Go to full page →

ဧဝံဂေလိသာသနာ့လုပ်ငန်းနှင့်ဆက်သွယ်မှု EvBur 679

ဧဝံဂေလိလုပ်ငန်းကို နှစ်ဆအောင်မြင်ခြင်းပေးသည် - သာသနာပြုများတို့ သည် ဆေးသာသနာပြုဖြစ်ရမည့်အရေးကြီးခြင်းကို လုံးလုံးနားမလည်သော သူများရှိပါသည်။ အကယ်၍ လူနာကိုမည်ကဲ့သို့ကုသရန်နားလည်ပါက ဓမ္မဆရာသည် သူ၏လုပ်ငန်း၌နှစ်ဆပို၍အောင်မြင်မည်ဖြစ်သည်။ သာသနာပြု ဆရာတစ်ဦးသည် ကိုယ်ခန္ဓာမကျန်းမမာခြင်းကို ကုသပေးနိုင်သောဆေးသာသနာ ပြုတစ်ဦးအဖြစ် အမှုထမ်းဆောင်နိုင်ခဲ့ပါက မဆောင်ရွက်နိုင်သောသူထက် များစွာပို၍အောင်မြင်သောအမှုဆောင်ဖြစ်ပါလိမ့်မည်။ ဧဝံဂေလိဓမ္မဆရာတစ်ဦး အဖြစ် သူ၏အလုပ်သည် ပို၍များစွာပြီးမြောက်မည်ဖြစ်ပါသည်။ Medical Ministry, p. 245. (1901) [Ev 519.2] EvBur 679.2

မခွဲမခွာစေရပါ — ဆေးသာသနာ့လုပ်ငန်းသည် မည်သည့်အခါမျှ မည်သည့်အကြောင်းမျိုးကြောင့် ဧဝံဂေလိသာသနာနှင့်မခွဲမခွာစေရပါ။ ဤအရာ နှစ်ခုကို ကိုယ်ခန္ဓာပေါ်ရှိလက်နှစ်ဖက်ကဲ့သို့ နီးကပ်စွာဘုရားသခင်ပူးတွဲထား လျက်ရှိသည်။ ပေါင်းစပ်ခြင်းမရှိပါက မည်သည့်အရာမျှပြည့်စုံခြင်းမရှိပါ။ ဆေးသာသနာ့လုပ်ငန်းသည် ဧဝံဂေလိလုပ်ငန်းအတွက် သရုပ်ဖော်ပေးသော အရာဖြစ်သည်။ Testimonies, vol. 6, pp. 240, 241. (1900) [Ev 519.3] EvBur 680.1

စည်းလုံးသောအလုပ်တစ်ခု အတွက်ဘုရားသခင်၏စီမံကိန်းများ - သို့သော် ယနေ့ကမ္ဘာကြီး၏လိုအပ်ချက်ကို လူတိုင်းထံသို့ထာဝရဧဝံဂေလိတရားဟောပြော ရန် ခေါ်တော်မူခြင်းခံရသော ဘုရားသခင်၏အစေခံများဟောပြောခြင်းအား ဖြင့် လုံးလုံးလျားလျားပြည့်စုံခြင်းမရှိနိုင်ပါ။ အားသွန်ခွန်စိုက်အကောင်းဆုံး ဆောင်ရွက်ကြသည့်တိုင်၊ ဧဝံဂေလိသာသနာပြုအမှုဆောင်များတို့သည် ခန္ဓာကိုယ် နှင့်ဝိညာဉ်နှစ်ခုစလုံးတို့၏လိုအပ်ချက်များကို မည်ကဲ့သို့ကူညီမစရမည်ကို သင်ယူကာ ခရစ်တော်၏ပုံပမာကိုလိုက်လျှောက်ကြရပါမည်။ သို့သော် မိမိ တို့၏အချိန်နှင့်ခွန်အားအားလုံးတို့ကို ထိုလိုအပ်သူတို့အားသက်သာစေရန် အတွက်သာ အသုံးမပြုရပါ။ နှုတ်ကပတ်တော်ကိုဟောပြောသောသူတို့သည် ရောဂါကုသခြင်းနှင့်ဝိညာဉ်အောင်မြင်ခြင်း အထူးသင်တန်းရရှိခဲ့သော ခရစ်ယာန် သမားတော်ကြီးများနှင့်သူနာပြုဆရာမများဖြစ်ကြသည့် သူ၏ဆေးသာသန လုပ်ငန်းအမှုဆောင်များတို့နှင့် ပူးတွဲအမှုထမ်းရန် ဘုရားသခင်အမိန့်ချမှတ် ထားခဲ့ပါသည်။ Counsels to Teachers, p. 468. (1913) [Ev 519.4] EvBur 680.2

