ယုံကြည်ခြင်းဖြင့် ရှေ့သို့ ချီတက်ပါ- ငွေကြေးလာလိမ့်မည် - “သင်တို့ကျွန်ုပ် တို့ထံလာပြီးတရားဟောခဲ့ပါက လိုအပ်သည့်အရာများကို ကျွန်ုပ်တို့မစမည်” ဟုခေါ်ဖိတ်သံကို မျှော်လင့်သူများရှိနေပါသလား။ ကျွန်ုပ်တို့၏သတင်းစကား ကို သူတို့လုံးဝမသိပါ။ အမှန်တရားကိုရိုးသားသောနှလုံးသားဖြင့် ရှာဖွေ သောသူတို့အား အလင်းပေးရန် ဘုရားရှင်အလိုရှိသည်။ ဤလုပ်ငန်းကို ဆောင်ရွက်ခြင်းအားဖြင့် လိုအပ်သည့်ငွေကြေးများ ကျွန်ုပ်တို့၏ဘဏ္ဍာထဲသို့ စီးဝင်လာမှာဖြစ်ပြီး ပို၍တွင်ကျယ်သောလုပ်ငန်းများကိုလုပ်ဆောင်နိုင်ခြင်းနှင့် ပို၍ဝေးလံသောနေရာများဝင်ရောက်ထိုးဖောက်ခြင်းပြုလုပ်နိုင်မည်ဖြစ်သည်။ EvBur 60.3
ဒေါ်လာထောင်ချီရှိသကဲ့သို့ ယုံကြည်ခြင်းဖြင့်ရှေ့သို့ချီတက်ရန် ဆောင်ရွက်ကြမည်လား။ ယုံကြည်ခြင်းတစ်ဝက်မျှပင် ကျွန်ုပ်တို့၌မရှိကြသေး ပါ။ ဤမြို့ကြီးများအတွက် ကျွန်ုပ်တို့၏သတိပေးခြင်းတာဝန်ကို ဆောင်ရွက် ကြပါစို့။ သတိမပေးရသေးသောသူများ၊ ကယ်တင်ခြင်းသတင်းမကြားရသေး သောသူများနှင့် ပျက်စီးခြင်းသို့ရောက်ရှိရန် အဆင်သင့်ရှိနေသောသူများထံသို့ ကျွန်ုပ်တို့သတိပေးစကားယူဆောင်သွားရကြမည်။ အဘယ့်ကြောင့်ဖင့်နွှဲနေရ ကြပါသနည်း။ ရှေ့သို့ဆက်လက်၍လုပ်ဆောင်ပါက ငွေကြေးအထောက်အပံ့ ရရှိမည်ဖြစ်သည်။ သို့သော် ယုံကြည်ခြင်းဖြင့်ချီတက်ရကြမည်။ ဣသရေလ ဘုရားကို ယုံကြည်ကိုးစားကြရလိမ့်မည်။ [Ev 62.1] EvBur 61.1
တစ်ညပြီးတစ်ညကျွန်ုပ်အိပ်၍မပျော်ပါ။ သတိမပေးရသည့်မြို့များ ကိုယ်စား ဤဝန်ထုပ်သည် ကျွန်ုပ်အပေါ်သို့ကျရောက်လျက်ရှိသည်။ တစ်ည ပြီးတစ်ည ကျွန်ုပ်ဆုတောင်းပြီး ဤမြို့များသို့ဝင်ကာ သတိပေးစကားပြောရ မည့်နည်းလမ်းများကိုရရှိရန် ကြိုးစား၍အကြံထုတ်လျက်ရှိပါသည်။ အဘယ် ကြောင့်နည်း။ ကျွန်ုပ်တို့သည် အရှေ့၊ အနောက်၊ တောင်၊ မြောက်သို့သွား ပြီး လိမ္မာပါးနပ်စွာဖြင့်သတိပေး၍ ကယ်တင်ရမည့်လူများ ဤကမ္ဘာကြီးပေါ် များစွာရှိနေပါသည်။ ဤလုပ်ငန်းကိုလက်ခံဆောင်ရွက်ကြပါက ဘုရားသခင် ၏ကယ်တင်ခြင်းကို တွေ့မြင်ရလိမ့်မည်။ အားပေးခြင်းကိုလည်းခံရကြလိမ့် မည်။ Manuscript 53, 1909. [Ev 62.2] EvBur 61.2
