Go to full page →

ဘုရားဝတ်ပြုဆောင်များကိုပြင်ဆင်ပေးခြင်း EvBur 487

အမှန်တရားအတွက်အောက်မေ့ဖွယ်ရာများ - တော၊ သို့မဟုတ် မြို့၌ ၍လှုပ်ရှားမှုပြုရမည်။ ထိုနေရာ၌နှိမ့်ချသောဝတ်ပြုဆောင်တစ်ခုမှတ်တိုင်အဖြစ် စိတ်ဝင်စားမှုဖြစ်ပေါ်လာသောအခါ၊ ထိုစိတ်ဝင်စားမှု၏နောက်သို့ ဆက်လက် ရပ်တည်နိုင်ရန် ဘုရားသခင်၏ဥပုသ်နေ့အောက်မေ့ဖွယ်ရာတစ်ခုဖြစ်ပေါ်စေ ရန်၊ မှောင်မိုက်သောစာရိတ္တ၏အလယ်တွင် အလင်းတစ်ခုထွန်းလင်းစေနိုင်ရန် အခြေအနေသို့ရောက်ရှိသည့်တိုင်အောင် သေချာစွာလုပ်ကိုင်ဆောင်ရွက်သင့်သည်။ ဤအောက်မေ့ဖွယ်ရာအမှတ်အသားသည် နေရာများစွာတို့၌ အမှန်တရား၏ သက်သေခံအဖြစ်ရပ်တည်ရပါမည်။ ဘုရားသခင်သည် မိမိ၏ကရုဏာကြောင့် ပြင်ဆင်ပေးသော ဧဝံဂေလိသတင်းစကားပို့ဆောင်သူများအားဖြင့် နိုင်ငံများ၊ လူမျိုးများနှင့်လူအများတို့ထံသို့ အမှန်တရား၏စံချိန်ကို လူရှိရာအရပ်ဒေသ အားလုံးတို့၌ အခြေချနိုင်သည့်တိုင်အောင် သွားရောက်လုပ်ဆောင်ကြရပါမည်။ Testimonies, vol. 6, p. 100. (1900) [Ev 375.3] EvBur 487.2

မြဲမြံသောအလုပ်တစ်ခုကိုခိုင်မာစေသည် - ယုံကြည်သူအဖွဲ့ငယ်လေးတစ်ခု ထူထောင်သည့်အခါတိုင်း ဝတ်ပြုရာအဆောင်တစ်ခုကိုဆောက်လုပ်ပေးသင့်သည်။ ဤအရာကိုဆောင်ရွက်၍မပြီးမချင်း ထိုနေရာမှအမှုဆောင်များချန်လှပ်ထားခြင်း ကိုမပြုစေပါနှင့်။ EvBur 487.3

နေရာများစွာတို့၌ သတင်းစကားဟောကြားပြီး ဝိညာဉ်များရရှိသော အခါ၊ ကန့်သတ်မှုရှိသည့်အခြေအနေများကြောင့် အခွင့်အရေးများကိုအနည်းငယ် သာရယူနိုင်ပြီး လုပ်ငန်း၏အကောင်အထည်ကိုဖော်နိုင်ပါသည်။ မကြာခဏ ဤအခက်အခဲကြောင့် လုပ်ငန်းကိုချဲ့ထွင်၍မရပါ။ အမှန်တရား၌လူအများ စိတ်ပါဝင်စားလာသည်နှင့်အလျောက်၊ သူတို့အားအခြားအသင်းတော်များမှ ဓမ္မအမှုဆောင်များပြောဤစကားများကို အသင်းသားများမှထပ်မံပြောသည်မှာ “ဤလူတို့သည် ဘုရားကျောင်းမရှိ၊ ဝတ်ပြုရာနေရာမရှိကြပါ။ သင်တို့သည် သေးငယ်သောအဖွဲ့၊ ဆင်းရဲကြပြီးပညာလည်းမရှိကြပါ။ မကြာမီဓမ္မဆရာ များသင်တို့ကိုစွန့်ခွာသွားပြီး သင်တို့စိတ်ဝင်စားမှုပျောက်ကွယ်သွားမှာပါ။ ထိုနောက် ဤသင်ရခဲ့သောအတွေးအခေါ်များအားလုံးကို သင်စွန့်ပစ်မှာပါ။” [Ev 376.2] EvBur 488.1