ဆေးသာသနာပြုများသည်သာသနာပြုများဖြစ်ကြသည် - သမားတော်ကြီးများ တို့အနေဖြင့် ဓမ္မဆရာတို့၏တာဝန်များတို့ကို လုပ်ဆောင်ရန်လိုအပ်ကြောင်း မကြာခဏသတိရသင့်ကြသည်။ ဆေးသာသနာပြုသူများတို့သည် ဧဝံဂေလိ သာသနာပြုသူများတို့၏ဦးဆောင်မှုအောက်၌ရှိသည်။ အမှုဆောင်များတို့သည် သူတို့အတူဆုတောင်းကြပြီး တိုင်ပင်နိုင်ကြရန် နှစ်ယောက်တစ်တွဲထွက်၍ အမှုဆောင်ရမည်။ မည်သည့်အခါမျှ သူတို့ကိုတစ်ဦးတည်းစေလွှတ်ခြင်းမပြု သင့်ပါ။ ဣသရေလပြည်မြို့ကြီးများအားလုံးသို့ ယေရှုခရစ်တော်သည် သူ၏ တပည့်တော်များကို နှစ်ယောက်တစ်တွဲစေလွှတ်ခဲ့သည်။ သူတို့အားလူနာများ ကိုကုသရန်၊ ဘုရားသခင်၏နိုင်ငံတော်တည်လုနီးပြီဟုဟောပြောရန် ခရစ်တော် အမိန့်ပေးခဲ့ပါသည်။ [Ev 520.1] EvBur 680.3

ဓမ္မဆရာတစ်ဦးသည် ဆရာတစ်ဦးဖြစ်ကြောင်း နှုတ်ကပတ်တော်မှ ကျွန်ုပ်တို့ကိုသွန်သင်ထားပါသည်။ ဆေးသာသနာပြုတစ်ဦးလည်းဖြစ်သင့်သည်။ သို့သော် လူတိုင်းအားအလုပ်တစ်ခုတည်းကို လုပ်စေရမည်မဟုတ်ပါ။ “ထိုသခင်သည် လူအချို့တို့ကို တမန်တော်အရာ၌လည်းကောင်း၊ အချို့တို့ကို ပုရောဖက်အရာ၌လည်းကောင်း၊ အချို့တို့ကိုသာသနာပြုအရာ၌လည်းကောင်း၊ အချို့တို့ကိုသင်းအုပ်ဆရာ၊ ဆရာအရာ၌လည်းကောင်း ခန့်ထားတော်မူ၏။ ငါတို့ရှိသမျှသည် ယုံကြည်ခြင်းသို့လည်းကောင်း၊ ဘုရားသခင်၏သားတော် ကိုသိကျွမ်းခြင်းသို့လည်းကောင်း၊ တညီတညွတ်တည်းရောက်၍ ခရစ်တော် ၏ပြည့်စုံခြင်းပမာဏအရပ်တည်းဟူသော ကြီးရင့်သောလူ၏အဖြစ်သို့ရောက် ကြသည်တိုင်အောင်ဖြစ်သတည်း။” [Ev 520.2] EvBur 681.1

