Go to full page →

သင်တန်းပေးခြင်းနှင့်ကျောထောက်နောက်ခံ EvBur 619

ကောင်းမွန်စွာသင်တန်းရယူခဲ့သောအမှုဆောင်များတို့၏တန်ဖိုး - ဘုရားသခင် သည် အမှုဆောင်များတို့ကိုခေါ်တော်မူသည်။ သို့သော် မိမိတို့၏အလိုဆန္ဒ များကို သူ၏အလိုဆန္ဒသို့အပ်နှံရန်ဆန္ဒရှိသူများနှင့် ခရစ်တော်၌ရှိသောအမှန် တရားကို သင်ကြားမည့်သူများတို့ကို သူအလိုရှိသည်။ အမှုတော်အတွက် သင်တန်းပေးခြင်းနှင့်ပညာပေးခြင်းခံရပြီး ခရစ်တော်၏ဝိညာဉ်ဖြင့်ထိန်းချုပ်ခြင်း ခံရသူတစ်ဦးသည် လုပ်ငန်းကို ပညာနည်းပါးပြီး ယုံကြည်ခြင်းခွန်အားမရှိ သောအမှုဆောင် (၁၀) ဦးတို့ထက် ပို၍လုပ်ငန်းကိုပြီးမြောက်အောင်ဆောင်ရွက် နိုင်ပါသည်။ ဘုရားသခင်၏အကြံပေးချက်နှင့်အညီ ညီညွတ်စွာနှင့် ညီအစ်ကို များတို့နှင့်စည်းလုံးစွာအမှုတော်၌ဆောင်ရွက်သောသူတစ်ဦးသည် ကောင်းသော အရာကိုထိရောက်စွာပို၍ဘုရားသခင်ကိုမှီခိုရန်မလိုအပ်ဟုထင်ပြီး လုပ်ငန်း၏ အထွေထွေစီမံကိန်းနှင့်ညီညွတ်စွာမဆောင်ရွက်သောအမှုဆောင် (၁၀) ဦးထက် ဆောင်ရွက်နိုင်ပါသည်။ Review and Herald, May 29, 1888. [Ev 474.1] EvBur 619.1

ကျွန်ုပ်တို့၏ကျောင်းများမှ ကျမ်းစာအမှုဆောင်များ - ဘုရားသခင်တည်ထောင် ထားသောကျောင်းတိုင်း၌ လွန်ခဲ့သောအချိန်ကကဲ့သို့မဟုတ်ဘဲ ကျမ်းစာသင် ပေးခြင်းကိုတောင်းဆိုလျက်ရှိသည်။ ကျွန်ုပ်တို့၏ကျောင်းသားများတို့သည် သည် အကယ်၍ကြီးမားသောဆရာထံ မိမိတို့ကိုယ်တိုင်သင်ယူခြင်းပြုပါက ကျမ်းစာအမှုထမ်းများဖြစ်လာရန် ပညာပေးပြီး ကျမ်းစာသင်ပေးသောဆရာတို့ အံ့ဩဖွယ်အကောင်းဆုံးသောအလုပ်တစ်ခုကို ဆောင်ရွက်နိုင်ပေလိမ့်မည်။ [Ev 474.2] EvBur 619.2

ဘုရားသခင်၏နှုတ်ကပတ်တော်သည် မှန်သောအတွေးအခေါ်၊ မှန်သောသိပ္ပံအတတ်ပညာဖြစ်သည်။ လူ့အတွေးအခေါ်များနှင့်ခံစားချက်အပေါ် ဟောပြောခြင်းသည် အကျိုးအနည်းငယ်သာရှိသည်။ ဘုရားသခင်၏နှုတ်ကပတ် တော်နှင့်ပြည့်ဝသောသူသည် ခရစ်တော်သင်ကြားသကဲ့သို့ ရှင်းလင်းရိုးစင်း သောနည်းဖြင့် သင်ကြားနိုင်ပါလိမ့်မည်။ မှောင်မိုက်ထဲရှိလူတို့အတွက် နှုတ်ကပတ်တော်ကိုများစွာပို၍အမှီပြုခြင်းသည် ကျွန်ုပ်တို့စကားတစ်လုံးအသုံးပြု ခြင်းကဲ့သို့ အဆင်သင့်နားလည်နိုင်ခြင်းမရှိပါ။ Ev474.3] EvBur 619.3

