Go to full page →

သမ္မာကျမ်းစာသင်ကြားပို့ချသူ၏အရည်အချင်းများ EvBur 623

ားကို ဘုရားအမှုတော်အတွက်အရည်အချင်းရှိအမျိုးသမီးများ - ခိုင်မာသောစည်းကမ်း နှင့်တိကျကောင်းမွန်သောစာရိတ္တရှိပြီး နောက်ဆုံးသောနေ့ရက်များ၌ အသက်ရှင် နေကြသည်ဟုယုံကြည်လျက် ကမ္ဘာသို့နောက်ဆုံးသောအရေးကြီးသတိပေး သတင်းစကားပြောရန် ကျွန်ုပ်၌ရှိသည်ဟုခံယူကြသောအမျိုးသမီးများတို့ကို အလိုရှိလျက်ရှိသည်။ သူတို့သည် ကောင်းကင်မှသူတို့အပေါ်သွန်းလောင်း သော အရေးကြီးသည့်အလင်းရောင်ခြည်ကိုဖြန့်ချိခြင်း၌ပါဝင်ကြကြောင်း ခံစား သင့်ကြသည်။ ဤပုဂ္ဂိုလ်များကို မိမိတို့၏ တာဝန်မှ မည်သည့်အရာမျှ မဆောင်ရွက်ရန် တားဆီး၍မရပါ။ မထမ်းဆောင်ရန် မည်သည့်အရာမျှ စိတ်ဓာတ်မကျစေနိုင်ပါ။ ယခုနှင့်နောင်ထာဝရကာလအတွက် ဤအလုပ်ကို ဆောင်ရွက်ရန် သူတို့၌ယုံကြည်ခြင်းရှိကြသည်။ ဘုရားသခင်ကိုသူတို့ကြောက်ရွံ့ စုံစမ်းသွေးဆောင်ခြင်းအမျိုးမျိုးတို့သည် သူတို့ကိုဤအလုပ်မှမည်သည့် အခါမျှလမ်းလွှဲစေရန် မပြုလုပ်နိုင်ပါ။ ပညတ်တော်လေးပါးတစ်ပါး၏ဥပုသ် နေ့ကို သန့်ရှင်းစွာသူတို့စောင့်ထိန်းကြသည်။ အကြောင်းမှာ ထိုနေ့ရက်ကို ဘုရားသခင်သန့်ရှင်းစေပြီး သန့်ရှင်းစွာစောင့်ထိန်းရန် သူတို့အားမိန့်မှာထား ခဲ့သောကြောင့်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ သူတို့၏ဂုဏ်သိက္ခာကို သူတို့ထိန်းသိမ်းကြမည်ဖြစ်သည်။ ဤပုဂ္ဂိုလ်များတို့သည် ကျွန်ုပ်တို့၏ယုံကြည် ခြင်းကို မှန်ကန်စွာကိုယ်စားပြုကြမည်ဖြစ်ပြီး ငွေအပြောက်မှာစီခြယ်သော ရှောက်ချိုသီးကဲ့သို့ လျှောက်ပသောစကားကိုပြောလိမ့်မည်။ ညီအစ်မများတို့၊ လယ်ပြင်၌ရိတ်သိမ်းပြီး ကောက်လှိုင်းများတို့ကိုကူညီသိမ်းဆည်းခြင်းအလုပ်၌ ပါဝင်လုပ်ဆောင်ကြရန် ဘုရားသခင်သည် သင်တို့ကိုခေါ်လျက်ရှိသည်။ Review and Herald, Dec. 19, 1878. [Ev 477.2] EvBur 623.1

