Go to full page →

မိသားစုများကိုအောင်မြင်ခြင်း EvBur 567

မိသားစုများနှင့် ဆုတောင်း၍နှုတ် ကပတ်တော်လေ့လာရန် - လူအများစိတ် လှုပ်ရှား၍ အမှန်တရားကိုယုံကြည်လာသောအခါ၊ စိတ်ဝင်စာမှုနောက်သို့လိုက် ၍ ပါးနပ်စွာ၊ စိတ်အားထက်သန်စွာနှင့် ဇွဲလုံ့လဖြင့်လုပ်ဆောင်သင့်သည်။ ခရစ်တော်၏စိတ်ဓာတ်ကိုရရှိပြီး သွားရောက်၍ဝိညာဉ်များအတွက်လုပ်ဆောင် လိုသောသူတို့ကို ဘုရားသခင်ခေါ်တော်မူသည်။ ဓမ္မဆရာသည် စားပွဲပေါ်ရှိ သူ၏အလုပ်များကိုသာလုပ်ရန် သတ်မှတ်ထားခြင်းမပြုသင့်ပါ။ ပျော်ရွှင်ဖွယ် ကောင်းသောအိမ်ရှိ ညီအစ်ကိုများတို့နှင့်သာ အချိန်ယူခြင်းမပြုသင့်ပါ။ ဝိညာဉ် များအတွက် သူစောင့်ကြည့်နေရမည်။ လူတို့ထံသူတို့၏အိမ်များသို့လည်ပတ် ရမည်ဖြစ်ပြီး နှလုံးသားများနှင့်အသိတရားထဲ အမှန်တရားစွဲမြဲရန် တစ်ဦးချင်း ကြိုးစားရှာဖွေရမည်။ မိသားစုများနှင့်အတူဆုတောင်းပြီး ကျမ်းစာကိုသူတို့နှင့် အတူလေ့လာရမည်။ ပါးနပ်စွာနှင့်ပညာဖြင့် သူသည် အိမ်ထဲရှိသူ၏မိတ်ဆွေ များအား ဘုရားသခင်၏နှုတ်ကပတ်တော်ကိုနားထောင်ရန် မိမိတို့၏တာဝန် ကိုတောင်းဆိုရမည်။ သူတို့နှင့်အတူ သူ၏နေ့စဉ်ဆက်ဆံခြင်း၌ သူ၏ကောင်း ၍ဖြူစင်သော အကောင်းဆုံးနှင့်ချစ်ဖွယ်သော၊ ကြင်နာခြင်းနှင့်ရိုသေလေးစား ဖွယ်ကောင်းသောစာရိတ္တဟူသမျှတို့ကို ဖော်ပြသင့်ပါသည်။ [Ev 435.1] EvBur 567.1

ပထမနှင့်ဒုတိယကောင်းကင်တမန်သတင်းစကားထဲ၌ အလုပ်သည် ဤပြုမူပြောဆိုပုံဖြင့် လုပ်ဆောင်ကြရပါမည်။ လူတို့သည် နှုတ်ကပတ်တော် ကိုရှာဖွေရန် နှိုးဆော်ခြင်းခံရပြီး၊ သူတို့သည် အခြားသောသူတို့၏အာရုံကို ဖော်ပြသည့် အမှန်တရားများသို့ဆွဲဆောင်ခဲ့သည်။ သူတို့၏အံ့ဖွယ်အောင်မြင် ခြင်းကိုပေးသော ဤသတင်းစကားသည် တစ်ဦးစီနှင့်မိသားစုများအတွက် တစ်ဦးချင်းလုပ်ဆောင်ခြင်းအားဖြင့်ဖြစ်သည်။ 1885. [Ev 435.2] EvBur 567.2

တချို့သောမိသားစုများကို အိမ်တွင်း၌သာချဉ်းကပ်နိုင်သည် - ဘုရားသခင်၏ နှုတ်ကပတ်တော်အမှန်တရားအားဖြင့် သူ၏အစေခံများ ၎င်းတို့၏အိမ်များ သို့ဝင်ပြီး ကြိုးစားလုပ်ဆောင်ခြင်း၊ ဝိညာဉ်တော်အားဖြင့်သန့်ရှင်းစေလျက် အတားအဆီးများကို ဖြိုဖျက်ခြင်းမရှိသောကြောင့် သတင်းစကားတစ်ခါမျှ မကြားရသောမိသားစုများရှိပါသည်။ လူတို့သည် ဤအမှုဆောင်များတို့အား ကရုဏာသတင်းပို့သူများ၊ ကျေးဇူးတော်ဓမ္မအမှုဆောင်များကဲ့သို့သောသူများ အဖြစ် တွေ့မြင်ရသောအခါ၊ သူတို့အားပြောဆိုမည့်စကားများကိုနားထောင် ရန် အဆင်သင့်ရှိကြပါလိမ့်မည်။ [Ev 435.3] EvBur 568.1

