Go to full page →

နယ်မြေသစ်သို့ဝင်ရောက်ထိုးဖောက်ခြင်း EvBur 495

အသင်းသားများတစ်ဦးတည်းရပ်တည်နိုင်ရန်သွန်သင်မှုခံရခြင်း - ကျွန်ုပ်သည် တောင်ပိုင်းအရပ်ဒေသနယ်ဌာနချုပ်ရှိရာသို့ခရီးနှင်ရာတွင် အလုပ်မလုပ်ဆောင် ရသေးသည့် မြို့ တစ်မြို့ပြီးတစ်မြို့ကို ကျွန်ုပ်တွေ့ ရပါသည်။ မည်သည့် အကြောင်းကြောင့်နည်း။ ဓမ္မအမှုဆောင်များတို့သည် အမှန်တရားကိုသိရှိသော အသင်းတော်များတို့ကို ကြည့်ရှုစောင့်ရှောက်နေကြရပြီး ခရစ်တော်ကိုမသိဘဲ ထောင်ပေါင်းများစွာပျက်စီးသွားရကြမည့်ပုဂ္ဂိုလ်များတို့ထံ သွားရောက်ခြင်း မပြုကြသောကြောင့်ဖြစ်သည်။ [Ev 381.2] EvBur 495.1

အကယ်၍ သင့်လျော်သောသင်ကြားပို့ချမှုပေးခြင်း၊ သင့်လျော်သော နည်းစနစ်များတို့ကိုလိုက်လျှောက်ခြင်းပြုပါက၊ ခန္ဓာတစ်ခုရှိအစိတ်အပိုင်းတစ်ခုစီ ကဲ့သို့ အသင်းဝင်များတို့သည် မိမိတို့၏အလုပ်ကိုလုပ်ဆောင်သွားကြလိမ့် မည်။ ခရစ်ယာန်သာသနာ့လုပ်ငန်းကို လုပ်ဆောင်ကြလိမ့်မည်။ သို့သော် အသင်းတော်များတို့သည် သေလုမြောပါးဖြစ်နေကြသောကြောင့် ဓမ္မဆရာ၏ ဟောပြောသွန်သင်မှုကိုသာ အလိုရှိကြသည်။ [Ev 381.3] EvBur 495.2

ဘုရားသခင်ထံသို့ဆယ်ဖို့တစ်ဖို့ကိုပြန်လည်ပေးအပ်ရန် သူတို့ကို သင်ကြားရမည်။ သို့မှသာ ဘုရားသခင်သည် သူတို့ကိုခွန်အားပေးပြီး ကောင်းချီးချပေးလိမ့်မည်။ ဘုရားသခင်ထံမှမှုတ်သွင်းပေးသောလေကိုရရှိရန် မပါရှိဘဲ မိမိတို့ကိုယ်တိုင်ရပ်တည်၍မရပါက သူတို့သည် အသစ်တစ်ဖန် လုပ်ဆောင်လိုသောစိတ်ဓာတ်ကို သူတို့အားယူဆောင်ပေးသင့်သည်။ ဓမ္မဆရာ ပြောင်းလဲပြီး အသစ်တစ်ဖန်ပြန်လည်၍နှစ်ခြင်းမင်္ဂလာခံယူရန်လိုအပ်ကြောင်း သင်ကြားပို့ချပေးသင့်သည်။ သူတို့သည် အသစ်တစ်ဖန်မွေးဖွားရန်လိုအပ် သည်။ Manuscript 150, 1901. EvBur 495.3

