သီချင်းသာသနာလုပ်ငန်းအတွက်ပြင်ဆင်ခြင်း - ယခုတွေ့ မြင်ခံစားရသည့် သီဆိုသံဓလေ့ထက် ပို၍များစွာစိတ်ဝင်စားကြရန်သင့်သည်။ ချိုသာသော ဓမ္မသီချင်းသံများသီဆိုကြရန် သင်ယူနေကြသောကျောင်းသူကျောင်းသားများ တို့သည် သာယာကြည်နူးဖွယ်ကောင်းသော ရှင်းလင်းပြတ်သားသည့်အသံဖြင့် သီချင်းသီဆိုသောသာသနာ့လုပ်ငန်းအဖြစ် ပို၍ကောင်းအောင်ဆောင်ရွက်နိုင် ပါသည်။ သူတို့သည် မိမိတို့အားဘုရားသခင်ပေးထားသောစွမ်းရည်ကို မိမိ တို့၏သာယာသောအသံနေရောင်ခြည်ကို အပြစ်၊ ဝမ်းနည်းပူဆွေးခြင်းနှင့် ဒုက္ခနှင့်ကြုံရပြီး စွန့်လွှတ်ထားသောမှောင်မိုက်သည့်နေရာဒေသများသို့သယ်ဆောင် သွားနိုင်ပြီး ဘုရားကျောင်းသို့တက်ရောက်နိုင်ရန် အခွင့်အရေးရရှိခဲသောသူတို့ ထံသို့ သီဆိုခြင်းဖြင့်အသုံးပြုနိုင်မည့်အခွင့်အရေးများစွာကို တွေ့ရှိရလိမ့်မည်။ Review and Herald, Aug. 27, 1903. |[Ev 504.1] EvBur 658.4
ဝိညာဉ်များကိုအောင်မြင်ရန်တန်ခိုးတစ်ခု - လူသား၏အသံ၌ များစွာသော သီဆိုနိုင်သည့်စွမ်းရည်နှင့်တေးသီချင်းများရှိပြီး အကယ်၍သင်ယူသူအနေဖြင့် ရည်မှန်းချက်ရှိသောကြိုးစားမှုဖြင့်သင်ယူပါက ခရစ်တော်ထံသို့ဝိညာဉ်များကို အောင်မြင်နိုင်သောတန်ခိုးအတွက် ပြောနိုင်၊ သီဆိုနိုင်သောအကျင့်ဓလေ့များ ကို ရရှိမည်ဖြစ်သည်။ Manuscript 22, 1886. [Ev 504.2] EvBur 659.1
သီချင်းဖြင့်အထူးသတင်းစကားတစ်ခုကိုသယ်ဆောင်ခြင်း - သီချင်းသီဆိုခြင်း အထူးဆုကျေးဇူးခံစားရသူများရှိပြီး အထူးသတင်းစကားအတွက် တစ်ဦး တည်းသီဆိုရန်သော်လည်းကောင်း၊ အများစုပေါင်း၍သီဆိုကြရန်သော်လည်း ခြင်းကို လူနည်းစုဖြင့်သီဆိုခြင်းနည်းပါးလှပါသည်။ သီဆိုတတ်သည့်အရည် ကောင်း သီဆိုရန်လိုအပ်လာသောအချိန်အခါမျိုးရှိပါသည်။ သို့သော်သီဆို အချင်းသည် သြဇာ၏စွမ်းရည်တစ်ခုဖြစ်ပြီး သူ၏ဘုန်းတော်အတွက် လူအားလုံးတို့မှတိုးတက်အောင်ပြုစု၍အသုံးပြုရန် ဘုရားသခင်၏အလိုဆန္ဒ ဖြစ်ပါသည်။ Testimonies, vol. 7, pp. 115, 116. (1902) [Ev 504.3] EvBur 659.2