ယခုအမှန်တရားနှင့်ပတ်သက်၍ ကျွန်ုပ်တို့ယုံကြည်ခြင်း၏ အကြောင်း အရင်းများကို တွေ့မြင်ရသောသူများနှင့် ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ပြောင်းလဲလာသူများအတွက် ပြင်းထန်သောစုံစမ်းခြင်းကိုယူဆောင်လာနိုင်ကြောင်း စိတ်ဝင်စားမှုတိုးပွားလာမည့်အကြောင်း ကျွန်ုပ်တို့မကြာခဏထပ်မံပြောကြား ကျွန်ုပ်တို့မယူဆနိုင်ဘူးလား။ သေးငယ်သောအစကလေးမှနေ၍ ကြီးမားသော ရလိမ့်မည်။ အကယ်၍ ပညာနှင့်ကောင်းသောဆုံးဖြတ်ချက်၊ ကျွမ်းကျင်သော စိတ်ဝင်စားမှုကိုဖော်ပြပါက ကျွန်ုပ်တို့၌ရှိသမျှအင်အားတန်ခိုးအားလုံးတို့ဖြင့် စုပေါင်းလုပ်ဆောင်မှုများကို ကျွန်ုပ်တို့ရွေးနုတ်ရှင်၏နိုင်ငံတော်အတွက် လူတို့ကိုကျွန်ုပ်တို့၏အလုပ်မြဲမြံခြင်းအတွက် ခိုင်မာစေလိမ့်မည်။ အမှန်တရား ကိုလက်ခံသောသူတို့သည် မိမိတို့၏ကိုယ်ပိုင်အသိတရားပို့ဆောင်သည့်အတိုင်း ဘုရားသခင်အားဝတ်ပြုနိုင်မည့် ရိုးသားစွာဆောက်လုပ်ထားသောဗိမာန်တော် များကို တွေ့ရှိရပါလိမ့်မည်။ 6T, pp. 100, 101. (1900) [Ev 376.3] EvBur 488.2

တောမြို့ပေါ်ပိုင်ဆိုင်မှုများကိုရယူထားခြင်း - အမှန်တရားကြွေးကြော်သောမြို့ တိုင်း၌ အသင်းတော်များကိုထူထောင်ကြရမည်။ မြို့ကြီးတချို့တို့၌ မြို့၏ ခြားနားသောအစိတ်အပိုင်းများတို့တွင် အသင်းတော်များကိုထူထောင်ကြရမည်။ တချို့နေရာများတို့၌ အခွင့်အရေးယူပြီးဝယ်ယူနိုင်မည့် သင့်လျော်သည့်ဈေးနှုန်း ဖြင့် စည်းဝေးပြုလုပ်နိုင်သောအိမ်များရောင်းရန်ရှိမည်ဖြစ်သည်။ Letter 168, 1909. [Ev 377.1] EvBur 489.1

ကျွန်ုပ်တို့ ၏နေအိမ်များတို့ ထက်မသိမ်ငယ်ခြင်း - ရိုးသားနှိမ့်ကျသောနေရာ များတို့၌ ဘုရားရှင်ကိုဝတ်ပြုရန် လိုအပ်ပုံပေါ်သောအချိန်အခါမျိုးရှိပေလိမ့် မည်။ သို့သော် ဤအခြေအနေမျိုးကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် အတူရှိရန် မိမိ၏ဝိညာဉ်ကိုချုပ်ကိုင်ထားခြင်း၊ သို့မဟုတ် ငြင်းဆန်ခြင်းပြု မည်မဟုတ်ပါ။ ဤအချိန်အခါမျိုး၌ သူ၏သားသမီးများအတွက်ပြုလုပ်ရန် အကောင်းဆုံးဖြစ်ပြီး သူတို့အနေဖြင့် သူ့အားဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာ တရားနှင့်လည်းကောင်း ဝတ်ပြုကြပါက သူသည် မည်သည့်အခါမျှသူတို့၏ ကြိုးစားခြင်းများကို အပြစ်တင်၍စီရင်မည်မဟုတ်ပါ။ သို့သော် သူသည် ကျွန်ုပ်တို့အားကြေးငွေအားဖြင့်ကောင်းချီးချပေးပြီး ၎င်းကြေးငွေကို ကျွန်ုပ်တို့ ၏အိမ်များအတွက်လှပစွာဖြင့် ကျွန်ုပ်တို့ကိုယ်ကိုဂုဏ်ပြုချီးမွမ်းရန် စီမံကိန်း ဆွဲပြီးနှစ်သိမ့်မှုပေးရန်ဆောက်လုပ်ခြင်း၊ အကယ်၍ ကျွန်ုပ်တို့၏တစ်ကိုယ် ကောင်းဆန်သောရည်ရွယ်ချက်ဖြစ်သည့် မိမိတို့၏နေအိမ်များကိုအဓိကထား ပြီး ဘုရားရှင်နှင့်သူ့အားဝတ်ပြုရန် အိမ်ကိုဒုတိယနေရာ၌ထားရှိပါက၊ ကျွန်ုပ် တို့အပေါ် သူ၏ကောင်းချီးမင်္ဂလာကိုသွန်းလောင်းချပေးမည်မဟုတ်ပါ။ Manuscript 23, 1886. [Ev 377.2] EvBur 489.2