ဝိညာဉ်များအတွက်သွား၍လုပ်ဆောင်ပါ - အမှန်တရားကိုသိထားပြီးသား အသင်းတော်များတို့အတွက်လုပ်ဆောင်ရန် ဓမ္မဆရာများတို့ကိုအမြဲတာဝန်ယူ စေမည့်အစား၊ အသင်းတော်ရှိအသင်းဝင်များတို့အား ဓမ္မအမှုဆောင်များတို့ ကို ဤကဲ့သို့ပြောစေပါ။ “မှောင်မိုက်ထဲပျက်စီးကြမည့်ဝိညာဉ်များတို့အတွက် သွားပြီးလုပ်ဆောင်ကြပါ။ အသင်းတော်၏ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်များ ကို ကျွန်ုပ်တို့တာဝန်ယူဆောင်ရွက်ပါမည်။ စည်းဝေးများကို ကျွန်ုပ်တို့ကြည့်ရှု စောင့်ရှောက်ပါမည်။ ခရစ်တော်၌တည်ခြင်းအားဖြင့် ဝိညာဉ်ရေးအသက်တာ ကိုထိန်းသိမ်းပါမည်။ ကျွန်ုပ်တို့နှင့်ပတ်သက်သောဝိညာဉ်များအတွက် ကျွန်ုပ် တို့လုပ်ဆောင်ပါမည်။ ပို၍လိုအပ်ပြီး ချို့တဲ့သောသာသနာ့နယ်မြေများအတွက် ဆောင်ရွက်ကြသော အမှုဆောင်များတို့အတွက် ကျွန်ုပ်တို့ဆုတောင်းပေးမည်။ ပေးကမ်းခြင်းအားဖြင့်လည်း ကျွန်ုပ်တို့ပံ့ပိုးပါမည်။” Testimonies, vol. 6, p. 30. (1900) [Ev 382.1] EvBur 496.1

နယ်မြေသစ်များသို့ နယ်ဌာနချုပ်အမှုဆောင်များခေါ်ယူခြင်း - အထွေထွေဥပဒေ တစ်ခုအဖြစ် နယ်ဌာနချုပ်အမှုဆောင်များတို့သည် အသင်းတော်များမှနေ၍ ထွက်ခွာသွားပြီး နေရာသစ်များသို့သွားကြသည်။ ဘုရားသခင်ပေးသောစွမ်းရည် ဖြင့် ပျောက်သောသူတို့အားရှာဖွေခြင်းနှင့် ကယ်တင်ခြင်း၏ရည်ရွယ်ချက် အတွက် အသုံးပြုကြသည်။ Letter 136, 1902. [Ev 382.2] EvBur 496.2

တက်ကြွစွာလုပ်ဆောင်ရန် ခေါ်ယူခြင်း - ကျွန်ုပ်တို့၏ဓမ္မအမှုဆောင်များ တို့သည် သစ္စာရှိသောဘဏ္ဍာစိုးများကဲ့သို့ ပါးနပ်စွာစီမံကိန်းဆွဲသင့်သည်။ ထူထောင်ပြီးသားအသင်းတော်များတို့ကိုထိန်းချုပ်ခြင်းသည် သူတို့၏တာဝန် မဟုတ်ကြောင်း သူတို့ခံစားသင့်သည်။ သို့သော် ဧဝံဂေလိလုပ်ငန်းကို တက်ကြွ စွာသူတို့ပါဝင်လုပ်ဆောင်သင့်ကြသည်။ ယခုအမှန်တရားကိုမကြားရသေးသော နေရာများတို့၌ နှုတ်ကပတ်တော်ကိုဟောပြောခြင်း၊ တစ်အိမ်ပြီးတစ်အိမ် လည်ပတ်ခြင်းပြုလုပ်သင့်သည်။ မည်သည့်အလုပ်မျှ နယ်ပယ်သစ်များသို့ ဧဝံဂေလိလုပ်ငန်းလုပ်ကိုင်ခြင်းထက် စိတ်တက်ကြွမှုကိုဖြစ်စေသည့်အလုပ်မရှိ ကြောင်း သူတို့တွေ့ရှိရလိမ့်မည်။ Letter 169, 1904, [Ev 382.3] EvBur 496.3

အကယ်၍ ဓမ္မဆရာများတို့သည် အခြားနေရာသို့ထွက်သွားခြင်း၊ နေရာသစ်များသို့ပြောင်းရွှေ့သွားခြင်းပြုပါက အသင်းဝင်များတို့သည် တာဝန် များတို့ကိုထမ်းဆောင်ရန် တာဝန်ရောက်ရှိလာပြီး သူတို့၏လုပ်ရည်ကိုင်ရည် သည်လည်း အသုံးပြုခြင်းအားဖြင့် တိုးတက်လာလိမ့်မည်။ Letter 56, 1901. Ev382.4] EvBur 497.1