ဤကဲ့သို့သောအမှုဆောင်တစ်ဦး မိသားစုတစ်စုထံသို့လည်ပတ်၍ ဘုရားသခင်ထံဆုတောင်းပတ္ထနာပြုပေးသောအခါ၊ စုရုံးလျက်ရှိသောလူစုကြီး အတွက် ဆုတောင်းပေးသကဲ့သို့မဟုတ်ဘဲ မိသားစုများတို့၏စိတ်နှလုံးသား များတို့ကို ထိတွေ့စေပါသည်။ ဘုရားသခင်၏ကောင်းကင်တမန်သည် သူနှင့် အတူမိသားစုထဲသို့ဝင်ရောက်ပြီး ကြားနာရသူတို့၏နှလုံးသားများကို ဘုရားသခင် ၏နှုတ်ကပတ်တော်အားလက်ခံရန် ပြင်ဆင်ပေးမည်ဖြစ်သည်။ အကြောင်းမှာ အကယ်၍အမှုဆောင်သည် နှိမ့်ချပြီးနောင်တတရားရသူ၊ ဘုရားနှင့်အသက်ရှင် သောဆက်သွယ်မှုပြုသူဖြစ်ပါက သန့်ရှင်းသောဝိညာဉ်တော်သည် နှုတ်ကပတ် တော်ကိုယူဆောင်ကာ သူ၏လုပ်ဆောင်သောသူများတို့အတွက် ပြသပေးပါ လိမ့်မည်။ [Ev 436.1] EvBur 568.2

အမှန်တရားသည် လူတို့ထံသို့နီးကပ်စွာရောက်ရှိရန် ဘုရားသခင် အလိုရှိပြီး တစ်ဦးချင်းလုပ်ဆောင်မှုအားဖြင့်သာ ဤအရာပြည့်စုံမည်ဖြစ်သည်။ “ငါ့အိမ်ကိုပြည့်စေခြင်းငှာ မြို့ပြင်၊ လမ်းမ၊ ခြံနားသို့သွား၍ အနိုင်အထက် ခေါ်သွင်းလော့” ဟု ဤစေခိုင်းခြင်းအမိန့်ဖြင့် များစွာသဘောပေါက်နားလည် နိုင်ပါသည်။ တစ်ခါမျှမဆောင်ရွက်ရသေးသောဤနည်းဖြင့် အလုပ်ကိုဆောင်ရွက် ကြရလိမ့်မည်။ ဘုရားသခင်၏အမှုဆောင်များတို့သည် မိသားစုများ၌ အမှန် တရားကိုသင်ကြားခြင်း၊ မိမိတို့လုပ်ဆောင်သောသူတို့နှင့် နီးကပ်စွာရှိစေခြင်း များကို ပြုလုပ်ဆောင်ရွက်စေပါ။ အကယ်၍သူတို့သည် ဘုရားသခင်နှင့် ပေါင်းစည်းလုပ်ဆောင်ကြပါက သူတို့ကိုဝိညာဉ်တော်တန်ခိုးဖြင့် လွှမ်းခြုံစေ မည်။ သူတို့၏အလုပ်၌ သူတို့အားခရစ်တော်ပို့ဆောင်မည်ဖြစ်ပြီး သူတို့နှင့် အတူလူတို့၏အိမ်များအထဲသို့ဝင်ကာ သတင်းစကားကြားနာရမည့် သူတို့၏ စိတ်နှလုံးထဲသို့စိမ့်ဝင်မည့်စကားလုံးများကို သူတို့အားပေးပါလိမ့်မည်။ သန့်ရှင်း သောဝိညာဉ်တော်သည် အလင်းအားလုံးတို့၏အခြေအမြစ်မှလာသော အလင်းတန်းများကိုရရှိရန် နှလုံးသားနှင့်စိတ်သဘောကို ဖွင့်ပေးပါလိမ့်မည်။ Review and Herald, Dec. 29, 1904. [Ev 436.2] EvBur 568.3

