Go to full page →

နည်းစနစ်၏ရိုးသားခြင်း EvBur 685

လူသားများအားမည်ကဲ့သို့ ကူညီရမည်ကိုခရစ်တော်ပြသခဲ့သည် - လူထုကြီးကို မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်အားဖြင့် ခရစ်တော်မည်ကဲ့သို့ကျွေးမွေးခဲ့သည့် မှတ်တမ်းကိုဖတ်ပါ။ ကရုဏာအားဖြင့် ယာယီလိုအပ်ချက်အတွက် ပြင်ဆင် မှုပေးခြင်းသည် လူတို့၏စိတ်နှလုံးသားထဲ၌ သူပြောဆိုခဲ့သောအမှန်တရား၏ နှစ်သက်ဖွယ်စကားများတို့ကို စွဲမှတ်စေပါသည်။ [Ev 524.1] EvBur 685.4

ဤအံ့ဖွယ်နိမိတ်လက္ခဏာ၌ ခရစ်တော်သည် ဆေးသာသနာ့လုပ်ငန်း ကို နှုတ်ကပတ်တော်သာသနာ့လုပ်ငန်းနှင့် မည်ကဲ့သို့ပေါင်းစပ်ထားသည်ကို ဖော်ပြခဲ့ပါသည်။ သူ၏တပည့်တော်များတို့သည် အသက်မုန့်နှင့်ကယ်တင် ခြင်းစမ်းရေကိုယူပြီး ဝိညာဉ်ရေးအကူအညီအတွက် လွန်စွာတောင့်တလျက် ရှိသူတို့အား ပေးကြရပါမည်။ ထိုနောက် လိုအပ်ချက်ရှိသကဲ့သို့ သူတို့သည် ဆာငတ်သောသူများကိုကျွေးမွေးပြီး အဝတ်အချည်းစည်းရှိသောသူများတို့ကို အဝတ်အစားပေးကြရပါမည်။ ထိုသို့အားဖြင့်သူတို့သည် မိမိတို့သခင်အတွက် နှစ်မျိုးသောလုပ်ဆောင်မှုကို ပြုလုပ်ခြင်းဖြစ်ပါသည်။ ဘုရားရှင်အတွက် ကျွန်ုပ် တို့ဆောင်ရွက်သောအလုပ်၏လှပခြင်းနှင့်အသုံးဝင်ခြင်းသည် ၎င်း၏အချိုး အစားပြေပြစ်ခြင်း၊ ညီညွတ်ခြင်းနှင့် ၎င်း၏အဖက်ဖက်မှဆီလျော်ခြင်းနှင့်ပြည့်ဝ ခြင်းဖြင့် ပါဝင်လျက်ရှိပါသည်။ Manuscript 5, 1901. [Ev 524.2] EvBur 686.1

ဒုက္ခရောက်သူနှင့်နီးကပ်စွာနေပါ - ခရစ်တော်သည် ကျွန်ုပ်တို့လိုက်လျှောက် သင့်သည့် သူ၏ခြေတော်ရာကို ပုံပမာတစ်ခုအဖြစ် ကျွန်ုပ်တို့အတွက်ချန်ထား ခဲ့ပါသည်။ ခရစ်တော်သည် အလိုအပ်ဆုံးသောသူများ၊ အမအစကင်းမဲ့ဆုံး သောသူများထံသို့ အမြဲနီးကပ်စွာနေပြီး သူ၏သနားခြင်းကရုဏာအားဖြင့် သူတို့သည်လည်း သူ့ထံသို့နီးကပ်စွာဆွဲယူခြင်းခံရကြပါသည်။ ဒုက္ခရောက်သူ အကူအညီလိုအပ်သူနှင့်အပြစ်သားတိုင်းတို့အား ဝိညာဉ်ရေးအမအစ်ကိုပေးမည့် သမားတော်ကြီးတစ်ပါးဖြစ်ကြောင်း ခိုင်မာစွာပြောဆိုခဲ့ပါသည်။ ကျွန်ုပ်တို့သည် ဒုက္ခရောက်သောသူတို့ထံမှ ဝေးလံစွာမတ်တတ်ရပ်လျက်ရှိကြသည်။ ကျွန်ုပ် တို့၏ဝိညာဉ်သည် သူ၏ကျေးဇူးတော်နှင့်ပြည့်ဝလျက် ဤကျေးဇူးတော်ကို အခြားသူတို့အားပေးလိုသောဆန္ဒဖြင့် ခရစ်တော်ထံသို့နီးကပ်စွာချဉ်းကပ်ကြ ပါစို့။ Letter 17, 1903. [Ev 524.3] EvBur 686.2