လန်းဆန်း၍ပြည့်ဝသောခွန်အားများ - ကဏ္ဍတိုင်း၌ ရှေ့သို့အမှုတော် တိုးတက်စေရန် ခွန်အား၊ ဇွဲနှင့်သတ္တိရှိလူငယ်များကို ဘုရားသခင်ခေါ်နေပါ သည်။ အမှုတော်တိုးတက်ခြင်း၌ပါဝင်ကူညီရန် လူငယ်များကိုသူရွေးချယ်ခဲ့ သည်။ ရှင်းလင်းသောစိတ်နှင့်ရဲရင့်သောလက်ဖြင့်တောင်းဆိုသော လန်းဆန်း ၍ပြည့်ဝသောခွန်အားဖြင့် စေခိုင်းခြင်းများကိုလုပ်ဆောင်ရလိမ့်မည်။ ပျိုရွယ် သောအမျိုးသား၊ အမျိုးသမီးများတို့သည် ဘုရားသခင်အား မိမိတို့၏ပျိုရွယ် သောခွန်အားကိုပေးရန် မိမိတို့၏တန်ခိုးကိုလေ့ကျင့်ခြင်းအားဖြင့် မိမိတို့၏ အတွေးအခေါ်နှင့်သန်စွမ်းသောလှုပ်ရှားမှုအားဖြင့် သူ၏ဘုန်းတော်ကိုထင်ရှား စေရန်နှင့် မိမိတို့၏မိတ်ဆွေလူသားများကယ်တင်ခြင်းရရှိရန် ဘုရားသခင်သည် သူတို့ကိုဖိတ်ခေါ်လျက်ရှိသည်။ Counsels to Teachers, p. 535. (1913) [Ev 478.1] EvBur 624.1

အခြေအနေများကြောင့် ယိမ်းယိုင်ခြင်းမရှိ၊ ဘုရားသခင်နှင့်အတူ လမ်းလျှောက်သူများ၊ များစွာဆုတောင်းသူများနှင့် အလင်းအားလုံးကိုတတ်အား သရွေ့ စုဆောင်းရန် စိတ်အားထက်သန်စွာကြိုးစားသော ပျိုရွယ်သည့်အမျိုးသား အမျိုးသမီးများတို့ကို အလိုရှိလျက်ရှိသည်။ Counsels to Teachers, p. 537. (1913) [Ev 478.2] EvBur 624.2

ဇွဲရှိသောအမျိုးသမီးများ - ဘုရားသခင်အတွက်အမှုထမ်းဆောင်သောသူ အားလုံး၌ မာသနှင့်မာရိတို့၏စိတ်သဘောထားဖြစ်သော အမှုဆောင်ရန်ဆန္ဒ ရှိခြင်းနှင့် အမှန်တရားကိုရိုးသားစွာချစ်ခြင်း နှစ်မျိုးစလုံးရှိသင့်သည်။ ကိုယ်ကျိုးနှင့်တစ်ကိုယ်ကောင်းဆန်ခြင်းတို့ကို ဘေးဖယ်ထားရမည်။ ဘုရားသခင် သည် စိတ်အားထက်သန်သော၊ ဆင်ခြင်တတ်သော၊ နွေးထွေးသော၊ နူးညံ့ သော၊ စည်းကမ်းရှိသောအမှုဆောင်အမျိုးသမီးများတို့ကို ခေါ်တော်မူသည်။ သူသည် ဇွဲရှိသောအမျိုးသမီးများ၊ မိမိကိုယ်ကျိုးနှင့်ကိုယ်တိုင်အဆင်ပြေခြင်း ကိုဘေးဖယ်ပြီး ခရစ်တော်ကိုသာဗဟိုထားကာ အမှန်တရားစကားများကိုသာ ပြောဆိုလျက် သူတို့တွေ့ ဆုံနိုင်သောပုဂ္ဂိုလ်များတို့နှင့်အတူဆုတောင်းခြင်း ဖြင့် ဝိညာဉ်များပြောင်းလဲခြင်းအတွက် လုပ်ဆောင်သူများကိုခေါ်ပါသည်။ Testimonies, vol. 6, p. 118. (1900) [Ev 478.3] EvBur 624.3

