Go to full page →

ဧဝံဂေလိလုပ်ငန်းအတွက်လည်ပတ်ခြင်း EvBur 570

စိတ်ဝင်စားသူထံဆက်လက်လုပ်ဆောင်ခြင်း - တရားဟောကြားခြင်းကို ဓမ္မဆရာနှစ်သက်ပေလိမ့်မည်။ အကြောင်းမှာ ပျော်ရွှင်သောလုပ်ငန်းအစိတ် အပိုင်းတစ်ခုဖြစ်ပြီး လွယ်ကူသောအလုပ်ဖြစ်သည်။ သို့သော် မည်သည့်ဓမ္မ ဆရာမျှ စကားဟောပြောသူတစ်ယောက်အဖြစ် မိမိ၏စွမ်းရည်ကိုတိုင်းတာ ခြင်းမပြုသင့်ပါ။ ပို၍ခက်ခဲသောအပိုင်းသည် တရားပလ္လင်ပေါ်မှထွက်ခွာပြီး ကြဲခဲ့သောမျိုးစေ့ကို ရေလောင်းပေးခြင်းဖြစ်သည်။ စိတ်ဝင်စားမှုဖြစ်ပေါ်လာ ခြင်းကို တစ်ဦးချင်းအလုပ်ဖြင့်ဆက်လက်လုပ်ဆောင်ရပါမည်။ လည်ပတ်ခြင်း၊ ကျမ်းစာသင်တန်းပေးခြင်း၊ နှုတ်ကပတ်တော်ကိုမည်ကဲ့သို့ရှာဖွေရန်သင်ကြား ပေးခြင်း၊ အိမ်ထောင်မိသားစုများနှင့်စိတ်ပါဝင်စားသူများတို့နှင့်အတူဆုတောင်း ခြင်း၊ နှလုံးသားနှင့် စိတ်နှလုံးထဲ၌ခံစားမှုနက်ရှိုင်းစေရန်ရှာကြံခြင်းများတို့ကို ဆက်လက်လုပ်ဆောင်ရပါမည်။ Testimonies, vol. 5, p. 255. (1885) [Ev 437.4] EvBur 570.3

မေးခွန်းများကိုဖြေဆို ခြင်း - လူတို့ကို မိမိတို့၏အိမ်များ၌ မည်ကဲ့သို့ တွေ့ဆုံရမည်ကိုနားမလည်၊ သူတို့နှင့်ရင်းနှီးစွာဆက်ဆံကာ သူတို့၏လိုအပ် ချက်များကိုမသိသော မည်သည့်ဓမ္မဆရာတစ်ဦးမျှ သူ၏လုပ်ငန်း၌ပြည့်စုံစွာ ဆောင်ရွက်နိုင်ခြင်းရှိမည်မဟုတ်ပါ။ နားလည်ရခက်ခဲသောအကြောင်းအရာ နှင့်ပတ်သက်၍ဟောပြောရာတွင် ကြားနာရသူတို့အား မေးခွန်းများမေးခွင့်ပြု ရမည်။ ဘုရားသခင်၏အလင်းကို သူတို့ရှေ့၌ယူဆောင်ပေးရမည်။ ဤကဲ့သို့ ဆောင်ရွက်ပြီး ဓမ္မဆရာမှသူတို့၏မေးခွန်းများကို ဖြေဆိုပေးနိုင်သည့်အခါ၊ သူတို့၏မရှင်းမလင်းသောစိတ်ကို အလင်းရောင်ထိုးဖောက်လျက် ဧဝံဂေလိ တရားကို ယုံကြည်ခြင်း၌ခွန်အားနှင့်ပြည့်ဝလာသည့်အကြိမ်ပေါင်း ဘယ်နှစ် ကြိမ်ရှိခဲ့ဖူးပါသနည်း။ ကယ်တင်ခြင်းလမ်းကိုသိရှိနားလည်ရန်၊ ရှာဖွေသော သူတို့၏စိတ်နှလုံးသားကိုအလင်းပေးနိုင်ရန် ဤနည်းဖြင့်ကျွန်ုပ်တို့ဆောင်ရွက် ကြရပါမည်။ Review and Herald, April 19, 1892. [Ev 438.1] EvBur 571.1

နောက်ဆက်တွဲအလုပ်ကိုဆောင်ရွက်သောအမှုဆောင်တို့ အားသင်တန်းပေးခြင်း - အကယ်၍သင်သည် အခြားနေရာသို့အမှုဆောင်ရန် ခေါ်ယူခြင်းခံရပါက၊ သူတို့အောင်မြင်စွာဆက်လက်ဆောင်ရွက်နိုင်ရန် ယခုသင်နှင့်အတူဆက်နွှယ် လျက်ရှိနေသူတချို့တို့အား သင်မှနေ၍သင်တန်းပေးသင့်သည်။ ဤကိစ္စနှင့် ပတ်သက်၍ ကျွန်ုပ်တို့ဆုတောင်းကြပါစို့။ ကျွန်ုပ်တို့ဆုတောင်းလျက်၊ လုပ်ဆောင် လျက် ယုံကြည်ကြရမည်။ ဘုရားရှင်သည် ကျွန်ုပ်တို့၏ပြည့်စုံရာဖြစ်သည်။ Letter 376, 1906. [Ev 438.2] EvBur 571.2