လက်တွေ့လမ်းကြောင်းများအတွင်း - ဝိညာဉ်များထံသို့ချဉ်းကပ်ခြင်းအလုပ် သည် နည်းစနစ်တစ်ခုတည်းအပေါ် သတ်မှတ်ခြင်းမပြုရခြင်းကို ကျွန်ုပ်တို့ သတိရကြရမည်။ ဧဝံဂေလိဆေးသာသနာ့လုပ်ငန်းသည် ရှေ့သို့ယူဆောင်သွား ကြရမည်ဖြစ်ပြီး လူတစ်ဦး၏တိကျသောလမ်းကြောင်းဖြင့်မဟုတ်ဘဲ ခရစ်တော် ၏လမ်းကြောင်းများအားဖြင့်ဖြစ်ရမည်။ ဆောင်ရွက်သမျှသောအရာအားလုံး တို့သည် သန့်ရှင်းသောဝိညာဉ်တော်လှုံ့ဆော်မှုအားဖြင့်ဖြစ်ရမည်။ ခရစ်တော် ဆောင်ရွက်ခဲ့သကဲ့သို့ ကျွန်ုပ်တို့သည် ၎င်းလက်တွေ့ လမ်းကြောင်းများအတွင်း နှင့်အညီ ဆောင်ရွက်ကြရမည်။ သို့မှသာ ကျွန်ုပ်တို့အောင်မြင်ကြလိမ့်မည်။ [Ev 524.4] EvBur 687.1

ဘုရားရှင်၏စေခိုင်းချက်ကို ပြုပြင်စရာမလိုပါ။ ခရစ်တော်၏အမှန် တရားဟောပြောခြင်းနည်းလမ်းကို ထပ်မံ၍ကောင်းအောင်ပြုလုပ်စရာမလိုပါ။ လောကဆန်သောစိတ်သဘောများကိုဆွဲဆောင်နိုင်ရန် နည်းစနစ်များကိုကြိုးစား ၍ပြုလုပ်သောအမှုဆောင်သည် မတော်လက်ဝါးကပ်တိုင်ကိုယူဆောင်ရမည့် ကန့်ကွက်ချက်များတို့ကို ဖယ်ရှားပေးနိုင်လိမ့်မည်ဟုထင်ခြင်းသည် သူ၏သြဇာ ကိုလျော့နည်းစေမည်သာဖြစ်ပေလိမ့်မည်။ ဘုရားဝတ်၌ရိုးရိုးသားသားမွေ့လျော် ခြင်းကို ထိန်းသိမ်းထားပါ။ Letter 123, 1903. [Ev 525.1] EvBur 687.2

လွယ်ကူသောကုသမှုများပေးနိုင်ရန်ပြင်ဆင်ပါ - နှုတ်ကပတ်တော်ဟောပြော ခြင်း၌ ဗဟုသုတရှိသောကျွန်ုပ်တို့၏ဓမ္မဆရာများတို့သည် လွယ်ကူသော ကုသနည်းများတို့ကို မည်ကဲ့သို့ပြုရမည်ကိုသင်ယူကြပြီး ဆေးသာသနာပြု တရားဟောဆရာများအဖြစ်ထွက်၍ အမှုဆောင်ရွက်ကြပါစို့။ အမှုတော်ဆောင် များ- ဧဝံဂေလိဆေးသာသနာပြုအမှုဆောင်များ ယခုလိုအပ်နေပါသည်။ Manuscript 141, 1903. [Ev 525.2] EvBur 687.3