စွမ်းအားနှင့်ပြည့်ဝသောအမျိုးသမီးများမှန်ကန်သောဆုံးဖြတ်ချက်များကိုပြုရမည် - အခက်အခဲကြားထဲမှ ရဲရင့်သောစိတ်ဓာတ်ဖြင့် အမှန်တရားကိုဦးစားပေးပြီး ဆုံးဖြတ်ချက်ချရန် မြင့်မြတ်သောအမျိုးသမီးများရှိသည်။ သူတို့သည် သေချာ စွာဖြင့် အမှန်တရားကိုလက်ခံခဲ့သည်။ သူတို့၌ပါးနပ်မှု၊ အတွေးအခေါ်နှင့် ကောင်းသောစွမ်းရည်ရှိပြီး သူတို့၏သခင်အတွက် အောင်မြင်စွာထမ်းဆောင် နိုင်သော အမှုဆောင်များဖြစ်လိမ့်မည်။ ခရစ်ယာန်အမျိုးသမီးများကို ဤအတွက် ခေါ်တော်မူသည်။ Review and Herald, Dec. 19, 1878. [Ev 478.4] EvBur 625.1

စာရိတ္တ၏အင်အားနှင့် သြဇာ၏တန်ခိုး - သာသနာလုပ်ငန်း၌ပါဝင်နေကြ သောသူတချို့တို့သည် အားနည်းခြင်း၊ လှုပ်ရှားမှုမရှိ၊ ဝိညာဉ်မပါ၊ လွယ်ကူ စွာစိတ်ဓာတ်ကျသူများဖြစ်သည်။ သူတို့၌တွန်းအားလိုသည်။ အရာတစ်ခုခု ဆောင်ရွက်နိုင်ရန် တန်ခိုးပေးမည့်ကောင်းသောစာရိတ္တမရှိ၊ စိတ်အားထက်သန် မှုကိုထွန်းညှိပေးမည့်စိတ်ဓာတ်နှင့်အင်အားလည်းမရှိပါ။ အောင်မြင်ခြင်းကို ဆွတ်ခူးလိုသောသူများတို့၌ ရဲရင့်ခြင်းနှင့်မျှော်လင့်ခြင်းရှိရမည်။ သူတို့သည် ခံနိုင်စွမ်းကိုပြုစုပျိုးထောင်ရမည့်အပြင် တက်ကြွလှုပ်ရှားသောစွမ်းရည်ပါရမီကို လည်း ပျိုးထောင်သင့်သည်။ ဒေါသအမျက်ကိုပျော့ပျောင်းသောစကားဖြင့် သူတို့ပျောက်ကွယ်စေနိုင်သကဲ့သို့ အဆိုးကိုလည်း သူရဲကောင်းတစ်ဦးကဲ့သို့ တွန်းလှန်အောင်မြင်နိုင်သော ရဲစွမ်းသတ္တိလည်းရှိရမည်။ အရာခပ်သိမ်းကို သည်းခံနိုင်သောချစ်ခြင်းမေတ္တာဖြင့် သူတို့၏ကောင်းသောတန်ခိုးသြဇာကို ပြုလုပ်ပေးနိုင်သည့် စာရိတ္တစွမ်းအားကိုလည်း သူတို့လိုအပ်သည်။ Ministry of Healing, pp. 497, 498. (1905) [Ev 479.1] EvBur 625.2

ဘာသာရပ်တိုင်း၏အောက်ခြေသို့သွားပါ - အကယ်၍သင်သည် ဘုရားသခင် ၏မည်သည့်လုပ်ငန်း၌မဆို ဆရာတစ်ဦးအဖြစ်အခေါ်ခံရပါက၊ ခရစ်တော်၏ ကျောင်း၌ သင်သည် သင်ယူသူတစ်ဦးအဖြစ်လည်း အခေါ်ခံရခြင်းဖြစ်ပါ သည်။ သင်သည် အကယ်၍သူတစ်ပါးကိုသင်ကြားပို့ချရမည့် မွန်မြတ်သော တာဝန်ကိုထမ်းဆောင်ရပါက သင်ကြားပို့ချရမည့်ဘာသာရပ်တိုင်း၏အောက်ခြေ သို့ လေ့လာရမည့်တာဝန်ကို သင့်အပေါ်၌သက်ရောက်နေပါသည်။ Counsels on Sabbath School Work, p. 31. (1892) [Ev 479.2] EvBur 626.1