ရှင်းလင်းသောအသံများ- ပြတ်သားသောသီဆိုခြင်း - မည်သည့်စကားလုံး များမှ စစ်မှန်သောဝတ်ပြုကိုးကွယ်ခြင်း၏ နက်ရှိုင်းသောကောင်းချီးမင်္ဂလာကို ဖော်ကျူး၍မရပါ။ လူသားများဝိညာဉ်သဘောနှင့်အသိတရားဖြင့်သီဆိုကြ သောအခါ၊ ကောင်းကင်တေးသံရှင်များ စောင်းကြိုးကိုယူကာ ကျေးဇူးတော် ချီးမွမ်းခြင်းနှင့်အတူ ပူးပေါင်းပါဝင်တီးမှုတ်သီဆိုကြပါသည်။ ဘုရားသခင် နှင့်အတူ အမှုထမ်းဆောင်သောသူများဖြစ်ရန် ဘုရားရှင်သည် ဝိညာဉ်ဆုကျေးဇူး အားလုံးတို့ကို ကျွန်ုပ်တို့အပေါ်သို့ချပေးခြင်းသည် သူ၏အမှုထမ်းများ မိမိ တို့၏အသံကိုလေ့ကျင့်ပေးခြင်းအားဖြင့် လူအားလုံးနားလည်စေရန် သူတို့ ပြောနိုင်သီဆိုနိုင်ဖို့ ဘုရားရှင်အလိုရှိပါသည်။ ကျယ်လောင်စွာသီဆိုရန်မလိုပါ။ ရှင်းလင်းသောအသံ၊ မှန်ကန်သောအသံနေအသံထားနှင့် တိကျပြတ်သားသော မြွက်ဆိုခြင်းလိုအပ်ပါသည်။ ကျွန်ုပ်တို့အားလုံးအချိန်ယူပြီး အသံကိုလေ့ကျင့် ကြပါစို့။ သို့မှသာ နားမခံနိုင်သော ကြမ်းတမ်းစူးရှသည့်အသံအားဖြင့်မဟုတ်၊ ရှင်းလင်းချိုသာသောအသံအားဖြင့် ဘုရားကိုချီးမွမ်းနိုင်ပါလိမ့်မည်။ သီဆို တတ်သောအရည်အချင်းသည် ဘုရားသခင်ပေးသောဆုကျေးဇူးဖြစ်သည်။ သူ၏ဘုန်းတော်အတွက် အသုံးပြုကြပါစို့။ Testimonies, vol. 9, pp. 143 144. (1909) [Ev 504.4] EvBur 659.3
ထိ ရောက် သောတေးသီချင်း၌အကြောင်းရင်းများ - တေးသီချင်းသည် ကောင်းကျိုးအတွက်ကြီးမားသောတန်ခိုးရှိသည်။ သို့သော် ဝတ်ပြုအစီအစဉ် များ၌ အကောင်းဆုံးအသုံးမပြုကြသေးပါ။ အများအားဖြင့် သီဆိုခြင်းကို ရည်ရွယ်ချက်မရှိဘဲဆိုတတ်ကြခြင်း၊ သို့မဟုတ် အထူးကိစ္စများအတွက်သီဆို ခြင်းနှင့် အခြားအချိန်များတို့၌ သီချင်းဆိုသောသူတို့သည် ဖြစ်ကတတ်ဆန်း ဆိုခြင်းတို့ကြောင့် ကြားနာရသောသူများအတွက် အကျိုးသက်ရောက်မှုမရှိဘဲ ဖြစ်ရပါသည်။ တေးသီချင်းသည် လှပခြင်း၊ ကရုဏာသံယိုစီးခြင်း၊ တန်ခိုး ပါခြင်းများရှိသင့်သည်။ ချီးမွမ်းခြင်းနှင့်ဝတ်ပြုခြင်းသီချင်းအသံများတို့ကို ကျူးအေးသီဆိုကြပါစို့။ အကယ်၍သီဆိုရာတွင် အကျိုးပို၍ရှိစေရန် တူရိယာ များကိုအကူအညီယူကာ လက်ခံနိုင်ဖွယ်ဆက်ကပ်ခြင်းတစ်ခုကဲ့သို့ ဂုဏ်သရေ ရှိညီညာသံဖြင့် ဘုရားရှင်ထံတော်သို့ရောက်ရှိစေကြပါစို့။ [Ev 505.1] EvBur 660.1
