Go to full page →

အမျိုးသမီးများအတွက်လုံလောက်သောလုပ်အားစများ EvBur 641

မိမိတို့၏ခင်ပွန်းကဲ့သို့ မှန်ကန်စွာလုပ်အားခပေးရမည် - ဖြစ်နိုင်သည့်အခါ၌ ဓမ္မဆရာသည် သူ၏ဇနီးနှင့်အတူထွက်၍ အလုပ်လုပ်ဆောင်စေပါ။ များသော အားဖြင့် ဇနီးသည် မိမိ၏ခင်ပွန်းနှင့်တွဲ၍ မွန်မြတ်သောအလုပ်ကို အောင်မြင် စွာလုပ်ကိုင်နိုင်သည်။ လူတို့ရှိရာအိမ်များသို့ သူမသွားရောက်လည်ပတ်ကာ မိမိခင်ပွန်းမပြုလုပ်နိုင်သော ၎င်းအိမ်ထောင်မိသားစုများရှိ အမျိုးသမီးများတို့ ၏အလုပ်ကို ကူညီပေးနိုင်ပါသည်။ [Ev 491.1] EvBur 641.2

စိတ်အားထက်သန်သောအလုပ်တစ်ခုကိုလုပ်မည့် အမျိုးသမီးများကို ရွေးချယ်ပါ။ ထက်မြက်သောအမျိုးသမီးများကို သင်ကြားခြင်းအလုပ်၌ ဘုရားသခင်အသုံးပြုလိမ့်မည်။ ထိုနောက် နှုတ်ကပတ်ကိုနားလည်ပြီး သင်ကြား ခြင်းစွမ်းရည်ရှိအမျိုးသမီးများတို့ကို မိမိတို့၏ဆောင်ရွက်မှုများအတွက် လုပ်အားခမရသင့်ဟု မည်သူမျှမထင်သင့်ပါ။ မိမိတို့၏ခင်ပွန်းကဲ့သို့ မှန်ကန် သောလုပ်အားခကိုပေးရမည်။ အမျိုးသမီးများတို့အတွက် ယခုအချိန်ရှိအမှန် တရားလုပ်ငန်း၌ ဆောင်ရွက်ကြရန် ကြီးမားသောအလုပ်ရှိသည်။ အမျိုးသမီး ၏စွမ်းရည်နှင့်ပါးနပ်မှုကိုအသုံးပြုခြင်း၊ အမှန်တရား၏အသိပညာကို လိမ္မာ စွာအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ညီအစ်ကိုများ ရင်ဆိုင်ဖြေရှင်း၍မရသော အခက်အခဲများကို သူတို့ဖယ်ရှားပေးနိုင်ပါသည်။ မိမိတို့၏ခင်ပွန်းများတို့နှင့် အတူ လက်တွဲလုပ်ဆောင်ရန် အမျိုးသမီးများတို့ကို ကျွန်ုပ်တို့အလိုရှိပြီး သာသနာ့လုပ်ငန်း၌ပါဝင်ရန်ဆန္ဒရှိသူများကို အားပေးသင့်သည်။ Letter 142, 1909. [Ev 491.2] EvBur 642.1

သစ္စာရှိ အမျိုးသမီးများတို့ ၏ဆက်ကပ်ခြင်းကို အကန့်အသတ်မထားသင့် - ကျွန်ုပ် တို့၏ကမ္ဘာ၌ ကြီးမားသောအလုပ်တစ်ခုလုပ်ရန်ရှိပြီး ဖြောင့်မှန်သောစည်းကမ်း ချက်တို့နှင့်အညီ စွမ်းရည်တိုင်းကိုအသုံးပြုရမည်။ အကယ်၍အမျိုးသမီးတစ်ဦ အား လုပ်ငန်းတစ်ခုကိုဘုရားရှင်မှတာဝန်ပေးပါက သူမ၏အလုပ်ကို ၎င်း၏ တန်ဖိုးနှင့်အညီ ခန့်မှန်းတွက်ချက်ပေးရမည်။ လုပ်ဆောင်သူတိုင်းတို့သည် မိမိတို့ထိုက်သင့်သည့်အတိုင်း ရရှိကြရမည်။ [Ev 491.3] EvBur 642.2