ရဲစွမ်းသတ္တိ၊ အရှိန်အဟုန်၊ အင်အား၊ စွဲ - ခရစ်ယာန်အသက်တာသည် ထင်သည်ထက်ပိုသည်။ သိမ်မွေ့ခြင်း၊ သည်းခံခြင်း၊ နှိမ့်ချခြင်းနှင့်ကြင်နာ ခြင်းပါရမီများတို့အပေါ်၌သာ တည်နေသည်မဟုတ်ပါ။ ဤကျေးဇူးတရား များသည် လိုအပ်ပါသည်။ သို့သော် ရဲစွမ်းသတ္တိ၊ အရှိန်အဟုန်၊ အင်အား၊ ဇွဲတို့လည်းလိုအပ်ပါသည်။ ခရစ်တော်ဖော်ပြသောလမ်းသည် ကျဉ်းမြောင်း၍ ကိုယ့်ကိုကိုယ်ငြင်းပယ်ရမည့်လမ်းဖြစ်သည်။ ထိုလမ်းသို့လျှောက်လှမ်းရန် ခက်ခဲမှုများနှင့်စိတ်ဓာတ်ကျဖွယ်ရာများဖြင့် တိုးဝင်ရမည်ဖြစ်သောကြောင့် အင်အားနည်းသောအခြေအနေထက်ပို၍ ကျွန်ုပ်တို့၌အင်အားလိုပါသည်။ EvBur 626.2

လူတချို့တို့၌ ခိုင်မာသောစာရိတ္တမရှိပါ။ သူတို့၏စီမံကိန်းနှင့်ရည်ရွယ် ချက်များသည် တိကျသည့်ပုံစံနှင့်တည်ငြိမ်ခြင်းမရှိပါ။ ၎င်းတို့ကိုဤကမ္ဘာ ပေါ်တွင် အနည်းငယ်ကိုသာအသုံးပြုနိုင်ပါသည်။ ဤအားနည်းခြင်း၊ မပြတ် သားခြင်းနှင့်ထိရောက်မှုမရှိခြင်းတို့ကို အောင်မြင်သင့်သည်။ ပြင်ဆင်၍မရ အခြေအနေအမျိုးမျိုးမှဆန့်ကျင်၍မရသည့် ခိုင်မြဲသောစစ်မှန်သည့်ခရစ်ယာန် စာရိတ္တရှိသည်။ ကျွန်ုပ်တို့၌ကိုယ်ကျင့်တရားကြောရိုး၊ မြှောက်ပင့်ခြင်း၊ လာဘ်ထိုးခြင်း၊ သို့မဟုတ် ချောက်လှန့်ခြင်းမပြုနိုင်သည့် ရိုးသားဖြောင့်မတ် ခြင်းရှိရလိမ့်မည်။ Ministry of Healing, pp. 497, 498. (1905) [Ev 480.1] EvBur 626.3

သတိရှိခြင်းနှင့်တိကျခြင်း - ဘုရားသခင်၏အမှုတော်သည် မှန်သော အချိန်၌တန်ခိုးဖြင့်လျင်မြန်စွာတွေ့ မြင်ကာ ချက်ချင်းဆောင်ရွက်နိုင်သောသူ တို့ကို တောင်းဆိုလျက်ရှိသည်။ အကယ်၍အခက်အခဲတိုင်းကိုချင့်ချိန်ရန် စောင့်ဆိုင်းနေပြီး သင်ရင်ဆိုင်ရသောရှုပ်ထွေးမှုတိုင်းကိုချိန်ဆနေပါက သင်အနည်းငယ်သာလုပ်ဆောင်နိုင်လိမ့်မည်။ လုပ်ငန်းတိုင်း၌ အနှောင့်အယှက် များနှင့်အခက်အခဲများတို့ကို သင်ရင်ဆိုင်ရမည်ဖြစ်ပြီး ခိုင်မာသောရည်ရွယ် ချက်နှင့် ၎င်းတို့ကိုအောင်မြင်ရန် သင်ဆုံးဖြတ်ရလိမ့်မည်။ သို့မဟုတ် သင့်ကို အောင်မြင်သွားလိမ့်မည်။ Testimonies, vol. 3, p. 497. (1875) [Ev 480.2] EvBur 626.4