သို့သော် တစ်ခါတစ်ရံသီချင်းအဆိုသည်များတို့ကို သွန်သင်လမ်းညွှန် ရန် အားတက်သရောဆုတောင်းခြင်းအကျင့်ဓလေ့များကို တိုးတက်ရန်သင်ကြား ပေးခြင်းထက် ပို၍ခက်ခဲပါသည်။ အများသောသူတို့သည် မိမိတို့ပုံစံဖြင့် ကိစ္စရပ်များတို့ကိုဆောင်ရွက်လိုကြသည်။ သူတို့သည် အကြံပြုခြင်းကိုလက်မခံ ကြပါ။ ဦးဆောင်သူများအောက်၌ သည်းခံခြင်းစိတ်မရှိကြပါ။ ဘုရားဝတ်ပြု ခြင်းအစီအစဉ်၌ ကောင်းသောအစီအစဉ်များလိုအပ်သည်။ ဘုရားရှင်ကိုဝတ်ပြ ခြင်း၌ အသိစိတ်ဓာတ်ရှိခြင်းသည် အကောင်းဆုံးသောအရာတစ်ခုဖြစ်သည်။ Gospel Workers, p. 325. (1892) ([Ev 505.2 EvBur 660.2
ကောင်းကင်သီချင်းဦးဆောင်သူ - ကျွန်ုပ်အားကောင်းကင်၏စနစ်၊ အကောင်းဆုံးသောစနစ်တစ်ခုကိုပြသခဲ့ပြီး ထိုနေရာ၌စနစ်တကျအကောင်းဆုံး သီဆိုသည့်သီချင်းသံကို နားထောင်ရသည့်အခါ ကျွန်ုပ်နှစ်သက်ကျေနပ်ခြင်း ရှိခဲ့ပါသည်။ ဤမြင်ကွင်းမှထွက်လာပြီးနောက် ဤကမ္ဘာပေါ်၌ကြားရသော သီချင်းသံများသည် အလွန်ကြမ်းတမ်းပြီး ကြားနာခဲ့ရသည်နှင့်ခြားနားလှပါ သည်။ စောင်းကောက်ကိုယ်စီကိုင်ကာ စတုရန်းပုံမတ်တတ်ထနေသည့် ကောင်းကင်တမန်များ ကျွန်ုပ်တွေ့ ခဲ့ရသည်။ သီချင်းသံကိုဦးစွာအမြဲတီးခတ် သော ဦးဆောင်သည့်ကောင်းကင်တမန်တစ်ပါးမှတီးခတ်သည်နှင့်တစ်ပြိုင်တည်း အားလုံးအတူတကွကောင်းကင်၏ကြွယ်ဝပြည့်စုံသောတေးသီချင်းကို သီဆို သွားကြသည်။ ၎င်းမြင်ကွင်းကိုဖော်ပြနိုင်စွမ်းမရှိပါ။ ၎င်းသည်သာယာခြင်း၊ ကောင်းကင်နှင့်တူခြင်း၊ ကောင်းမြတ်ခြင်းနှင့်ပြည့်ဝပြီး ပါဝင်သူအားလုံး ယေရှု၏ရုပ်လုံးကိုထင်ဟပ်စေကာ ပြောဆို၍မရသောဘုန်းတော်နှင့်တောက်ပ လျက်ရှိပါသည်။ Testimonies, Vol. 1, p. 146. (1857) [Ev 505.3] EvBur 661.1
ပီပြင်သောလမ်းညွှန်မှုသီချင်းအစီအစဉ်တစ်ခု - ဓမ္မဆရာတစ်ဦးသည် အဆိုသည်တစ်ဦး၏အကြောင်းကိုမသိဘဲ သီချင်းများကိုသီဆိုခွင့်မပြုသင့်ပါ။ ဤကိစ္စနှင့်ပတ်သက်၍ သင့်လျော်သည့်ပုဂ္ဂိုလ်တစ်ဦးကိုတာဝန်ပေးသင့်ပြီး ရွေးချယ်သောသီချင်းများကို ဝိညာဉ်ပါပါနားလည်သဘောပေါက်ခြင်းဖြင့် သီဆိုနိုင်ရန် စုံစမ်းခြင်းသည် သူ၏တာဝန်ဖြစ်သင့်သည်။ [Ev 506.1] EvBur 661.2