ဘဏ္ဍာရေးဌာနမှ မည်သည့်အဖိုးအခမျှထုတ်မယူဘဲ ဘုရားသခင်၏ လုပ်ငန်းအတွက် မိမိတို့၏စွမ်းရည်ဖြင့် စိတ်အားထက်သန်စွာလုပ်ဆောင်ခွင့် ပြုခြင်းသည် ကောင်းသောစီမံကိန်းတစ်ခုဖြစ်သည်ဟု တချို့သူများထင်ကောင်း ဖြစ်ပြီး အမှုဆောင်များရသင့်ရထိုက်သောအဖိုးအခကို မတရားတားဆီးခြင်း ထင်ကြပေလိမ့်မည်။ သို့သော် ဤကဲ့သို့ပြုလုပ်ခြင်းသည် ခြားနားမှုတစ်ခု ဖြစ်သည်။ ဤစီမံကိန်းမျိုးကို ဘုရားရှင်ခွင့်မပြုပါ။ ဤနည်းစနစ်ကိုတီထွင် သောသူတို့အနေဖြင့် ဘုရားကိုကြောက်၍ ဝိညာဉ်များကိုချစ်သောအမှုဆောင် များတို့အား လုပ်အားခမပေးခြင်းဖြင့် ဘုရားရှင်၏အမှုတော်ကို သူတို့ဆောင်ရွက် ကြသည်ဟု ထင်ကောင်းထင်ပေလိမ့်မည်။ သို့သော် စာရင်းအင်းတစ်ခုကို တစ်ခါပြီးတစ်ခါရှင်းရန်ရှိနေပြီး ဤအတင်းအဓမ္မတောင်းယူခြင်း၊ ဤဘက်လိုက် သောဆက်ဆံခြင်းသည် ပညာသားပါသောစီမံကိန်းဖြစ်သည်ဟုထင်ခြင်းကြောင့် မိမိတို့၏တစ်ကိုယ်ကောင်းဆန်ခြင်းအတွက် အရှက်ရကြပေလိမ့်မည်။ ဤအရာ များအပေါ် ဘုရားသခင်၏အမြင်မှာ လူတို့၏အမြင်နှင့်မတူဘဲ ကွာခြား လျက်ရှိပါသည်။ [Ev 491.4] EvBur 642.3

အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ အမှုတော်အတွက်စိတ်အား ထက်သန်စွာ ကိုယ်ကျိုးစွန့်ကာ၊ သခင့်ထံကောက်လှိုင်းများတို့ကိုယူဆောင် လာပြီး သူတို့၏လုပ်ဆောင်မှုကြောင့် ပြောင်းလဲလာသောဝိညာဉ်များတို့သည် မိမိတို့၏ဆယ်ဖို့တစ်ဖို့များကို ဘဏ္ဍာတော်သို့ယူဆောင်လာလိမ့်မည်။ ငွေကြေး ရှားပါးခြင်းကြောင့် မိမိကိုယ်ကိုငြင်းပယ်ရန်လိုအပ်လာသောအခါ ကြိုးစား လုပ်ဆောင်သောအမျိုးသမီးအနည်းငယ်တို့ကို ဆက်ကပ်အပ်နှံခြင်းအားလုံး တွင် မဆောင်ရွက်စေပါနှင့်။ ဆက်ကပ်ခြင်းအမှုကိုမျှဝေဆောင်ရွက်စေပါ။ ဘုရားရှင်ပြောဆိုသည်မှာ “ငါသည် လုယူခြင်းအမှုနှင့်အဓမ္မအမှုကိုမုန်း၏။” Manuscript 47, 1898. [Ev 492.1] EvBur 643.1

ဆယ်ဖို့တစ်ဖို့ မှပေးရမည် - အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ နှုတ်ကပတ်တော်နှင့်ယုံကြည်ခြင်းအယူဝါဒအတွက် အမှုထမ်းများတို့ကို ဆယ်ဖို့ တစ်ဖို့ဖြင့်ထောက်ပံ့ရမည်။ Manuscript 149, 1899. [Ev 492.2] EvBur 643.2

အမျိုးသမီးအမှုဆောင်များကို ကန့် သတ်မည့်နည်းလမ်းတစ်ခု - မိမိခင်ပွန်းသည် ကဲ့သို့ ဆက်ကပ်လုပ်ဆောင်ပြီး အမှုတော်၌ထမ်းဆောင်ရန် လိုအပ်နေသော ခြင်းမျိုးရှိသည်။ အမျိုးသားအမှုထမ်းများတို့ကိုပေးသောနည်းစနစ်နှင့် မိမိနှင့် ဘုရားရှင်အသိအမှတ်ပြုသည့်အမျိုးသမီးများကို တစ်ခါတစ်ရံမမျှမတဆက်ဆံ အတူလုပ်ဆောင်သော မိမိတို့၏ဇနီးသည်များကိုမပေးခြင်းသည် ဘုရားသခင်၏ အစီအစဉ်နှင့်မကိုက်ညီသောစီမံကိန်းဖြစ်ပြီး အကယ်၍ကျွန်ုပ်တို့၏နယ်ဌာန ချုပ်များ၌ ဤကဲ့သို့ကျင့်သုံးနေပါက သူတို့ပါဝင်လုပ်ဆောင်သင့်သည့်အမှု တော်အတွက် ကျွန်ုပ်တို့၏ညီအစ်မများတို့ကိုစိတ်ဓာတ်ကျစေပြီး မိမိတို့ကိုယ် ကို အရည်အသွေးမပြည့်မီသူများဟု ခံစားစေနိုင်ပါသည်။ ဘုရားသခင်သည် တရားမျှတသောဘုရားဖြစ်ပြီး အကယ်၍ဓမ္မဆရာများ မိမိတို့၏လစာကို သူတို့ ၏လုပ်ဆောင်မှုအတွက်ရရှိကြပါက၊ ကိုယ်ကျိုးမငဲ့ဘဲ ဆက်ကပ်ဆောင်ရွက် သောသူတို့၏ဇနီးသည်တို့ကို သူတို့မတောင်းဆိုသည့်တိုင် မိမိတို့၏ခင်ပွန်း သည်များကဲ့သို့ မိမိတို့အားလစာကိုပေးသင့်သည်။ [Ev 492.3] EvBur 643.3

