတာဝန်ကို သစ္စာရှိစွာဆောင်ရွက်ပြီး လူတိုင်းမိမိတို့ဆောင်ရွက်သော တာဝန်၏အကျိုးကို မိမိတို့၏ညီအစ်ကိုတို့အား ခံစားစေပါ။ သင်၏ပြောဆို သောအရာများတို့၌ သင်၏ဂုဏ်သရေကိုထောက်သော အတ္တစိတ်မပါရှိပါစေ နှင့်။ ဘုရားသခင်သည် သူ၏အမှုတော်၌အသုံးပြုသော ပစ္စည်းတန်ဆာပလာ များစွာရှိသည်။ သင်ဆောင်ရွက်ရသောတာဝန်သည် တစ်စိတ်တစ်ပိုင်းသာဖြစ် ပါသည်။ လုံ့လစိုက်လျက်၊ ဆုတောင်းလျက်၊ သတိပညာရှိစွာဖြင့် သူ၏အမှ တော်ကိုဆောင်ရွက်လျက်နေကြသောသူများတို့ကို အာရုံမစိုက်ဘဲမေ့မနေရပါ။ “သူ၏ဆုလာဘ်သည် သူနှင့်အတူရှိသည်။ သူ၏အလုပ်သည်သူ့ရှေ့၌ရှိ သည်။” နောက်ဆုံးသောစာရင်းရှင်းခြင်းနေ့ရက်၌ ဘုရားသခင်သည် သူ၏ အမှုဆောင်များအတွက် မိမိတို့၏ဆောင်ရွက်ခဲ့ကြသည့်အတိုင်း တရားသဖြင့် စာရင်းရှင်းသွားမည်ဖြစ်သည်။ ဘုရားသခင်သည် သူ၏အမှုတော်ကို ခက်ခဲ သောနေရာများ၌ ကိုယ်ကျိုးစွန့်ဆက်ကပ်၍ထမ်းဆောင်ခဲ့သော အမှုဆောင် အားလုံးတို့၏အသက်တာကို မှတ်သားထားလျက်ရှိသည်။ [Ev 332.2] EvBur 427.2
ဤအရာများတို့သည် သင်စဉ်းစားဆင်ခြင်ရန်ဖြစ်သည်။ ဘုရားသခင် သည် မိမိကိုယ်ကိုသာ အသားပေးသောသူ၏အမှုဆောင်များကို သူမနှစ်သက် ပါ။ အခြားသူတို့နှင့်သက်ဆိုင်သည့်အရာများအပေါ် ကျွန်ုပ်တို့အခွင့်အရေး မယူဘဲ ကျွန်ုပ်တို့၏အသက်အရွယ်ကြီးရင့်သောအခါတွင် တရားသဖြင့်နေထိုင် ကြပါစို့။ မြင့်မြတ်သောအမှုဆောင်များ တစ်ဖွဲ့ပြီးတစ်ဖွဲ့ မိမိတို့၏တာဝန် ကိုယ်စီ၌ လုပ်ငန်းတစ်ခုကိုပြီးမြောက်စေရန် နှစ်ပေါင်းများစွာလုပ်ဆောင်ခဲ့ကြ ရပါသည်။ Letter 204, 1907. EvBur 427.3
ကျွန်ုပ်တို့ ၏သဘောထားအားဖြင့် ဘုရားသခင်ကန့် သတ်မှုပြုသည် - အမှုဆောင် များတို့အတွက် ဘုရားသခင်သည် ကြီးမားသောအရာများကို ပြုလုပ်မည် ဖြစ်သော်လည်း သူတို့၏စိတ်နှလုံးတို့သည် နှိမ့်ချခြင်းမရှိပါ။ ထိုကြောင့် အကယ်၍ ဘုရားသခင်သည် ကြီးမားသောအလုပ်ကိုသူတို့၌ပြုပါက သူတို့ သည် စိတ်နေမြင့်လာပြီး မိမိကိုယ်ကိုအထင်ကြီးသောစိတ်နှင့်ပြည့်ဝလာကာ မိမိတို့၏ညီအစ်ကိုများအပေါ် အကောင်းမြင်ကြလိမ့်မည်မဟုတ်ပါ။ Review and Herald, July 12, 1887. [Ev 333.1] EvBur 428.1
