Go to full page →

ကျမ်းစာသင်ကြားပို့ချသူ့အတွက်သတိပြုစရာများ EvBur 645

သာ၍ခွန်အားစိုက်ရန်လို အပ်သောတစ်ဦးချင်းလုပ်ငန်း - အမျိုးသမီးများနှင့် အမျိုးသားအပါအဝင် အမှုတော်၌ပါဝင်ဆောင်ရွက်ကြရမည်။ ဘုရားသခင်၏ အမှုတော်၌ တစ်အိမ်မှတစ်အိမ်သို့ ခက်ခဲစွာနှင့်ပို၍ခွန်အားစိုက်ရသော ပရိသတ်ရှေ့၌မတ်တတ်ရပ်ရခြင်းတို့ဖြင့် အခြားသူများကယ်တင်ခြင်းရရန် အတွက် မိမိတို့၏ကိုယ်ကိုပေးအပ်ကာဆောင်ရွက်သော ထိုအမျိုးသမီးများ တို့သည် မိမိတို့၏လုပ်အားခကိုရရှိသင့်သည်။ Manuscript 149, 1899. [Ev 493.3] EvBur 645.2

လွန်ကျူးစွာလုပ်ဆောင်ခြင်းကိုရှောင်ပါ - လုပ်ငန်း၌ပါဝင်သောအမျိုးသမီး များတို့အတွက် အနားယူချိန်မရဘဲ အလွန်ပင်ပန်းစွာလုပ်ကိုင်ဆောင်ရွက်ရန် တောင်းဆိုလာခြင်းတွင် အန္တရာယ်ရှိသည်။ ထိုပြင်းထန်သောခွန်အားစိုက်ရန် ဆောင်ရွက်ရမည့်အလုပ်ကို အမှုဆောင်များတို့အားမစေခိုင်းသင့်ပါ။ တချို့ သောသူများ မိမိတို့ကိုယ်ကိုဒုက္ခပေးနိုင်မည်မဟုတ်ပါ။ သို့သော် ရိုးသားစွာ ဖြင့် သေချာစွာလုပ်ဆောင်တတ်သော အခြားသူများတို့သည် အမှန်ပင် လွန်ကျူးစွာဆောင်ရွက်ကြလိမ့်မည်။ လူတိုင်း၊ အထူးသဖြင့် အမျိုးသမီးများ အတွက် နားချိန်လိုအပ်ပါသည်။ Letter 61, 1896. [Ev 494.1] EvBur 645.3

ကျွန်ုပ်တို့ သည်လူသားများသာဖြစ်သည် - ညီအစ်ကို၊ ညီအစ်မ၏ကျန်းမာ ရေးအတွက် သင်အထူးဂရုပြုပေလိမ့်မည်။ သူမအား အလွန်အကျွံခွန်အား စိုက်ထုတ်လုပ်ဆောင်ခြင်းကို ခွင့်မပြုပါနှင့်။ ကျွန်ုပ်ဘာဆိုလိုသည်ကို သင်နားလည်လိမ့်မည်။ ကျွန်ုပ်တို့သည် လူသားများသာဖြစ်ကြောင်း သူမ နားလည်ရန်လိုပြီး အကယ်၍ကျွန်ုပ်တို့၏ကျန်းမာရေးအတွက်ဂရုမပြုပါက ကျွန်ုပ်တို့ဆုံးရှုံးနိုင်ပါသည်။ Letter 44, 1900. [Ev 494.2] EvBur 646.1

လွတ်လပ်စွာလှုပ်ရှားရမည့်အခါ - ဘုရားသခင်၏လမ်းကိုသိ၍ ဆုံးဖြတ် ချက်နှင့်လှုပ်ရှားပြီး သင့်လျော်သောအခြေအနေများအောက်၌ လျင်မြန်စွာနှင့် လွတ်လပ်စွာဆောင်ရွက်ရန် အမျိုးသမီးများအတွက်ရှိသည်။ ဇနီးသည်သည် ခင်ပွန်းသည်၏အနား၌ ညီညီညာညာရင်ဘောင်တန်းပြီး အသက်တာ၏တာဝန် အားလုံးကိုဝေမျှလျက် မိမိအား အသက်တာဘဝတစ်လျှောက်လုံး၏အဖော် အဖြစ် ရွေးချယ်ခဲ့သောသူ့အား သင့်လျော်သောလေးစားခြင်းကိုပေးရမည်။ Manuscript 17, 1891. [Ev 494.3] EvBur 646.2

