တစ်အိမ်မှတစ်အိမ်သို့အလုပ် - လူထုစုရုံးသောနေရာများ၌သာ အမှန် တရားကိုဟောပြောကြရန်မဟုတ်ပါ။ တစ်အိမ်မှတစ်အိမ်သို့သွားရောက်တွေ့ဆုံ ခြင်းကိုလည်း ပြုရပါမည်။ ဘုရားသခင်၏နာမတော်၌ ဤအလုပ်ကိုရှေ့သို့ တိုးတက်စေပါ။ Review and Herald, Aug. 11, 1903. [Ev 431.2] EvBur 562.2
ဤတစ်အိမ်မှတစ်အိမ်သို့သွားရောက်လုပ်ဆောင်ခြင်း၊ ဝိညာဉ်များကို ရှာဖွေခြင်း၊ ပျောက်သောသိုးကိုလိုက်ရှာခြင်းတို့သည် လုပ်ဆောင်ရမည့်အလိုအပ် ဆုံးသောအလုပ်ဖြစ်သည်။ Letter 137, 1898. [Ev 431.3] EvBur 562.3
တစ်အိမ်မှတစ်အိမ်သို့ လုပ်ဆောင်ခြင်း၏ဦးတည်ချက် - တရားပွဲတစ်ခုကျင်းပ ပြီးစီး၍ ဝိညာဉ်အနည်းငယ်ရိတ်သိမ်းပြီးနောက် တဲကိုဖြိုချပြီးသည်နှင့် မိမိ တို့၏လုပ်ငန်းပြီးစီးသွားပြီဟု ကျွန်ုပ်တို့၏လူများထင်မှတ်ခြင်းသည် ကြီးမား သောအမှားတစ်ခုဖြစ်သည်။ သူတို့၏အလုပ်သည် အစပြုရုံမျှသာဖြစ်သည်။ ကြားနာရသူများအတွက် သစ်လွင်ဆန်းပြားသောယုံကြည်ချက်များကိုဟောပြော ခဲ့ပြီး ကြဲခဲ့သောမျိုးစေ့ကို ငှက်များကောက်ယူစားသွားရန်၊ သို့မဟုတ် ရေခိုး ရေငွေ့ လိုအပ်သည့်အတွက် ခြောက်သွေ့ သွားမည်သာဖြစ်ပါသည်။ [Ev 431.4 ] EvBur 562.4
ဝိညာဉ်များကိုအမှန်တရားဟောပြောပြီးသည်နောက် အကယ်၍ဖြစ်နိုင် ပါက ဓမ္မဆရာများ၊ မိတ်ဆွေများနှင့်ရင်းနှီးသူများကဲ့သို့ ပုဂ္ဂိုလ်များမှကြဲခဲ့ သောအစေ့ကို ကောက်ယူသွားလိမ့်မည်။ ဤငှက်ကဲ့သို့သောလူများတို့သည် အမှန်ကိုအမှားကဲ့သို့ပေါ်လွင်စေပြီး ယုံကြည်သူများကိုမနားမနေမှားယွင်းမှု များဖြင့် မျိုးစေ့ကိုပျက်စီးသည့်အထိပြုကြပါလိမ့်မည်။ [Ev 432.1] EvBur 563.1
မည်သည့်အရာပြုလုပ်သင့်သနည်း။ တရားပွဲပြီးဆုံးပြီးသည့်နောက် လုပ်ငန်းတစ်ခုစီစဉ်ချမှတ်ပါ။ ရရှိနိုင်သည့်အကောင်းဆုံးအမှုဆောင်များတို့ကို အဖွဲ့တစ်ခုအဖြစ်စည်းရုံးပြီး ကျွန်ုပ်တို့၏စာပေများကိုရောင်းချရန်နှင့် ဝယ်ယူ နိုင်စွမ်းမရှိသောသူများသို့ မိမိတို့၏စာပေများတို့ကိုပေးလိုက်စေပါ။ ပြင်ဆင် မှုအလုပ်သည် လုပ်ငန်းတစ်ခုလုံး၏ပြီးစီးသွားသည်အထိ ဆောင်ရွက်သော တန်ဖိုးတစ်ဝက်မျှပင်ရှိမည်မဟုတ်ပါ။ [Ev 432.2] EvBur 563.2