ကျွန်ုပ်တို့၏နယ်အတွင်း ဓမ္မအမှုဆောင်များအဖြစ် အမှုထမ်းသော သူများတို့သည် လူနာပြုစုခြင်းအတတ်ကိုနားလည်သင့်သည်။ မည်သည့် ဓမ္မဆရာမျှ ပညာရှိသင့်လျက်နှင့်ပညာမဲ့နေခြင်းအပေါ် မကြွားဝါသင့်ပါ။ ဆေးသာသနာ့လုပ်ငန်းသည် လူတစ်ဦးကို မိမိ၏မိတ်ဆွေများနှင့်သော်လည်း ကောင်း၊ ဘုရားရှင်နှင့်သော်လည်းကောင်း ဆက်သွယ်ပေးပါသည်။ ကြင်နာ ခြင်းနှင့်ယုံကြည်စိတ်ချခြင်းကိုဖော်ပြရာတွင် အချိန်အားဖြင့်သော်လည်းကောင်း၊ နေရာအကျယ်အဝန်းအားဖြင့်သော်လည်းကောင်း အကန့်အသတ်မထားရပါ။ Medical Ministry, pp. 249, 250. (1901) [Ev 520.3] EvBur 681.2

ဓမ္မဆရာများအကြားခြားနားခြင်း — ကျွန်ုပ်တို့၏ကမ္ဘာပေါ်၌ ကျွန်ုပ်တို့ထံသို့ ရောက်ရှိလာခဲ့သော အထူးကောင်းမွန်၍အံ့သြဖွယ်ကောင်းသည့်အမှန်တရား များကို ယခုထက်တိုင်မကြားရသေးသော ခရစ်ယာန်အမှုဆောင်များစွာရှိနေ ကြသေးသည်။ သူတို့သည် မိမိတို့ရရှိခဲ့သည့်အလင်းတရားအတိုင်း ကောင်းသော အလုပ်ကိုလုပ်နေကြပြီး ကြီးမားသောအလင်းနှင့်အခွင့်အရေးများတို့ကိုရရှိသော သူများတို့ထက် ပို၍လက်တွေ့ အလုပ်၏အသိတရားထဲတွင် တိုးတက်လျက် ရှိသည်ကို တွေ့ရှိနေရပါသည်။ [Ev 521.1] EvBur 682.1

ကျန်းမာရေးပြုပြင်ပြောင်းလဲရေးနှင့် ဆေးသာသနာလုပ်ငန်းနှင့်ပတ်သက် ပြီးကွဲပြားမှုသည် ကျွန်ုပ်တို့၏ဓမ္မဆရာများအထဲ၌ရှိနေသည်မှာ အံ့သြဖွယ်ရာ ဖြစ်သည်။ ကျွန်ုပ်တို့ကဲ့သို့ ခရစ်ယာန်မဟုတ်သောသူများတို့သည် ဤအလုပ် ကိုပို၍လေးနက်ထိရောက်စွာ ကျွန်ုပ်တို့အမှုဆောင်တချို့တို့ထက်ဆောင်ရွက် လျက်ရှိပြီး၊ အကယ်၍ ကျွန်ုပ်တို့ထထကြွကြွလုပ်ဆောင်ခြင်းမရှိပါက သူတို့ သည် ကျွန်ုပ်တို့ထက်တိုးတက်အောင်မြင်မည်ဖြစ်ပါသည်။ Testimonies to Ministers, pp. 416, 417. (1898) [Ev 521.2) EvBur 682.2

