ထထကြွကြွလုပ်ဆောင်ရန်အချိန် - ကမ္ဘာပေါ်ရှိလူအပေါင်းတို့အား အမှန် တရားကိုဟောပြောရလိမ့်မည်။ မြို့များနှင့်လျစ်လျူရှုထားပြီး လုပ်ငန်းမဆောင်ရွက် ရသေးသောနေရာများတို့၌ ထထကြွကြွလုပ်ဆောင်ရမည့်အချိန်ရောက်လာပြီ။ Review and Herald, June 23, 1904. [Ev 59.1] EvBur 57.2
သတိပညာဖြင့် ကောင်းသောစီ မံ ကိန်းများ - ယခုကြိုးစားလုပ်ဆောင်ရန် ခေါ်ဖိတ်လျက်ရှိသည်။ ဤအရေးကြုံရာကာလ၌ စိတ်ပါလက်ပါလုပ်ဆောင် ခြင်းမပြုပါက အောင်မြင်မည်မဟုတ်ပါ။ ကျွန်ုပ်တို့၏မြို့ တိုင်း၌ ဝိညာဉ်များ ကိုလိုက်ရှာရကြမည်။ အကောင်းဆုံးသောအကျိုးကိုခံစားရရှိရန် ဤအလုပ် ကိုဆောင်ရွက်ရာ၌ သတိပညာဖြင့် ကောင်းသောစီမံကိန်းကိုချရလိမ့်မည်။ Review and Herald, Sept. 27, 1906. [Ev 59.2] EvBur 57.3
ရေနက်ရာသို့ ရွှေ့ပြောင်းလုပ်ဆောင်ခြင်း - အမှန်တရားကိုဟောပြောရန် သူတို့၏တာဝန်ဖြစ်သည်ဟု ထင်သောသူတချို့ရှိသည်။ သို့သော်သူတို့သည် ပင်လယ်ကမ်းခြေမှ ပင်လယ်ထဲသို့မသွားဝံ့သောကြောင့် ငါးတစ်ကောင်ကိုမျှ ဖမ်း၍မရပါ။ သူတို့သည် အသင်းတော်များသို့သာသွားရန်ရွေးချယ်ပြီး တစ်နေရာ တည်းကိုသာ တစ်ခါပြီးတစ်ခါသွားပါသည်။ သူတို့သည် ကောင်းသောအချိန်၊ ပျော်ရွှင်သောလည်ပတ်ခြင်းဟု အစီရင်ခံပါသည်။ သို့သော် သူတို့၏လှုပ်ရှား မှုအားဖြင့် အမှန်တရားသို့ပြောင်းလဲလာသော ဝိညာဉ်တစ်လုံးကိုမျှမရရှိပါ။ ဤဓမ္မဆရာများတို့သည် ကမ်းခြေ၌သာနီးနီးကပ်ကပ်လှုပ်ရှားကြပါသည်။ ငါးရှိသည့်ကမ်းခြေနှင့်ဝေးသော ရေနက်ရာအရပ်သို့ ကျွန်ုပ်တို့၏ ပိုက်ကွန်ကို ချကြပါစို့။ အလုပ်လုပ်ရမည့်နေရာများစွာရှိပါသည်။ စပျစ်ဥယျာဉ်၌ ယခု အမှုဆောင်တစ်ဦးရှိနေသောနေရာ၌ အမှုဆောင်တစ်ရာခန့်သင့်ပါသည်။. The True Missionary, Feb. , 1874. [Ev 59.3] EvBur 58.1
ခေါင်းဆောင်များအတွက်စိန်ခေါ်ချက်တစ်ခု - ကျွန်ုပ်တို့၏လုပ်ငန်းကိုစိန်ခေါ် သူတို့အား ကျွန်ုပ်မေးသည်။ ဘာ့ကြောင့်နေရာပေါင်းများစွာကိုချန်လှပ်ထား ရပါသနည်း။ ယခုထက်တိုင်အလုပ်မလုပ်ရသေးသည့် မြို့များနှင့်ရွာများကို ကြည့်ပါ။ အမေရိကန်ပြည်၏တောင်ပိုင်းနှင့်မြောက်ပိုင်းတို့၌ ယခုထိတိုင်အလုပ် မလုပ်ရသေးသောမြို့များစွာရှိပါသည်။ အမေရိကန်ပြည်ရှိမြို့တိုင်း၌ ဘုရားရှင် အတွက်အောက်မေ့ဖွယ်ရာလုပ်ငန်းတချို့ ရှိသင့်သည်။ သို့သော် အမှန်တရား ၏အလင်းမရောက်ရှိသေးသောမြို့များကို မဖော်ပြလိုပါ။ ယခုထိတိုင် အမှန်တရားကိုမဟောရသေးသော သက်သေခံရန်နေရာများသို့ လူသားများ တို့၏တန်ဆာပလာဖြင့် ဝင်ရောက်လုပ်ကိုင်ရန် ကောင်းကင်တမန်များစောင့် နေလျက်ရှိသည်။ Review and Herald, Dec. 30, 1902. [Ev 60.1] EvBur 58.2