ကျန်းမာစွာနေထိုင်ခြင်းစည်းမျဉ်းများကိုသွန်သင်ခြင်း - ဧဝံဂေလိအမှုဆောင် များတို့သည် ကျန်းမာစွာနေထိုင်ခြင်း၏စည်းမျဉ်းဥပဒေများကို သွန်သင်ချ မှုပေးနိုင်သောသူများဖြစ်သင့်သည်။ ဖျားနာသူများနေရာတိုင်းတွင်ရှိကြပြီး ငင်းတို့ကိုကျန်းမာခြင်းဥပဒေများလိုက်လျှောက်ခြင်းအားဖြင့် ကာကွယ်မှုများစွာ ကို ပြုလုပ်နိုင်ပါသည်။ လူတို့သည် ယခုဘဝအသက်တာအတွက်သော် လည်းကောင်း၊ နောင်ဘဝအသက်တာအတွက်သော်လည်းကောင်း မိမိတို့၏ ကိုယ်ခန္ဓာကျန်းမာရေးအတွက် ကျန်းမာရေးစည်းမျဉ်းများတို့ကိုလိုက်လျှောက် သင့်ကြောင်းကိုတွေ့မြင်ရန် လိုအပ်ပါသည်။ လူသားများနေထိုင်ရန်အတွက် မိမိတို့၏ဖန်ဆင်းရှင်နေထိုင်သောနေရာကဲ့သို့ သစ္စာရှိသောဘဏ္ဍာစိုးများဖြစ် ရန် သူတို့အားဘုရားရှင်အလိုရှိနေသည်။ မိမိတို့၏တာဝန်မှနိုးကြားရန် သူတို့ ၌လိုအပ်လျက်ရှိသည်။ [Ev 525.3] EvBur 687.4

ဖျားနာသူများတို့အား ကုသမှုပြုသည့် လွယ်ကူသောနည်းစနစ်၊ အဆိပ် ရှိသောဆေးဝါးများတို့ကိုအသုံးပြုသည့် အစားထိုးသောနည်းစနစ်များနှင့်ပတ်သက် သည့်သင်တန်းကို ထောင်ပေါင်းများစွာသောသူတို့သည် လိုအပ်လျက်ရှိပြီး ဝမ်းမြောက်စွာဖြင့်ရရှိလိုကြပါသည်။ အာဟာရရှိသောအစာစားခြင်းနှင့်ပတ်သက် သည့် ညွှန်ကြားချက်များတို့ကိုလည်း အထူးလိုအပ်လျက်ရှိသည်။ မှားယွင်း သောအစာစားခြင်းအကျင့်ဓလေ့များနှင့် ကျန်းမာခြင်းနှင့်မညီသောအစာစား ခြင်းတို့သည် ချုပ်တည်းခြင်းမရှိ၊ ရာဇဝတ်မှုနှင့်ပျက်စီးယိုယွင်းခြင်းသာဖြစ် ပြီး ကမ္ဘာကြီးအား ကျိန်ခြင်းအမင်္ဂလာသို့သာပို့ဆောင်စေသည့် သေးငယ်သော အရာမဟုတ်ကြောင်းကို တွေ့ရှိရပါသည်။ [Ev 525.4] EvBur 688.1

ကျန်းမာရေးစည်းမျဉ်းများသင်ကြားရာ၌ ပြန်လည်ပြုပြင်ခြင်း၏ကြီးမား သောရည်ရွယ်ချက်ကို နှလုံးထဲ၌ထားရှိပါ။ ၎င်း၏ရည်ရွယ်ချက်သည် ကိုယ် စိတ်၊ နှလုံးသုံးပါးတို့ကို အမြင့်ဆုံးသောနေရာသို့ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဖြစ်သည်။ သဘာဝတရား၏ဥပဒေများတို့သည် ဘုရားသခင်၏ပညတ်တရား များဖြစ်ပြီး ကျွန်ုပ်တို့အတွက်ကောင်းဖို့ရန် စီစဉ်ထားသောအရာများဖြစ်သည်။ ထိုဥပဒေများတို့ကိုလိုက်လျှောက်ပါက အသက်တာ၏ပျော်ရွှင်မှုကိုတိုးတက် စေပြီး လာမည့်အသက်တာအတွက်ပြင်ဆင်ခြင်းကိုလည်း အထောက်အကူ ဖြစ်စေပါလိမ့်မည်။ [Ev 526.1] EvBur 688.2