နယ်ဥက္ကဌမှ၎င်းကိုအသိအမှတ်ပြုရန် - ယခုကျွန်ုပ်တို့၏ရွေးချယ်ခြင်းခံရ မည့်နယ်ဥက္ကဌကို မည်သည့်အရာမျှမပြုလုပ်ရသေးသောနေရာ၌ မှန်သည့်အစ ပြုခြင်းတစ်ခုကိုပြုလုပ်နိုင်ရန် တောင်းဆိုပါသည်။ ဆေးသာသနာ့အလုပ်ကို ဘုရားသခင်၏ညာလက်ရုံးအဖြစ် အသိအမှတ်ပြုပေးပါ။ ဘုရားသခင်၏ခန့်အပ် ထားသောကိုယ်စားလှယ်အဖြစ် အခန်းနှင့်အားပေးမှုကိုရရှိရန်အတွက်ဖြစ်သည်။ တာဝန်ခန့်အပ်ခြင်းခံရသောသာသနာပြုဆရာတစ်ဦးကဲ့သို့ ဆေးသာသနာပြု ဆရာများတို့ကို အားပေးရန်အတွက်ဖြစ်သည်။ ဤအမှုဆောင်များတို့နှင့်အတူ ဆုတောင်းပါ။ အကယ်၍အကြံဉာဏ်လိုအပ်ပါက သူတို့အားအကြံဉာဏ်ပေး ပါ။ သူတို့၏စိတ်အားထက်သန်မှုနှင့်ခွန်အားကို မလျှော့နည်းစေပါနှင့်။ သင့်ကိုယ်တိုင်၏ဆက်ကပ်ခြင်းနှင့်ပြင်းပြသောမေတ္တာသည် သူတို့၏ရှေ့၌မြင့် သောအဆင့်အတန်းတစ်ခုအဖြစ်ဖြင့် ထားရှိခြင်းကိုသေချာစေပါ။ ဘုရားသခင်၏ စပျစ်ဥယျာဉ်၌အမှုဆောင်များစွာလိုအပ်နေပြီး မိမိတို့၏ကိုယ်ကို အမှုတော်၌ ဆက်ကပ်သောသူတို့အား စိတ်ဓာတ်ကျစေမည့်စကားတစ်ခွန်းကိုမျှမပြောဆို သင့်ပါ။ Medical Ministry, pp. 240, 241. (1901) [Ev 521.3] EvBur 682.3

နယ်ဆေးသာသနာ့အတွင်းရေးမှူး — ဆေးသာသနာ့လုပ်ငန်းသည် တရား ဟောခြင်းအလုပ်နှင့် နီးကပ်စွာဆက်စပ်နေရပါမည်။ မိမိတို့၏ကိုယ်ကိုစိတ်ချ ယုံကြည်လောက်သောသူများနှင့် စည်းကမ်းအပေါ်သစ္စာရှိသောအမျိုးသားများ တို့ကို ဤလုပ်ငန်း၌တာဝန်ပေးသင့်သည်။ နယ်ဌာနချုပ်တိုင်း၌စောင့်ကြည့်၍ သတိရှိသူတစ်ဦးကို သီးသန့်ထားရှိသင့်သည်။ ထိုသူသည် သစ္စာရှိသောသူ တစ်ဦးဖြစ်ကြောင်း အထောက်အထားရှိပြီး လောကနှင့်သော်လည်းကောင်း၊ ကျွန်ုပ်တို့နှင့်ယုံကြည်ခြင်းတူသောသူတို့နှင့်သော်လည်းကောင်း ဆက်ဆံရာတွင် ရိုးသားသောသူတစ်ဦးဖြစ်သင့်သည်။ ထိုသူသည် တပ်မက်စိတ်နှင့်အတ္တစိတ် တို့မှကင်းစင်သောသူဖြစ်သင့်သည်။ Letter 139, 1898. [Ev 521.4] EvBur 683.1

သီးသန့် ကိုယ်ပိုင်အလုပ်တစ်ခုကိုသတိပြုခြင်း — ဆေးသာသနာပြုလုပ်ငန်း ကျယ်ပြန့်လာသကဲ့သို့ ကျွန်ုပ်တို့၏နယ်ဌာနချုပ်တို့မှ သီးသန့်ခွဲထွက်လုပ်ဆောင် လိုသော စုံစမ်းခြင်းတစ်ခုဝင်ရောက်လာနိုင်ပါသည်။ သို့သော် ဤကဲ့သို့သော အစီအစဉ်သည် မမှန်ကြောင်းကျွန်ုပ်အားပြသခဲ့သည်။ ကျွန်ုပ်တို့၏ကွဲပြား လျက်ရှိသော လုပ်ငန်းအစိတ်အပိုင်းများတို့သည် လုပ်ငန်းကြီးတစ်ခုတည်း၏ အစိတ်အပိုင်းများသာဖြစ်သည်။ ၎င်းတို့သည် ဗဟိုတစ်ခုတည်း၌သာတည်ရှိ နေရမည်။ [Ev 522.1] EvBur 683.2