ပုံစံပြည့်စုံပြီးရိုး၍သပ်ရပ်ခြင်း - ဗိမာန်တော်ကို အခြားအဆောက်အဦ များနှင့်နှိုင်းယှဉ်ပါက ကြီးကျယ်ခမ်းနားထည်ဝါစွာဆောက်လုပ်ရန် ဘုရားသခင် သည် ကျွန်ုပ်တို့အားအမိန့်ပေးထားခြင်းမရှိပါ။ သို့သော် နှိမ့်ချသောဝတ်ပြု ရာအိမ်၊ ရှင်းလင်း၍ရိုးသားပြီး ပြည့်စုံသပ်ရပ်သောပုံစံဖြင့်ဆောက်လုပ်ရပါ မည်။ [Ev 377.3] EvBur 489.3

ထိုလူများ ထိုနောက် ငွေရှိသောသူတို့သည် ၎င်းကိစ္စကိုစဉ်းစားဆင်ခြင်ပြီး ရက်ရောစွာနှင့်ကျေနပ်စွာဖြင့် မိမိတို့၏အိမ်ကိုစီစဉ်ဆောက်လုပ်မွမ်းမံသကဲ့သို့ ဘုရားရှင်ကိုဝတ်ပြုရန်အတွက် ဗိမာန်တော်ကိုတည်ဆောက်ကြပါစို့။ မိမိတို့ ကိုယ်ကိုထက် ဘုရားသခင်ကိုပို၍ဂုဏ်ပြုလိုသောလိုလားချက်နှင့်ပြင်းပြသည့် ဆန္ဒကို သူတို့အားဖော်ပြစေကြပါစို့။ ဖြုန်းတီးခြင်းမဟုတ်ဘဲ တိကျသေချာ စွာဖြင့် သူတို့အားဆောက်လုပ်စေကြပါစို့။ အိမ်တော်ကိုသင့်လျော်စွာ၊ ကောင်းမွန် စွာဆောက်လုပ်စေပြီး ဘုရားသခင်ထံအပ်နှံသောအခါ သူလက်ခံနိုင်ရန် သူ၏ ဘုန်းတော်တစ်ခုတည်းအတွက်သာလျှင်ရည်စူးလျက် သူ၏ဝိညာဉ်တော်သည် ဝတ်ပြုကိုးကွယ်သူများအပေါ် သက်ရောက်စေရန်ဖြစ်သည်။ မည်သည့်အရာ မျှ ဘုရားသခင်၏ဘုန်းတော်နှင့်ကျွန်ုပ်တို့၏စပ်ကြား အဟန့်အတားမဖြစ်စေ ရပါ။ တစ်ကိုယ်ကောင်းစီမံကိန်းများ၊ တစ်ကိုယ်ကောင်းတီထွင်ဖန်တီးမှုများ၊ တစ်ကိုယ်ကောင်းရည်ရွယ်ချက်များမရှိစေရပါ။ ထိုကိစ္စ၌သဘောတူညီမှုရှိစေ ရမည်။ Manuscript 23, 1886. [Ev 377.4] EvBur 490.1