ချီးမွမ်းခြင်းနှင့်တရင်းတနှီးပြောဆိုတတ်သောသူများကိုရှောင်ပါ - လူတို့ချီးမွမ်း၊ မြှောက်ပင့်ပြီး ဖက်ယမ်းသည်ကိုတွေ့ ရသောအခါ ကျွန်ုပ်၌နာကျင်မှုခံစားရ သည်။ ဘုရားသခင်သည် ဤဂရုစိုက်ခြင်းများကိုခံရသောလူတချို့တို့အနေ ဖြင့် မိမိတို့၏နှုတ်ခမ်း၌ သူ၏နာမကိုယူဆောင်ရန်မထက်တန်ကြောင်းဖော်ပြ သည်။ သို့သော် သူတို့သည် ပြင်ပပေါ်လွင်မှုကိုသာသိမြင်နိုင်သော မပြည့်စုံ သည့်လူ၏အမြင်ဖြင့် ကောင်းကင်သို့မြှောက်ပင့်ခြင်းကိုသာ ခံရခြင်းဖြစ်သည်။ ကျွန်ုပ်၏ညီအစ်မများ၊ မည်သည့်အခါမျှ ဆင်းရဲ၊ အားနည်း၊ မှားယွင်းသူများ၊ ငယ်ရွယ်သူဖြစ်စေ၊ သက်ကြီးရွယ်အိုဖြစ်စေ၊ အိမ်ထောင်သည်များဖြစ်စေ၊ လူပျိုလူလွတ်ဖြစ်စေ ဖက်ယမ်းခြင်း၊ မြှောက်ပင့်ခြင်းမပြုပါနှင့်။ သူတို့၏ အားနည်းခြင်းများတို့ကို သင်မသိပါ။ သို့သော် ဤအလွန်ဂရုစိုက်ခြင်းနှင့် များစွာသောချီးမွမ်းခြင်းတို့သည် သူတို့၏ပျက်စီးခြင်းကိုပြသနိုင်သည့်အရာ များဖြစ်သည်ကိုလည်း သင်မသိပါ။ ဤရင်းနှီးဆက်ဆံခြင်းနှင့်ပတ်သက်သည့် အရာ၌ များစွာဖော်ပြသည့်အမြင်တိုခြင်း၊ ပညာလိုအပ်ခြင်းသည် ကျွန်ုပ်ကို သတိပေးလျက်ရှိသည်။ [Ev 494.4] EvBur 646.3

အမျိုးသမီးများတို့၏ချီးမွမ်းခြင်း၊ ဖက်ယမ်းခြင်းနှင့်ဂရုစိုက်ခြင်းများ ကို လက်ခံသောအိမ်ထောင်သည်တို့သည် ဤလူတန်းစားတို့၏မေတ္တာနှင့် ကြင်နာမှုကိုရယူရန် တန်ဖိုးမရှိကြောင်းကို သေချာစွာဆင်ခြင်သင့်သည်။ ၎င်းတို့သည်တန်ဖိုးမရှိပါ။ [Ev 495.1] EvBur 647.1

ဖြူစင်သောအတွေးတိုင်း၊ အပြောအဆိုတိုင်း၊ အပြုအမူတိုင်းတို့သည် သင်၌လိုအပ်ကြောင်း ကျွန်ုပ်တစ်ဖန်အားပေးလိုပါသည်။ ကျွန်ုပ်တို့တစ်ဦးစီ ဘုရားသခင်ထံဖြေရှင်းရန်တာဝန်ရှိသည်။ မည်သူမျှကိုယ်စားပြု၍မရ၊ တစ်ဦးစီ ၏တာဝန်ဖြစ်သည်။ အကျင့်အားဖြင့်၊ တစ်ဦးချင်းကြိုးစားမှုအားဖြင့်နှင့် ပုံသက်သေအားဖြင့် ကမ္ဘာကြီးကိုပို၍ကောင်းအောင်ပြုရမည်။ လူမှုဆက်ဆံရေး ကို ကျွန်ုပ်တို့တိုးတက်စေသင့်သည်။ ပျော်ရွှင်မြူးထူးခြင်းအတွက်သက်သက် မဟုတ်ပါ။ ရည်ရွယ်ချက်အတွက်ဖြစ်စေရမည်။ ကယ်တင်ရမည့်ဝိညာဉ်များ ရှိနေပါသည်။ [Ev 495.2] EvBur 647.2