ဧဝံဂေလိလုပ်ငန်းထဲ၌ ဘုရားသခင်သည် ခြားနားသောပစ္စည်းတန်ဆာ ပလာများတို့ကိုအသုံးပြုပြီး ထိုပစ္စည်းတန်ဆာပလာများတို့သည် သီးသန့်ခွဲ ခြင်းကို မည်သည့်အခါမျှမပြုသင့်ပါ။ ကျွန်ုပ်တို့၏ဆရာဝန်များတို့သည် ထားခြင်းမပြုရပါ။ ကျန်းမာရေးဆေးခန်းကို အသင်းတော်မှသီးသန့်ခွဲ၍ထူထောင် ဧဝံဂေလိဆရာများတို့နှင့်ပေါင်း၍ အလုပ်လုပ်ကြရမည်။ သူတို့၏လုပ်ဆောင် မှုအားဖြင့် ဝိညာဉ်များတို့ကိုကယ်တင်ရန်နှင့် ဘုရားသခင်၏ဘုန်းတော်ထင်ရှား စေရန်အတွက်ဖြစ်ရပါမည်။ [Ev 522.2] EvBur 683.3

ဆေးသာသနာ့လုပ်ငန်းသည် တတိယကောင်းကင်တမန်သတင်းစကား ကို မေးမှိန်စေရန် ဘုရားသခင်စီစဉ်ချမှတ်ထားခြင်းမပြုပါ။ လက်သည် ကိုယ်ခန္ဓာ၏နေရာကိုယူ၍မရပါ။ တတိယကောင်းကင်တမန်သတင်းစကား သည် ဤနောက်ဆုံးသောနေ့ရက်များအတွက် ဧဝံဂေလိသတင်းစကားဖြစ်ပြီး မည်သည့်အခါမျှမလိုအပ်သည့်အရာတစ်ခုကဲ့သို့ပေါ်လွင်ခြင်းနှင့် အခြားစိတ်ဝင်စား မှုများလွှမ်းမိုးသွားခြင်းမရှိစေရပါ။ ကျွန်ုပ်တို့၏အဖွဲ့အစည်းများထဲမှ အဖွဲ့အစည်း တစ်ခုသည် တတိယကောင်းကင်တမန်သတင်းစကား၏အပေါ်၌ရှိနေသောအခါ၊ ဧဝံဂေလိသတင်းစကားသည် ကြီးမားသည့်ဦးဆောင်နေသောတန်ခိုးမဖြစ်နိုင် တော့ပါ။ Testimonies, vol. 6, pp. 235-241. (1900) EvBur 684.1

ဧဝံ ဂေလိ လုပ်ငန်းနေရာကို ဆေးသာသနာလုပ်ငန်းအစားထိုးခြင်းမပြုရပါ - ဆေးသာသနာ့လုပ်ငန်းသည် နှုတ်ကပတ်သာသနာ့လုပ်ငန်း၏နေရာကို ထိုး၍မရပါ။ နိုင်ငံရပ်ခြားရှိ ဘုရားရှင်၏အလုပ်ကိုထောက်ပံ့ခြင်း၌ အသုံးပြု ရမည့်ငွေကို ဤလုပ်ငန်းအတွက်ကိုသာ အကုန်အကျခံ၍ အသုံးပြုသွားရန် မသင့်ပါ။ ဘဏ္ဍာရေးဌာနသို့ရောက်ရှိလာသမျှသောငွေကြေးများသည် ဘုရားရှင် ၏ငွေဖြစ်ပြီး ကြီးကျယ်ခမ်းနားသောအဆောက်အဦများတို့ကို အမေရိကန်ပြည် တွင်း၌သာ ဆောက်လုပ်ခြင်းအတွက်အသုံးမပြုရပါ။ လူတို့မှပေးလှူလာသော ငွေများကို အကျိုးအနည်းငယ်သာဖြစ်ထွန်းသောလုပ်ငန်းများအတွက် အကုန် အကျမခံရပါ။ ဘုရားသခင်၏လမ်းကိုပြင်ဆင်သောအားဖြင့် အမှန်တရားကို ဟောပြောကြရမည်။ တံပိုးခရာသည် မမှန်သောအသံကိုမပြုရပါ။ [Ev 523.1] EvBur 684.2