မယုံကြည်သူများ မိမိတို့ထံသို့နီးကပ်စွာလာရန် မမျော်လင့်ဘဲပျောက် သောသိုးများကိုရှာသောအမှုဆောင်များ၊ တစ်ဦးချင်းအလုပ်ကိုဆောင်ရွက်သူ များနှင့် ရှင်းလင်းတိကျသောညွှန်ကြားချက်ပြုသူများတို့သည် မယုံကြည်သူ များထံသို့ နီးကပ်စွာသွားကြရမည်။ [Ev 474.4] EvBur 620.1

ကျမ်းစာအမှုဆောင်များတို့အား အကောင်းဆုံးသောသင်ကြားပို့ချခြင်း နှင့်သင်တန်းပေးခြင်းကိုပြုနိုင်ရန် ပြင်ဆင်မှုပြုခြင်းသည် ကျွန်ုပ်တို့ကျောင်းများ တို့၏ရည်ရွယ်ချက်ဖြစ်ရမည်။ ကျောင်းများတို့၌ မှန်ကန်၍နက်ရှိုင်းသော ခရစ်ယာန်ဗဟုသုတရှိ ကျမ်းစာဆရာများတို့ကိုပြင်ဆင်ပေးနိုင်ရန် ကျွန်ုပ်တို့ ၏နယ်ဒေသဌာနမှ စီစဉ်ဆောင်ရွက်ပေးသင့်သည်။ အကောင်းဆုံးသောဓမ္မ စွမ်းရည်ရှိသူများကို ကျောင်းများသို့ပို့ဆောင်ပေးသင့်သည်။ Manuscript139, 1898. [Ev 475.1] EvBur 620.2

ဓမ္မကျမ်းစာအလုပ်အပါအဝင်ကျယ်ပြန့်သောပညာတစ်ခု - ဘုရားသခင်ချမှတ် ထားသည်မှာ ကျောင်းသည် အမျိုးသမီးများပညာရရှိရန် သင်တန်းပေးသော နေရာတစ်ခုဖြစ်ရမည်။ ချက်ပြုတ်ခြင်း၊ အိမ်လုပ်ငန်း၊ ချုပ်လုပ်ခြင်း၊ စာရင်း ကိုင်ခြင်း၊ မှန်ကန်စွာစာဖတ်တတ်ခြင်း၊ အသံထွက်မှန်ကန်ခြင်း အစရှိသည် တို့ဖြစ်သည်။ ဆောင်ရွက်ရန်တာဝန်ပေးလာသောလုပ်ငန်းများအတွက် သူတို့ ၌အရည်အချင်းရှိရမည်။ ဥက္ကဌ၊ ဥပုသ်စာဖြေဆရာများ၊ ကျမ်းစာဆရာများ စသည့်ဦးဆောင်မှုကို ပြုလုပ်နိုင်ရမည်။ ကလေးများအတွက် နေ့ကျောင်းများ ၌သင်ကြားနိုင်ရန် မိမိတို့ကိုယ်ကိုပြင်ဆင်မှုပြုရမည်။ Letter 3, 1898. [Ev 475.2] EvBur 620.3