လူတို့အားအံ့သြဖွယ်လူ့ခန္ဓာကိုယ်အစိတ်အပိုင်းဖွဲ့စည်းပုံနှင့် ၎င်းအား စောင့်ရှောက်သည့်ဥပဒေများကို လေ့လာရန်အားပေးပါ။ ဘုရားရှင်၏မေတ္တာ တော်အထောက်အထားများတို့ကို စိတ်ထဲ၌သိမြင်သောသူများ၊ သူ့ပညတ်များ ၏ကောင်းကျိုးများ၊ ပညာတချို့တို့နှင့် ၎င်းတို့အားနားထောင်ခြင်း၏အကျိုး ကျေးဇူးများတို့ကို နားလည်သောသူများတို့သည် မိမိတို့၏တာဝန်များတို့နှင့် တာဝန်သိစိတ်များတို့ကို ခြားနားသောအမြင်အမျိုးမျိုးမှ တန်ဖိုးထားလာကြ ပါလိမ့်မည်။ ကျန်းမာရေးဥပဒေလိုက်လျှောက်ခြင်းကိုဆက်ကပ်ခြင်း၊ သို့မဟုတ် မိမိကိုယ်ကိုငြင်းပယ်ခြင်းကဲ့သို့မြင်မည့်အစား ရေတွက်၍မရသောကောင်းချီး မင်္ဂလာအစစ်အမှန်ကဲ့သို့ တန်ဖိုးထားရပါလိမ့်မည်။ [Ev 526.2] EvBur 689.1

ဧဝံဂေလိအမှုဆောင်တိုင်း ကျန်းမာစွာနေထိုင်ရမည့်စည်းမျဉ်းဥပဒေ များကို သင်ကြားပို့ချခြင်းသည် သူတို့၏ဆောင်ရွက်ရမည့်တာဝန်တစ်ခုဖြစ် ကြောင်း ခံစားသင့်ကြပါသည်။ ဤအလုပ်သည် ကြီးမားသောလိုအပ်သည့် အရာနှင့် ကမ္ဘာမှလည်းတံခါးဖွင့်ထားလျက်ရှိသည်။ Counsels on Health, pp. 389, 390. (1914) [Ev 526.3] EvBur 689.2

ကျန်းမာရေးအတွက်ချက်ပြုတ်နည်းကိုပို့ချပေးရန် - ချက်ပြုတ်ခြင်းကျောင်း များကိုတည်ထောင်သင့်ပြီး တစ်အိမ်မှတစ်အိမ်သို့ ကျန်းမာရေးအစာချက်ပြုတ် ခြင်းအတတ်ကို သင်ကြားပေးသင့်သည်။ လူကြီးလူငယ်များ ပို၍လွယ်ကူ သောအစာများကို မည်ကဲ့သို့ချက်ပြုတ်ရမည့်အကြောင်း သင်ယူသင့်ကြသည်။ အမှန်တရားကိုဟောပြောသောအခါတိုင်း လူတို့အားအရသာရှိပြီးလွယ်ကူသော အစာကို မည်ကဲ့သို့ပြင်ဆင်ရမည့်အကြောင်း သင်ကြားပေးသင့်သည်။ အသား မပါသောအာဟာရဓာတ်နှင့်ပြည့်ဝသည့်အစာကို ပြင်ဆင်ပေးနိုင်ကြောင်းကို လည်း သူတို့အားပြသရပါလိမ့်မည်။ ထို EvBur 689.3

လူတို့အားမည်ကဲ့သို့ကုသမှုပြုရမည်ထက် မည်ကဲ့သို့ကျန်းမာစွာနေထိုင် ရမည့်အကြောင်းကို သင်ကြားပို့ချပေးပါ။ ကျွန်ုပ်တို့၏ဆရာဝန်များအနေဖြင့် မိမိတို့၏စိတ်အလိုသို့လိုက်ခြင်းအားလုံးတို့ကိုသတိပေးခြင်းနှင့် ဘုရားရှင် တားမြစ်ထားသောအရာအားလုံးတို့ကိုပြသပေးခြင်းတို့သည် ကိုယ်ခန္ဓာနှင့်စိတ် ၏ပျက်စီးခြင်းတို့ကို အကာအကွယ်ပေးနိုင်သည့် တစ်ခုတည်းသောလမ်း ဖြစ်ကြောင်း လိမ္မာပါးနပ်သောပညာပေးသူများဖြစ်သင့်ကြပါသည်။ Testimonies, vol. 9, p. 161. (1909) [Ev 526.5] EvBur 689.4