သီချင်းသီဆိုခြင်းသည် ဘုရားဝတ်ပြုခြင်းအစီအစဉ်တစ်ခုဖြစ်သည်။ သို့သော် တာဝန်ကျေလောက်သောအမူအရာဖြင့် မကြာခဏပြုလုပ်ခြင်းသည် အမှန်တရားအတွက်အကျိုးမရှိပါ။ ဘုရားကိုဝတ်ပြုရာမရောက်ပါ။ ဤကိစ္စ နှင့်တကွ အခြားသောဘုရားရှင်၏လုပ်ငန်းဟူသရွေ့တို့၌ စည်းကမ်းစနစ်ဖြင့် ဆောင်ရွက်သင့်ကြသည်။ ပရိသတ်တို့ကိုဆွဲဆောင်နိုင်မည့်အသံများရှိသော အကောင်းဆုံးအဆိုသည်များအဖွဲ့ တစ်ခုကိုစည်းရုံးပြီး ဆန္ဒရှိသူအားလုံးတို့ကို ပေါင်းစည်းစေပါ။ သီဆိုသူများတို့သည် ညီညာစွာကြိုးစားသီဆိုသင့်ကြ သည်။ ဘုရားသခင်၏ဘုန်းတော်အတွက် သူတို့သီဆိုနိုင်ရန် လေ့ကျင့်ရ မည့်အချိန်များကိုယူသင့်သည်။ [Ev 506.2] EvBur 661.3
သို့သော် သီချင်းဆိုခြင်းသည် စိတ်ကိုဝတ်ပြုကိုးကွယ်ခြင်းမှပြောင်းလဲ ခွင့်မပြုသင့်ပါ။ အကယ်၍လူတစ်ဦးကိုဖယ်ရှားရမည်ဖြစ်ပါက သီချင်းသီဆို ခြင်းကို ဆက်၍သာသီဆိုကြရပါမည်။ Review and Herald, July 24, 1883. [Ev 506.3] EvBur 662.1
လူ့သီချင်းသံ၏ဆွဲဆောင်မှု - ကျေးဇူးတင်ချီးမွမ်းခြင်းနှင့်ပြည့်ဝသည့် စိတ်နှလုံးသားမှထွက်ပေါ်လာသော ဘုရားရှင်၏သီချင်းကိုသီဆိုသောလူတို့ ၏အသံသည် လူသားများတို့၏လက်ဖြင့်တီထွင်သော ငြိမ့်ညောင်းသည့် တူရိယာသံအားလုံးတို့ထက် များစွာပို၍ဘုရားသခင်ကိုနှစ်သက်စေပါသည်။ Letter 2c, 1892. EvBur 662.2
သတိပြုချက်များ - သင်တို့၏သီဆိုခြင်းတချို့ ဆီသို့ ကျွန်ုပ်ရောက်ရှိ သွားပြီး သီဆိုသူများတို့၌ရှိကြသောခံစားချက်များကိုလေ့လာရာ သင်သည် ထင်ရှားသောသူတစ်ယောက်ဖြစ်နေပါသည်။ သင်တို့အထဲ၌ မနာလိုခြင်း၊ ငြူစူခြင်းနှင့်မကောင်းသောတီးတိုးစကားပြောဆိုခြင်းရှိနေပါသည်။ နှလုံးသား ဖြင့်အမှုထမ်းခြင်းကို ဘုရားရှင်အလိုရှိပါသည်။ ပုံသဏ္ဌာန်များနှင့်နှုတ်ဖြင့်သာ အမှုထမ်းခြင်းသည် အသံမြည်သောတံပိုးခရာနှင့် တီးသံကိုသာပေးတတ်သော လင်းကွင်းကဲ့သို့ဖြစ်သည်။ သင်၏သီဆိုခြင်းသည် စိတ်နှလုံးသားနှင့်နားလည် တတ်သောသဘောဖြင့် ဘုရားရှင်ကိုချီးမွမ်းခြင်းမဟုတ်ဘဲ စွမ်းရည်ပြသခြင်း အတွက်သာဖြစ်သည်။ စိတ်သဘော၏အခြေအနေသည် ဘာသာရေး၌ဘုရား တရားကြည်ညိုကိုင်းရှိုင်းသူ၏အရည်အသွေးကိုဖော်ပြသည်။ Letter 1a, 1890. [Ev 507.1] EvBur 662.3