ကျွန်ုပ်တို့၏ယုံကြည်ခြင်းအကျိုးအကြောင်းများကို လူတို့ကြားနာခဲ့ ရပြီးနောက် တစ်အိမ်မှတစ်အိမ်သို့ဆောင်ရွက်ရမည့်အလုပ်ကိုစတင်ပါ။ လူတို့ နှင့်ရင်းနှီးစွာပေါင်းသင်းဆက်ဆံပြီး မွန်မြတ်သောခရစ်တော်၏စကားများကို သူတို့အားဖတ်ပြပါ။ ယေရှုကပ်တိုင်ပေါ်ရိုက်ထားခြင်းကို သူတို့ထဲ၌မြှောက်တင် ပြီး တဲထဲ၌ဘုရားသခင်၏ဓမ္မအမှုဆောင်ထံမှသတိပေးစကားကို နားထောင် ခဲ့ရသူများတို့ပြောင်းလဲခဲ့ပြီး သူတို့ကြားနာခဲ့ရသောအကြောင်းအရာနှင့်ပတ်သက် ၂ စုံစမ်းသိရှိရန်ဆွဲဆောင်ခြင်းကိုခံရကြလိမ့်မည်။ ဤအချိန်သည် ကျွန်ုပ် တို့၏ယုံကြည်ခြင်းအကြောင်းအရင်းများကိုကြောက်ရွံ့ခြင်းမရှိ၊ နှိမ့်ချစွာသတိ ဖြင့် အကောင်းဆုံးပြောဆိုသင့်ပါသည်။ အမှန်တရားကို ယေရှု၌ကဲ့သို့နူးညံ့ သိမ်မွေ့နှိမ့်ချသောသဘော၊ ရှင်းလင်းရိုးသားစွာဖြင့် အချိန်ကာလနှင့်အညီ အစားအစာကို လူတိုင်းအားဝေပုံကျဟောပြောကျွေးမွေးကြရပါမည်။ Letter 18, 1898. [Ev 432.3 EvBur 563.3
တစ်အိမ်မှ တစ်အိမ်သို့ လုပ် ဆောင်ခြင်းဖြင့် ဟောပြောခြင်းကို ထိ ရောက် စေမည် - ဗဟုသုတရှိအမှုဆောင်များထံမှ စခန်းအစည်းအဝေး၌ကြိုးစားဆောင်ရွက်ပြီး၍ လုပ်ငန်းရုပ်သိမ်းသည့်အချိန်တွင် ရရှိသောအကျိုးကျေးဇူးသည် ယခင်အချိန် များထက် များစွာသာလွန်သည်ကို ကျွန်ုပ်တို့တွေ့ရှိရပါသည်။ တစ်အိမ်မှ တစ်အိမ်သို့လုပ်ဆောင်ခြင်းအလုပ်သည် နှုတ်ကပတ်တော်ဟောပြောခြင်းအတွက် အောင်မြင်မှုတစ်ခုဖြစ်ကြောင်း နှစ်ပေါင်းများစွာကပင် ကျွန်ုပ်အားပြသခဲ့ပါ သည်။ အကယ်၍စိတ်ဝင်စားသောသူများတို့ထံ ကျွန်ုပ်တို့၏အမှုဆောင်များ လည်ပတ်ခြင်းမပြုပါက အခြားဓမ္မအမှုဆောင်များ သူတို့ထံသွားရောက်ကာ မှားယွင်းသောနှုတ်ကပတ်တော်အတွေးအခေါ်များဖြင့် သူတို့၏စိတ်ကိုရှုပ်ထွေး စေပါလိမ့်မည်။ ဤပုဂ္ဂိုလ်များတို့သည် နှုတ်ကပတ်တော်နှင့်ရင်းနှီးမှုမရှိပါ။ သူတို့၏ဓမ္မဆရာများသည် မှန်ကန်ပြီးသဘောဖြောင့်သောသူများဖြစ်သည်ဟု သူတို့ထင်ကြသောကြောင့် သူတို့၏ယုံကြည်ချက်များကို စွန့်လွှတ်လိုက်ပါ သည်။ သို့သော် စိတ်ဝင်စားသူများထံ ကျွန်ုပ်တို့၏ အမှုဆောင်များအလည် အပတ်ပြပြီး သူတို့အားအမှန်တရားကိုပို၍ပြည့်စုံစွာရှင်းလင်းပြသကာ အမှာ နှင့်အမှန်ကိုနှိုင်းယှဉ်ဖော်ပြပေးနိုင်ပါက သူတို့၏ယုံကြည်ခြင်းသည် တည်တံ့ ခိုင်မြဲမည်ဖြစ်သည်။ [Ev 432.4] EvBur 563.4
အမှုဆောင်များအနေဖြင့် သူတို့၏ဆောင်ရွက်ခြင်းအပေါ်ဖြေရှင်းရကြလိမ့်မည် ဤအလုပ်ကိုကြိုးစားအားထုတ်ကာ သတိတရားဖြင့်ဆောင်ရွက်ခြင်း၊ ဟုခံယူချက်နှင့် ဇွဲလုံ့လဖြင့်ဆောင်ရွက်ခြင်းပြုကြပါက စခန်းအစည်းအဝေး များ၌ကြဲခဲ့သောအစေ့၏အသီးအနှံကောက်လှိုင်းများတို့ကို ပို၍ရိတ်သိမ်းနိုင် ကြပါလိမ့်မည်။ [Ev 433.1] EvBur 564.1