ဘုရားရှင်၏ပြင်ဆင်မှုကိုလိုက်လျှောက်ခြင်း - ဘုရားသခင်၏တံခါးဖွင့်ပေး သောပြင်ဆင်မှုလမ်းသို့လိုက်လျှောက်ကြပါက ဖွင့်ပေးသောလမ်းတိုင်းကို လျင်မြန် စွာခွဲခြားနိုင်ပြီး၊ အခွင့်အရေးအားလုံးကိုယူ၍ အကောင်းဆုံးဆောင်ရွက်နိုင် ကြပါလိမ့်မည်။ ဤလုပ်ငန်းအတွက်ကြိုးစားမှုနှင့်စွန့်စားမှုပြုခြင်း၌ ကြောက်မက် ဖွယ်ရာရှိပြီး ကုန်ကျစရိတ်ပြန်၍မရမည်ကို စိုးရိမ်ရန်ရှိပါသည်။ ငွေကြေး အကုန်အကျခံပြီး ဝိညာဉ်များမရရှိရခြင်းသည် အဘယ်ကြောင့်နည်း။ ကျွန်ုပ် တို့၏ငွေကြေးအဘယ်ကြောင့်ဆုံးရှုံးရသနည်းဟု မေးခွန်းထုတ်ကြပေလိမ့်မည်။ သို့သော် အမှုတော်မထမ်းဘဲနေခြင်းထက် အမှုတော်ထမ်းခြင်း၊ ဆက်လက်၍ လုပ်ဆောင်ခြင်းများကို ပို၍ပြုလုပ်သင့်ပါသည်။ မည်သည့်ဆောင်ရွက်ချက် များအောင်မြင်မည်၊ မအောင်မြင်မည်ကို ကျွန်ုပ်တို့မသိနိုင်ပါ။[Ev 62.3] EvBur 61.3
လူတို့သည် စီးပွားရေးလုပ်ငန်းကိုလုပ်ဆောင်ခြင်းဖြင့် ကြီးမားသော ဆုံးရှုံးမှုကိုကြုံတွေ့ ရသည့်အခါ အကြောင်းရင်းတစ်ခုဟု ထင်မှတ်ခြင်းသည် မှန်ပါသည်။ သို့သော် ဘုရားသခင်၏အမှုတော်ကို စွန့်စားဆောင်ရွက်ရန် လူတို့သည် ကြောက်ရွံ့ကြပါသည်။ ဝိညာဉ်ကယ်တင်ခြင်းအတွက် ရင်းနှီး မြှုပ်နှံရာတွင် ရလဒ်ကိုတစ်မဟုတ်ချင်းမတွေ့ မြင်ရခြင်းအတွက် ကုန်ဆုံးခဲ့သော ငွေကို ကြီးမားသည့်ဆုံးရှုံးမှုဟုယူဆပုံပေါ်သည်။ နှမြောခြင်းမရှိဘဲ ယခု ဘုရားရှင်အတွက်ရင်းနှီးမြှုပ်နှံသောငွေကို ကိုယ်ကျိုးအတွက်သာသိမ်းဆည်း ထားမည်ဖြစ်ပါက မကြာမီပိုးမွှားများဖျက်ဆီးခြင်း၊ သံချေးတက်ခြင်းဖြစ်သွား ပါလိမ့်မည်။ ထိုငွေများတို့ကို ထာဝရကာလအတွက်အကျိုးဖြစ်စေရန် လူသား များတွေ့နိုင်သည့်အချိန်တွင်အသုံးမပြုပါက တစ်မဟုတ်ချင်းတန်ဖိုးကျသွားပါ လိမ့်မည်။ [Ev 62.4] EvBur 62.1
မိမိ၏ပိုင်ဆိုင်မှုကို အဘယ်အရာအတွက်ကိုမျှအသုံးမပြုဘဲ အားလုံး ကိုဝိညာဉ်များကိုကယ်တင်ရန်အတွက် အသုံးပြုမည့်သူများကို ဘုရားရှင်ပြင်ဆင် ပေးလိမ့်မည်။ သူတို့ရှေ့၌ ခြေလှမ်းတိုင်းကိုရှင်းလင်းစွာမမြင်ရမချင်း စိတ်လှုပ်ရှားခြင်းမရှိသောသူတို့သည် ဘုရားရှင်၏အမှန်တရားရှေ့သို့တိုးတက် ရန်အတွက် အခွင့်အရေးယူပြီးဆောင်ရွက်ကြမည်မဟုတ်ပါ။ ယခုအချိန်၌ နေ့ရောညပါ ရဲရင့်စွာစိတ်ဓာတ်ကျဖွယ်ရာမျှော်လင့်ခြင်းအောက်၌ စိတ်ဓာတ်ကျ ခြင်းမရှိ၊ ယုံကြည်ခြင်းဖြင့် မျက်ရည်မျက်ခွက်နှင့် မျှော်လင့်ခြင်းပြည့်ဝသော