အဓိကကျသောအဆောက်အဦများ - တချို့ ပုဂ္ဂိုလ်များမှ ဤကဲ့သို့မေးခွန်း ထုတ်ကောင်းထုတ်ပေလိမ့်မည်။ ဘာကြောင့် မစ္စစ်ဝှိုက် (Mrs. White) သည် “ရှင်းလင်းသော၊ သေသပ်သော၊ အဓိကကျသော” စကားလုံးများကို အဆောက် အဦဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ ပြောဆိုရသနည်း။ အကြောင်းမှာ ကျွန်ုပ် တို့၏အဆောက်အဦများတို့သည် မိမိလူတို့အတွက် ဘုရားသခင်တောင်းဆို သောပြည့်စုံခြင်းကို ဖော်ပြစေလိုသောကြောင့်ဖြစ်သည်။ [Ev 378.1] EvBur 490.2

“သို့သော် တချို့သောသူပြောဆိုကြသည်မှာ၊ “အကယ်၍ဘုရားသခင် ကြွလာပါက ဘာကြောင့်ဆောက်လုပ်သူတို့အား သူတို့ဆောက်လုပ်သော အဆောက်အဦများကို အကောင်းဆုံးပစ္စည်းများဖြင့် အသုံးပြုခိုင်းရသနည်း ဟုဖြစ်ပါသည်။ အဖြေမှာ၊ “တန်ဖိုးနည်းသောပစ္စည်းများဖြင့်ဆောက်လုပ်သည့် အဆောက်အဦကို ဘုရားရှင်အားဆက်မည်လား။ လေတိုက်၍အလွယ်တကူ ပျက်စီးသွားမည့် မကောင်းသောပစ္စည်းများဖြင့် အဆောက်အဦအတွက်အသုံးပြု မည်လား။” ဘုရားရှင်အတွက်တန်ဖိုးနည်းသောပစ္စည်းများဖြင့်ဆောက်လုပ်ခြင်း သည် ကျွန်ုပ်တို့အတွက်ရှက်ဖွယ်ဖြစ်ပေလိမ့်မည်။ ထိုကြောင့် တန်ဖိုးမရှိသော ပစ္စည်းဖြင့် မည်သူမျှအိမ်တော်ကိုဆောက်လုပ်ရန် ကျွန်ုပ်အကြံမပြုပါ။ အကျိုး ရှိမည်မဟုတ်ပါ။ ကျွန်ုပ်တို့၏အိမ်များအခင်းသည် ဥတုသုံးပါးဒဏ်ခံနိုင်ရည် ရှိရမည်။ ပို၍တန်ဖိုးကြီးလိမ့်မည်။ သို့သော် အဆုံး၌ကြီးမားသောပျက်စီး ယိုယွင်းခြင်းကို ကာကွယ်ပေးလိမ့်မည်။ အဆောက်အဦတစ်ခု၏ကိုယ်ထည် သည် ခိုင်ခံ့စွာပေါင်းစည်းလျက်ရှိသင့်သည်။ ခရစ်တော်သည် အရာခပ်သိမ်း အတွက်ပုံပမာဖြစ်သည်။ သူ၏ဖခင်ယောသပ်နှင့်အတူ လက်သမားအလုပ်ရုံ ၌အလုပ်လုပ်ပြီး ပစ္စည်းတိုင်းကိုသူကောင်းမွန်စွာပြုလုပ်သည်။ မတူညီသည့် အစိတ်အပိုင်းများကို တိကျစွာချိန်ကိုက်ပြီး ပစ္စည်းကိုယ်ထည်တစ်ခုလုံးမှာ စမ်းသပ်ခြင်းအတွက် ခံနိုင်ရည်ရှိသည်။ [Ev 378.2] EvBur 490.3

သင်လုပ်လေသမျှတို့၌ မှန်သောစည်းမျဉ်းစည်းကမ်းနှင့်အညီ သင်၏ ခွန်အား၊ ကျွမ်းကျင်မှုရှိသမျှဖြင့်လုပ်ပါ။ သင်၏လုပ်ငန်းသည် တောင်ပေါ် ၌ဖော်ပြသည့်ပုံစံအတိုင်းဖြစ်စေပါ။ ဆောက်လုပ်သောအဆောက်အဦများတို့ သည် မကြာမီပြင်းထန်စွာစမ်းသပ်ခြင်းခံရလိမ့်မည်။ Manuscript 127, 1901. [Ev 378.3] EvBur 491.1