နေရာသစ်ကိုရှင်းလင်းခြင်း၊ ဌာနအသစ်များကိုထူထောင်ခြင်း - လမ်းမကြီးများ နှင့်လမ်းကြိုလမ်းကြားများသို့သွားရောက်လုပ်ကိုင်ရန် အမှုဆောင်များကိုပြင်ဆင် ရမည်။ ခြားနားသောနေရာများသို့ အပင်များတို့အားရွှေ့ပြောင်းစိုက်ပျိုးရန် ကျွမ်းကျင်သောပျိုးပင်ငယ်များကိုပျိုးထောင်မည့်သူများတို့ကို လိုအပ်ပါသည်။ ဤအလုပ်သည် ဘုရားရှင်၏လူများတို့၏နေရာတိုင်းသို့ အမှန်သွားရောက် ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်သည်။ အင်အားများကိုစုရုံးပြီး နယ်မြေသစ်ကို ပြင်ဆင်ကာ လုပ်ငန်းအစပြုနိုင်သောနေရာများ၌ သြဇာရှိသည့်ဌာနသစ်များကို ထူထောင်ကြပါစို့။ Manuscript 11, 1908. [Ev 60.2] EvBur 59.1
ခက်ခဲသောဧဝံဂေလိဌာနများကို ကျော်လွန်၍ဆောင်ရွက်ခြင်း - သန့်ရှင်းသော အမှန်တရားဖြင့် အပ်နှံခြင်းခံရသောလူတစ်စုအဖြစ် ကျွန်ုပ်တို့သည် ပေးအပ် ထားသောတာဝန်ကိုလျစ်လျူရှုပြီး အမှန်တကယ်သစ္စာမရှိခဲ့ကြခြင်းကို သတိရ ကြပါ။ လုပ်ငန်းကိုဌာနအနည်းငယ်၌သာလုပ်ဆောင်ကြခြင်းသည် ထိုနေရာ ၌နေထိုင်သူများကို ဧဝံဂေလိဟောပြောရန်ခက်ခဲသည့်အချိန်ထိဖြစ်နေပါသည်။ သတင်းစကားကိုကြိမ်ဖန်များစွာကြားသိရသော်လည်း ငြင်းပယ်ခဲ့သူတို့အား ပြောင်းလဲမှုပြုရန်ခက်ခဲပါသည်။ နေရာအနည်းငယ်၌သာ ကြိုးစားလုပ်ဆောင် ချဲ့ထွင်ကြသော်လည်း မြို့ များစွာတို့ကိုသတိပေးရန်ပျက်ကွက်၍ သာသနာ့ လုပ်ငန်းကိုမလုပ်ဆောင်ဘဲ ချန်လှပ်ထားကြပါသည်။[Ev 60.3] EvBur 59.2
ယခုဤအရာအားလုံးတို့သည် ကျွန်ုပ်တို့နှင့်ဆန့်ကျင်ဘက်ဖြစ်နေ သည်။ အကယ်၍ပြောင်းလဲသူများတို့သည် လူသားများတို့အား အမှန်တရား ဟောကြားသူတို့အတွက် စစ်မှန်သောကိုယ်စားလှယ်များဖြစ်လာရန် ကြိုးစား လုပ်ဆောင်နိုင်ခဲ့သော် ယခုဆောင်ရွက်လျက်ရှိသောလုပ်ငန်းသည် မည်မျှ ကျယ်ပြန့်လိမ့်မည်နည်း။ နေရာအနည်းငယ်၌သာ အခွင့်အရေးကိုရရှိပြီး နေရာ များစွာတို့ကိုလျစ်လျူရှုထားခြင်းသည် မှန်သောအရာမဟုတ်ပါ။ Letter 132, 1902. [Ev 61.1] EvBur 59.3
လုပ်ငန်းအသစ်များအတွက်ကြိုတင်စီမံခြင်း - ကျွန်ုပ်သည် နေ့ညမပြတ် အောက်ပါစကားကိုကြားရပုံပေါ်နေသည်။ “ရှေ့သို့သွားပါ။ နယ်မြေသစ်ကို တိုးချဲ့ပါ။ တဲများဖြင့်နယ်မြေသစ်ကိုဝင်ရောက်လုပ်ကိုင်ပြီး ကမ္ဘာသို့နောက်ဆုံး သတင်းပေးစကားကိုပြောကြားပါ။ သင်သွားသောနေရာတိုင်း၌ ကျွန်ုပ်၏ အောက်မေ့ဖွယ်ရာကိုချန်ထားပါ။ ကျွန်ုပ်ဝိညာဉ်သင်နှင့်အတူသွားမည်။ ဘုရားသခင်၏ဘုန်းတော်သည် သင့်အတွက်ဆုလာဘ်ဖြစ်လိမ့်မည်။” [Ev 61.2] EvBur 60.1
ဤနေရာနှင့်လွန်စွာမဝေးလှသည့်မြို့များတို့၌ လာမည့်နှစ်တွင် တောစခန်းအစည်းအဝေးပြုလုပ်ရမည်။ ဤကဲ့သို့သောအလုပ်ကိုဆောင်ရွက် သင့်ခြင်းသည် ဘုရားသခင်၏စစ်မှန်သောစီမံကိန်းဖြစ်သောကြောင့်ဖြစ်သည်။ နှစ်ပေါင်းများစွာအလင်းတရားရရှိသူတို့သည် တဲနှင့်အတူနယ်မြေသစ်သို့ဝင် ရောက်ထိုးဖောက်ရန်ရှိသော်လည်း တစ်နေရာတည်းတွင်သာ တောစခန်း အစည်းအဝေးကို နှစ်ချီပြီးကျင်းပနေသူများပြောင်းလဲသင့်ပြီ။ အကြောင်းမှာ ဘုရားသခင်၏စကားကို သူတို့မလိုက်လျှောက်ကြခြင်းကြောင့်ဖြစ်သည်။ Letter 174, 1900. [Ev 61.3] EvBur 60.2