ယောက်ျားလေး မိန်းကလေးများမဟုတ်သည့်ဗဟုသုတရှိအမှုဆောင်များ - ဓမ္မအမှု တော်လုပ်ငန်းကို ယောက်ျားလေးများသို့တာဝန်မပေးသင့်ပါ။ ပေး၍လည်း မရပါ။ ထို့အတူ ကျမ်းစာလေ့လာခြင်းလုပ်ငန်းကို ဗဟုသုတမရှိသောမိန်းကလေး များကိုလည်း စေခိုင်းရန်မသင့်လျော်ပါ။ အကြောင်းမှာသူတို့သည် လုပ်ကိုင် လိုသောစိတ်ဆန္ဒရှိသော်လည်း ဘာသာရေးဗဟုသုတလိုနေပြီး ကောင်းသော ပညာနှင့်သင်တန်းမရရှိကြသေးသောကြောင့်ဖြစ်သည်။ သူတို့၌သည်းခံနိုင်ရည် ရှိမရှိ၊ ရှိသင့်သည့်အရည်အချင်းရှိမရှိ သူတို့ကိုစမ်းသပ်ရပါမည်။ ယခုအချိန် အတွက် ကျွန်ုပ်တို့၏အရေးကိစ္စနှင့်အမှုတော်ကို ကိုယ်စားမပြုနိုင်ပါက သူတို့ အားတာဝန်ပေးအပ်၍မရပါ။ [Ev 475.3] EvBur 620.4

ဗဟုသုတရှိသူများတို့ထံမှ နက်ရှိုင်းသောဗဟုသုတနှင့် ပြုလုပ် ဆောင်ရွက်ခြင်းနည်းလမ်းနှင့်လုပ်ပုံလုပ်နည်းတို့ကို နားလည်သောညီအစ်မများ တို့သည် အမှုတော်လုပ်ငန်း၌ပါဝင်ကြရမည်။ သာသနာလုပ်ငန်းပြုလုပ် ဆောင်ရွက်ခြင်းများ၌ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို မှန်ကန်စွာကိုယ်စားပြုနိုင်သည့် မှန်ကန်သောစိတ်ထားရှိပြီး ဆက်ကပ်သူနှင့်ဘုရားတရားကြည်ညိုလေးစား သောအမှုဆောင်များတို့ကို လိုအပ်နေသည့်အခက်အခဲမှာ အမြဲကြုံတွေ့ နေရ သောကိစ္စဖြစ်သည်။ Christian Education, pp. 45, 46. (1894) [Ev 475.4] EvBur 621.1

ဉာဏ်ရည်ထက်မြက်သူကိုအလုပ်အတွက်ခေါ်ယူခြင်း - ပျိုရွယ်သောအမျိုးသား များတို့သည် အခြားသူများတို့အား အရေးကြီးသောကျမ်းစာအမှန်တရားများ တို့ကို ကိုယ်တိုင်ကောင်းမွန်စွာမသိနားမလည်ဘဲ ကြိုးစားရှင်းပြခြင်းနှင့် ပုရောဖက်ဟောကြားသောအနာဂတ်စကားနှင့်ပတ်သက်သည့် သင်တန်းပို့ချ ခြင်းလုပ်ငန်းတွင် ပါဝင်လုပ်ဆောင်ရန်မသင့်ပါ။ သူတို့၌ပညာအရည်အချင်း နည်းနေသောကြောင့် အကယ်၍ကောင်းသောကျောင်း၌ ပညာဆည်းပူးရန် အခွင့်အရေးများမရရှိကြပါက အမှုတော်အတွက်ကောင်းကျိုးပေးနိုင်မည်မဟုတ် ပါ။ အသိတရားကင်းမဲ့ခြင်းသည် ခရစ်တော်နောက်လိုက်သူများအတွက် နှိမ့်ချခြင်းနှင့် ဝိညာဉ်ခွန်အားတိုးတက်ခြင်းမပေးနိုင်ပါ။ မွန်မြတ်သောနှုတ်ကပတ် တော်အမှန်တရားကို ထက်မြက်သောခရစ်ယာန်တစ်ဦးမှ အကောင်းဆုံးတန်ဖိုး ထား၍ရယူနိုင်ပါသည်။ ခရစ်တော်၏အမှုတော်ကို သတိပညာဖြင့်ဆောင်ရွက် သောသူအားဖြင့် သူသည် အကောင်းဆုံးဂုဏ်ပြုချီးမွမ်းခြင်းခံရလိမ့်မည်။ ပညာရေး၏ကြီးမားသောရည်ရွယ်ချက်သည် ကျွန်ုပ်တို့အားဘုရားသခင်ပေး ထားသောတန်ခိုးကို အကောင်းဆုံးနည်းလမ်းဖြင့် သမ္မာကျမ်းစာ၏ဘာသာရပ် နှင့် ဘုရားသခင်၏ဘုန်းတော်ထင်ရှားစေရန်အတွက် အကောင်းဆုံးကိုယ်စား ပြုကာ အသုံးချနိုင်ပါလိမ့်မည်။ Testimonies, vol. 3, p. 160. (1872) [Ev 476.1] EvBur 621.2