အသင်းဝင်များဆောက်လုပ်ခြင်း၌ကူညီရမည် - အသင်းတော်တစ်ခုထူထောင် သောအခါ၊ အသင်းဝင်သူများထ၍ဆောက်လုပ်ကြရလိမ့်မည်။ မိမိ၏အခြား လုပ်ဖော်ကိုင်ဖက်ဓမ္မအမှုဆောင်များတို့၏အကြံပြုချက်အားဖြင့် ဓမ္မအမှုဆောင် တစ်ဦး၏လမ်းညွှန်မှုအောက်၌ အသစ်ပြောင်းလဲလာသူတို့သည် သူတို့၏ ကိုယ်တိုင်လက်များဖြင့် “ကျွန်ုပ်တို့ဘုရားကျောင်းတစ်ဆောင်လိုအပ်သည့် အတွက် ကျွန်ုပ်တို့ဤဘုရားကျောင်းကိုရရှိရန် ကျွန်ုပ်တို့ကိုယ်စီဤဘုရားကျောင်း ကိုအကောင်းဆုံးကူညီဆောက်လုပ်ကြမည်” ဟုပြောဆိုကြလိမ့်မည်။ [Ev 379.1] EvBur 491.2

တိုးတက်အောင်ဆောင်ရွက်ကြရာတွင် ခရစ်တော်ကိုထင်ရှားစေကြ ပါစို့။ ဘုရားသခင်သည် ယေရှုနောက်တော်သို့လိုက်သည်ဟု ခိုင်မာစွာပြောဆို သောသူတို့အားခေါ်ယူကာ သူ၏အမှုတော်တွင် စည်းလုံးသောကြိုးစားမှုများ ဖြင့် ဝမ်းမြောက်စွာလုပ်ဆောင်စေပါသည်။ ဤကဲ့သို့ဆောင်ရွက်ခြင်းဖြင့် မကြာမီကျေးဇူးတင်သော “ဘုရားရှင်ဆောင်ရွက်သောအရာကိုကြည့်ပါ” ဟူသည့် အသံကိုကြားရပါလိမ့်မည်။ Letter 65, 1900. [Ev 379.2] EvBur 492.1

ပြင်ပမှငွေကြေးအကူအညီ - လမ်းပွင့်လာသည်နှင့်အညီ မြို့ကြီးများတို့ ၌ အမှုတော်လုပ်ငန်းတိုးတက်အောင်ဆောင်ရွက်ရန်အတွက် ကျွန်ုပ်တို့အားလုံး နိုးကြားကြရန်လိုအပ်ပါသည်။ ဤမြို့ကြီးများသို့ဝင်ရောက်ပြီး ဘုရားသခင် အတွက်အောက်မေ့ဖွယ်ရာများတို့ကိုစိုက်ထူရမည့် ညွှန်ကြားချက်ကို လိုက်လျှောက်ရန် ကျွန်ုပ်တို့များစွာနောက်ကျလျက်ရှိသည်။ ကျွန်ုပ်တို့သည် တစ်ဆင့်ပြီးတစ်ဆင့် ဝိညာဉ်များတို့ကို အမှန်တရား၏ ပြည့်ဝသောအလင်းသို့ ပို့ဆောင်ရလိမ့်မည်။ ကျွန်ုပ်တို့သည် အသင်းတော်တစ်ခုဖွဲ့စည်းနိုင်သည့်အထိ ဆက်လက်အလုပ်လုပ်ရမည်ဖြစ်ပြီး ဝတ်ပြုရန်ရိုးရိုးအဆောင်တစ်ဆောင်ကို ဆောက်လုပ်ရလိမ့်မည်။ ကျွန်ုပ်တို့၏ယုံကြည်သူများမဟုတ်သောသူတို့သည် မိမိတို့၏ငွေကြေးအားဖြင့် များစွာကူညီမစကြလိမ့်မည်ဟုယုံကြည်ရန် ကျွန် အားကြီးစွာသောအားပေးခြင်းခံရပါသည်။ ကျွန်ုပ်အားပေးသောအလင်းမှာ နေရာများစွာအထဲရှိ၊ အထူးသဖြင့် အမေရိကန်ပြည်၏မြို့ကြီးများစွာတို့၌ ထိုပုဂ္ဂိုလ်များတို့မှ အကူအညီများကိုပေးကြပါလိမ့်မည်။ Review and Heral Sept. 30, 1902. [Ev 379.3] EvBur 492.2