ဆေးသာသနာ့လုပ်ငန်းသည် နှုတ်ကပတ်တော်သာသနာ့လုပ်ငန်း အတွက် အခန်းချန်ထားပေးရမည်။ ဘုရားရှင်နှုတ်ကပတ်တော်၏ ဟောပြော ခြင်းနှင့်ပတ်သက်၍ အထင်သေးခြင်းကို မည်သည့်အခါမျှမဖော်ပြရပါ။ တတိယ ကောင်းကင်တမန်သတင်းစကားကို ပျက်စီးပျောက်ကွယ်သွားခြင်းမပြုရပါ။ Manuscript 177, 1899. [Ev 523.2] EvBur 684.3

နောက်ဆုံးသောဓမ္မဆရာအလုပ် - မကြာမီဓမ္မရေးရာဆိုင်ရာလုပ်ငန်းများ ရပ်တန့်သွားမည်ဖြစ်သော်လည်း ဆေးသာသနာ့လုပ်ငန်းတည်ရှိနေဦးမည်ဖြစ် ကြောင်း သင်တို့အားကျွန်ုပ်ပြောလိုပါသည်။ ဓမ္မဆရာတစ်ဦး၏အလုပ်သည် အကူအညီပေးရန်ဖြစ်သည်။ ကျွန်ုပ်တို့၏ဓမ္မအမှုဆောင်များတို့သည် ဧဝံဂေလိ လုပ်ငန်းစီမံကိန်းအတွက် လုပ်ဆောင်ကြရမည်ဖြစ်သည်။ [Ev 523.3] EvBur 685.1

သင်သည် ကုသခြင်း၊ ကောင်းချီးပြုခြင်းနှင့် ခွန်အားပေးခြင်း၏ ဧဝံဂေလိလုပ်ငန်းဖြစ်သော ဆေးသာသနာလုပ်ငန်း၌ ခိုင်မာသောစိတ်ဝင်စား မှုပြသခြင်းမရှိသရွေ့ သင်သည် ဧဝံဂေလိစေခိုင်းခြင်း၏ဓမ္မအမှုဆောင်များ မည်သည့်အခါမျှမဖြစ်နိုင်ပါ။ [Ev 523.4] EvBur 685.2

ဘုရားရှင်ထံမှ ကျွန်ုပ်လမ်းညွှန်မှုများရရှိသောကြောင့် ယခုကျွန်ုပ်ပြု သကဲ့သို့ ကျွန်ုပ်ရဲရင့်သောသတ္တိဖြင့်ပြောရခြင်းဖြစ်သော်လည်း ဆေးသာသနာ့ လုပ်ငန်းကိုသင်တွေ့ မြင်ရသကဲ့သို့ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ ကျွန်ုပ်ပြောလို သည်မှာ ဆေးသာသနာ့လုပ်ငန်းသည် ဘုရားသခင်၏လုပ်ငန်းဖြစ်ပါသည်။ ဘုရားသခင်သည် သူ၏ဓမ္မအမှုဆောင်အားလုံးတို့ကို ဤလုပ်ငန်း၌ပါဝင်စေ လိုပါသည်။ ဤဆေးသာသနာ့လုပ်ငန်းကို သင်ဆောင်ရွက်ခြင်းဖြင့် လူတို့ ထံသို့သင်ချဉ်းကပ်နိုင်ပါလိမ့်မည်။ သူတို့၏လိုအပ်ချက်များတို့ကို သင်ဖြည့်ဆည်း ပေးခြင်းအားဖြင့် သူတို့၏စိတ်နှလုံးကို သင်တို့ထိနိုင်ပါလိမ့်မည်။ သူတို့၏ ဆင်းရဲဒုက္ခခံရခြင်းကို သင်သက်သာစေခြင်းအားဖြင့် ယေရှုရှင်၏မေတ္တာကို သူတို့အားပြောပြနိုင်သည့်အခွင့်အရေးကို သင်တွေ့ ရှိရလိမ့်မည်။ Counsels on Health, p. 533. (1901) [Ev 523.5] EvBur 685.3