လုပ်ငန်းအားလုံး၌နည်းစနစ်နှင့်အရှိန်အဟုန် - သင့်အခန်းထဲ၌ ချီးမွမ်းအံ့သြ ဖွယ်ရာအတွက် သေးငယ်သောအဆင်တန်တာများစွာရှိပေလိမ့်မည်။ သို့သော် အကယ်၍သင်သည် ဘုရားသခင်၏ဘုန်းတော်တစ်ခုတည်းကိုသာကြည့်ပါက ဤသေးငယ်သောနှစ်သက်ဖွယ်အရာလေးများကို ကောင်းမွန်စွာထုပ်၍ ဖယ်ရှား ပစ်နိုင်လိမ့်မည်။ ထိန်းသိမ်းခြင်း၊ ဖုန်သုတ်ပစ်ခြင်း ၎င်းတို့ကိုနေရာတကျ ထားရှိခြင်းအားဖြင့် တန်ဖိုးရှိသောအချိန်အနည်းငယ်ကိုအသုံးပြုခြင်းသည် လိုအပ်သောအလုပ်ကိုဆောင်ရွက်ခြင်းဖြစ်သည်။ သို့သော် အကယ်၍ ဤတန်ဖိုး နည်းသောကျောက်မျက်ရတနာလေးများကို ထိန်းသိမ်းထားခြင်းမရှိပါက သင်သည် အခြားသင်ခန်းစာတစ်ခုကို သင်ယူရပါလိမ့်မည်။ လျင်မြန်စွာ သကဲ့သို့ သင်၏စိတ်ထဲ၌ဇဝေဇဝါမဖြစ်စေပါနှင့်။ ဤကိစ္စ၌မိမိတို့၏လှုပ်ရှား ဆောင်ရွက်ပါ။ ပစ္စည်းတိုင်းကိုယူပြီး လက်ထဲကိုင်ထားလျက် မချထားလို မှုနှေးကွေးသောသူတို့အတွက် တိုးတက်မှုရှိစေရန်လုပ်ဆောင်ခြင်းသည် သူတို့ ၏တာဝန်ဖြစ်သည်။ ဘုရားရှင်ပြောခဲ့သည်မှာ၊ “အားထုတ်ခြင်းအရာမှာ ပျင်းရိ ခြင်းမရှိဘဲလျက်၊ စိတ်တန်းသဖြင့် သခင်ဘုရား၏အလိုတော်သို့လိုက်၍ အားထုတ်ကြလော့။” [Ev 480.3] EvBur 627.1

အစားအသောက်ပြင်ဆင်မှုပြုရာတွင် သင်၏တွက်ချက်ခြင်းကိုပြုလုပ် ပြီး ဗဟုသုတအားဖြင့် သင်သိရှိခဲ့သည့်အတိုင်း လိုအပ်သောအစားအစာများ ထားပါ။ သို့သော် သတ်မှတ်ချိန်ထက်ငါးမိနစ်နောက်မကျစေဘဲ ငါးမိနစ် ကို သေချာစွာသင်ချက်ပြုတ်ပြီး သင့်လျော်သည့်အချိန်တွင် စားပွဲပေါ်၌ပြင်ဆင် ပို၍စောကာ အဆင်သင့်ပြင်ဆင်ထားခြင်းမှာ ပို၍ကောင်းပါသည်။ ခွက်ပန်းကန် ဆေးကြောရာတွင်လည်း လျင်မြန်စွာ၊ သေချာသပ်ရပ်စွာ ဆောင်ရွက်ရပါမည်။ နှေးကွေးခြင်း၊ နှေးကွေးသောအကျင့်သည် အလုပ်အနည်းငယ်သာပြီးစီးစေ သည်။ သို့သော် အကယ်၍ဆန္ဒရှိပါက ဤနှေးကွေးခြင်း၊ နှောင့်နှေးခြင်း အကျင့်များကို သင်အောင်မြင်နိုင်ပါသည်။ စိတ်ဆန္ဒ၏တန်ခိုးကိုလေ့ကျင့် ပေးခြင်းအားဖြင့် ကျွမ်းကျင်သောလက်ကိုပြုလုပ်ပေးနိုင်ပါလိမ့်မည်။ The Youth’s Instructor, Jan. 28, 1997. [Ev 480.4] EvBur 627.2