ဤအလုပ်ကို အခြားနေရာ၌လည်းဆောင်ရွက်ခဲ့ပါသည်။ ဤဝိညာဉ် များရှာဖွေခြင်းနှင့် ဤတစ်ဦးချင်းလုပ်ဆောင်မှု၏အကျိုးကြောင့် ယခုဥပုသ်နေ့ ထားသောအမှုဆောင်များ ဤစိတ်ဝင်စားဖွယ်အကောင်းဆုံးဖြစ်သည့် စောင့်ရှောက်သူအသစ်ဦးရေ (၅၀) ထက်မနည်းရှိနေပါသည်။ ဘုရားရှင်ခန့် ပျောက်သောသိုးရှာဖွေသည့်အလုပ်ကိုမလုပ်ကြပါက မာရ်နတ်၏ဖျက်ဆီးခြင်း အလုပ်အောင်မြင်မည်ဖြစ်ပြီး ရှာဖွေတွေ့ရှိနိုင်မည့်ဝိညာဉ်များ ပျောက်ဆုံးသွား လိမ့်မည်ဖြစ်သည်။ Letter 18, 1898. [Ev 433.2] EvBur 564.2
လူတချို့ထံသို့ လူထုတရားပွဲဖြင့် သတင်းစကားမရောက်ရှိနိုင်ပါ - ကြီးမားသော မြို့ကြီးများ၌ လူထုတရားပွဲများအားဖြင့် သတင်းစကားမကြားရသည့်လူတန်းစား များရှိနေပါသည်။ ဤလူတန်းစားများတို့အား ပျောက်သောသိုးကိုရှာဖွေသည့် သိုးထိန်းကဲ့သို့ ရှာကြရမည်ဖြစ်သည်။ လုံ့လဝီရိယဖြင့် တစ်ဦးမှကြိုးစား၍ ရှာဖွေကြရပါမည်။ Gospel Workers, p. 364. (1915) [Ev 433.3] EvBur 565.1
ပွဲသို့ မလာရောက်နိုင်သောသူများတို့ အတွက် - သူတို့အားခရစ်တော်ခေါ်ဖိတ် သော ဧဝံဂေလိတရားစားသောက်ပွဲသို့ သူတို့မလာကြပါက ဘုရားသခင်၏ အမှုဆောင်များ သူတို့ထံသတင်းစကားရောက်ရှိရန် မိမိတို့၏ကိုယ်ကိုအသုံးခံ ကာ တစ်အိမ်မှတစ်အိမ်သို့ လုပ်ဆောင်ကြရမည်ဖြစ်သည်။ သို့မှသာ သူတို့ ၏လုပ်ငန်းဖြင့် လမ်းမကြီးနှင့်လမ်းကြိုလမ်းကြားရှိလူတို့ထံ ချဲ့ထွင်ဆောင်ရွက် နိုင်မည်ဖြစ်ပြီး ကမ္ဘာသို့နောက်ဆုံးသောသတင်းစကားဟောပြောနိုင်လိမ့်မည်။ Letter 164, 1899. [Ev 433.4] EvBur 565.2
စိတ်မဝင်စားသူများတို့ ထံသို့တိုင်အောင် — စိတ်ဝင်စားမှုမဖော်ပြသောသူတို့ ၏အိမ်များသို့လည်းသွားပါ။ အပြစ်သားကို ချိုမြသောကရုဏာသံဖြင့်ခေါ်ဖိတ် စိတ်ခွန်အား အားလုံးဖြင့်လုပ်ဆောင်ကြပါ။ ရှင်ပေါလုဆောင်ရွက်ခဲ့သည်မှာ၊ သောအခါ ရှင်ပေါလုဆောင်ရွက်သကဲ့သို့ သင်တို့သည်လည်း နှလုံးသားနှင့် “ငါသည် သုံးနှစ်ပတ်လုံး နေ့ညမပြတ် လူအပေါင်းတို့ကိုမျက်ရည်နှင့်တကွ ဆုံးမ၍နေကြောင်းကို အောက်မေ့ကြလော့” ဖြစ်ပါသည်။ ဘုရားသခင်၏နေ့ မည်နည်း။ “ကျွန်ုပ်ပျောက်ဆုံးပြီ၊ ကျွန်ုပ်ပျောက်ဆုံးပြီ၊ ကျွန်ုပ်ကိုသင်တစ်ခါ ကျွန်ုပ်တို့ကိုလူဘယ်နှစ်ယောက်ဆန့်ကျင်၍ ဤကဲ့သို့ပြောမည့်သူများရှိ မျှသတိမပေးပါ။ ယေရှုထံလာရန် သင်တစ်ခါမျှမသွေးဆောင်ပါ။ သင်ယုံကြည် သကဲ့သို့ ကျွန်ုပ်ယုံကြည်ပါက၊ ကျွန်ုပ်သည် တရားစီရင်ခြင်းခံရမည့်ဝိညာဉ် ကို အစွမ်းကုန်တတ်အားသရွေ့ ဆုတောင်းခြင်း၊ မျက်ရည်ကျလျက်သတိပေး ခြင်းများကိုပြုမည်ဖြစ်ပါသည်။” Review and Herald, June 24, 1884. [Ev 434.1] EvBur 565.3