ဗိသုကာပညာ၏မတူညီသောပုံစံများ - နေရာများစွာ၌ ဘုရားကျောင်းများ ကိုဆောက်လုပ်သည်။ သို့သော် အားလုံးကိုတစ်ပုံစံတည်းတိကျစွာဆောက်လုပ် ရန်မလိုအပ်ပါ။ ခြားနားသောနေရာများအတွက် ခြားနားသောအဆောက်အဦ ပုံစံကိုဆောက်လုပ်ခြင်းသည် သင့်လျော်ပါလိမ့်မည်။ [Ev 379.4] EvBur 492.3

ယဇ်ပုရောဟိတ်၏ရင်ဖုံး၌ ကျောက်များစွာရှိ၏။ သို့သော် ကျောက်တစ်လုံးစီ၌ အထူးသောအလင်းများရှိပြီး ရင်ဖုံးတစ်ခုလုံးကိုလှပစေ ပါသည်။ ကျောက်တိုင်း၌ အထူးအရေးပါသည့် ဘုရားသခင်ထံမှအရေးကြီး သောသတင်းစကားကို သယ်ဆောင်လျက်ရှိသည်။ ၎င်း၌ကျောက်များစွာရှိ သော်လည်း ရင်ဖုံးတစ်ခုတည်းသာရှိ၏။ ထိုနည်းတူ စိတ်သဘောများစွာရှိ သော်လည်း တစ်စိတ်တစ်သဘောတည်းရှိရပါမည်။ အသင်းတော်၌အသင်း သားများစွာရှိပြီး အထူးသောတစ်ဦးစီ၏အကျင့်စရိုက်များ၊ အရည်အသွေး များရှိသော်လည်း သူတို့သည် မိသားစုတစ်ခုတည်းကိုသာ တည်ဆောက်လျက် ရှိပါသည်။ Letter 53, 1900. [Ev 379.5] EvBur 493.1

ကောင်းသောလေဝင်လေထွက်ရရှိခြင်း - ဥပုသ်နေ့မွန်းလွဲပိုင်း၌ လှပ၍ ရှိသည်။ နေ့အချိန်သည်ပူအိုက်ပြီး လေဝင်လေထွက်လုံလောက်စွာရရှိရန် ကျယ်ဝန်းသောအိမ်အစည်းအဝေးတွင် ဆံ့နိုင်သမျှသောလူအုပ်ကြီးစုရုံးလျက် လိုအပ်လျက်ရှိသည်။ သို့သော် လှပစွာစီခြယ်ထားသောပြတင်းပေါက်များ ဖွင့်၍မရသည့်ပုံစံဖြင့် ဆောက်လုပ်ထားသည်။ ထိုကြောင့် ပရိသတ်များ ပြင်းထန်စွာပူအိုက်ခြင်းဒဏ်ကိုခံစားရပြီး စကားပြောသူမှာ ခက်ခဲသောဗဟုသုတ ကို တစ်ပတ်အတွင်းကြီးမားစွာခံစားရသောကြောင့် နယူးရော့မြို့ သစ်၌ သူမ ၏သုံးကြိမ်စီစဉ်ထားသည့်စည်းဝေးကို တစ်ကြိမ်ချန်လှပ်ထားခဲ့ရပါသည်။ လူတို့သည် ကျန်းမာခြင်း၊ သန့်ရှင်းခြင်းနှင့်လေကောင်းလေသန့်ရရှိခြင်းအကြောင်း များနှင့်ပတ်သက်သည့်အကြောင်းအရာများတို့ကို ကြွယ်ဝစွာသိရှိနားလည်ကြ သော်လည်း အဘယ်ကြောင့်စည်းဝေးရာအိမ်များတို့ကို တစ်နှစ်ပြီးတစ်နှစ် မှားယွင်းစွာဖြင့် လေဝင်လေထွက်ကောင်းမွန်စွာရရှိရေးအတွက် အတားအဆီး ဖြစ်စေသည့်ပုံစံဖြင့် အဆောက်အဦကိုဆောက်လုပ်ကြရပါသနည်း။ W. C. White in Review and Herald, Nov. 25, 1909. [Ev 380.1] EvBur 493.2