ချက်ပြုတ်ခြင်းကျောင်းများတို့ ၏အရေးကြီးခြင်း - ချက်ပြုတ်ခြင်းကျောင်းများ ကို နေရာတိုင်း၌တည်ထောင်ရမည်။ ဤအလုပ်ကိုရိုးရိုးလေးဖြင့်အစပြုရပါ မည်။ သို့သော် ကျွမ်းကျင်သောစားဖိုမှူးများကဲ့သို့ သူတို့၏အကောင်းဆုံး ဆောင်ရွက်ခြင်းအားဖြင့် အခြားသောသူများတို့အား အသိဥာဏ်တိုးပွားစေပြီး ဘုရားသခင်သည် သူတို့အားကျွမ်းကျင်မှုနှင့်အသိဉာဏ်ကိုပေးပါလိမ့်မည်။ ဘုရားသခင်၏စကားမှာ၊ “သူတို့အားတားဆီးခြင်းကိုမပြုပါနှင့်။ ငါကိုယ်တိုင် သူတို့၏ပို့ချသူအဖြစ် ငါ့ကိုယ်ကိုဖော်ပြမည်။” ဘုရားသခင်၏အစီအစဉ်များ ကိုသယ်ပိုးသောသူ၊ လူတို့အား မိမိတို့၏ကျန်းမာရေးနှင့်အညီ ဈေးနှုန်းချိုသာ သောအစားအစာများကို မည်ကဲ့သို့ပြင်ဆင်မှုပြုရမည့်အကြောင်း သင်ကြား ပို့ချသောသူတို့နှင့်အတူ ဘုရားသခင်သည် အလုပ်လုပ်တော်မူလိမ့်မည်။ ဤသို့ဖြင့် ဆင်းရဲသောသူများတို့သည် ကျန်းမာရေးပြုပြင်ပြောင်းလဲခြင်း စည်းမျဉ်းများတို့ကိုလိုက်လျှောက်ရန် ခွန်အားရှိလာကြပြီး သူတို့သည် လုံ့လ ဝီရိယရှိသောသူများနှင့် မိမိတို့၏ကိုယ်ကိုယုံကြည်စိတ်ချသောသူများဖြစ်လာ ရန် ကူညီမစပေးပါလိမ့်မည်။ [Ev 527.1] EvBur 690.1

အရည်အသွေးရှိသောအမျိုးသား၊ အမျိုးသမီးတို့အား ကျန်းမာခြင်း နှင့်ညီ၍ ခံတွင်းတွေ့ပြီးလက်ခံနိုင်သည့်အစားအစာများတို့ကို မည်ကဲ့သို့ ပြင်ဆင်မှုပြုရမည့်အကြောင်း ဘုရားသခင်သင်ကြားပေးသည်ကို ကျွန်ုပ်အား ပြသပေးခဲ့ပါသည်။ အများသောသူတို့သည် လူပျိုလူရွယ်များဖြစ်ကြပြီး အရွယ် ရောက်လူကြီးများလည်း ပါဝင်ပါသည်။ ဆေးသာသနာ့လုပ်ငန်းဆောင်ရွက် လျက်ရှိသောနေရာတိုင်း၌ ချက်ပြုတ်ရေးကျောင်းများထားရှိခြင်းကိုအားပေးရန် ကျွန်ုပ်ညွှန်ကြားခြင်းခံခဲ့ရပါသည်။ လူတို့အားပြုပြင်ပြောင်းလဲခြင်းအတွက် ဆွဲဆောင်မှုတိုင်းကို သူတို့ရှေ့၌ထားရှိရပါမည်။ တက်အားသရွေ့ သူတို့ အပေါ်၌အလင်းကိုထွန်းလင်းပေးကြပါစို့။ အစားအစာပြင်ဆင်ခြင်းနှင့်ပတ်သက် ပြီး တိုးတက်မှုဟူသရွေ့ကို သူတို့အားသင်ကြားပြီး သူတို့သင်ကြားရယူသော အရာများတို့ကို သူတစ်ပါးထံသို့ဝေငှရန် သူတို့ကိုအားပေးပါ။ Testimonies, vol. 7, p. 113. (1902) [Ev 527.2] EvBur 690.2