သည်းခံခြင်းဖြင့် နေရာတိုင်း၌မျိုးစေ့ကိုကြဲပြီး အောင်မြင်ခြင်းအတွက် ဘုရားရှင် ပေးမည်ဟုယုံကြည်စိတ်ချသူများရှိပေလိမ့်မည်။ ခွန်အား၊ မျှော်လင့်ခြင်း၊ ယုံကြည်ခြင်းနှင့်ဇွဲသတ္တိရှိသူများကို ဤကဲ့သို့ဆောင်ရွက်ရန် ဘုရားရှင်ခေါ်နေ ပါသည်။ The True Missionary, January, 1874. [Ev 63.1] EvBur 62.2
အပြည့်အဝအသုံးခံပါ - ဤဒုက္ခကာလများတွင် လူတို့အားသတိပေးရန် ငွေကြေးများကိုအသုံးပြုရမည်။ အပြစ်ဒီရေစီးဆင်းနေခြင်းကို ရပ်တန့်စေရန် အတွက် အထူးစိတ်ဝင်စား၍ အကောင်းဆုံးလုပ်ဆောင်ရလိမ့်မည်။ ဆောင်ရွက် ပါ။ ဘုရားကိုယုံကြည်ပါ။ Letter 49, 1902. [Ev 63.2] EvBur 63.1
ကျွန်ုပ်တို့ ၏ကိုယ်ပိုင်ခွန်အားအားဖြင့်မဟုတ် - သာသနာ့လုပ်ငန်း၌ရှိသော ညီအစ်ကိုများကို ကျွန်ုပ်တောင်းဆိုသည်။ ဘုရားအမှုတော်နှင့်နီးကပ်စွာ သင့်ကိုယ်ကိုအဆက်အသွယ်ပြုပါ။ သင်သည် ပို၍ကြိုးစားအားထုတ်ပြီး သင်၏ လုပ်ငန်းကို ပြည့်စုံနိုင်သရွေ့ပြည့်စုံစွာမဆောင်ရွက်ပါက ကယ်တင်ခြင်းရသင့် သောဝိညာဉ်ပေါင်းများစွာ ဆုံးရှုံးသွားလိမ့်မည်။ နေရာတိုင်း၌ ကြီးမားသော အလုပ်ကိုလုပ်ဆောင်ရန်ရှိသည်။ ပထမအနေဖြင့် ဖြည်းညင်းစွာတိုးတက်ပြီး ခက်ခဲပုံပေါ်လိမ့်မည်။ သို့သော် ဘုရားရှင်လက်ထဲမိမိကိုယ်ကိုလုံးလုံးလျားလျား ဆက်ကပ်၍လုပ်ဆောင်ကြပါက သင့်အားဖြင့် ကြီးမားစွာသူအလုပ်လုပ်ဆောင် သွားပါလိမ့်မည်။ ခံစားချက်ဖြင့်မဟုတ်၊ ခံယူချက်အားဖြင့် အချိန်များစွာ၌ တည်ဆောက်ခဲ့သောယုံကြည်ခြင်းအားဖြင့်သာ သင်လျှောက်လှမ်းရပါလိမ့်မည်။ [Ev 63.3] EvBur 63.2
သင်မည်သည့်နေရာ၌နေနေ၊ သင်ကြုံတွေ့ ရသောအခြေအနေမည်ကဲ့သို့ ပင်ရှိရှိ၊ စိတ်ဓာတ်ကျခြင်းအကြောင်းကိုမပြောဆိုပါနှင့်။ သမ္မာကျမ်းစာ၌ ကြွယ်ဝ သောကတိတော်များပြည့်လျှံလျက်ရှိသည်။ ၎င်းကိုသင်ယုံကြည်ပါသလား။ ဝိညာဉ်များအတွက်ထွက်၍ ကျွန်ုပ်တို့အလုပ်လုပ်ဆောင်သောအခါ၊ ကိုယ့်ကိစ္စ အတွက် ကိုယ့်နည်းကိုယ့်ဟန်ဖြင့်လုပ်ဆောင်ရန် ဘုရားရှင်အလိုမရှိပါ။ မည်သည့်အရာကိုဆိုလိုပါသနည်း။ ဆိုလိုသည်မှာ ကိုယ့်ခွန်အားဖြင့်သွားရန် မလိုပါ။ ဘုရားသခင်သည် သူ၏နှုတ်တော်မှကတိပြုခဲ့သည်မှာ ကျွန်ုပ်တို့နှင့် အတူသွားမည်ဖြစ်ပါသည်။ Historical Sketches, pp. 128, 129, (1886) [Ev 64.1] EvBur 63.3