နှလုံးသားထဲသို့ ရောက်ရှိရန်လမ်းရှာပါ - ခရစ်တော်နှင့်အတူလုပ်ဆောင် သောသူအားလုံးတို့အား ကျွန်ုပ်ပြောလိုသည်မှာ၊ မီးပုံနားရှိလူတို့ထံသင်ရောက်ရှိ သောအခါတိုင်း သင်၏အခွင့်အရေးကိုတိုးတက်စေပါ။ သင်၏ကျမ်းစာကို ယူပြီး သူတို့ရှေ့၌ ၎င်း၏ကြီးမားသောအမှန်တရားများကိုဖွင့်ပြပါ။ သင်၏ အောင်မြင်ခြင်းသည် လူတို့၏နှလုံးသားထဲသို့ သင်၏စွမ်းဆောင်မှုကြောင့် မပြုလုပ်နိုင်သကဲ့သို့ သင်၏အသိပညာနှင့်ဆောင်ရွက်မှုပြီးစီးသည့်အပေါ်၌ မူတည်ခြင်းမဟုတ်ပါ။ လူမှုရေးအားဖြင့်သော်လည်းကောင်း၊ လူတို့နှင့်ရင်းနှီး ခြင်းအားဖြင့်သော်လည်းကောင်း၊ လူတို့၏အတွေးရေစီးကြောင်းများကို သင်၏ အကောင်းဆုံးဟောပြောနိုင်ခြင်းထက် ပို၍အဆင်သင့်ပြောင်းလဲပေးနိုင်သည်။ အိမ်ထောင်မိသားစုထဲ ခရစ်တော်၏အကြောင်းဟောပြောခြင်း၊ မီးပုံနားနှင့် အိမ်များထဲ၌ လူအနည်းငယ်သို့ဟောပြောခြင်းသည် အများအားဖြင့် ဝိညာဉ် များကိုယေရှုထံသို့ လဟာပြင်၌တရားဟောပြောခြင်း၊ ခန်းမဆောင်နှင့်ဘုရား ကျောင်းထဲ၌ဟောပြောခြင်းများတို့ထက် ပို၍အောင်မြင်စွာပို့ဆောင်နိုင်ပါသည်။ [Ev 436.3 ] EvBur 569.1

ဤတစ်ဦးချင်းလုပ်ငန်း၌ပါဝင်ကြသောသူအားလုံးတို့သည် သူတို့၏ လုပ်ဆောင်ခြင်းအမူအရာ၌ သမားရိုးကျစက်ယန္တရားလှုပ်ရှားမှုကဲ့သို့မဖြစ်စေ ဘဲ နှုတ်ကပတ်တော်ကိုဟောပြောသော ဓမ္မဆရာများကဲ့သို့ဖြစ်ရန် သတိပြု သင့်သည်။ သူတို့သည် အမြဲလေ့လာသင်ယူသင့်ကြသည်။ သူတို့သည် အမြင့်ဆုံးသောအရည်အချင်းများကိုရရှိရန် ကောင်းသောစိတ်အားထက်သန် မှုရှိရမည်ဖြစ်ပြီး နှုတ်ကပတ်တော်၌အကျွမ်းတဝင်ရှိသောသူများဖြစ်ကြရမည်။ Gospel Workers, p. 193. (1915) [Ev 437.1] EvBur 569.2

နှစ်ယောက်တစ်တွဲတစ်ဦးချင်းလုပ်ငန်း၌ - ကျွန်ုပ်တို့၏ညီကိုများနှစ်ယောက် တစ်တွဲထွက်၍လုပ်ဆောင်သင့်ပြီး သူတို့တတ်နိုင်သမျှအလည်အပတ်ပြုကာ စိတ်ဝင်စားမှုရှိသောအိမ်ထောင်မိသားစုများကို ရှာဖွေခြင်းအားဖြင့် တစ်ဦးချင်း ကြိုးစားလုပ်ဆောင်ကြရပါမည်။ Letter 34, 1886. [Ev 437.2] EvBur 570.1

ဓမ္မဆရာနှင့်ဇနီး - ဝိညာဉ်များနောက်သို့ခြေရာခံရှာဖွေရမည်။ အိမ်ထောင် မိသားစုများတို့ကိုလည်ပတ်သောအခါ ပါးနပ်မှုနှင့်ကျွမ်းကျင်မှုကိုပြသပါ။ သူတို့နှင့်အတူ သူတို့အတွက်ဆုတောင်းပါ။ သူတို့ထံသို့ အမှန်တရားကို နူးညံ့သိမ်မွေ့ စွာနှင့် မေတ္တာဖြင့်သယ်ဆောင်သွားခြင်းဖြင့် အကျိုးကျေးဇူးကို ဧကန်အမှန်ခံစားကြရမည်။ အကယ်၍ ဓမ္မဆရာနှင့်ဇနီး ဤလုပ်ငန်း၌အတူ ပူးပေါင်းပါဝင်လုပ်ဆောင်လိုပါက သူတို့အတူလုပ်ဆောင်သင့်ကြသည်။ Letter 18, 1898. [Ev 437.3] EvBur 570.2