ချက်ပြုတ်နည်းသင်ကြားရန်တစ်အိမ်မှတစ်အိမ်သို့ သွားခြင်း - တချို့သောသူ တို့သည် တစ်အိမ်မှတစ်အိမ်သို့သွား၍ ကျန်းမာခြင်းနှင့်ညီညွတ်သောအစား အစာချက်ပြုတ်နည်းကို သင်ကြားပေးသင့်သည်။ ကျန်းမာခြင်းပြန်လည်ပြုပြင် ခြင်းသြဇာကြောင့် အများသောသူတို့သည် ကာယ၊ စိတ်ဓာတ်နှင့်ကိုယ်ကျင့် တရားယုတ်လျော့ကျဆင်းသည့်အခြေအနေမှ ပြန်လည်၍လွတ်မြောက်ခြင်း ရရှိလာပါလိမ့်မည်။ ဤစည်းမျဉ်းများတို့သည် မိမိတို့၏ကိုယ်ကိုကောင်းကြောင်း အလင်းတရားရှာဖွေသူတို့အတွက်ဖြစ်စေပြီး ဤအခြေအနေမှတစ်ဆင့် ယခု အချိန်အတွက် ပြည့်ဝသောအမှန်တရားကို ရရှိကြလိမ့်မည်။ Review and Herald, June 6, 1912. [Ev 527.3] EvBur 691.1

ပညာပေး၊ ပညာပေး၊ ပညာပေးပါ - ကျွန်ုပ်တို့သည် ပညာသားပါပါ ကောင်းမွန်စွာဖြင့်ပညာပေး၊ ပညာပေး၊ ပညာပေးကြရပါမည်။ ကျွန်ုပ်တို့သည် ကျန်းမာရေးမှပေးသောသြဇာကို မသိသေးသောသူတို့ထံသို့ရောက်ရှိရန် အမှန် တရားကိုဟောကြားခြင်း၊ အမှန်တရားအတွက်ဆုတောင်းခြင်း၊ အမှန်တရား အတိုင်းအသက်ရှင်ခြင်း၊ ၎င်း၏ကျေးဇူးတရားနှင့်အတူ အသက်ရှင်ခြင်းများ နိုင်သကဲ့သို့ မိမိတို့၏စိတ်နှင့်ခန္ဓာစွမ်းရည်များ ပြန်လည်၍အသစ်တစ်ဖန် တို့ကိုပြုကြရပါမည်။ ဖျားနာသူများတို့အား အသက်သခင်ထံသို့ပို့ဆောင်ပေး ဆန်းသစ်လာပါလိမ့်မည်။ သို့သော် ဤကဲ့သို့ဖြစ်လာရန်အတွက် သူတို့သည် ကိုယ်ကျိုးစွန့်ခြင်းကိုကျင့်သုံးလိုက်လျှောက်ကြရမည်ဖြစ်ပြီး အရာခပ်သိမ်းတို့ ၌ ချုပ်တည်းခြင်းရှိကြရပါလိမ့်မည်။ သို့မှသာ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ် သေခြင်းမှ လွတ်မြောက်ခြင်းရရှိကာ ကျန်းမာခြင်းပြန်လည်ရရှိလာမည်ဖြစ်သည်။ [Ev 528.1] EvBur 691.2