ရှေးနေ့ ရက်များတို့ ၌ - “ရှေ့ သို့ချီပါ” ဟု ဘုရားရှင်၏အမိန့်တော်အရ၊ ချီတက်၍အောင်မြင်ပုံမပေါ်သည့် အခက်အခဲများကာဆီးနေစေကာမူ ကျွန်ုပ် တို့ချီတက်ကြရမည်။ လွန်ခဲ့သည့်ကာလ၌ ဘုရားရှင်၏အမှုတော်အတွက် မည်ရွေ့မည်မျှပေးဆပ်ခဲ့ရကြသည်ကို ကျွန်ုပ်တို့သိပါသည်။ လူသားများအနေ ဖြင့် အားနည်းကြမည်ဖြစ်သည်။ သို့သော် ဤကိစ္စနှင့်ပတ်သက်၍ သူ၏ အမှုတော်မြတ်၌ ကျွန်ုပ်တို့၏တိုးတက်အောင်မြင်မှုအတွက်ပြင်ဆင်ထားခြင်းကို ယုံကြည်လျက် စိတ်ဓာတ်ကျခြင်းမရှိဘဲ သတိကြီးစွာထားရှိကြကာ ကြိုးစား ဆောင်ရွက်ကြပါစို့။ Letter 32, 1892. [Ev 64.2] EvBur 64.1
အောင်မြင်မှုကို ဘုရားရှင်လက်ထဲချထားပါ - ကြဲလိုက်သည့်ကောင်းသော မျိုးစေ့သည် တစ်ခါတစ်ရံအေးသော၊ လောကဆန်သော၊ တစ်ကိုယ်ကောင်းဆန် သောနေရာ၌ ရောက်နေပြီး အပင်ပေါက်ရန်ထင်ရှားပုံမပေါ်ပါ။ သို့သော် မကြာခဏဘုရားသခင်၏ဝိညာဉ်သည် နှလုံးသားအပေါ်အလုပ်လုပ်ပြီး ကောင်းကင်မှနှင်းရည်ဖြင့် သွန်းလောင်းပေးခြင်းဖြင့် ကြာရှည်စွာပျောက်နေ သောမျိုးစေ့သည် အပင်ပေါက်လာကာ နောက်ဆုံး၌ ဘုရားရှင်၏ဘုန်းတော် အတွက် အသီးအပွင့်များကို သီးပွင့်စေပါလိမ့်မည်။ ကျွန်ုပ်တို့၏အသက်တာ လုပ်ငန်း၌ မည်သည့်လုပ်ဆောင်မှုသည် အောင်မြင်မည်၊ မအောင်မြင်မည်ကို ကျွန်ုပ်တို့မသိနိုင်ပါ။ ဤအတွက် နုံချာလှသောလူသားများ မေးခွန်းထုတ် စရာအကြောင်းမရှိပါ။ ကျွန်ုပ်တို့လုပ်ရမည့်လုပ်ငန်းကိုသာ လုပ်ရပါမည်။ မည်ကဲ့သို့သောအကျိုးအမြတ်ရမည်ကို ဘုရားရှင်လက်ထဲသို့သာ ပုံအပ်ထား ရပါမည်။ Testimonies, vol. 3, p. 248; (1872) [Ev 64.3] EvBur 64.2
လှုပ်ရှားသောအသင်းတော်များကို ကူညီပါ - နယ်ဌာနတိုင်း ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ခရစ်တော်ကြွလာခြင်းအတွက် လူတို့ကိုပြင်ဆင်မှုပြုရန် ကြီးလေး၍လေးနက်သောတာဝန်ရှိပါသည်။ နယ်အတွင်းရှိအမှုတော်ကိုထိရောက် စွာဆောင်ရွက်လိုသောအသင်းတော်များတို့သည် အကူအညီလိုအပ်ပါက လိုအပ်သည့်အကူအညီကို ရသင့်ကြပါသည်။ နယ်အမှုဆောင်တိုင်း ဘုရားသခင် ၏အမှုတော်ကိုတည်ဆောက်ရန်အတွက် သူ၏နယ်ကိုအကောင်းဆုံးသော ကိုယ်စားလှယ်များအဖြစ် နိုးကြားခြင်းရှိကြပါစို့။ အသင်းသားတိုင်းအား