အဘယ်ကြောင့်အောင်မြင်ခြင်းမရရှိရပါသနည်း - လောကီပညာနှင့်လောကီ ရည်မှန်းချက်၏ဝါကြွားခြင်းကို ဧဝံဂေလိလုပ်ငန်းတွင် ပထမအရာ၌ထားရ ခြင်း၏အကြောင်းရင်းမှာ လုပ်ငန်းအောင်မြင်နိုင်သည့်အထောက်အကူများစွာ ရှိသော်လည်း နှိုင်းယှဉ်ချက်အရ၊ အောင်မြင်ခြင်းအနည်းငယ်သာရရှိခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ ကျွန်ုပ်တို့၏ကယ်တင်ရှင်သည် အမှန်တရား၏တန်ဖိုးမည်မျှ ရှိကြောင်းစဉ်းစားပြီး ပညာရှိသူနှင့်စဉ်းစားဉာဏ်ရှိသူထံမှ သူတို့မသိမမြင်နိုင် အောင်ဝှက်ထားသော်လည်း မိမိတို့၏အားနည်းခြင်းကိုသိပြီး ဘုရားကိုမှီခို အားကိုးရန်လိုသည်ဟုထင်ကြသော ကလေးငယ်ကဲ့သို့သောသူများထံသို့ ဖော်ပြ ပေးနေခြင်းကိုတွေ့ရခြင်းကြောင့် ခရစ်တော်သည် မိမိ၏စိတ်ထဲတွင်ဝမ်းမြောက် ပြီး ဘုရားသခင်ကိုကျေးဇူးတင်ရှိပါသည်။. Manuscript 118, 1902. [Ev 333.2] EvBur 428.2
ဝိညာဉ်အောင်မြင်ခြင်း၏ဆုလာဘ် - ကြွယ်ဝသောဆုလာဘ်ကို မိမိတို့၌ ရှိသမျှအရာအားလုံးနှင့် အမှုတော်ကိုထမ်းဆောင်သော စစ်မှန်သည့်အမှုဆောင် များတို့အား ဘုရားသခင်ပေးလိမ့်မည်။ ခရစ်တော်ထံသို့ ဝိညာဉ်များကို ခေါ်ဆောင်နိုင်ခြင်းထက် ကောင်းကင်တစ်ဖက်၌ ကောင်းကင်သားများတို့ အတွက် သာ၍ပျော်ရွှင်ပီတိဖြစ်ခြင်းမရှိပါ။ အမှုဆောင်များတို့သည် ကြီးမား သောဤအံ့သြဖွယ်ရာကို တစ်ခါမျှလူသားကိုယ်စားလှယ်များ၌ဖြစ်ခဲ့ခြင်းကို မတွေ့ဖူးခဲ့သော်လည်း ပျက်စီးလုသောဝိညာဉ်များကိုချစ်သည့် ဘုရားရှင်အားဖြင့် တွေ့မြင်ခဲ့ရခြင်းအတွက် မိမိတို့၏စိတ်ထဲတွင် ဝမ်းမြောက်ခြင်းနှင့်ပြည့်ဝ လျက်ရှိသည်။ စစ်မှန်သောအမှုဆောင်တိုင်း၏အနား၌ ဘုရားသခင်ရှိနေပြီး ဝိညာဉ်များကိုနောင်တရစေပါသည်။ ထိုသို့နှင့်ခရစ်ယာန်ညီအစ်ကိုဖြစ်ဘက်ကို ထူထောင်နိုင်ပါသည်။ အမှုဆောင်နှင့်မိမိ၏လုပ်ဖော်ကိုင်ဖက်များတို့သည် ခရစ်တော်၏မေတ္တာတော်နှင့်တို့ထိမှုကို ခံရကြပါသည်။ စိတ်နှလုံးသည် စိတ်နှလုံးကိုတို့ထိပြီး၊ စိတ်ဝိညာဉ်သည် စိတ်ဝိညာဉ်နှင့်တစ်သမတ်တည်းဖြစ် လာခြင်းသည် အမှုထမ်းသောကောင်းကင်တမန်များစပ်ကြား ကောင်းကင်သား များတို့၏ဆက်ဆံခြင်းနှင့်တူပါသည်။ Manuscript 36, 1901. [Ev 333.3] EvBur 428.3