အသင်းတော်များကိုတည်ထောင်ခြင်းအားဖြင့်ဓမ္မအမွှေအောင်အင်အားကုန်ခန်းသွားခြင်း - ကျွန်ုပ်တို့၏လူတို့၌ ကြီးမားသောအလင်းရှိသော်လည်း အသင်းတော်၏လုပ်ငန်း များအပေါ်၌သာ ဓမ္မအမှုဆောင်များအင်အားကုန်ခန်းရခြင်းမှာ ဆရာဖြစ်သင့် သောသူများကိုသင်ကြားပေးရခြင်း၊ “လောက၏အလင်း” ဖြစ်သင့်သောသူ များကို အသိတရားပေးရခြင်း၊ အသက်စမ်းရေစီးဆင်းသင့်သူများတို့အား ရေလောင်းပေးရခြင်း၊ တန်ဖိုးရှိသောအမှန်တရား၏စစ်မှန်သည့်မိုင်းတွင်းများ ဖြစ်မည့်သူများကို အရည်အသွေးတိုးမြှင့်ပေးရခြင်း၊ ကမ္ဘာ့အစိတ်အပိုင်း သူတို့မှရရှိပြီး များစွာသောသူမရရှိသေးသည့်အခွင့်အရေးများဖြစ်သည့် အားလုံးသို့ပျံ့နှံ့သင့်သည့် ဧဝံဂေလိဖိတ်ခေါ်ခြင်းကိုထပ်မံ၍ပြောဆိုရခြင်း၊ ကောင်းကင်၏သတင်းစကားနှင့်အဆက်အသွယ်ပြုပေးရခြင်း၊ လမ်းကြိုလမ်း ကြားနှင့်လမ်းမပေါ်ရှိသူတို့အား “လာကြ၊ အရာခပ်သိမ်းယခုအဆင်သင့်ရှိပြီ” ဓမ္မစားသောက်ပွဲသို့လာကြ၊ သိုးသငယ်၏စားသောက်ပွဲသို့လာကြ၊ “အရာ ခပ်သိမ်းယခုအဆင်သင့်ရှိပြီ” စသည့်အသင်းတော်အလုပ်များတို့ကိုလုပ်ဆောင် ရသောကြောင့်ဖြစ်သည်။ [Ev 382.5] EvBur 497.2

ယခုအချိန်သည် စိတ်အားထက်သန်စွာ ဘုရားသခင်နှင့်လုံးပန်းရမည့် အချိန်ဖြစ်သည်။ ကျွန်ုပ်တို့၏အသံသည် ကယ်တင်ရှင်အသံဖြစ်သည့် အံ့ဖွယ် ဆုတောင်းချက် “နိုင်ငံတော်တည်ထောင်ပါစေသော၊ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော” နှင့်ပေါင်းစည်း သင့်ပါသည်။ ကမ္ဘာတစ်ခုလုံးသည် သူ၏ဘုန်းတော်နှင့်ပြည့်ဝပါစေသော။ လူအများမေးလိမ့်မည်၊ “ဤအရာများနှင့်မည်သူပြည့်စုံမည်နည်း၊” ဤတာဝန် သည် ကျွန်ုပ်တို့တစ်ဦးစီအပေါ်၌ကျရောက်လျက်ရှိသည်။ “ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကိုယ်တိုင်ပြည့်စုံခြင်းမရှိ၊ ကျွန်ုပ်တို့ကိုယ်တိုင်ကဲ့သို့ မည်သည့်အရာ ကိုမျှစဉ်းစားစရာမရှိပါ။ ကျွန်ုပ်တို့၏ပြည့်စုံခြင်းသည် ဘုရားသခင်အားဖြင့် သာဖြစ်သည်။” Review and Herald, July 23, 1895. [Ev 383.1] EvBur 497.3