အလုပ်လုပ်သောအသင်းသားများအဖြစ်သို့ရောက်ရှိရန် ဝိညာဉ်ရေး၌စိတ်ဝင်စား မှုများကိုတည်ဆောက်ပေးကြပါစို့။ သန့်ရှင်းသောမေတ္တာနှင့်သော်လည်းကောင်း၊ နှိမ့်ချသောဆုတောင်းခြင်းနှင့် ကြိုးစားအားထုတ်လုပ်ဆောင်ခြင်းအားဖြင့်သော် လည်းကောင်း အမှုဆောင်များတို့သည် မိမိတို့၏တာဝန်ကိုထမ်းဆောင်ကြ ပါစို့။ Manuscript 7, 1908. [Ev 64.4] EvBur 64.3
လုပ်ငန်း၌ဘုရားရှင်ပါရှိသည် - ဘုရားရှင်၏အမှုတော်တာဝန်များကို ဆောင်ရွက်နေသောသူတို့ရှေ့၌ ကြောက်မက်ဖွယ်ဘေးအန္တရာယ်များရှိနေခြင်း သည် ကျွန်ုပ်အားတုန်လှုပ်စေပါသည်။ သို့သော် ကျွန်ုပ်ကြားရသောစကား မှာ “ငါ့လက်သည် ဘီးပေါ်၌ရှိသည်။ ငါ့အလုပ်ကိုချုပ်ကိုင်ရန် ဤနောက်ဆုံး နေ့ရက်များ၌ လူတို့ကိုအခွင့်မပြုပါ။ ငါ၏လက်သည် ဘီးများကိုလည်ပတ် ပေးမည်။ ငါ၏ပြင်ဆင်မှုသည် ဘုရားရှင်၏စီမံကိန်းကို ဆက်လက်အကောင် အထည်ဖော်သွားမည်။ လူတို့၏တီထွင်မှုများကိုဂရုမစိုက်ပါ။” [Ev 65.1] EvBur 65.1
ကြီးမားသောလုပ်ငန်းအဆုံးသတ်ချိန်၌ မည်ကဲ့သို့လုပ်ဆောင်ရမည် ကို နားမလည်နိုင်သောရှုပ်ထွေးမှုများဖြင့် ရင်ဆိုင်ရလိမ့်မည်။ သို့သော် ကောင်းကင်၏ကြီးမားသောတန်ခိုး (၃) ခုသည် အလုပ်လုပ်နေကြောင်းမမေ့ ပါနှင့်။ ဘုရားရှင်သည် ဘီး၌ရှိသည်။ သူ၏ရည်ရွယ်ချက်များကိုအောင်မြင် ရန် သူပို့ဆောင်ပေးလိမ့်မည်။ Manuscript 118, 1902. [Ev 65.2] EvBur 65.2
အားလုပ်ငန်းပြီးဆုံးသည့် တိုင်စိတ်ပါဝင်စားခြင်း - ကမ္ဘာကိုသတိပေးရမည်။ မျှော်ပါ၊ စောင့်နေပါ၊ ဆုတောင်းပါ၊ ဆောင်ရွက်ပါ၊ မည်သည့်အရာကိုမျှ ဆန့်ကျင်မှုများနှင့်အနတ္တကျော်ကြားလိုစိတ်ဖြင့် မဆောင်ရွက်ပါစေနှင့်။ မည်သည့် အရာကိုမျှ အထင်လွဲမှုများလာခြင်းမရှိစေဘဲ တတ်အားသရွေ့ လျော့စေပါ။ ဖြောင့်မတ်ခြင်းနေမင်း၏ရောင်ခြည်တော်ကို စာရိတ္တအမှောင်ထုထဲသို့ယူဆောင် လာပါ။ ယခုကြီးမားသောအလုပ်တစ်ခုကိုလုပ်ရမည်။ ခရစ်တော်ကိုအပြစ် ဖြေလွှတ်သောကယ်တင်ရှင်အဖြစ်၊ အပြစ်ယူဆောင်သောပုဂ္ဂိုလ်အဖြစ်၊ တောက်ပ သောမိုးသောက်ကြယ်အဖြစ် ကြိုးစားမှုဟူသမျှ၌ ထင်ရှားစေရမည်ဖြစ်ပြီး ဘုရားရှင်သည် ကမ္ဘာရှေ့၌ ဤလုပ်ငန်းပြီးဆုံးသည့်တိုင် လုပ်ဆောင်သော ကျွန်ုပ်တို့အားမျက်နှာသာပေး၍ ကျွန်ုပ်တို့နှင့်အတူပါရှိပါလိမ့်မည်။ Letter 35, 1895. EvBur 65.3