ခရစ်တော်ကိုမြော်လင့်သောသတ္တမနေ့အသင်းတော်သည် အမျိုးသမီး များတို့၏လုပ်အားကို မည်သည့်အခါမျှအထင်မသေးရပါ။ အကယ်၍ မိမိ ၏အိမ်အလုပ်ကိုသစ္စာရှိပြီး မိမိ၏သားသမီးငယ်များတို့ကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်မည့် စိတ်ချရသောစဉ်းစားဥာဏ်ရှိသည့်ကူညီဖော်ကို မိမိအိမ်မှ ရေးရာအတွက် သူမအမှုတော်၌ပါဝင်ထမ်းဆောင်စဉ် အပ်နှံထားနိုင်မည်ဖြစ် ပါက သူမ၏ခံစားရရှိမည့်လစာကိုပေးရန် နယ်ဌာနချုပ်မှပြန်လည်ပေးနိုင်သည့် တရားမျှတသောအသိတရားရှိသင့်သည်။ Gospel Workers, pp. 452, 453. (1915) [Ev 492.4] EvBur 644.1

ဤမေးခွန်းကို ဘုရားသခင်ပြေရှင်းခဲ့သည် - အကယ်၍ အမျိုးသမီးများတို့ ၏လုပ်ဆောင်ခြင်းသည် - နှုတ်ကပတ်တော်နှင့်ယုံကြည်ခြင်းအယူဝါဒတွင် လုပ်ဆောင်သောသူတို့၏စိတ်သဘောနှင့်မတိုက်ဆိုင်ပါက၊ အကယ်၍သူတို့ ၏အလုပ်သည် ထင်ရှားစွာစွန့်ပယ်ထားခဲ့သောအလုပ်ကို သူတို့အောင်မြင်စွာ သောအကျိုးကိုဖြစ်စေသည့်လုပ်ဆောင်ခြင်းဟု ယူဆ၍မရနိုင်ပေဘူးလား ဤကဲ့သို့တာဝန်ပေးအပ်ထားသော သူ၏ဆောင်ရွက်မှုကိုမချီးမွမ်းဘဲနေသင့် လုပ်ဆောင်နိုင်ကြောင်းသက်သေပြပါက၊ လက်တင်ရဓမ္မဆရာများကဲ့သို့ ကြွယ်ဝ ပါသလား။ [Ev 493.1] EvBur 644.2

ဤမေးခွန်းသည် အမျိုးသားများဖြေဆိုရန်မဟုတ်ပါ။ ဘုရားရှင် ဖြေကြားခဲ့ပါသည်။ ဧဝံဂေလိလုပ်ငန်း၌ဆောင်ရွက်သော အမျိုးသမီးတို့ထံ သို့လည်းကောင်း၊ မိမိတို့အလုပ်သည် မိသားစုများထံသို ့ အမှန်တရားကို သယ်ဆောင်ရန်လိုအပ်ကြောင်း သက်သေခံသူတို့ထံသို့လည်းကောင်း သင်သည် သင်၏တာဝန်ကိုဆောင်ရွက်ရမည်။ သူတို့၏တာဝန်သည် အလုပ်ကိုသာ ဆောင်ရွက်ရမည်ဖြစ်ပြီး အားပေးသင့်ပါသည်။ ကိစ္စများစွာတို့၌ အမျိုးသမီး တစ်ဦးသည် အမျိုးသားတစ်ဦးထက် သူမ၏ညီအစ်မများထံသို့ အသိပညာ ကိုဝေငှပေးနိုင်ပါသည်။ ဤလုပ်ဆောင်ခြင်းမျိုး၌ အမျိုးသမီးများမပါရှိခြင်း ကြောင့် အမှုတော်များစွာဆုံးရှုံးနေရပါသည်။ သင်ကြားပို့ချသောအမျိုးသမီး ဆရာများတို့သည် အမျိုးသားများကဲ့သို့ အမှုတော်လွန်စွာလိုအပ်နေကြောင်း ကြိမ်ဖန်များစွာဘုရားရှင်ကျွနု်ပ်ကိုဖော်ပြခဲ့ပါသည်။ Manuscript 142, 1903, [Ev 493.2] EvBur 645.1