အသင်းတော်ကျောင်းအတွက်စီမံပေးသည် - နယ်မြေသစ်၌ အမှုထမ်းသူများ တို့သည် မိမိတို့တာဝန်ယူရသည့်အသင်းတော်များတို့အတွက် လိုအပ်သည့် အရာများနှင့်ပစ္စည်းများတို့ကို ပြည့်စုံစွာစီစဉ်ဆောင်ရွက်ပေးရမည့်တာဝန်မပြီး မချင်း ထိုနယ်မြေမှပြောင်းရွှေ့သွားရန်မသင့်လျော်ပါ။ နှိမ့်ချသောဝတ်ပြုရာ အိမ်ဆောက်လုပ်ခြင်းအပြင် အသင်းတော်ကျောင်းအမြဲတစေတည်တံ့ခိုင်မြဲရန် နှင့် အခြားလိုအပ်သည့်အရာအားလုံးအတွက် စီစဉ်ဆောင်ရွက်ပေးသင့်သည်။ [Ev 380.2] EvBur 493.3

ဤကိစ္စကို ကျွန်ုပ်ရှေ့၌ရှင်းလင်းစွာဖော်ပြပေးခဲ့သည်။ ခြားနားသော နေရာများ၌ ယုံကြည်သူအဖွဲ့ငယ်အသစ်များထူထောင်ခြင်းနှင့် စည်းဝေးရာ အိမ်များဆောက်လုပ်နေကြသည်ကို ကျွန်ုပ်မြင်ရသည်။ ယုံကြည်သူအသစ် များတို့သည် ဆန္ဒပြင်းပြစွာလုပ်အားအားဖြင့်ကူညီကြပြီး ငွေကြေးရှိသူများတို့ သည် မိမိတို့၏ငွေကြေးဖြင့် ရက်ရောစွာပံ့ပိုးကြသည်။ ဘုရားကျောင်း၏ မြေအောက်ထပ်အခန်း၌ အခန်းတစ်ခန်းကို ဘုရားသခင်၏နှုတ်ကပတ်တော် အမှန်တရားအားဖြင့် ကလေးသူငယ်များကိုပညာပေးရန်ပြင်ဆင်ထားသည်ကို ကျွန်ုပ်မြင်ရသည်။ ဆက်ကပ်သောဆရာများတို့ကို ထိုနေရာများသို့သွားရောက် သင်ကြားပို့ချရန် ရွေးချယ်ခြင်းခံရပါသည်။ 6T, p. 108. (1900) [Ev 380.3] EvBur 494.1

ရှေ့သို့ချီပါ - နယ်မြေတစ်ခု၌ အလုပ်ဖွင့်လှစ်လိုက်ပြီး အဖွဲ့ငယ်တစ်ခု တည်ထောင်သောအခါ ကျွန်ုပ်တို့သည် ဘုရားသခင်ထံသူတို့ကိုဆက်ကပ် လိုက်ပြီး နှိမ့်ချသောဝတ်ပြုရာအိမ်တစ်ဆောင်ကို ကျွန်ုပ်တို့နှင့်အတူဆောက်လုပ် ရန် ယုံကြည်လာသူများတို့ကို စည်းရုံးခေါ်ယူလိုက်ပါသည်။ ထိုနောက် ဘုရားကျောင်းကိုဆောက်လုပ်၍ပြီးစီးသွားသောအခါ၊ ဘုရားရှင်ထံဆက်ကပ်လိုက် ပြီး အခြားနယ်မြေများသို့ ကျွန်ုပ်တို့ထွက်ခွာသွားကြပါသည်။ နှုတ်ကပတ် ချီပါ” ဟုဖြစ်သောကြောင့် ကျွန်ုပ်တို့သည် ဤသတိပေးစကားကိုကြားသိရ တော်သည် ကျွန်ုပ်တို့ထံသို့ရှင်းလင်းပြတ်သားစွာရောက်ရှိလာသည်မှာ၊ “ရှေ့သို့ သည်နှင့်တစ်ပြိုင်နက် တစ်နေရာ၌လုပ်ငန်းပြီးသွားသောအခါ အခြားတစ်နေရာ သို့ဆက်လက်၍လုပ်ဆောင်ရန် လူတို့ကိုစည်းရုံးကြပြီး အမှုမဆောင်ရသေး သော ဘုရားသခင်၏သာသနာ့စပျစ်ဥယျာဉ်အစိတ်အပိုင်းများသို့ ကျွန်ုပ်တို့ ဆက်လက်၍သွားရောက်လုပ်ဆောင်ကြပါသည်။ Letter 154, 1899. [Ev 381.1] EvBur 494.2