ကောင်းမွန်စွာသင်တန်းရယူသောအမှုဆောင်များ - တတိယကောင်းကင်တမန် ကောင်းကင်အလယ်၌ပျံဝဲခြင်းသည် ကမ္ဘာအနှံ့အပြားသို့ သတင်းစကားပျံ့နှံ့ ရမည်ကိုပြသခြင်းအတွက် ပုံဆောင်ခြင်းဖြစ်သည်။ ၎င်းအရေးအကြီးဆုံးသော သတင်းစကားကို ကျွန်ုပ်တို့အတွက်ပေးထားပြီး ဤလုပ်ငန်းနှင့်ပတ်သက်သော သူအားလုံး ဦးစွာပညာတစ်ခုသူတို့၌လိုအပ်နေကြောင်းခံစားရကာ ဤလုပ်ငန်း နှင့်ပတ်သက်သည့်ကဏ္ဍများတွင် ပါဝင်ဆောင်ရွက်နိုင်ရန် တိုးတက်မှုအတွက် အကောင်းဆုံးသောသင်တန်းကိုရယူကြပါသည်။ Review and Herald, June 21, 1887. [Ev 476.2] EvBur 622.1

ဆရာသည်အမှန်တရား၏စစ်မှန်သောစည်းမျဉ်းဥပဒေကိုသိရမည် - အမှန်တရား ၏စစ်မှန်သောဥပဒေများကို သင်သိခြင်း၌သေချာစေပြီး သင့်အားဆန့်ကျင်သူ များကို သင်ရင်ဆိုင်လာရသောအခါ၊ သင့်ခွန်အားအားဖြင့်မဟုတ်ဘဲ ဘုရားသခင် ၏ကောင်းကင်တမန်သည် သင့်အနား၌ရပ်နေပြီး မေးလာသောမေးခွန်းတိုင်း ကို သင်ဖြေဆိုနိုင်ရန် သူမစလိမ့်မည်။ နေ့စဉ်သင်သည် ခရစ်တော်၌တည် နေပြီး သင်၏ပြောဆိုသောစကားများနှင့်ပုံသက်သေသည် ကောင်းကျိုးအတွက် ခိုင်မာသောသြဇာကိုသင့်အားပေးလိမ့်မည်။ Gospel Workers, p. 105. (1915) [Ev 476.3] EvBur 622.2

ပညာရှိ ကျမ်းစာပို့ချသူများကို ပို၍တောင်းဆိုခြင်း - ကျမ်းစာသင်ကြားပို့ချ ခြင်း၌ အကောင်းဆုံးအသုံးပြုနိုင်သည့် ဘုရားတရားကြည်ညိုသောအမှုဆောင် အမျိုးသမီးများတို့ကိုပေးရန် ရန်ပုံငွေတစ်ခုကို ကျွန်ုပ်ဖန်တီးလိုသည်။ သမ္မာ ကျမ်းစာသင်ကြားပို့ချခြင်း၌ အမှုထမ်းများကိုပို၍များလာစေရန် ကျွန်ုပ်တို့ ပညာပေးရမည်ဟု ကျွန်ုပ်ပြောလိုပါသည်။ Letter 83, 1899. [Ev 477.1] EvBur 622.3