ခွာယာနှင့်ပရိသတ်ဖြင့်သီဆိုခြင်း - ကျင်းပသောအစည်းအဝေး၌သီချင်း အစီအစဉ်တွင် တာဝန်ယူရန်လူတချို့ကိုရွေးချယ်ပါ။ သီဆိုခြင်းကို ကျင်လည် စွာတီးမှုတ်တတ်သောတူရိယာများဖြင့်ပေါင်း၍သီဆိုစေပါ။ တူရိယာအသုံးပြု ခြင်းကို ကျွန်ုပ်တို့၏လုပ်ငန်း၌ ကျွန်ုပ်တို့ကန့်ကွက်ခြင်းမပြုပါ။ ဤအစီအစဉ် ကို ကောင်းမွန်စွာစီစဉ်ဆောင်ရွက်ပါ။ ဘုရားသခင်၏ဂုဏ်တော်ကို သီချင်း အားဖြင့်ချီးမွမ်းခြင်းဖြစ်သည်။ [Ev 507.2] EvBur 663.1
သီဆိုခြင်းကိုလူနည်းစုဖြင့်အမြဲမပြုရပါ။ တတ်နိုင်သရွေ့ ပရိသတ် အားလုံးကိုသီဆိုစေပါ။ Testimonies, vol. 9, p. 144. (1909) [Ev 507.3] EvBur 663.2
သီချင်းအစီအစဉ် - သီဆိုခြင်းကို လူအနည်းငယ်နှင့်သာမပြုသင့်ပါ။ တက်ရောက်သူအားလုံး သီချင်းအစီအစဉ်၌ပါဝင်သီဆိုကြရန်အားပေးသင့် သည်။ Letter 157, 1902. [Ev 507.4] EvBur 663.3
ကောင်းကင်ခွာယာ၏ညီညွတ်ခြင်းနှင့်နီးကပ်စေပါ - တေးသီချင်းသည် အထက်အရပ်ဘုရားဝတ်ပြုခြင်း၌ပါဝင်သည်။ သီချင်းအားဖြင့် ဂုဏ်တော်ချီးမွမ်း ခြင်းကို ခွာယာ၏ညီညာသောသီဆိုခြင်းကဲ့သို့ နီးကပ်နိုင်သရွေ့ နီးကပ်ရန် ကျွန်ုပ်တို့ကြိုးစားသင့်ပါသည်။ လေ့ကျင့်ခြင်းမရှိသည့်အသံများ၊ အမြင့်သံ များတို့ကို ကျွန်ုပ်ကြားရသည့်အခါ မကြာခဏကျွန်ုပ်၏စိတ်ကိုနာကျင်စေပါ များကိုအသံကြောင်ဖြင့် ချီးမွမ်းခြင်းသီချင်း၏သန့်ရှင်းမွန်မြတ်သောစကားလုံး သည်။ ဘုရားရှင်ကိုပျော်ရွှင်စွာနှင့်လေးနက်စွာ ဝတ်ပြုခြင်းအစီအစဉ်၌ ဤစူးရှပြီးကြမ်းတမ်းသောအသံသည် မည်မျှမသင့်လျော်သည့်အရာများဖြစ် ပါသနည်း။ ကျွန်ုပ်နားပိတ်ပြီး ဤနေရာမှထွက်ခွာသွားလိုပါသည်။ ဤနာကျင် ဖွယ်ရာလုပ်ဆောင်မှုပြီးဆုံးသွားသောအခါ၊ ကျွန်ုပ်ဝမ်းမြောက်မိပါသည်။ [Ev 507.5] EvBur 663.4
နေ့လယ်တရားဟောခြင်းအစီအစဉ်အတွက် တာဝန်ရှိသောသူတို့သည် အစီအစဉ်နှင့်ကိုက်ညီသောသီချင်းများကို ရွေးချယ်သင့်သည်။ နှေးကွေးလေးလံ သောသီချင်းများမဟုတ်ဘဲ ရွှင်လန်းစွာနှင့်သာယာလေးနက်သည့်သီချင်းများ ဖြစ်ရပါမည်။ အသံကိုညီညာစေပြီး ပျော့ပျောင်းစေခြင်းနှင့်အေးချမ်းသာယာ စေနိုင်ပါသည်။ Signs of the Times, June 22, 1882. [Ev 508.1] EvBur 664.1
စိတ်နှလုံးနှင့်နားလည်ခြင်းဖြင့် - လူအားလုံးတို့သည် စိတ်နှလုံးသားနှင့် နားလည်မှုဖြင့်လည်း သီဆိုသင့်ကြကြောင်း ကျွန်ုပ်တွေ့ မြင်ခဲ့ပါသည်။ မပီမသပ်၊ မညီမညာသီဆိုခြင်းကို ဘုရားရှင်မနှစ်သက်ပါ။ အမှန်ကိုဘုရားရှင် သည် အမှားထက်အမြဲပို၍နှစ်သက်ပါသည်။ ထိုနောက် ဘုရားသခင်၏ သားသမီးများတို့သည် ပို၍မှန်ကန်စွာနှင့်ညီညာစွာသီဆိုနိုင်ပါက သူ၏ဘုန်း တော်ကို ပို၍ထင်ရှားစေပါလိမ့်မည်။ အသင်းတော်အတွက်အကျိုးဖြစ်စေပြီး မယုံကြည်သူများတို့အတွက်ပင် အကျိုးသက်ရောက်စေပါလိမ့်မည်။ Testimonies, vol. 1, p. 146. (1857) [Ev 508.2] EvBur 664.2
စိတ်နှလုံးသားနှင့်နားလည်ခြင်းမပါ - အများသောသူတို့သည် လှပသော သီချင်းများ၊ သူတို့ဘာလုပ်ဆောင်မည့်သီချင်းများ၊ သူတို့အတွက်အဓိပ္ပါယ် မည်ကဲ့သို့ရှိသောသီချင်းများတို့ကို သီဆိုကြပါသည်။ သို့သော် တချို့တို့သည် ဤကဲ့သို့မပြုလုပ်ကြပါ။ သူတို့သည် စိတ်နှလုံးသားနှင့်နားလည်မှုဖြင့် သီဆို ခြင်းမပြုကြပါ။ ထိုကြောင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဖတ်ရှုရာ၌ တချို့သောသူတို့အတွက်အကျိုးမရှိပါ။ အကြောင်းမှာ သူတို့၏အသက်တာ ၌ ယူဆောင်ခြင်းမပြု၊ လိုက်လျှောက်ကျင့်သုံးခြင်းလည်းမပြုကြပါ။ Review and Herald, Sept. 27, 1892. [Ev 508.3] EvBur 664.3