အိမ်တိုင်းသို့ ဘုရားသခင်၏နှုတ်ကပတ်တော်ကို သယ်ဆောင်ပါ - ပုံနှိပ်တိုက် သည် ဓမ္မအမှုဆောင်ကြိုးစားမှုဖြင့် လူတို့ထံသတင်းစကားမရောက်ရှိနိုင်သော နေရာများသို့ ရောက်ရှိနိုင်သည့်တန်ဆာပလာတစ်ခုဖြစ်သည်။ ကျမ်းစာကို ပေးကမ်းရောင်းချခြင်းကြောင့် ဖတ်ရှုရခြင်းအားဖြင့် ကြီးမားသောအလုပ်တစ်ခု ကိုလုပ်ဆောင်နိုင်ပါသည်။ ဘုရားရှင်၏နှုတ်ကပတ်တော်ကို လူတို့၏အိမ် တိုင်းသို့ယူဆောင်သွားပြီး ရှင်းလင်းပြတ်သားသောအကြောင်းအရာများကို လူတိုင်း၏စိတ်ထဲသို့ရောက်ရှိစေရန် “နှုတ်ကပတ်တော်ကိုရှာဖွေပါ” ဟူသော ကယ်တင်ရှင်၏အမိန့်တော်ကို လူတိုင်းအားထပ်ခါတလဲပြောဆိုပါ။ ကျမ်းစာ ကိုရှိသည်အတိုင်း သူတို့အားယူဆောင်ရန်တိုက်တွန်းပြောဆိုပြီး မွန်မြတ်သော အလင်းတရားကိုရှာဖွေ၍ အလင်းထွန်းလင်းသောအခါ အလင်းတန်းတိုင်းကို ဝမ်းမြောက်စွာလက်ခံကာ ကြောက်ရွံ့ခြင်းမရှိဘဲ အကျိုးကျေးဇူး၌တည်မြဲပါ။ Review and Herald, July 10, 1883. [Ev 434.2] EvBur 566.1
အိမ်များသို့ ဘုရားသခင်သည် အလင်း၊ နှုတ်ကပတ်တော်မှအလင်းကို ပို့ဆောင် လိမ့်မည် - ဤအရာသည် လူတို့လိုအပ်သောအရာဖြစ်သည်။ အကယ်၍ နှုတ်ကပတ်တော်ဆရာများအလိုရှိကြပါက၊ လူတို့နှင့်နီးကပ်စွာဆက်ဆံနိုင်ရန် သူတို့ကိုဘုရားသခင်ပို့ဆောင်တော်မူလိမ့်မည်။ အမှန်တရားကိုလိုအပ်၍ ဆန္ဒ ရှိသူများတို့၏အိမ်သို့ ဘုရားသခင်သည် သူတို့ကိုပို့ဆောင်တော်မူပြီး ဘုရားသခင် ၏အစေခံများကဲ့သို့ ပျောက်သောသိုးကိုရှာဖွေသောအလုပ်၌ပါဝင်ကာ သူတို့ ၏ဝိညာဉ်ရေးစွမ်းအားများနိုးကြားပြီး အင်အားပြည့်ဝလာပါလိမ့်မည်။ ဘုရားသခင်နှင့်သူတို့ညီညွတ်မှုရှိသည်ကိုသိရှိရသည့်အတွက် သူတို့ဝမ်းမြောက် ပျော်ရွှင်ကြပါသည်။ သန့်ရှင်းသောဝိညာဉ်တော်လမ်းပြမှုအောက်၌ တန်ဖိုး ရှိသောဗဟုသုတကို သူတို့ရရှိကြပါသည်။ သူတို့၏အသိဉာဏ်နှင့်စိတ်တန်ခိုး များသည် အမြင့်ဆုံးတိုးပွားခြင်းသို့ရောက်ရှိခဲ့ရခြင်းမှာ တောင်းဆိုသောအဖြေ ကိုကျေးဇူးတော်ခံစားရသောကြောင့်ဖြစ်သည်။ . Review and Herald, Dec. 29, 1904. [Ev 434.3] EvBur 566.2