လူတို့၏ကိုယ်ခန္ဓာစက်ယန္တရားလှုပ်ရှားမှုသည် ဘုရားသခင်အသက် ပေးခြင်းအစီအစဉ်များတို့နှင့်ကိုက်ညီပြီး ဧဝံဂေလိတရားအားဖြင့် အလင်းသို့ ရောက်ရှိလာသကဲ့သို့ ရောဂါဘယများကိုအောင်မြင်ကာ ကျန်းမာခြင်းခွန်အား အလျင်အမြန်တိုးပွားခြင်းရှိလာပါလိမ့်မည်။ လူသားများတို့၏လုပ်ဆောင်ခြင်း သည် မိမိ၏အသက်ကိုပေးခဲ့သော အသက်ပေးပိုင်ရှင်နှင့် တစ်စည်းတစ်လုံး တည်းရှိလာသောအခါ၊ ပျော်ရွှင်သောအတွေးများသည် သူတို့၏စိတ်နှလုံး ထဲ၌ ပြည့်ဝလျက်ရှိသည်။ ခန္ဓာ၊ စိတ်နှင့်ဝိညာဉ်များ သန့်ရှင်းသွားပါသည်။ ကြီးမားသောအရာကို သင်ယူသောလူသားများတို့အပေါ် သူတို့၏အတွေး များသည် မြင့်မြတ်၍ကြွယ်ဝခြင်းရှိလာပါသည်။ မြတ်နိုးစုံမက်ခြင်းများတို့ သည် ဖန်ဆင်းရှင်ထံသို့ ဝမ်းမြောက်ခြင်းနှင့်ကျေးဇူးတင်ခြင်းဖြင့် ဆွဲယူပေး လိုက်သည်။ ခရစ်တော်၏ရုပ်လုံးအထဲ၌ အသစ်တစ်ဖန်ပြောင်းလဲလာသော လူသား၏အသက်တာသည် အမှောင်ထဲ၌တောက်ပသောအလင်းတစ်ခုကဲ့သို့ ဖြစ်သည်။ Medical Ministry, pp. 262, 263. (1905) [Ev 528.2] EvBur 692.1

အလုပ်၏ကျယ်သောအမြင်များ - အထူးအားနည်းပုံပေါ်သောသူတို့နှင့် ဆက်ဆံရန် သိပ္ပံအတတ်တစ်ခုရှိသည်။ အကယ်၍ကျွန်ုပ်တို့သည် သူတစ်ပါး ကိုသင်ကြားလိုပါက ကျွန်ုပ်တို့ကိုယ်တိုင် ဦးစွာခရစ်တော်ကိုသင်ယူကြရမည်။ ကျွန်ုပ်တို့သည် မှန်ကန်သောဆေးသာသနာအလုပ်ကိုလုပ်လိုပါက ကျွန်ုပ်တို့ ၌အမြင်ကျယ်ရန်လိုအပ်ပါလိမ့်မည်။ EvBur 692.2

ပညာမရှိ၊ လမ်းလွဲပုံပေါ်သောသူတို့နှင့်ဆက်ဆံရာတွင် ကျွန်ုပ်တို့၌ ပါးနပ်မှုရှိစေရန် လေ့ကျင့်ယူရပါမည်။ သူတို့ကိုယ်စား ဇွဲလုံ့လနှင့်ကြိုးစား ခြင်းဖြင့် ဘုရားသခင်၏အမှုတော်၌အသုံးဝင်ရန် ကျွန်ုပ်တို့သည် သူတို့ကို ကူညီမစရလိမ့်မည်။ သူတို့သည် အဆင်သင့်သည်းခံသော၊. သိမ်မွေ့ မေတ္တာနှင့်ပြည့်ဝသောစိတ်ဝင်စားမှုဖြင့် တုံ့ပြန်ကြလိမ့်မည်။ [Ev 529.1] EvBur 692.3

မစုံလင်ခြင်းနှင့်မှားယွင်းခြင်းမှ အသိတရားထက်မြက်၍ဖြူစင်ခြင်းသို့ ပြန်လည်ရရှိရန် ကျွန်ုပ်တို့သည် သခင်ယေရှုနှင့်အတူပေါင်းစည်းလုပ်ဆောင် ကြရမည်။ ဤအလုပ်သည် ဧဝံဂေလိလုပ်ငန်းအရေးကြီးသကဲ့သို့ ထပ်တူ ထပ်မျှအရေးကြီးလျက်ရှိသည်။ Medical Ministry, pp. 208, 209. (1905) [Ev 529.2] EvBur 693.1