ရိုးရိုးစွမ်းရည်ရှိသူများအတွက်ထိရောက်သောစနစ် - စရိတ်ကြီး၍ရေပန်းစား သောနေရာများ၌လုပ်ဆောင်ခြင်း၊ သို့မဟုတ် ခန်းမဆောင်ကြီးများထဲဝင်ရောက် ကာ လူထုကြီးကိုဟောပြောခြင်းများတို့ထက် တစ်အိမ်မှတစ်အိမ်သို့ တစ်ဦး ချင်းလုပ်ဆောင်ခြင်းသည် ရိုးရိုးစွမ်းရည်ရှိသူများအတွက် ပို၍အောင်မြင်ခြင်း ရှိနိုင်ပါသည်။ တစ်ဦးချင်း၏ သြဇာသည် တန်ခိုးတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့ မိတ်ဆွေများအတွက် တိုက်ရိုက်ပို၍ဆောင်ရွက်ခြင်းသည် ပို၍ကောင်းသော အောင်မြင်မှုကိုရရှိစေပါသည်။ သင်လုပ်ဆောင်နေသောသူတို့နှင့် သင်ရင်းနှီး မှုရှိရမည်။ သင်၏အသံကိုသူတို့ကြားရရုံမျှမက သင်နှင့်နှုတ်ဆက်ရခြင်း၊ သင်၏စည်းမျဉ်းစည်းကမ်းများကိုသင်ယူရခြင်းနှင့် သင်၏ ကြင်နာခြင်းတို့ကို သိရှိနိုင်ရခြင်းဖြစ်ပါသည်။ Review and Herald, Dec. 8, 1885. [Ev 438.3] EvBur 572.1

တစ်ဦးချင်းလုပ်ငန်းဖြင့်ကျန်းမာစွာနေထိုင်နိုင်ရန်သင်ကြားခြင်း - ကျန်းမာခြင်း ဥပဒေများကိုလေ့လာပြီး ဝိညာဉ်ရေးအသက်တာ၌ မှန်သောအကျင့်ဓလေ့ကို သိရှိလိုက်လျှောက်ခြင်းမရှိပါက အမှန်တရားကိုသယ်ဆောင်သော မည်သည့် ဆရာမျှ အသိပညာပြည့်စုံသည်ဟု မိမိကိုယ်ကိုမထင်သင့်ပါ။ ဤကိစ္စနှင့် ပတ်သက်၍ သူသည် လူတို့အားပညာသားဖြင့်ပြောဆိုနိုင်သည့်အရည်အချင်း ရှိသင့်ပြီး သူ၏ပြောဆိုသောစကားများထိရောက်၍တန်ခိုးပါရှိရန် သူတစ်ပါး အတွက်ကောင်းသောပုံသက်သေကို မိမိ၏အသက်တာ၌ပြသရပါမည်။ မှန်သော အကျင့်ဓလေ့များကို သင်ကြားပို့ချခြင်းသည် ဧဝံဂေလိဓမ္မဆရာတစ်ဦး၏ အလုပ်ဖြစ်ပြီး မိမိနှင့်တွေ့ဆုံသမျှသောသူတို့အား သွန်သင်ပို့ချနိုင်မည့်အခွင့် အရေးများကို သူသည် တွေ့ရှိရလိမ့်မည်။ [Ev 439.1] EvBur 572.2

တစ်အိမ်မှတစ်အိမ်သို့ သူသည်လည်ပတ်ပြီး လူတို့၏လိုအပ်ချက် များတို့ကိုလေ့လာသင့်ကာ မှန်သောစည်းကမ်းချက်များတို့ကိုဟောပြော၍ သူတို့အတွက်အကောင်းဆုံးသောအရာကိုလည်း သင်ကြားပို့ချရပါမည်။ အစား အသောက်ချို့တဲ့သောသူများအတွက် လိုအပ်သည့်အရာများကိုအကြံပေးသင့် ပြီး အစားအသောက်ဖူလုံ၍ မိမိတို့၏စားပွဲပေါ်၌မလိုအပ်သည့် ကျန်းမာရေး အတွက်အန္တရာယ်ဖြစ်စေမည့်အစာများ၊ အရသာကောင်းသောကိတ်မုန့်များ၊ မုန့်ညက်နှင့်ဟင်းခတ်အမွှေးအကြိုင်များတို့အတွက် သူသည် ကျန်းမာရေး၌ လိုအပ်သည့်အစားအစာများနှင့် ဝိညာဉ်အတွက်အကျိုးပြုမည့်အစားအစာများ ကိုပြောပြသင့်သည်။ Letter 19, 1892. [Ev 439.2] EvBur 572.3